SaLin Gyi

SaLin Gyi

Share

Social Media Platform မှ သင်ကြားရေး အထောက်အကူပြု ကလေးကဗျာလေးများကို ရှာဖွေစုစည်းပြီး တင်ပေးနေပါတယ်ရှင်။ 🍀

Photos from SaLin Gyi's post 16/05/2025

#ကလေးကဗျာ
#သင်ကြားရေး

16/05/2025

""ကိုယ်ချင်းစာပါ""
°°°°°°°°°°°°°°°°°°[ကလေးကဗျာ]
* လူသားချင်းမို့. ကူညီညာ
ရိုင်းပင်းသင့်ပေတာ။
* လူတိုင်းပေါ်မှာ မေတ္တာထား
မွန်မြတ်တဲ့တရား ။

* သူ့အမှားတော့ တွေ့တတ်လွယ်
ကိုယ်လည်း မကင်းတယ်။
* ကိုယ်မှားလျှင်ကွယ် ဆင်ခြေဖွဲ့
သူ့အမှားတွေ့မဲ့။

* မကဲ့ရဲ့နဲ့ များအဆွေ
သူ့မှားတွေ့လျှင်လေ ။
* ပုထုဇဉ်တွေ မှားမကင်း
ကိုယ်လည်းသတိသွင်း ။

* ကိုယ်ချင်းစာစိတ် ထားတတ်လျှင်
စိတ်လည်းဖြူ ကြည်ရွှင်။
* စိတ်ကောင်းဝင်ကာ မျှတတွေး
ကိုယ်ချင်းစာစိတ်မွေး။ ။

မောင်နွေဦး(လယ်ဝေး)

#ကလေးကဗျာ

#သင်ကြားရေး

15/05/2025

စာကြည့်တိုက်ဆီ သွားကြစို့
""""""""""""""""""'""""""""""""""""""""""[ကလေးကဗျာ]
* စာအုပ်တွေက တို့မိတ်ဆွေ၊
အပျင်းလည်းပြေစေ။

* စာကြည့်တိုက်တွေ ဂုဏ်ရည်လှ၊
ကမ္ဘာ့ရွာကြီးပါ့။

* သွားကြမယ်ဟေ့ လိုက်ခဲ့နော်၊
စာကြည့်တိုက်ကိုခေါ်။

* ပျော်ပျော်ရွှင်ရွှင် စာဖတ်စို့
တို့တွေလိမ္မာဖို့။

* အမှောင်ခွင်းလို့ အလင်းဖြာ၊
စာပေလမ်းညွှန်တာ။

* စာအုပ်စာပေ အမျိုးမျိုး၊
တို့တွေအသိတိုး။

* ဉာဏ်ဖွံ့ဖြိုးလို့ ပညာကြွယ်၊
လူတော်ကောင်းဖြစ်မယ်။

* အနာဂတ်ဝယ် အောင်မြင်ရေး၊
စာဖတ်ကြစို့လေး။ ။

မောင်နွေဦး(လယ်ဝေး)

#ကလေးကဗျာ
#သင်ကြားရေး

04/12/2024

ဩဇာသီး စားမယ် (ကလေးကဗျာ)
#ကလေးကဗျာ

Photos from SaLin Gyi's post 02/06/2024

ကလေးငယ်များအတွက် သင်ကြားရေးအထောက်အကူ ဖြစ်စေရန် social media မှ ကလေးကဗျာများအား ပြန်လည်စုစည်းဖော်ပြထားပါသည်။

#ကလေးကဗျာ

13/09/2022

.
ချစ်စရာ့တပည့်ကလေးများ
__________________________

မောင်‘ကကြီး’တို့ ကျောင်းခန်းဝင်
‘ခခွေး’ဆရာ တင် ။
‘ဂငယ်’ဝင်လို့ နောက်ပြောင်တုန်း
‘ဃကြီး’ခုံအောက်ပုန်း ။

ပြုံးစိစိနဲ့ မောင်‘င’ဟာ
‘စလုံး’လက်တို့တာ ။
‘ဆလိမ်’ကျောမှာ စာကပ်ထား
မယ်‘ဇကွဲ’တဲ့ဗျား ။

‘ဈမျဉ်းဆွဲ’နား ဆွဲလို့လိမ်
မယ်‘ည’စွာတေးစိန် ။
လိမ်ပေးသူက ခပ်အအ
‘ဋသန်လျင်းချိတ်’ဗျ ။

‘ဌဝမ်းဘဲ’က အမှုဖော်
‘ဍရင်ကောက်’ပါခေါ် ။
‘ဎရေမှုတ်’ပျော် လက်ခေါက်မှုတ်
‘ဏကြီး’ခေါင်းကိုကုတ် ။

ဘာလုပ်လို့လဲ ‘တဝမ်းပူ’
အမေးအမြန်းထူ ။
ဘေးနားထိုင်သူ ‘ထဆင်ထူး’
‘ဒထွေး’ဘက်ကိုကူး ။

အရူးကလည်း တစ်မှောင့်ကွာ
‘ဓအောက်ခြိုက်’ဆဲတာ ။
‘နငယ်’မျက်နှာ ခပ်သေးသေး
‘ပစောက်’ဘက်ကိုပြေး ။

‘ဖဦးထုပ်’ဘေး ဝင်လို့ထိုင်
‘ဗထက်ခြိုက်’ကိုတိုင် ။
မခံနိုင်တဲ့ မောင်‘ဘကုန်း’
ထပြီးနပန်းလုံး ။

ပုန်းကြလျှိုးကြ ပြေးကြရှာ
မယ်‘မ’တို့ခမျာ ။
‘ယပက်လက်’လာ ရန်ဖြေပေး
‘ရကောက်’အစ်ကိုလေး ။

ကျေအေးကြဖို့ ကူပြောပေ
မောင်‘လ’မောင်‘ဝ’လေ ။
ဆွေမျိုးတော်သူ ညီမောင်‘သ’
မယ်‘ဟ’လည်းပါရ ။

မောင်‘ဠကြီး’နဲ့ မယ်‘အ’မြင်
ဆရာမကျောင်းခန်းအဝင် ။
“မင်္ဂလာပါ ဆရာမ”
နှုတ်ဆက်ကြသတဲ့ဗျ ။ ။

မိုးဝဠာ
၁၀့၈့၂၀၁၇
ည ၈-နာရီ ၃၀-မိနစ္​

#ဆရာမိုး၀ဠာ

26/11/2021

😍

06/05/2021

ကဗျာဆရာမင်းတိမ်တိုက်ရဲ့
2021နှစ်သစ်ရဲ့အမှတ်တရ ကဗျာလေးပါ။

လွတ်လပ်ရေးအောင်ပွဲ
********************(ကလေးကဗျာ)

သူ့ကျွန်ဘဝ လွန်မြောက်လာ
လွတ်လပ်ရေးနေ့ပါ။
တစ်ထောင်ကိုးရာလေးဆယ့်ရှစ်
ရေးထိုးသမိုင်းသစ်။

မျိုးချစ်စိတ်ကြောင့် ရရှိလာ
အချုပ်ချာအာဏာ။
ဇန်နဝါရီ လေးရက်မှ
ကိုယ့်မြေပြန်လို့ရ။

တန်ဘိုးထားကြ တို့တစ်တွေ
ဘိုးဘွားရဲ့အမွေ။
ရေရှည်မြဲကာ တည်တံ့ဖို့
ဝိုင်းဝန်းစောင့်ရှောက်စို့။

တိုင်းရင်းသားတို့ အားမာန်ပင်
စည်းလုံးမှုစွမ်းအင်။
ပွဲလမ်းသဘင် ဆင်ယင်နွှဲ
အထိမ်းအမှတ်ပွဲ။
တို့ပြည်သာယာမြဲ။ ။

မင်းတိမ်တိုက်(မော်ကျွန်း)

26/01/2021

" ရွာဦးကျောင်း ညချမ်း "
ရေးစပ်သီကုံးသူ - ဆရာမောင်သင်းဝေ
သင်ကြားရေး အထောက်အကူ ဖြစ်ကြပါစေရှင့်။

Want your school to be the top-listed School/college in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address


Monywa