Next Level Self
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Next Level Self, Entrepreneur, Monywa.
ကိုယ့်ရဲ့စိတ်စွမ်းအားက ကိုယ့်ဘဝနဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးလိမ့်မယ်။
One of the greatest discoveries in history is that you become what you think about most of the time.
တကယ်တော့ ဘဝတလျှောက်လုံး ဆင်ခြေတွေချည်း
ပေးနေခဲ့မိတာ ခုမှသတိထားမိတယ်။ ဘဝကို လွယ်လွယ်ပဲ ဖြတ်သန်းရလိမ့်မယ်ထင်ခဲ့တာ။ အချိန်မနှောင်းခင် အသိတရားရခဲ့တာ အဆိုးထဲက အကောင်းပဲ။
PAIZY@ Heisenberg
စိတ်တွေလေလွင့်နေတာဟာ မကောင်းတဲ့လက္ခဏာပဲ။အာရုံစူးစိုက်မှုမရှိရင်လဲ ဘဝဟာအောင်မြင်တိုးတက်မှုမရနိုင်ဘူး။ကြိုးစားနေရုံနဲ့ မပြီးဘူး မှန်ကန်တဲ့ကြိုးစားအားထုတ်မှုဖြစ်ဖို့လဲလိုတယ်။
မနေ့ညကစပြီး အဖျားတွေတက် တညလုံးအိပ်မရ။နေလို့မကောင်းတာကလွဲပြီး ကျန်တာတွေဘာတခုမှသတိမရ။အသက်ရှင်နေ့သရွေ့ မကျန်းမာရင် အလကားပဲ။ အိုနာသေ ဒီဒုက္ခတွေ မကင်းကြပေမဲ့ နည်းအောင်တော့ကြိုးစားလို့ရတယ်။ ကျန်းမာရေးကို အထူးစိုက်ကြပါခင်ဗျာ။
PAIZY @ Heisenberg
လူရဲ့စိတ်ဟာ မကောင်းတဲ့အရာမှာ ပျော်မွေ့တယ်။ ဒါကြောင့်ကောင်းတာတွေ လုပ်ဖို့ဆို ခက်ခဲတယ်။ စိတ်ကို ကောင်းတာတွေးဖို့ လုပ်ဖို့ လေ့ကျင့်ပေးရမယ်။ စိတ်ဟာ ခန္ဓာကိုယ်က ကြွက်သားတွေလိုပဲ လေ့ကျင့်ပေးရင် ပိုပြီး စည်းကမ်းရှိလာမယ်။
PAIZY @ Heisenberg
နေ့စဉ်ဘဝဖြတ်သန်းတဲ့နေရာမှာ comfortable ဖြစ်နေသ၍ တိုးတက်မှုရှိမနေဘူး။တိုးတက်မှုမရှိရင် ဘဝက ရှင်လျက်နဲ့ အသက်မဝင် ဖြစ်နေမယ်။ဒါကြောင့် နေ့စဉ်တိုးတက်နေဖို့ သိပ်အရေးကြီးတယ်။
PAIZY @ Heisenberg
ဘဝကို ဒုက္ခလို့ မမြင်နိုင်သေးသရွေ့ အမြင်မှန်မရသေးဘူးပြောရမယ်။ သံသရာကလွတ်ချင်ရင်တော့ အရင်ဆုံး ဘဝဆိုတာ ဒုက္ခလို့ အမှန်မြင်နိုင်ရမယ်။
Life is suffering!
လူတွေက သူများအကြောင်းတွေပဲ စိတ်ဝင်စားပြီး ကိုယ့်ကိုကိုယ် မေ့နေတတ်ကြတယ်။ တခြားသူတွေရဲ့ ဘဝမှာနစ်မြောပြီး ကိုယ့်ကိုကိုယ်ရှာမတွေ့နိုင်ဘူးဖြစ်နေကြတယ်။ ဒါကြောင့် self-awareness သိပ်ကိုအရေးကြီးတယ်။နောက်တဆင့်ပြောင်းလဲတိုးတက်ဖို့ဆိုရင် ကိုယ့်ကိုကိုယ်သိခြင်းဟာ အခြေခံအကျဆုံးအချက်ဖြစ်တယ်။
13/07/2025
လက်ရှိရောက်နေတဲ့နေရာကနေ နောက်တဆင့်တက်နိုင်ဖို့အ
တွက်ဆိုရင် ပထမဆုံး self awareness ရှိရမယ်လို့ထင်ပါတယ်။ကိုယ်ဘာတွေတွေးလဲ ၊ဘာတွေလုပ်နေလဲ၊ ဘယ်နေရာရောက်နေလဲဆိုတာသိမှ လက်ရှိအခြေအနေထက် ပိုကောင်းတဲ့ဘဝကိုဖန်တီးနိုင်မယ်။self awareness ဆိုတဲ့ ကိုယ့်ကိုကိုယ်သိဖို့ ကိုယ့်အကြောင်းကိုသိဖို့ဆိုရင် နေ့စဉ် journaling လုပ်ခြင်းကနေစတင်ပါ။ နေ့စဉ်ကိုယ့်ရဲ့အတွေးတွေကို ချရေးကြည့်ပါ။ ဒါဟာကိုယ့်သန္တာန်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သိမြင်လာနိုင်ပြီး ကိုယ့်အကြောင်းကိုပိုသိလာပါလိမ့်မယ်။ အချိန်မိနစ်ပိုင်းလောက်ပေးပြီး Journaling လုပ်တာကိုကြိုးစားကြည့်ပါ။
13.7.2025
Click here to claim your Sponsored Listing.
Category
Website
Address
Monywa