Logo 7
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Logo 7, Performance Art, Mogok.
30/09/2017
Congratulations Logo 10 !
ဂုဏ်ယူပါတယ် နံပါတ် ၁၀ ရေ .
ကျတော့်ကို ဝိုင်းဝန်းအားပေးခဲ့ကြတဲ့ ညီကိုမောင်နှစ်မတွေအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်..✌️✌️✌️
ပွဲနေ့ကြ ဆုံကြတာပေါ့ဗျာ 🙏🙏🙏
မိုးကုတ် နှစ်(၈၀၀)ပြည့် လိုဂို Voting နဲ့ ရွေးချယ်ခြင်း ပြီးဆုံးသွားပြီဖြစ်ပါတယ်...
Voting Result အရ Vote Count စုစုပေါင်း (6566) တွင်
Logo - 10 မှ Voting (3094)ဖြင့်
ဦးဆောင်ကာ အနိုင်ရသွားခဲ့ပါပြီ။
ဒုတိယ အနေဖြင့် Logo - 12 မှ Voting (2834) ရရှိခဲ့ပါသည်။
ရွေးချယ်ပွဲကို စိတ်အားတက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြသော
ရန်ကုန်၊ မန်းလေး၊ မိုးကုတ် အပြင်... ဒေသ အသီးသီးမှ
မိုးကုတ်သူ မိုးကုတ်သားအပေါင်းအား
အထူးပင် ကျေးဇူးတင်ရှိပါသည်။
အနိုင်ရရှိသွားသော Logo -10 နှင့် ဒုတိယ Logo - 12 တို့အပြင်
တကူးတက စိတ်ကူးဥာဏ် ကွန့်မြူးကာ အကောင်းဆုံး ရေးဆွဲပြီး
ဝင်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင် Logo ပိုင်ရှင်များအားလည်း
အထူးလေးစား အသိအမှတ်ပြုကာ ကျေးဇူးတင်ရှိပါသည်။
Online Voting Result အား ကျေနပ်သဘောတူစွာ
လက်ခံပေးသော ပြိုင်ပွဲဝင်များနှင့်
Voting ပေးခဲ့သူ မိုးကုတ်သူ မိုးကုတ်သားအားလုံး
Democracy နည်းလမ်းကျကျ၊ အဆင့်အတန်းရှိရှိဖြင့်
ပြုလုပ်နိုင်ခဲ့ကြောင်း ရွေးချယ်ရေးကော်မတီအနေဖြင့် ယုံကြည်ပါသည်။
နောင် ကျင်းပမည့် ပြိုင်ပွဲများကိုလည်း
ယခုကဲ့သို့ စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့်
ဆက်လက်ပူးပေါင်းပါဝင်ကြမည်ကို
မျှော်လင့်မိပါကြောင်း ...။
29/09/2017
ကျတော့်ကို ၁ မိနစ်ပဲ အချိန်ပေးပါ ..
မိတ်ဆွေကို iPhone 6 တစ်လုံး ပြန်ပေးပါ့မယ်..
ကျတော့်နာမည်က Logo 7 ပါခင်ဗျာ..
မိုးကုတ်မှာ နေပါတယ် ..
ခုကျတော်တို့ ဒေသ နှစ် ၈၀၀ ပြည့်အခမ်းအနားမှာ ပါဝင်အရွေးခံနေပါတယ်ဗျ..
ခု ကျတော့်ကို အားပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို iPhone 6 32 GB Brand New လက်ဆောင်လေး ပြန်ပေးချင်လို့ပါ..
လုပ်ရမှာက ၃ ချက်ထဲပါဗျ..
၁) အောက်က လင့်ကို သွားပြီး ကျတော့်ကို ဗုတ်ပေးပါ (Logo No.7) နော်
http://bit.ly/2hb1M3I
၂)ဒီပို့စ်အောက်မှာ သူငယ်ချင်း ၃ ယောက်ကို မန်းရှင်းခေါ်ပေးပါ
၃)ပြီးရင် Public post အနေနဲ့ . ဆိုပြီး ရှယ်ပေးပါ..
လိုဂိုကို နောက်ဆုံးရွေးချယ်မှာက မနက်ဖြန်ည ၁၂ နာရီ နောက်ဆုံးပါ ..(Sep 30th 12.00 pm)
တကယ်လို့များ ကျတော့်ကိုချစ်တဲ့ မိတ်ဆွေတွေ ကူညီလို့ ကျတော် အနိုင်ရခဲ့မယ်ဆိုရင် ဗုတ်ဝိုင်းပေးခဲ့ကြတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ကို မဲဖောက်ပြီး iPhone 6 အသစ်စက်စက် ၁ လုံးကို ပေးအပ်သွားမှာပါ ..😗😄
ကဲ ဗုတ်ပေးရင်း အနိုင်ရဖို့ ကြိုးစားကြမယ် ကျတော့်အတွက် ကံကောင်းမယ်လို့ မျှော်လင့်ပါတယ်..😍😍
လိုဂိုလေးရဲ့အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်..
😍😍😍Mogok 800th anniversary လိုဂိုလေးကို မိုးကုတ်မြို့ရဲ့ နာမည်ကျော် ပတ္တမြားနဲ့နီလာတို့ရဲ့ အရောင်တွေဖြစ်တဲ့ အနီနဲ့အပြာကို အခြေခံပြီး ရေးဆွဲထားပါတယ် ..
ဂဏန်း 800 ထဲမှာ Mogok ကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ပြီး အလယ်ခေါင်တည့်တည့်မှာ မိုးကုတ်မြို့ ပတ္တမြားဂေါ်ကြိုးကို ထည့်သွင်းဖော်ပြထားခြင်းဖြင့် မြို့ရဲ့ သမိုင်းဝင်ကျက်သရေကိုလည်း ရှင်းပြပြီးသားဖြစ်ပါတယ်..
ဒါ့အပြင် ချိတ်ဆက်နေတဲ့ ကြိုးလေးတွေက မြို့သူမြို့သားတွေရဲ့ မကွဲပြားညီညွတ်တဲ့ စိတ်ထားကို ဖော်ပြနေပါတယ်
အဆိုပါ ပတ္တမြားလေးက မြို့ရဲ့ အထင်ကရဖြစ်တဲ့ တောင်တန်းတွေပေါ်ကနေ ထွန်းသစ်စနေဝန်းကဲ့သို့ ပေါ်ထွက်လာအောင် ရေးဆွဲထားခြင်းဖြင့် မိုးကုတ်မြို့ဟာ တောက်ပတဲ့ အနာဂါတ်များ မကြာခင် ပေါ်ထွက်လာမည့် အတိတ်နိမိတ်ကောင်းများကို ရွယ်ရည်ကာ ရေးဆွဲလိုက်ပါသည်. 😍
Click here to claim your Sponsored Listing.
Category
Website
Address
Mogok