Ruby Land Gurkha
news and media
12/03/2026
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့သည့် နီပေါနိုင်ငံ ရွေးကောက်ပွဲ၏ မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ထွက်ပေါ်လာသောကနဦးရလဒ်များအရ Gen Z လူငယ် တော်လှန်ရေးခေါင်းဆောင် ဘာလန်ဒရာရှာသည် နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာရန်သေချာသလောက်ရှိနေသည်။
ဆန္ဒပြပွဲများအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ပြီး အစိုးရပြုတ်ကျသွားပြီးနောက် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲတွင် ဘာလန်နှင့် ၎င်းဦးဆောင်သည့် Rastriya Swatantra (RSP) ပါတီက ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မတ်လ ၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် မဲရေတွက်မှု အဆုံးသတ်ရန် နီးကပ်လာချိန်တွင် RSP ပါတီသည်တိုက်ရိုက်ရွေးကောက်ခံ အမတ်နေရာ ၁၆၅ နေရာအနက် ၁၂၂ နေရာထက်မနည်းတွင် အနိုင်ရရှိထားသည်။
"ဒါဟာ Gen Z လှုပ်ရှားမှုအပေါ် အကောင်းဆုံး ထောက်ခံချက်ပေးလိုက်တာပါပဲ။ ကျဆုံးသွားတဲ့ Gen Z အာဇာနည်တွေအတွက်စစ်မှန်တဲ့ ဂုဏ်ပြုမှုဆိုတာ ဘာလန်ဒရာရှာ ဦးဆောင်တဲ့ အစိုးရက နေ့စဉ်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကတဆင့်သက်သေပြသွားမှာပါ" ဟု RSP ပါတီ၏ အကြီးတန်းခေါင်းဆောင် ရာမက်ရှ် ပေါ်ဒီယယ်က ပြောသည်။
အသက် ၃၅ နှစ်အရွယ်ရှိ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ရှာသည် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ပြဿနာနှင့် အဂတိလိုက်စားမှုများကို ဝေဖန်တိုက်ခိုက်သည့် ရက်ပရ်အဆိုတော်တစ်ဦးအဖြစ် ကျော်ကြားခဲ့သူဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ခတ္တမန္ဒူမြို့တော်ဝန်အဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီးနောက် မြို့တော်ကို သန့်ရှင်းရေးလုပ်ခြင်းနှင့် တရားမဝင် အဆောက်အအုံများကို ဖယ်ရှားခြင်းစသည့် လုပ်ငန်းများကို အားတိုက်သရော လုပ်ဆောင်ခဲ့သည်။
ဘာလန်သည် ဝါရင့်နိုင်ငံရေးသမား အိုလီနှင့် ၎င်း၏နယ်မြေဖြစ်သော Jhapa-5 မဲဆန္ဒနယ်တွင် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရာ ၆၈,၃၄၈ မဲ ရရှိပြီး၊ အိုလီက ၁၈,၇၂၄ မဲသာ ရရှိခဲ့ကာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ကျွမ်းကျင်သူများကမူ ဘာလန်ဒရာရှာတွင် စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း ထောက်ပြထားသည်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ ကြီးမားသော မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးရန်၊ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးရန်နှင့်အိန္ဒိယ၊ တရုတ်နိုင်ငံတို့ကြားရှိ နီပေါ၏ နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ရန်တို့သည် ခက်ခဲသော တာဝန်များ ဖြစ်လာမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက နီပေါရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူကြောင်းနှင့်အစိုးရသစ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
(၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က နီပေါနိုင်ငံ Bhaktapur မြို့၌ ကျင်းပသော မဲဆွယ်ပွဲတစ်ခုတွင် ဘာလန်ဒရာရှာကို တွေ့ရစဉ်။ ဓာတ်ပုံ −EPA)ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့သည့် နီပေါနိုင်ငံ ရွေးကောက်ပွဲ၏ မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ထွက်ပေါ်လာသောကနဦးရလဒ်များအရ Gen Z လူငယ် တော်လှန်ရေးခေါင်းဆောင် ဘာလန်ဒရာရှာသည် နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာရန်သေချာသလောက်ရှိနေသည်။

မတ်လ ၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် မဲရေတွက်မှု အဆုံးသတ်ရန် နီးကပ်လာချိန်တွင် RSP ပါတီသည်တိုက်ရိုက်ရွေးကောက်ခံ အမတ်နေရာ ၁၆၅ နေရာအနက် ၁
26/12/2025
#လွမ်းမောဖွယ်ရာမြို့လေး
နှင်းမြူတွေကြားက လွမ်းမောဖွယ် ပတ္တမြားမြေ (သို့မဟုတ်) ပြန်လမ်းကို မျှော်နေတဲ့ နှလုံးသား
တခါတရံမှာ အလွမ်းဆိုတာ အချိန်နဲ့အမျှ ပိုမိုနက်ရှိုင်းလာတတ်တဲ့ ဝေဒနာတစ်ခုပါ။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့၊ ကိုယ့်ရဲ့ သွေးသားရင်းချာလို နွေးထွေးတဲ့ ဇာတိမြေနဲ့ ဝေးကွာနေရတဲ့အခါ အဲဒီအလွမ်းဟာ ရင်ထဲမှာ အမြဲတစေ တမြေ့မြေ့ ခံစားနေရတတ်ပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒီအလွမ်းရဲ့ အမည်နာမပေးရရင် "မိုးကုတ်မြို့"လေးပဲဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
တောင်တန်းတွေကြားက ပတ္တမြားမြို့လေး
မိုးကုတ်လို့ ပြောလိုက်တာနဲ့ မျက်စိထဲမှာ အလိုလို မြင်ယောင်လာတာက တောင်ပတ်လည် ဝိုင်းနေတဲ့ မြို့ခွက်လေးပါ။ မနက်ခင်းဆိုရင် တောင်တန်း တွေပေါ်ကနေ ဆင်းသက်လာတဲ့ နှင်းမြူတွေဟာ မြို့လေးကို ပွေ့ဖက်ထားသလိုမျိုး။ အေးမြတဲ့ လေပြည်လေးကို ရှူရှိုက်လိုက်တိုင်း လန်းဆန်းသွားရတဲ့ အထိအတွေ့ကို ခုထိ တမ်းတနေမိတုန်းပါ။
အခုဆို မိုးကုတ်မှာ ဆောင်းဝင်နေပြီပေါ့ မနက်ခင်း မိုးကုတ်မြီးရှည် ပူပူလေးတစ်ပွဲနဲ့အတူ အငွေ့တထောင်းထောင်းထနေတဲ့ လက်ဖက်ရည်ကြမ်းသောက်ရင်း စကားဝိုင်းဖွဲ့ခဲ့ကြတဲ့ အချိန်တွေကို ပြန်လိုချင်မိတယ်။ လမ်းဘေးက အကြော်ဆိုင်လေးတွေ၊ မနက်ခင်းဈေးထဲက ကောက်ညှင်းပေါင်းနံ့လေးတွေကအစ အခုတော့ အိမ်မက်ထဲမှာပဲ ရရှိနိုင်တဲ့ ရနံ့တွေ ဖြစ်နေပါပြီ။
အမှတ်တရတွေရဲ့ ရိပ်မြုံ
မိုးကုတ်ဆိုတာ ကျောက်မျက်ရတနာတွေ ထွက်ရုံတင်မကဘဲ လူတွေရဲ့ စိတ်နှလုံးကလည်း ရတနာလို ဖြူစင်ကြတာပါ။ "ထာပွဲ" ထိုင်တဲ့လူတွေ၊ ကျောက်တူးဖော်တဲ့ အသံတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ မြို့လေးဟာ ခုတော့ ဘယ်လိုများ ရှိနေမလဲ။ ချမ်းသာကြီးဘုရားကို သွားဖူးတိုင်း ခံစားရတဲ့ အေးချမ်းမှု၊ ကန်ဘောင်ဘေးမှာ လမ်းလျှောက်ရင်း သူငယ်ချင်းတွေနဲ့ ရယ်မောခဲ့တာတွေဟာ အခုချိန်မှာတော့ အဖိုးတန်တဲ့ အမှတ်တရ အကြွင်းအကျန်တွေပေါ့။
ပြန်လို့မရသေးတဲ့ ပြန်လမ်း
လူ့ဘဝမှာ အခက်ခဲဆုံးအရာက "ကိုယ့်အိမ်ကိုယ် ပြန်ချင်ပေမဲ့ ပြန်လို့မရတာ" ပါပဲ။ အခြေအနေအရပ်ရပ်ကြောင့်၊ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြောင့် ကိုယ့်ရဲ့ ချက်ကြွေရာမြေနဲ့ ဝေးကွာနေရတဲ့အခါ ညတိုင်းဟာ လွမ်းဆွတ်ခြင်းတွေနဲ့ ရှည်လျားနေတတ်ပါတယ်။
လိုင်းပေါ်က မြင်ရတဲ့ မိုးကုတ်မြို့ရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီး "ငါတို့ မြို့လေးက လှနေတုန်းပါပဲလား" လို့ ဖြေသိမ့်နေရပေမဲ့ တကယ်တမ်းတော့ ကိုယ်တိုင် အဲဒီမြေကို နင်းချင်လှပြီ။ တောင်ပေါ်က ဆင်းလာတဲ့ ရေအေးအေးလေးနဲ့ မျက်နှာသစ်ချင်တယ်၊ မြို့ပတ်လမ်းမှာ အေးအေးလူလူ လမ်းလျှောက်ချင်တယ်။
နိဂုံး အနေနဲ့ ပြောရမယ် ဆိုရင်တော့
ဘယ်လောက်ပဲ ဝေးနေပါစေ၊ မိုးကုတ်ဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေပါတယ်။ တစ်နေ့မှာတော့ ဒီမြူတွေ၊ ဒီတောင်တန်းတွေဆီကို အကြောက်အလန့်မရှိ၊ အပူအပင်မရှိဘဲ ပြန်သွားခွင့်ရမယ်လို့ ယုံကြည်နေမိပါတယ်။ အဲဒီနေ့ကျရင်တော့ မိုးကုတ်မြို့လေးကို အားရပါးရ ဖက်တွယ်ပြီး "ငါ ပြန်လာပြီ" လို့ ဟစ်ကြွေးလိုက်ချင်ပါတော့တယ်။
"အလွမ်းတွေ စုဝေးရာ... မြူတွေကြားက ငါ့ရဲ့ ပတ္တမြားမြေ။"
Crd # MGK
icom
Ruby Land Gurkha(News & Media)
Dec 26/2025/Fri.
21/10/2025
မန္တလေးမြို့ ဒီပါဝါလီ မနက်ခင်းနှင့်အတူ ဆောင်းဦးအစအဖြစ် စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
ဆောင်းဦးရဲ့ရောင်နီ / နိဒါန်း
21.10.2025
Crd LUMIX
20/10/2025
ယနေ့ 20-10-2025 မှစ၍ 23-10-2025 ရက်နေ့ထိ ကျရောက်သော ဂေါ်ရ်ခါး လူမျိုးတို့၏ အထွဋ်မြတ်ထားရာ ရိုးရာ ဒီပါဝလီ ပွဲတော် နေ့ထူးနေမြတ်နေ့မှစ၍ မြန်မာနိုင်ငံနှင့်အတူ ကမ္ဘာ့ နိုင်ငံ အသီးသီးတွင်ပြန့်နှံ နေထိုင်ကြ ကုန်သော ဂေါ်ရ်ခါး လူမျိုး မိဘပြည်သူ ပြည်သား ၊ ညီကို မောင်ညီမ များနှင့်တူ အေးအတူပူအမျှ နေထိုင်ကြကုန်သော သက်ဆိုင်ရာနိုင်ငံ အသီးသီးကနိုင်ငံသား တိုင်းရင်းသား မိဘပြည်သူများ တဦးတစ်ယောက်ချင်းစီ ဘဝကို အကောင်းဆုံးနှင့် သာယာပျော်ရွှင် အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ကျွန်တော်များ Ruby Land Gurkha(News and Media)မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။
Ruby Land Gurkha(News and Media)
20/10/2025
03/07/2025
မန်းလေးမှာ ၄.၉ အဆင့် ငလျင်လှုပ်
နံနက် ၇း၁၁ နာရီ
၊ ၃ ဇူလိုင် ၂၀၂၅
31/05/2025
မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး
ကားပေါ်က ခုန်ချနိုင်ခဲ့ပေမဲ့ ရထားလမ်းပေါ်
ကျပြီး ရထားကြိ-တ်-ခံ-ရပြီး နေရာတွင်
ဆုံးပါးခဲ့သော ဖြစ်စဉ် ..
31.5.2025
ဘန်ကောက်
ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် မဟာချိုင် နွယ်
လုံမစ် စွယ် ၁ အနီး ယခင် MHAC ရုံးဟောင်းရှေ့နေရာတွင် အလုပ်ညဆိုင်းက ပြန်လာတဲ့
မြန်မာအလုပ်သမား ၆ ဦး တင်ဆောင်လာသော ကားသည် ရထားလမ်းကို ဖြတ်ကူးချိန် ရထားနှင့် အလွန်နီးကပ်နေသောကြောင့် အလုပ်သမားများ ကားပေါ်မှ ခုန်ဆင်းပြေးစဉ် ရထားလမ်းပေါ် ခုန်ချမိသော မြန်မာအလုပ်သမား အမျိုးးသမီးတစ်ဦး ရထားနှင့် ကြိ - တ်- မိခဲ့ရာ ပွဲ -ချ-င်း-ပြီး ဆုံး-ပါး-ခဲ့-ကြောင်း မျက်မြင်တွေ့ရှိသည့် အကိုထံက သတင်းရရှိပါတယ်။
သတင်း-ပြည်ပရောက်ရွှေမြန်မာ
30/05/2025
ကုန်းတွင်းဝင်သွားပြီဖြစ်တဲ့မုန်တိုင်းငယ် - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရောက်သွားပြီဖြစ်တဲ့ မုန်တိုင်းငယ်သည် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(DEPRESSION)အဖြစ် အားလျော့သွားပြီး၊ နောက် ၂၄ နာရီအတွင်း Well-Marked LPA(သိသာထင်ရှားသော ကုန်းတွင်းလေဖိအားနည်ရပ်ဝန်းအဖြစ်ဆက်လက်တည်ရှိနေနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။
DEPRESSION သည် မြန်မာ-အိန္ဒိယ(အာသံ-မဏိပူရ)နယ်စပ်အနီးအထိ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်းအကြွင်းအကျန် မိုးတိမ်များမှ -
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နောက်လာမည့် ၄၈ နာရီအတွင်း မိုးရေချိန် ၇၅ မီလီမီတာမှ ၂၂၅ မီလီမီတာ(၃ လက်မ ခန့်မှ ၉ လက် မ နီးပါးခန့်အထိ) မိုးရွာသွန်းစေနိုင်မှာဖြစ်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များက ခန့်မှန်းထားပါတယ်။
ကျန်ပြည်နယ်တိုင်းများတွင် မိုးအနည်းငယ်မှ အသင့်အတင့်သာရွာနိုင်ပါမယ်။
ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ - https://www.mmweather.org/divisional-cities-weather
(မေလ ၃၀ ရက် - နံနက် ၁၀ နာရီ ၄၀ မိနစ်)
Credit - (U) Win Naing
29/05/2025
မြန်မာ့လက်ရွေးစင် မောင်မောင်လွင်၏ သွင်းဂိုးဖြင့် ASEAN all star အသင်းက မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
MG MG LWIN အတွက်ကတော့ မမေ့နိုင်စရာအခိုက်အတန့်တွေဖြစ်လာပီ မန်ယူကိုဂိုးသွင်းနိုင်တဲ့ ပထမဆုံးမြန်မာကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါသည်။
07/04/2025
မြန်မာ တစ်နိုင်ငံလုံးတွင် မှီတင်းနေထိုင်ကြကုန်သော နေပါလီ(ဂေါ်ရ်ခါး) မိဘ ပြည်သူ /သား များ၏ အသဲနှစ်လုံးဟု တင်းစားခေါ်ဝေါ်နိုင်သော မြန်မာနိုင်ငံ အလယ်ပိုင်း ဗဟိုချက်မ မန္တလေးမြို့ 27လမ်း 80နှင့်81လမ်းကြား တွင် တည်ရှိသော နေပါလီ (ဂေါ်ရ်ခါး) ဓမ္မသာလသည်
28.3.25 ရက်နေ့ 12:51pm အချိန်က မန္တလေး-စစ်ကိုင်းကို ဗဟိုပြု၍ အင်အား7.7ရစ်ချတာစကေး ရှိသောအင်းအားပြင် ငလျင်လှုပ်ခတ် ခြင်း ဒဏ်ကိုခံစားခဲ့ရပါသည်။
ထို အင်အားပြင်းငလျင်ဒဏ်ကြောင့် လူအများအပြား အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ပျောက်ဆုံး ဆုံးရှုံး နစ်နာ မှုပေါင်း မြေက်များစွာ ခံစားခဲ့ရသော်လည်း
ဖေါ်ပြပါ မန္တလေးမြို့ရှိ နေပါလီ (ဂေါ်ရခါး )ဓမ္မသာလ ကျောင်းဆောင် အဆောက်အဦး အသစ်ကြီးမှာ မပျက်ဆီးပဲ အကောင်းပကတိ အတိုင်း ကျန်ရှိပါကြောင်း အသိပေးရေးသား တင်ပြလိုက်ရ ပါသည်။
Ruby Land Gurkha(News & Media)
7 April 2025
မှီငြမ်း -- လက်တွေ့ မြင်ရသူထံမှ သတင်းရယူ
စာတည်း--Ruby Land Gurkha(News & Media)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏👇
07/04/2025
မန္တလေး နှင့် စစ်ကိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်းအချို့၌ ငါးရက်ခန့် မိုးများနိုင်
7 Apr 2025
ဘင်္ဂလားပင်လယ်အော်တိုင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသအချို့၌ ငါးရက်ခန့် မိုးများနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
လာမည့် ဧပြီ ၁၁ရက်မှ ၁၅ရက်ထိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်မည့် အခြေအနေရှိကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
"လေဖိအားနည်းရပ်ဝန်းက အားကောင်းလာမဲ့ အခြေအနေတော့ မရှိဘူးလို့ IMD က ပြောထားပေမဲ့ စောင့်ကြည့်တာ ပိုကောင်းပါတယ်။ မဖြစ်နိုင်တော့ဘူးလို့ ပြောပြီးမှ ဖြစ်လာနိုင်မဲ့ အပူချိန်၊ လေထုဖိအား၊ လေတိုက်နှုန်းနဲ့ ရေခိုးရေငွေ့ပါဝင်မှု အခြေအနေတွေက များနေပါတယ်သေးတယ်။ နောက်ပြီး မိုးများနိုင်ခြေရှိပေမဲ့ လက်ရှိအချိန်မှာ မြစ်ရေတွေ ကျဆင်းနေချိန်မို့ ရေကြီးမဲ့ အခြေအနေအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောရပါမယ်" ဟု ဦးဝင်းနိုင်က MPA သို့ပြောသည်။
ထို့ကြောင့် ငလျင်ဒဏ်သင့်ထားသည့် ဒေသများအနေဖြင့် မိုးရွာသွန်းနိုင်မှု အခြေအနေများကို ကြိုတွက်ကာ မိုးကာနှင့် ရွက်ဖျင်တဲကြီးများကို ကြိုတင်ပြင်ဆင်ထားရန် ၎င်းက အသိပေးထားသည်။
"ရှေ့ရက်က မိုးရွာပေမဲ့ ညီမတို့က အိမ်ထဲမှာနေတော့ အခက်အခဲ သိပ်မရှိပါဘူး။ အိမ်ကိုတော့ ညီမသူငယ်ချင်း အင်ဂျင်နီယာက လာစ်ပေးပြီး နေလို့ရတယ်ဆို့လို့ နေကြတာပါ၊ ငလျင်ကြောင့် အုတ်နည်းနည်းပြိုသွားတဲ့ကားခန်းဘေးက အုတ်တံတိုင်းတော့ ပြင်ပြီးသွားပြီ၊ မီးကတော့ အခုတလော မှန်နေတယ်။ ပျက်လဲ ခဏလောက်ပဲ" ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ရှစ်ရက် နံနက် ပိုင်းထိ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ၁၀ရက်ကြာချိန်တွင် ပြည်တွင်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအချို့ ရပ်နားထားမှုများရှိလာပြီး ပြည်ပနိုင်ငံမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အချို့သည်လည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးသွားသည့်အတွက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်များလည်းရှိနေသည်။
"ကျတော်တို့အဖွဲ့ စစ်ကိုင်းဆင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ပေးတဲ့ အပိုင်းကတော့ ပြီးသွားပါပြီ၊ လက်ရှိ မန္တလေးဘက် ပြန်တက်နေပါပြီ၊ ဒါပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူထားတဲ့ အလှူငွေတွေနဲ့ ပစ္စည်းတွေ လိုက်ဝယ်ပေးဖို့ရှိပါတယ်။ ကျတော်တို့အနေနဲ့ ကိုယ်တိုင်လည်း မြေပြင်မှာ လိုက်လှူသလို ပစ္စည်းဝယ်ပေးတဲ့အပိုင်းလည်း လုပ်ဆောင်ပေးနေပါတယ်။ မိုးရွာရင်တော့ သွားရ၊ လာရ၊ လုပ်ကိုင်ရတာ အလုပ်မတွင်ဘဲ အခက်အခဲပိုဖြစ်စေနိုင်ပါတယ်ဗျ " ဟု Helping Hands Volunteering Group မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့်နေ့မှ စတင်ကာ ယနေ့အချိန်ထိ နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်မှုရှိနေသေးပြီး နေအိမ်ပြိုပျက်ခဲ့သူများ၊ ပြိုကျခါနီးနှင့် အက်ကွဲနေသည့် အဆောက်အအုံများ၌ မနေထိုင်ရဲသည့် မန္တလေးဒေသခံများသည် လမ်းမပေါ်၊ မြေကွက်လပ်၊ ကျုံးဘေး၊ ကွင်းပြင်နှင့် ဘောလုံးကွင်းများ၌ နေထိုင်နေရပြီး ဧပြီ ငါးရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။
ပြီးခဲ့သည့် ဧပြီ ငါးရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငလျင်ရှောင် Camp များပျက်စီးခြင်းနှင့် ဆိုလာမီးတိုင်များ ပြိုလဲမှုများဖြစ်ပေါ်ခဲ့ရသည်။
Photo-MPA (ပုံစာ- ဧပြီငါးရက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးမြို့ရှိ Campများ ပျက်စီးခဲ့မှု)
Ruby Land Gurkha(News and Media)
07/04/2025
(English below) ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းနှင့် မန္တလေးဆီပို့ဆောင်ဖို့ WFP ရဲ့ ရိက္ခာတင်ကားတွေက ရန်ကုန်ကနေ နေ့စဥ်ဆိုသလို ဆက်လက်ထွက်ခွာလျက်ရှိပါတယ်။
ငလျင်ဒဏ်ကို အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသူများကို ကူညီပေးဖို့အတွက် WFP မှာ အားဖြည့်ဘီစကစ် စုစုပေါင်း မက်ထရစ်တန် ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံအတွင်း သိုလှောင်ထားတဲ့ စားနပ်ရိက္ခာအမျိုးမျိုး ၇,၀၀၀ မက်ထရစ်တန်လည်း အသင့်ရှိနေပါတယ်။
WFP ဟာ ငလျင်ဘေးတုံ့ပြန်မှုလုပ်ငန်း ပထမအဆင့်အနေနဲ့ လူဦးရေပေါင်း ၁၀၀,၀၀၀ ကို အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့တွေ ဖြန့်ဝေပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။
Almost every day, WFP food trucks are on the move from Yangon, bringing vital food assistance to those affected by the earthquake in Mandalay & Sagaing.
WFP has over 200 metric tons of ready-to-eat food available, with an additional 7,000 metric tons of food stocks in-country to assist those hardest hit.
WFP aims to reach 100,000 people with emergency food assistance in the first phase.
Crd Nation Myanmar.
07/04/2025
တစ်ဘက်တစ်လမ်းမှ တတ်နိုင်သလောက်
ထောက်ပံ့ကူညီစေခြင်း အကျိုးငှာ
မိုးကုတ်မြို့ပရဟိတလူငယ်အဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူလိုက်ခံနေသော ပုံရိပ်တစ်ချို့
photo
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mogok