Happy Store Distribution
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Happy Store Distribution, Wine, Beer & Spirits Store, Zaygyi, Mogok.
18/10/2020
Chang Beer ချစ် မိတ်ဆွေ တို့ အတွက် Chang Beer မဲပါတာတွေ
ဝယ်ယူရရှိနိုင်ပါပြီ ခင်ဗျာ
# HAPPY STORE
29/05/2020
Happy Store
မိုးကုတ် ဈေးကြီး
☎️ 09402521171, 09405555171 ကို ဖုန်းဆက် ပြီး မှာယူနိုင်ပါသည်။။
ချွေးထွက်များလို့ ရေဓါတ်ဆုံးရှူံး
Royal D သာအကောင်းဆုံး
27/10/2019
Happy Diwali to all my fri
13/10/2019
Congratulations Aung La
12/10/2019
နာမည်ကျော် စကော့ခ်ျဝီစကီ Chivas Regal ရဲ့ အကြောင်းအချက် ၅ ချက်
Chivas Regal ဆိုတာ ကမ္ဘာတဝမ်းမှာရော၊ မြန်မာနိုင်ငံမှာပါ လူသိများကျော်ကြားပြီး အစဉ်အလာကြီးမားတဲ့ စကော့ခ်ျဝီစီကီ အမှတ်တံဆိပ်တစ်ခုပါပဲ။ ဒီလိုခေတ်အဆက်အဆက်လူကြိုက်များခဲ့တဲ့ Chivas Regal နဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေရှိနေတဲ့ထဲကမှ အချက် ၅ ချက်ကိုကောက်နှုတ်ဖော်ပြပေးပါရစေ။
(၁) James နဲ့ John Chivas ညီအစ်ကို
၁၉ ရာစုတုန်းက James နဲ့ John Chivas ညီအစ်ကိုတို့ဟာ အဘာဒင်းန်မြို့၊စကော့တလန်မှာ Chivas Brothers စားသောက်ကုန်ပဒေသာတိုက်ကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ James က အဲဒီအချိန်တုန်းကလူတွေ သောက်နေကြတဲ့ Single Malts ဝီစကီတွေထက် ပိုမိုနူးညံ့တဲ့အရသာမျိုးရှိစေဖို့ သက်တမ်းရင့်ဝီစကီတွေအချင်းချင်း ရောစပ်ပြီး Blended Scotch ဝီစကီကို ကမ္ဘာ့ပထမဆုံးအနေနဲ့ ရှေ့ဆောင်တီထွင်ခဲ့ပါတော့တယ်။
(၂) ကမ္ဘာ့ပထမဆုံး တန်ဖိုးကြီးအဆင့်အတန်းမြင့်ဝီစကီ
၁၉၀၉ ခုနှစ်မှာ ၂၅ နှစ်သက်တမ်းရှိ Chivas Regal Blended ဝီစကီကို နယူးယောက်လူကုံထံအသိုင်းအဝိုင်းမှာ စတင်ဖြန့်ချီခဲ့ပါတယ်။ အဲဒီလိုစတင်ဖြန့်ချီလိုက်တဲ့ Chivas Regal ရဲ့ သက်တမ်းဟာ ၂၅ နှစ်ရှိပြီး ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံသက်တမ်း နဲ့ ညီမျှနေတာကြောင့် ကမ္ဘာ့ပထမဆုံးတန်ဖိုးကြီးအဆင့်အတန်းမြင့်ဝီစကီဖြစ်လာခဲ့ပါတယ်။
(၃) ၁၂ နှစ်သက်တမ်းရှိ Chivas Regal
Chivas Regal ကို ၁၉၂၀ မှာ ယမကာရောင်းချမှုအပေါ် ဥပဒေအရကန့်သတ်တားမြစ်မှုတွေကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရပြီး ၁၉၅၀ မှာမှယနေ့ လူအများသိရှိကြတဲ့ ၁၂ နှစ်သက်တမ်းရှိ Chivas Regal Blended ဝီစကီအဖြစ်နဲ့ ပြန်လည်ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။
(၄) ဗြိတိသျှတော်ဝင်ထီးနန်းအသိအမှတ်ပြု
Chivas Regal ရဲ့ Regal ဆိုတဲ့စကားလုံးဟာ Chivas ညီအစ်ကို ကို ဗြိတိသျှဘုရင်မကြီး ဝိတိုရိယကနှင်းအပ်ထားတဲ့ တော်ဝင်ထီးနန်းအသိအမှတ်ပြုထောက်ခံချက်ကို ကိုယ်စားပြုထင်ဟပ်ထားတာဖြစ်ပါတယ်။ ဒီတော်ဝင်ထီးနန်းထောက်ခံ ချက်ဟာ ဗြိတိသျှထီးနန်းနဲ့ တော်ဝင်မိသားစုဝင်တွေအတွက် အစားအသောက်တွေတင်သွင်းရောင်းချခွင့်ရသူတွေကိုသာ နှင်းအပ်တဲ့ထောက်ခံချက်ပဲ ဖြစ်ပါတယ်။
(၅) ၂၀ ရာစုရဲ့သြဇာအကြီးဆုံး ဂီတပညာရှင် ဖရန့်ခ်စင်နာထရာ အကြိုက်
၁၂ နှစ်သက်တမ်းရှိ Chivas Regal ဟာ ၂၀ ရာစုရဲ့သြဇာအကြီးဆုံး ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ ဖရန့်ခ်စင်နာထရာ ရဲ့ အကြိုက်ဝီစကီအဖြစ် လူသိများပါတယ်။ တကယ်တမ်းမှာတော့ Chivas Regal Blended Whisky ဟာ ဖရန့်ခ်စင်နာထရာ တင်မကဘဲ လူကုံထံတွေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေအကြိုက်တွေ့တဲ့ ဝီစကီအဖြစ်ရပ်တည်လာခဲ့တာ ယနေ့အချိန်အထိပဲ ဖြစ်ပါတယ်။
Credit > Duwun Media
07/10/2019
...........................ဝိုင်ဘယ်လို၀ယ်ကြမလဲ......................................
၀ိုင်၀ယ်တဲ့အခါမှာ အများသူငါကြုံတွေ့ရတဲ့ ပြသနာက ကိုယ်၀ယ်လိုက်တဲ့ဝိုင်က ပေးလိုက်ရတဲ့ဈေးနဲ့တစ်ကယ်တန် မတန်မသိကြ
တာပါပဲ။ ပုလင်းတစ်လုံးကို သိန်းကျော်ပေးလိုက်ရုံနဲ့ ဝိုင်ကောင်းတစ်လုံး၀ယ်လို့ရတာမဟုတ်ပါဘူး။ လက်ဆောင်ပေးဖို့၀ယ်မယ်ဆို ပိုတောင် ခေါင်းစားရပါသေးတယ်။ ကိုယ်ကနားမလည်တော့ ဈေးကြီးပေး၀ယ်၊ ဝိုင်က ကောင်းမှန်းမသိ မကောင်းမှန်းမသိ..ဈေးကြီးတာကလဲ ဘာလို့ကြီးမှန်းမသိ..လက်ဆောင်ပေးမှာဆိုတော့ ဈေးကြီးရင်ပြီးရော နားမလည်ပဲ၀ယ်တော့ နစ်နာရပါတယ်။ တစ်ချို့ဝိုင်တွေက Quality ကောင်းလို့ဆိုတာထက် သယ်ယူပို့ဆောင်ရေးစားရိတ်တွေ၊ အလုပ်သမားခတွေ၊ သိုလှောင်ခတွေ၊ အစိုးရကိုပေးရတဲ့ အခွန်အခတွေ၊ အခြားသောအထွေထွေကုန်ကျမှုတွေ နဲ့ရောင်းချသူရဲ့ အမြတ်တင်မှု အနည်းအများပေါ် မူတည်ပြီးဈေးနှုန်းကြီးမြင့်နေတာကြောင့် ဈေးကြီးရခြင်းဖြစ်ပါတယ်။ ပုလင်းပေါ်က လေဘယ်လ်တွေဖတ်တတ်ရင်၊ ဝိုင်ထွက်တဲ့ဒေသနဲ့ ချက်လုပ်ပုံအကြောင်းတွေ တီးမိခေါက်မိ သိထားရင် ဒီဝိုင်ကိုတော့ ၀ယ်သင့်တယ် ဟိုဝိုင်ကိုတော့ မ၀ယ်သင့်ဘူး စသည့်ဖြင့် မိမိဘာသာ စဉ်းစားတတ်လာပါလိမ့်မယ်။ ဒီလိုပဲတစ်ယောက်ယောက်က ဝိုင်တစ်ပုလင်းကို ဈေးနှုန်း label ခွာပြီး ကိုယ့်ကိုလက်ဆောင်ပေးပြီဆိုပါစို့၊ တန်ဖိုးကြီးတဲ့ဝိုင်လား၊ သာမန်ဝိုင်လား ဘယ်လိုခွဲခြားမှာလဲ၊ ၀ယ်ပေးတဲ့သူကလဲ ဒီပုလင်းဈေးကြီးတယ်ဆိုတာထုတ်ပြောဖို့ ခက်နေမှာပါ..။ ပုလင်းတွေပေါ်က ဝိုင်တံဆိပ်တွေကိုဖတ်နိုင်၊နားလည်နိုင်မှ ကွာခြားပုံတွေကိုသိပြီး ဝိုင်တွေရဲ့ အရည်အသွေးကို ခန့်မှန်းတွက်ဆနိုင်မှာပါ။
ပြင်သစ် ဝိုင်များ၏ အဆင့်သတ်မှတ်ချက်များကို ဖတ်ရှုဖို့ ဒီ link တွေကို နှိပ်ပါ။
https://www.facebook.com/photo.php?fbid=10153053762243376&set=pcb.344191365790808&type=3&theater&ifg=1
https://www.facebook.com/photo.php?fbid=10153053762408376&set=pcb.344191365790808&type=3&theater&ifg=1
https://www.facebook.com/photo.php?fbid=10153053762328376&set=pcb.344191365790808&type=3&theater&ifg=1
https://www.facebook.com/photo.php?fbid=10153053762623376&set=pcb.344191365790808&type=3&theater&ifg=1
အီတလီ ဝိုင်များ၏ အဆင့်သတ်မှတ်ချက်များကို ဖတ်ရှုဖို့ ဒီ linkတွေကို နှိပ်ပါ။
https://www.facebook.com/photo.php?fbid=10153064390713376&set=pcb.345877168955561&type=3&theater&ifg=1
https://www.facebook.com/photo.php?fbid=10153064390718376&set=pcb.345877168955561&type=3&theater&ifg=1
စပိန်ဝိုင်များ၏ အဆင့်သတ်မှတ်ချက်များ
စပိန်ဘက်မှာ ဝိုင်တွေကို အဆင့် ၅ ဆင့်အထိ ခွဲခြား ထားပါတယ်..။ ဝိုင်ထုတ်သူတွေဟာ မိမိတို့ရဲ့ အဆင့်သတ်မှတ်ချက်တိုးတက်နိုင်စေဖို့ သူ့ထက်ငါ အလုအယက်ကြိုးပမ်းအားထုတ်မှုတွေကြောင့် ဝိုင်ပုလင်းတွေပေါ်က အဆင့်သတ်မှတ်ချက်တွေက နှစ်စဉ်တောက်လျှောက်ပြောင်းလဲတိုးတက်နေပါတယ်။
1. DOC or DOCa (Denominacion de Origen Calificada)
၂၀၀၈ ခုနှစ် အထိ DOC (သို့) DOCa လို့ခေါ်တဲ့ စပိန်ရဲ့ အမြင့်ဆုံးသတ်မှန်ချက်ကိုတော့ နိုင်ငံ အထက်အလယ်ပိုင်းနားက Rioja ဒေသထွက် ဝိုင်တွေကိုသာ သတ်မှတ်ပေးထားပါတယ်။ ဒီအဆင့်သတ်မှတ်ခံ ပုလင်းတွေရဲ့နောက်ကျောမှာ စပိန်နိုင်ငံ ဝိုင်အရည်အသွေးထိန်းချုပ်မှု ကော်မတီ (Consejo Regulador) ရဲ့ နံပါတ်အမှတ်အသားနဲ့ တံဆိပ်ကပ်ထားတာပါရပါတယ်။ ဒီတံဆိပ်မှာ ထွက်ရှိတဲ့ဒေသ၊ ဝိုင်ရဲ့အရည်အသွေး၊ ဝိုင်ရဲ့သက်တမ်းကာလတွေကို အတိအလင်းဖော်ပြပေးရပါတယ်။ DOC အဆင့်ဝိုင်တွေဟာ ယေဘူယျအားဖြင့် DO ဝိုင်တွေထက် သက်တမ်းကာလ ပိုမိုရှည်ကြာရပါမယ်။
2. DO (Denominacion de Origen)
၀ိုင်စိုက်ခင်း ၆၅ ခုမှ ဒီအဆင့်ကို ရရှိထားပြီးပါပြီ။ ပြင်သစ်ရဲ့ AOC လိုပဲ အနိမ့်ဆုံးစံနှုန်းသတ်မှတ်ချက်များ ပြည့်မှီခြင်း၊ DO အဆင့်သတ်မှတ်ထားတဲ့ ဒေသတွင်းစိုက်ခင်းမှ ခွင့်ပြုထားတဲ့ စပျစ်ကိုသာ အသုံးပြုခြင်း၊ စိုက်ပျိုးရိတ်သိမ်းရာမှာ နည်းစနစ်ကောင်းမွန်ခြင်းနဲ့ နိုင်ငံတကာဈေးကွက်၀င်ဝိုင်ပုံစံမျိုးဖြစ်ခြင်း စတဲ့ အချက်တွေနဲ့တိုင်းတာသတ်မှတ်ပါတယ်။ DO မှာလဲ DOC လို ပုလင်းနောက်ကျောမှာ တံဆိပ်ကပ်ရပါတယ်။ DOC ဝိုင်တွေထက်တော့ သက်တမ်းနုတာတွေ့ရပါမယ်။
3. DO – Pago (Denominacion de Origen - Pago)
ဒီအဆင့်သတ်မှတ်ချက်က နောက်ဆုံးမှ ထပ်တိုးလာခဲ့တဲ့ သတ်မှတ်ချက်ပါ။ DO အဆင့်သတ်မှတ်ထားတဲ့ ဒေသရဲ့ အပြင်ဘက်မှာရှိပြီး ကိုယ်တိုင်စိုက်စပျစ်ကိုအသုံးပြုတဲ့ DO အရည်အသွေးမှီ စိုက်ခင်းတွေကို ဒီအဆင့်သတ်မှတ်ချက်ပေးပါတယ်။ ၂၀၀၈ ခုနှစ် အထိ ဝိုင်စိုက်ခင်း ၄ ခုမှ ဒီအဆင့်ကို ရရှိထားပါတယ်။
4. VdlT (Vino de la Tierra)
ပြင်သစ်ရဲ့ Vin de Pays ပုံစံနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ စပိန်မှာ ဒီအဆင့်နဲ့ စိုက်ခင်း ၄၂ ခု ရှိပြီး Vino de la Tierra de Castilla နဲ့ Vino de la Tierra de Castilla y Leo’n ၂ ခုကသာ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်တဲ့ အနေအထားရှိနေပါတယ်။ တစ်ချို့နာမည်ကြီး ဝိုင်ထုတ်သူတွေက DO rule တွေနဲ့ ညိလို့ထုတ်မရနိုင်တဲ့ လက်တဲ့စမ်းချက်ထားတဲ့ ဝိုင်တွေကို Vino de la Tierra အဆင့်မှာ လာထုတ်လုပ်တတ်တာကြောင့် နာမည်မကြီးသေးပေမယ့် စိတ်၀င်စားစရာဝုိင်ကောင်းတစ်ချို့ကိုလဲ ဒီအဆင့်သတ်မှတ်ချက်အောက်မှာ တွေ့နိုင်ပါတယ်။
5. VDM (Vino de Mesa)
ပြင်သစ်ရဲ့ Vin de Table အီတလီရဲ့ Vino da Tavola တို့နဲ့ အဆင့်တူလို့ ပြောနိုင်တဲ့ VDM ကတော့ စပိန်မှာ အနိမ့်ဆုံး သတ်မှတ်ချက်ပါပဲ။
စပိန်ဝိုင်ပုလင်းတွေရဲ့တံဆိပ်တွေအပေါ်မှာ အထက်ပါ အဆင့်သတ်မှတ်ချက်တွေအပြင် နောက်ထပ်တွေ့ရနိုင်မယ့် အချက်အနေနဲ့ ဝိုင်တွေရဲ့သက်တမ်းကာလကို ခွဲခြားရှင်းပြထားတဲ့ အောက်ပါအမှတ်အသား စကားလုံးများပဲဖြစ်ပါတယ်။
Vino Joven – ပြင်သစ်ဘက်က Beaujolais Nouveau လို သက်တမ်းနုစဉ် ချက်ချင်းသောက်သုံးဖို့ ထုတ်ထားတဲ့ ဝိုင်မျိုးပါ။ အချို့ဝိုင်တွေကို ၀က်သစ်ချစည်ထဲ ခဏတာ ”နှပ်” ထားလေ့ရှိသလို အချို့ကိုလဲ မ”နှပ်” တော့ပဲ ပုလင်းထဲတန်းထည့်ပါတယ်။ သက်နုဝိုင်အမျိုးအစားပါ။
Sin Crianza - ဒီဝိုင်မျိုးကို ၀က်သစ်ချစည်ထဲ လုံး၀ မ”နှပ်” ပဲ ပုလင်းထဲတန်းထည့်ပါတယ်။ ဒါပေမယ့် Vino Joven လို ချက်ချင်းသောက်ဖို့ ရည်ရွယ်တာမျိုးမဟုတ်ပဲ ပုလင်းတွင်းသက်တမ်းကြာကြာထားပြီး အရသာပိုကောင်းအောင် ထုတ်လုပ်ထားတဲ့ ဝိုင်မျိုးပါ။
Crianza (or) Con Crianza ဝိုင်နီတွေအတွက်တော့ fermentation (အချဉ်ဖောက်နည်းနဲ့ ဝိုင်ချက်ခြင်း) ပြီးပြီးချင်း ၆လ အနည်းဆုံး ၀က်သစ်ချစည်ထဲ ”နှပ်” ခဲ့ရမှာဖြစ်ပြီး ဈေးကွက်ထဲ ဖြန့်ချီနိုင်ဖို့ ဝိုင်ရဲ့သက်တမ်းက အနည်းဆုံး ၂ နှစ်ရှိရပါမယ်။ Riojo ဒေသထွက်ဝိုင်နီတွေအဖို့တော့ ၁ နှစ် အနည်းဆုံး ၀က်သစ်ချစည်ထဲ ”နှပ်”ခဲ့ရပါမယ်။ ဝိုင်ဖြူနဲ့ ရိုစေးဝိုင်တွေဆိုရင်တော့ ၀က်သစ်ချစည်ထဲ ”နှပ်” စရာမလိုပဲ ၁ နှစ်သက်တမ်းရှိဝိုင် တွေကို ဈေးကွက်ထဲ ဖြန့်ချီနိုင်ပါတယ်။
Reserva တံဆိပ်နဲ့ ဝိုင်နီတွေအတွက် ၁နှစ် အနည်းဆုံး ၀က်သစ်ချစည်ထဲ ”နှပ်” ခဲ့ရမှာဖြစ်ပြီး ဈေးကွက်ထဲ ဖြန့်ချီနိုင်ဖို့ ဝိုင်ရဲ့သက်တမ်းက အနည်းဆုံး ၃ နှစ်ရှိရပါမယ်။ ဝိုင်ဖြူနဲ့ ရိုစေးဝိုင်တွေဆိုရင်တော့ ၀က်သစ်ချစည်ထဲ ၆လ ”နှပ်” ခဲ့ရမှာဖြစ်ပြီး အနည်းဆုံး ၂ နှစ်သက်တမ်းရှိဝိုင် တွေကို ဈေးကွက်ထဲ ဖြန့်ချီနိုင်ပါတယ်။ ကောင်းမွန်တဲ့ စပျစ်အရည်အသွေးရရှိတဲ့ စိုက်ပျိုးနှစ်တွေမှာပဲ Reserva ဝိုင်ထုတ်ဖို့အခြေအနေရှိလို့ နှစ်တိုင်းမထုတ်နိုင်ပါဘူး။
Gran Reserva ဝိုင်နီတွေက ၂နှစ် အနည်းဆုံး ၀က်သစ်ချစည်ထဲ ”နှပ်” ခဲ့ရမှာဖြစ်ပြီး ဈေးကွက်ထဲ ဖြန့်ချီနိုင်ဖို့ ဝိုင်ရဲ့သက်တမ်းက အနည်းဆုံး ၅ နှစ်ရှိရပါမယ်။ ဝိုင်ဖြူနဲ့ ရိုစေးဝိုင်တွေဆိုရင်တော့ ၀က်သစ်ချစည်ထဲ ၆လ ”နှပ်” ခဲ့ရမှာဖြစ်ပြီး အနည်းဆုံး ၄ နှစ်သက်တမ်းရှိဝိုင် တွေကို ဈေးကွက်ထဲ ဖြန့်ချီနိုင်ပါတယ်။ Gran Reserva ဝိုင်ထုတ်ဖို့Reserva ထက်ကိုအလွန်ကို သာလွန်ကောင်းမွန်တဲ့ စပျစ်သီးအရည်အသွေးရဖို့လိုအပ်လို့ နှစ်တွေအတန်ကြာမှ Gran Reserva ထုတ်နိုင်တဲ့ အနေအထားမျိုးရနိုင်ပါတယ်။
Double Pasta လို့ဝိုင်ပုလင်းတံဆိပ်ပေါ်မှာ တွေ့ပြီဆိုရင်တော့ ဒီိဝိုင်နီ အမျိုးအစားဟာ ဝိုင်ရဲ့ အနီရောင်ရင့်အောင် သာမန်ဝိုင်နီတွေရဲ့ ၂ ဆ များပြားတဲ့ စပျစ်ခွံတွေကို အသုံးပြုပြီး maceration (အရောင်ရစေရန် စပျစ်ခွံနီကို ဝိုင်ထဲစိမ်ကာ အရောင်ဖောက်ယူခြင်း) လုပ်ယူခဲ့တဲ့ဝိုင်လို့ နားလည်နိုင်ပါတယ်။
Crd: Myanmar Wine Lovers
၁၈၊ဇူလိုင်လ၊၂၀၁၈
07/11/2018
Happy Deepawali to all my fri
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Zaygyi
Mogok
Opening Hours
| Monday | 07:30 - 18:00 |
| Tuesday | 07:30 - 18:00 |
| Wednesday | 07:30 - 18:00 |
| Thursday | 07:30 - 18:00 |
| Friday | 07:30 - 18:00 |
| Saturday | 07:30 - 18:00 |
| Sunday | 07:30 - 18:00 |