Angel
အသားအရေနဲ့ပတ်သတ်တဲ့ Sharingတေ သိရှိရမှာ?
(မြန်မားအရေးကို စစ်တပ် အလိုကျ ဝင်ချယ်လှယ်မည့် အင်ဒိုနီးရှားကိုလည်း သပိတ်မှောက် ဆန္ဒပြကြပါ။)
မြန်မာ့အရေး လုံးဝ လျစ်လျူရှု့ထားတဲ့ Singapore
မြန်မာတိုးတက်မှာ သေအောင်ကြောက်တဲ့ Singapore
စလုံးမှာ မြန်မာအများစု ပညာတတ်တွေချည်းပဲ brain drain ဖြစ်နေတာ.. စလုံးကမြန်မာတွေ နိုင်ငံရေးလုပ်ခွင့်မရှိ ဆန္ဒပြခွင့်တောင်မရှိဘူး
ယုတ်စွအဆုံး CDM ငွေပို့ရင်တောင် လိုက်ဖမ်းနေလို့ တရားဝင်တောင် ငွေလွှဲပေးလို့မရပါ
သူ့စီးပွား မထိခိုက်သ၍ ဘာကိုမှ စိတ်ဝင်စားမှာ မဟုတ်တဲ့ Singapore
အဲ့ဒါကြောင့် သူတို့ရဲ့ တိုက်ရိုက် စီးပွါးတွေ ကို သပိတ်မှောက်ကြပါစို့ ။
❌ Tiger Beer
❌ Crystal Jade Kitchen
❌ BreadTalk
❌ Beauty In The Pot
❌ Ramen Ippudo
❌ Ya Kun Kaya Toast
( ပုံတွေ ဒေါင်းပြီး နေရာအနှံ့ ပြန်ပို့စ် ၊ copy တင်ခြင်းဖြင့် Democracy ရရှိရေး တစ်ဖက်တစ်လမ်း မှ ကူကြပါ )
( စင်ကာပူ သံရုံး သိအောင်လဲ သပိတ်မှောက်ကြပါ )
( စင်ကာပူ မှ အပေါင်းအသင်း ရောင်ရင်းများ မှ လဲ သူတို့ business တွေ သိအောင် ဝိုင်းဖြန့်ပေးကြပါ )
Crd:
ပျဉ်းမနား တံတားတွေအကုန်ပိတ်လိုက်ပြီ ကလေးတွေလာရင်အိမ်တွေတံခါးဖွင့်ပြီးကူညီပေးကြပါနော် 🙏🏻
တံတားတွေ ပိတ်လိုက်တာ မြို့ကို ၂ ခြမ်းခွဲပြီး တားဆီး ဖြိုခွဲလိုက်တဲ့ သဘောပဲ။ ဂရုစိုက်ကြပါနော်။
22 Feb 2021 | 12:39 PM
သိရသလောက် တော်တော်များများ ပြေးနေရပြီး၊ Chatbox ကနေလည်း အိမ်လေးတွေဖွင့်ပေးဖို့ ပြောပေးပါဦးဆိုပြီး အကူအညီတောင်းနေကြပါတယ်။
Crd
ကူညီပေးလိုက်ကြပါဦးရှင်😢
Keyboard ⌨️ Team ပါဝင်ကူညီပေးကြပါဦးရှင်
လူအုပ်ထဲကိုသေနတ်ပါပစ်တာ မလို့ အကုန်လုံး မနည်းအသက်လုပြီး ပြေးနေကြရတာပါ😢
ပျဉ်းမနား ရှမ်းကန်ကြီးနား ဗိုလ်ချုပ်ကြေးရုပ်နားမှာလည်း ကားထဲအထိ လိုက်ရိုက်ကြပါတယ်ရှင်😢
လူတွေကိုလည်း အတင်းဆွဲပါတယ်😢
Crd
14/02/2021
ကျွန်မကို ဖမ်းဆီးပြီး
အာဏာတောင်းလို့ ဘယ်လိုလုပ်ရမှာလဲ
အာဏာက ကျွန်မဆီမှာမှ ရှိမနေခဲ့တာ။
ရှင်တို့လိုချင်နေတဲ့ အာဏာက ပြည်သူတွေဆီမှာပါ။
ပြည်သူ့အာဏာကို ပြည်သူ့ထံကပဲ
ရှင်တို့ လုယူမှ ရမယ်။
ပြည်သူတွေက ရှင်တို့ကို အာဏာပေးရင်
ရှင်တို့ ယူပါ။
(အောင်ဆန်းစုကြည်)
အထူး သတိပြုရမယ့် အချက်ပါ ***
နက်ဖြန် ၁၄ ရက်နေ့ဟာ
အမေစုနဲ့ သမ္မတကြီးတို့ အတွက်
ချုပ်ရက်ပြည့်တဲ့နေ့ပါ
အကယ်လို့ မီးတွေဖြတ်
( ညပိုင်း ဖြတ်မယ် ကြားထားလို့ပါ )
လိုင်းတွေဖြတ်လို့
ယခင်တခါလို လွတ်လိုက်ပါပြီဆိုတဲ့
သတင်း ကြားခဲ့ရင် ပြည်သူတွေ ဝမ်းသာပြီး
လမ်းထွက် မီးရှူးတွေ ဖောက်လုပ်ခဲ့ရင်
သူတို့ အာဏာသိမ်းတာကို လက်ခံပါတယ် ဆိုတဲ့
အမြင်မျိုး ဖြစ်သွားစေနိုင်ပါတယ်
ရပ်ကွက်တိုင်း ကင်းပုန်းချပါ
#သတိရှိကြပါ
#အမေစုနှင့်သမ္မတကြီးဉီးဝင်းမြင့် တို့TV အစီစဉ်မှာမိန့်ခွန်းပြောမှယုံကြပါ
#အရင်တခါလို ဂျင်းမထိစေရန်အထူးသတိပြုကြပါ
၈၈ တုန်းက ပထမ NLD နိုင်တယ်။
စစ်တပ်က မပေးဘူး။
လူတွေက နိုင်ငံလုံးကျွတ် ဆန္ဒထွက်ပြတယ်။
ဝန်ထမ်းတွေ ရုံးမတက်ကြဘူး ရုံးတွေကို ပိတ်ပစ်တယ်။
အဲ့ဒီ့မှာ ခုလို ထောင်ခါပြီး မီးတွေ ရှို့ခိုင်း ဂျင်ကလိတွေ ပစ်ခိုင်းရပ်ကွက်ထဲ၀င် ရေကန်အဆိပ်ခပ်တဲ့သူကို ရပ်ကွက်ထဲက သူတွေက စိတ်မထိမ်းနိုင်ပဲ ခေါင်းဖြတ်သတ်ပစ်လိုက်တာက စတာပဲ။
တခြားရပ်ကွက်တွေကလိုက်လုပ်တယ်။
အကျင့်ပျက် ရပ်ကွက်လူကြီး ရဲတွေကို သတ်ပစ်ကြတယ်
အဲ့မှာ အကွက်၀င်သွားတာပါပဲ။
အဲ့ဒီမှာ မြို့ထဲကို တင့်ကားကြီးတွေ နဲ့ ၀င်လာပစ်လိုက်တာပဲ။
ဒီမိုကရေစီ လိုချင်တယ်ပြောပြီး
ဒီလို အကြမ်းဖက်တာတွေ လုပ်နေပြီ လို့ ကမ္ဘာကိုပြပြီး ရက်ရက်စက်စက် သေနတ်တွေ နဲ့ပစ်သတ်ပစ်လိုက်တာပဲ။
ဒါသူတို့ရဲ့ နောက်ဆုံးနည်းလမ်းပါ။
ဒီနှစ်ပတ်မှာ ဘာပြဿနာမှ မတက်အောင်နေကြရမှာပါ။
ရပ်ကွက်ထဲက ဆင်ဖမ်းမယ် ကျားဖမ်းမယ်တွေကို ဝိုင်းထိမ်းကြပါ။
ပြည်သူဖက်က ထိုးလိုက် ချလိုက် မိပြီ ဆိုတာနဲ့ သူတို့အကွက် ၀င်ပါပြီ။
ကျွန်တော်တို့ Gen Z တွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသလို လူလတ်ပိုင်း နဲ့ လူကြီး တွေ လည်း
အရင် ၈၈ ကို သင်ခန်းစားယူပြီး လက်မလွန်ကြပါနဲ့။
ပန်းတိုင်က ရောက်ခါနီးပါပြီ။
လူငယ်တွေကိုလည်း လူကြီးတွေကိုပြောပြ ဝိုင်းထိမ်းကြပါ။
Shareရင် လူသိပ်မမြင်မှာစိုးလို့ ကူးယူတင်လိုက်သည်
12/02/2021
SecondCDM လာပါပြီ
💥 ဝန်ထမ်းတွေကို CDM လုပ်ဖို့ ပြောရတာ ခက်နေပြီလား? ဘာဆက်လုပ်ကြမလဲ? ဒါလေးဖတ်ကြည့် 💥
ပြည်သူအားလုံး လုပ်နိုင်တဲ့ Second CDM (အရမ်းထိတဲ့ သပိတ်)
နိုင်ငံ့ဝန်ထမ်းများရဲ့ ကတော့ အာဏာသိမ်းအစိုးရက ကြိုမတွက်ထားတဲ့ ထိုးနှက်ချက်ဖြစ်လို့ စားပွဲဝိုင်းထိုင်သူများ အတော်ခေါင်းကိုက်နေပါပီ။ သတင်းစာတွေကနေတောင်ထုတ်ပြန်တဲ့အထိဖြစ်နေပါပြီ
ကြေညာချက်မျိုးစုံထုတ်ပြီး ဌာနဆိုင်ရာက ညွှန်ချုပ်၊ ညွှန်မှူးတွေကတဆင့် အောက်ခြေဝန်ထမ်းတွေကို ဖိအားပေးနေတာကိုကြည့်ခြင်းဖြင့်လည်း ထိရောက်မှုရှိတာကိုသိနိုင်ပါတယ်
ဝန်ထမ်းတွေရဲ့ CDM ထိုးနှက်ချက်တွေအပြင် အာဏာသိမ်းအစိုးရ ရင်ဝကို ခပ်ပြင်းပြင်းလေးထိုးနှက်ဖို့ ပြည်သူလူထုအလှည့်ရောက်ပါပီနော်
ဒါကတော့ ပြည်သူကိုယ်စီပါဝင်နိုင်မယ့် Second Civil Disobedience Movement ( ) ဘဲဖြစ်ပါတယ်
ဒီလုပ်ရှားမှုမှာတော့ အစိုးရကို စီးဝင်သွားမယ့် ပြည်သူတွေရဲ့ ငွေတွေကို မိမိတို့တတ်နိုင်သမျှ ရပ်တန့်ကြဖို့ဘဲဖြစ်ပါတယ်
ရည်ရွယ်ချက်ကတော့ သည် အစိုးရယန္တယားရဲ့ စက်သွားများကို ရပ်အောင်လုပ်သည်ဆိုလျှင် သည် အစိုးရယန္တယားကြီးရဲ့ လောင်စာ (သို့) အောက်ဆီဂျင်ကို ဖြတ်တောက်ဖို့ဘဲဖြစ်ပါတယ်
ခက်ခက်ခဲခဲမဟုတ်လို့ အားလုံးပါဝင်နိုင်တဲ့ လုပ်ရှားမှုဖြစ်ပါတယ်။ အားလုံးညီခဲ့ရင် သိပ်ပီးကို ထိရောက်မယ့် ထိုးနှက်ချက်ဖြစ်ပါတယ်
ဥပမာ။ ။ ရေခွန်၊ မီးခွန်၊ အမြတ်ခွန်၊ ကုန်သွယ်ခွန်၊ ဆိုင်းဘုတ်ခွန်၊ အစိုးရထီ၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ဦးပိုင်နှင့်တပ်မတော်မိသားစုပိုင် ကုန်ပစ္စည်းများ၊ လုပ်ငန်းများ စသဖြင့်ဖြစ်ပါတယ်
*လျှပ်စစ်မီတာခ*
*မီတာခသည် မိမိစီးပွားရေး ပြေလည်မှ ပေးနိုင်မှာပါ - ဘယ်လောက်နောက်ကျနောက်ကျ ၄၀၀၀ ဘဲ ဒဏ်ကြေးဆောင်ရပါတယ်။ ပြည်သူအများစု မဆောင်လျှင် အားလုံးကိုမီးလိုက်ဖြတ်ဖို့ မဖြစ်နိုင်ပါ
*အမြတ်ခွန်*
*အမြတ်ခွန်မျာသည်လည်း မိမိစီးပွားရေးပြေလည်မှ ပေးနိုင်မှာဖြစ်ပါတယ် - ဒဏ်ကြေးအနေနဲ့ ၁၀% ပေးဆောင်ရပါမယ်
ဒီလုပ်ရှားမှုသည် ဘဲဖြစ်ပီး ပြည်သူအားလုံး ပါဝင်ဆင်နွဲနိုင်တဲ့ လုပ်ရှားမှုဖြစ်တာကြောင့် အားလုံးသိအောင် ရှယ်ပေးပါ၊ မိမိကိုယ်တိုင် ပါဝင်ဆင်နွဲပါ
ဒီရဲ့ ကို
👌Water cannon နဲ့ ပစ်လို့မရဘူး
👌ချုပ်နှောင်ဖမ်းစီးလို့မရဘူး
👌သေနတ်နဲ့အပစ်မရဘူး
👌နေပူထဲထွက်စရာမလိုဘူး
👌ဓါတ်ဆီမကုန်ဘူး
👌အလုပ်မပျက်ဘူး
ဒါဟာ
အာဏာသိမ်းအစိုးရကို
အလဲထိုးမယ့် အသံတိတ်လက်သီး!
Credit
ကော်ပီပြန်တင်ပေးကြပါ
အကောင့်ထဲက ကောင်လေး ကောင်မလေးတို့ရေ...။
မောပန်းနေကြပြီလား...?
အိမ်မှာ ဒယ်အိုးတောင်မကိုင်ရတဲ့လက်တွေက
တစ်ပေကျော်တဲ့ကတ်ထူတွေ ဗီနိုင်းတွေကိုင်ပြီး
အသံကွဲအောင် အော်နေရပြီမလား။
အဆင်ငန်းဖို့ ကိုယ့်idol တွေကို ချစ်ဖို့ fic တွေဖတ်ဖို့
အရိပ်အောက်မှာ အသုံးပြုခဲ့တဲ့ဖုန်းလေးက
အခုတော့ မနားတမ်းဖိုက်တာလုပ်ဖို့ဖြစ်လာခဲ့ပြီမလား။
ဘောပင်ကိုင်ပြီး အနာဂတ်တွေကိုပေါ့ပေါ့တွေးခဲ့တဲ့ ခင်ဗျားလေးတို့
အခုတော့ သံထည်တွေကိုနာနာတီးပြီး အနာဂတ်အတွက်ဆိုပြီး
နစ်နစ်နဲနဲတွေးတတ်နေပြီမလား။
ပင်ပန်းတာပေါ့ကွာ။
တို့ကလေးလေးတွေ သိပ်ပင်ပန်းနေရှာမှာပေါ့။
တစ်ခါမှတောင် မတွေးဖူးတဲ့အိမ်မက်တွေကို
ထမ်းပိုးထားရတာလေ။
အရင်လို 'ငါ့ idol ငါ့ကမ္ဘာ' လို့ မရေရွတ်နိုင်တော့ဘဲ
မနက်မိုးလင်းတာနဲ့ ' ငါ့နိုင်ငံအတွက်...' ဆိုပြီးတွေးတော
နေရပြီ...။
ကိုရီးယားသီချင်းတွေလိုက်ဆိုနေမဲ့အစား
"ကမ္ဘာမကြေဘူး"သီချင်းကို သံပြိုင်ဆိုနေကြပြီ။
အမေ့သားသမီးလိမ္မာလေးအဖြစ် မုန့်ဖိုးတောင်းမဲ့အစား
"အမေမကြိုက်လဲ သွားမှာပဲ" ရဲရင့်တတ်နေပြီ။
ပင်ပန်းတာပေါ့ဗျာ။
သေရမှာလား ဖမ်းခံရမှာလား။
ကြောက်တာပေါ့ဗျာ။
ဒါပေမဲ့...ဒီအကြောက်တရားကြီးကို တစ်သက်လုံးဆွဲကိုင်ပြီး
အသက်ရှူတိုင်းလိပ်ပြာမလုံရမှာကို ပိုကြောက်ပါတယ်။
ရဲရင်သူတွေက ဆက်လျောက်မှာပဲ၊
ကလေးတို့ရေ ပင်ပန်းနေလည်း သည်းခံထားပါ။
အများကြီး လုပ်ပေးခဲ့ပြီးပြီပဲကွာ...။
တစ်ဝက်တစ်ပျက်နဲ့ လက်မလျော့ပါနဲ့။
တစ်ချိန်ကျရင်...သားသမီးမြေးမြစ်တွေရှိလာတဲ့အခါ
"အဖိုးတို့ အဖွားတို့ Generation Z တွေကလေ
တကယ့် စူပါမန်းတွေ ပါကွာ"
ဆိုပြီး အာဂပီပီ ကြွေးကြော်ပစ်ရအုံးမယ်လေကွာ။
ဒါကြောင့်မပင်ပန်းနဲ့အုံး နည်းနည်းပဲလိုတော့တယ်။
ကီးဘုတ်ကိုင်တဲ့ လက်ကလေးတွေ
ကတ်ထူပြားကိုင်တဲ့ လက်ကလေးတွေ
သံထည်တီးတဲ့ လက်ကလေးတွေရေ....။
' အားမလျော့နဲ့ ဆက်လျှောက်ကွာ ! '
ကူညီပါဦး Please
မနက်ဖြန် ဆန္ဒပြမယ့်
လူငယ်တွေ အနေနဲ့
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ မဟာမိတ်နိုင်ငံများကို
ထောက်ခံကြောင်းပိုစတာတစ်ခုလောက်
English လိုကိုင်ဆောင်ပေးကြပါ
ဒါမှစစ်ရေးအရ အရေးယူလို့ရပါမယ်တဲ့
Copy ယူပီး တင်ပေးပါ
Crd
ကူညီကြပါအုံး please 🙏🙏
Mandalar University မာဆရာမတွေကို ရဲတွေဝိုင်းထားပါတယ်
Copyပြီးပြန်တင်ပေးကြပါ
6:34PM
CDM လုပ်နေတဲ့ လူတွေ ဒီည အိမ်မှာ မနေပါနဲ့ သူငယ်ချင်းအိမ် သွားနေကြပါ ကျေးဇူး ပြုပြီး မြန်မြန် ပြောပေးကြပါ
***Keyboard Team
အကုန်လုံးလိုလိုမယ်မယ်ကိုယ့်fb acc ရဲ့info
hometown,current live city name တွေအကုန်ဖြုတ်ပါ။info အကုန်ဖြုတ်ထားတာကောင်းပါတယ်
နောက်မှပြန်ထည့်လို့ရပါတယ်။ကူးပြီးfri only တင်ပါ
crd
Click here to claim your Sponsored Listing.
Category
Website
Address
Meiktila
05181