KING DOM

KING DOM

Share

Kingdom Gym,Meikhtila
ရန်မျိုးအောင်ရပ်ကွက် အောင်မြေလမ်း

26/08/2026

Cardio လုပ်ရုံနဲ့ ဝိတ်ကျနိုင်လား? 🏃‍♀️🔥

Cardio ပဲလုပ်ရုံနဲ့ ဝိတ်ကျနိုင်လားဆိုတော့ ဝိတ်ကျနိုင်ပါတယ်။ Cardio လုပ်တာက Calories လောင်ကျွမ်းစေပြီး၊ စားသုံးတဲ့ Calories ထက် ကိုယ်ခန္ဓာက သုံးစွဲတဲ့ Calories ပိုများလာရင် ဝိတ်ကျနိုင်ပါတယ်။

👉 အရေးကြီးဆုံးက Cardio တစ်ခုတည်းမဟုတ်ဘူး။
စားသောက်ပုံမှန် + Strength Training + Cardio + Consistency ရှိမှ ရေရှည်မှာ Body Shape ကောင်းကောင်းနဲ့ ဝိတ်ချနိုင်မယ်။ 💪🔥

22/08/2026

လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေ👇

🔥 Calories လောင်ကျွမ်းစေတယ် – Weight loss အတွက် အထောက်အကူပြုတယ်
❤️ နှလုံးကျန်းမာရေးကောင်းစေတယ် – သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးကို အားကောင်းစေတယ်
🦵 ခြေထောက်ကြွက်သားတွေကို အားကောင်းစေတယ်
🧠 Stress လျော့စေပြီး စိတ်ကြည်လင်စေတယ်
😴 အိပ်စက်မှုကောင်းစေတယ်
🩸 သွေးတွင်းသကြားဓာတ် ထိန်းညှိရာမှာ အထောက်အကူပြုတယ်
⚡ နေ့စဉ်လှုပ်ရှားမှုနဲ့ Energy ပိုကောင်းလာစေတယ်

တစ်နေ့ 30–45 မိနစ်လောက် ပုံမှန်လမ်းလျှောက်တာကို စတင်ကြည့်ပါ။
“Exercise ဆိုတာ Gym ထဲမှာပဲလုပ်ရတာမဟုတ်ဘူး—နေ့တိုင်းလှုပ်ရှားနေခြင်းကလည်း ကျန်းမာရေးအတွက် အရေးကြီးတယ်” 🚶‍♀️🔥

20/08/2026

တစ်နေ့တည်းနဲ့ မပြောင်းလဲခဲ့ဘူး…
ဒါပေမယ့် နေ့တိုင်းမရပ်ခဲ့လို့ ဒီနေ့ ဒီလိုဖြစ်လာတာ 💪🔥

Weight Loss Journey — မပြီးသေးဘူး၊ ဒါကအစပဲ။ 🖤
75days transformation 🏋🏻‍♀️ 92kg>>>80kg

18/08/2026

Gymဆိုတာဝိတ်ကျဖို့အတွက်ပဲမဟုတ်ပါဘူး

🏋️‍♀️ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းလာစေတယ်
🔥 အဆီပိုတွေကို လျော့ချပေးတယ်
💪 ကြွက်သားတွေကို တောင့်တင်းလှပစေတယ်
❤️ နှလုံးနဲ့ သွေးလည်ပတ်မှုကောင်းစေတယ်
🧠 Stress လျော့ပြီး စိတ်ကြည်လင်စေတယ်
😴 အိပ်စက်မှုကောင်းလာစေတယ်
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုတက်လာစေတယ်

အရေးကြီးဆုံးကတော့ Gym က ကိုယ့်ခန္ဓာကိုယ်ကို ပြောင်းလဲပေးရုံမက ကိုယ့်ရဲ့ Lifestyle ကိုပါ ပြောင်းလဲပေးတာပါ။

ဒီနေ့မစရင် နောက်နေ့လည်း “စမယ်” ဖြစ်နေဦးမှာပဲ။
ကိုယ့်အတွက် အကောင်းဆုံး Version ဖြစ်လာဖို့ ဒီနေ့ကစပြီး လှုပ်ရှားလိုက်ပါ 💪🔥

12/08/2026

🏃🏼‍♀️ဝိတ်ကျချင်ရင် အစားမလျှော့နဲ့၊ အစားကိုရွေးစားပါ!

Gym ဆော့နေပေမယ့် အစားအသောက်ကို မထိန်းနိုင်ရင် Result ရဖို့ခက်ပါတယ်။
ဝိတ်ကျတာက Gym တစ်ခုတည်းကြောင့်မဟုတ်ဘဲ Nutrition + Training + Rest သုံးခုလုံးပေါင်းစပ်မှ ရလာတာပါ။ 💪

🥩 Protein — ကြက်သား၊ ငါး၊ ကြက်ဥ၊ တို့ဖူး
🍚 Carbs — ဆန်၊ အာလူး၊ Oats
🥬 Vegetables — အမျှင်ဓာတ်နဲ့ Vitamin
🥑 Healthy Fat — အခွံမာသီး၊ Avocado စတာတွေကို သင့်တင့်အောင်စားပါ။

❌ အချိုရည်၊ အဆီများတဲ့အစားအစာ၊ Fast Food တွေကို လျှော့ပါ။
💧 ရေကိုလည်း တစ်နေ့တာအတွင်း လုံလောက်အောင်သောက်ပါ။

“Gym မှာ 1 hour ဆော့တာထက် ကျန်တဲ့ 23 hours မှာ ဘာစားလဲဆိုတာလည်း အရေးကြီးတယ်.” 🔥

10/08/2026

သူငယ်ချင်းနှစ်ယောက် အတော်တည်ယူနေရတဲ့ရုပ်တွေနဲ့🤏🏼

07/08/2026

🍑 B***y Training က အလှအတွက်ပဲ မဟုတ်ဘူး!

B***y (Glutes) ဟာ လူ့ခန္ဓာကိုယ်မှာ အကြီးဆုံးကြွက်သားအုပ်စုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ Strength နဲ့ Stability ကို အထောက်အကူပြုပါတယ်။

✅ Hip ကို ပိုတည်ငြိမ်စေတယ်။
✅ Squat, Deadlift, Running စတဲ့ လေ့ကျင့်ခန်းတွေမှာ Performance ပိုကောင်းစေတယ်။
✅ Lower Back ကို Support ပေးပြီး ခါးနာနိုင်ခြေကို လျော့ချပေးတယ်။
✅ Hip Shape ကို ပိုဝိုင်းပြီး လှပတဲ့ Body Line ရစေတယ်။

05/08/2026

Gym စဆော့တဲ့သူတွေ သိထားသင့်တဲ့အချက်👇

✅ Cardio တစ်ခုတည်းမဟုတ်ဘဲ Weight Training ပါလုပ်ပါ
✅ Protein လုံလောက်အောင်စားပါ
✅ အစားလုံးဝမဖြတ်ပါနဲ့
✅ Rest Day ပေးဖို့မမေ့ပါနဲ့
✅ Consistency က motivation ထက်ပိုအရေးကြီးတယ်

Remember ✨
“1 month result မမြင်ရသေးလည်း မရပ်လိုက်ပါနဲ့ — body change က slowly but surely ဖြစ်လာတယ်” 🔥

29/07/2026

📢 KINGDOM GYM Membership Fee Update

ချစ်ခင်လေးစားရသော KINGDOM GYM Member မိတ်ဟောင်းမိတ်သစ်များကို အသိပေးအပ်ပါသည်။

ပိုမိုကောင်းမွန်သော လေ့ကျင့်မှု၊ဝန်ဆောင်မှုအရည်အသွေးများနှင့် Gym အတွင်း လိုအပ်သောအရာများကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် Monthly Membership fees ကို (1.8.26)မှစတင်၍ ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို TikTok Messenger သို့မဟုတ် Gym သို့မဟုတ် 09.781070332 တွင် တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

အမြဲယုံကြည်စွာ အားပေးနေကြသော Member များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ KINGDOM GYM သည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် အစဉ်ကြိုးစားသွားပါမည်။

Want your business to be the top-listed Gym/sports Facility in Meiktila?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yan Myo Aung Quarters Aung Myay Road
Meiktila
05181