Peter Rabbit's café
Chocolates after chocolates
08/04/2025
အသက်တွေလည်း
ဒီလိုပဲဖြင့်
ကြီးရင့်ဖြူဖပ် သွားလိမ့်မပေါ့
အင်အားသန်ခိုက်
ပုံအောလိုက်ကြ။
တစ်ခါတစ်ရံက
မမတိုက်မိတဲ့ ခလုတ်ကလေး
အခုဆွေးနေပေါ့။
မြစ်တစ်မြစ်မှာ
နှစ်ခါရေမချိုးနိုင်ဘူးဆို ထင်ပ
ခေါမအဘိဓမ္မာကိုသတိရတယ်။
ဒီလိုအချိန်မှာ ဟန်မဆောင်ကြရင်ဖြင့်
လောကကြီး စိမ်းလန်းလာနိုင်တယ်။
အောင်ချိမ့်
ပန်းချီဆိုင်
The art shop . 2
ဒီရက်တွေမှာ
ငါ ယဥ်ယဥ်ပါးပါးလေးရူးခဲ့တယ်
ငါ သိပ်ပိုရိုင်းစိုင်းခဲ့တယ်
မိုးလယ် ဖွဲဖွဲလေရွာတိုင်းမှာ
ကိုယ့်ချစ်ထက် ပိုသတိရခဲ့တယ်
ဘားဆိုင်မှာဘယ်သူမှမရှိတာမို့ငါအလကား၀င်ထိုင်ခဲ့တယ်။
These days
I was barmy a bit
I was maladjusted
passing every drizzle every time
I miss more than my self-love
it was " bar none " so I sat at the bar for free.
ပန်းချီဆိုင်
The art shop . 1
ဒီရက်တွေမှာ
ဘ၀က ငြင်းပယ်လို့မရခဲ့ပါဘူး
ချခဲ့ဖူးတဲ့ခြေလှမ်းတွေကို ပြန်ကြည့်မိရင်း
ရခဲ့ဖူးတဲ့အနာကို ပြန်ဆွမိရတယ်
တကယ်ပါပဲ သတိရလွယ် ။
ညနေခင်းမှာ ထိလွယ်ရှလွယ်
သတိရလွယ်
သေစမ်း! အဲ့မှာ
ဒီပုံပြင်မှာငါလူလိမ်ပါ
ဒီထိခိုက်နာကျင်မှာမှာ အကျပိုနာတဲ့ငါ လူလိမ်ပါ။
These days
Life was indisputable of
rewinding the steps I've made
raking the shades I've made
For real , I've been beseeching.
Evenings were vulnerable
miserable,
Damn well right there!
Now I'm the villain of this piece
the one that hurt when we fall apart
the liar of the problem , I am.
08/04/2025
"ပန်းချီဆိုင်"
The art shop . 0
ငါတို့နားလည်ကြမယ်
ပန်းချီတွေကိုနားလည်ကြမယ်
လူတွေကိုနားလည်ကြမယ်
ဘ၀နဲ့အလှတစ်ချို့ကို နားလည်ကြမယ်
ရပါတယ်
ဘ၀မှာနားလည်မှုပေးကြမယ်ဆိုရင်ဖြင့်
သိပ်ကိုလှပါလိမ့်မယ် ။
ပီတာရက်ဘစ်ထ်
29/03/2025
....
ပျက်စီးနေတဲ့
ငါတို့ရဲ့အကျင့်တွေ
ငါတို့ရဲ့ ကိုယ်ကျင့်တရားတွေ
ငါတို့ပြုခဲ့တာတွေ
ညစ်ညမ်းနေမှုတွေကို
လောကကြီးကတောင်မမြင်ချင်တော့ရအောင်ပဲ၊
ကမ္ဘာကြီးကတော့အသစ်တစ်ဖန်ပြန်စနေပြီ
ကပ်တွေလည်းများလှပြီ
ငါတို့ရဲ့ လောကဟာ ငါတို့ကြောင့်ပဲ နစ်နာရတယ်။
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
Maymyo