Twe-Let - MWC

Twe-Let - MWC

Share

Migrant Advice Center (MAC) ပြန်လည်ဖွင့်နေပါပြီး

28/12/2024

#ပရိုင်တၟေင်
အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ စပ်လျဉ်းပြီး ထိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်အရ နာမည်စာရင်းတင်သွင်းဖို့ လုပ်ဆောင်ရမယ့် အသေးစိတ် လုပ်ငန်းစဉ်တွေကို အစ်ဆာရာက ဖော်ပြပေးလိုက်ပါတယ်။

- အဆင့် ၁: နာမည် စာရင်းတင်သွင်းခြင်း/လျှောက်လွှာတင်ခြင်း (ခွင့်ပြု ကာလ - ၁၆ ဒီဇင်ဘာ ၂၀၂၄ မှ ၃၀ ဒီဇင်ဘာ ၂၀၂၄ အထိ ၁၅ ရက်တိတိ )

နာမည်စာရင်းတင်သွင်းတာတွေကို အလုပ်ရှင် (ဒါမှမဟုတ်) အကျိုးဆောင်ကုမ္ပဏီက လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ဖို့ လိုအပ်တာတွေကတော့ လုပ်ငန်းခွင်အတွင်းမှာ ခန့်အပ်ဖို့ လိုအပ်နေတဲ့ နိုင်ငံခြားသားလုပ်သားအရေအတွက်ကို ဖော်ပြထားတဲ့ လျှောက်လွှာဖောင် တစ်ခု နဲ့ အတူ အလုပ်သမားတွေရဲ့ နာမည်စာရင်းတွေနဲ့ ဓာတ်ပုံတွေ ပူးတွဲ တင်ပြရမှာ ဖြစ်ပါတယ်။ နာမည်စာရင်းတင်ပြရာမှာ အွန်လိုင်းကနေ တင်လို့ရသလို အလုပ်အကိုင် ဉီးစီးဌာနက သတ်မှတ်ထားတဲ့ နေရာတွေမှာလည်း စာရင်းသွင်းလို့ရပါတယ်။ ဒီစာရင်းသွင်းတဲ့ အဆင့်မှာ အလုပ်လုပ်လို့ မရသေးပါဘူးနော်။
နာမည်စာရင်းသွင်းပြီးသွားပြီဆိုရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ တင်ပြပြီး ပေးဆောင်ရမယ့် အခကြေးငွေတွေကို ပေးသွင်းရမှာဖြစ်ပါတယ်။ ငွေသွင်းပြီးမှပဲ အလုပ်လုပ်ခွင့် ရမှာဖြစ်ပါတယ်။

- အဆင့် ၂: အလုပ်လုပ်ခွင့် Work Permit လျှောက်ထားခြင်းနှင့် Work Permit ကြေး ပေးသွင်းခြင်း
ဒီဝေါ့ပါမစ်လျှောက်ထားဖို့ကိုတော့ သတ်မှတ်ကာလ ၃၁ ဒီဇင်ဘာ ၂၀၂၄ ကနေ ၃၀ မတ် ၂၀၂၅ အထိ ရက် ၉၀ တိတိ ခွင့်ပြုပေးထားပါတယ်။

အလုပ်လုပ်ခွင့် ‌ဝေါ့ပါမစ်ကို အလုပ်ရှင်က လျှောက်ပေးရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဖောင်ပုံစံတွေဖြစ်တဲ့ Form Bor Tor 50 Or 6 စတာတွေနဲ့ တင်ပြရမှာဖြစ်ပါတယ်။ အလုပ်လုပ်ခွင့် ဝေါ့ပါမစ်လျှောက်ထားဖို့အတွက် ‌ဆေးစစ်လက်မှတ်တွေ၊ ကျန်းမာရေးအာမခံနဲ့ လူမှုဖူလုံရေးစာရွက်စာတမ်းတွေ၊ အလုပ်ရှင်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ စသည်ဖြင့် တင်ပြဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မှာ ဖောင်တင်တဲ့ လျှောက်လွှာကြေးအနေနဲ့ ဘတ် ၁၀၀ နဲ့ Work Permit ကြေး ဘတ် ၉၀၀ ပေးသွင်းရပါမယ်။
ပိုက်ဆံပေးသွင်းပြီးပြီဆိုရင် ငွေသွင်းချလံတွေကို ပရင့်ထုတ်ပြီး သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေ ဆေးစစ်ဖို့အတွက် အလုပ်အကိုင်ဉီးစီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ အစိုးရ/ပုဂ္ဂလိကဆေးရုံတွေမှာ လုပ်ဆောင်ရမှာဖြစ်ပြီးတော့ အာမခံစာရင်းသွင်းတာကို အစိုးရဆေးရုံ/အာမခံကုမ္ပဏီတွေနဲ့ ချိတ်ဆက်စစ်ဆေးမှာ ဖြစ်ပါတယ်။

- အဆင့် ၃: တာဝန်ရှိသူများမှ စစ်ဆေး/အတည်ပြုခြင်း (၃၀ ရက်ကာလမှ နာမည်စာရင်းတင်သွင်းပြီး ငွေတွေလည်းသွင်းပြီးပြီဆိုရင် တတိယအဆင့်အနေနဲ့ တာဝန်ရှိသူတွေက စစ်ဆေး အတည်ပြုတာတွေ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒီအဆင့်အတွက် သတ်မှတ်ကာလကတော့ မတ်လ ၃၁ ၊ ၂၀၂၅ ကနေ ၂၉ ဧပြီ ၂၀၂၅ အထိ ရက် ၃၀ တိတိ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ လျှောက်လွှာပါ အချက်အလက်တွေ ပြည့်စုံမှန်ကန်မှုရှိမရှိကို စစ်ဆေးပြီး ပြည့်စုံတယ်ဆိုရင် ဝေါ့ပါမစ်ကို အတည်ပြုပေးမှာဖြစ်ပါတယ်။ စာရွက်စာတမ်းမပြည့်စုံရင်တော့ သတ်မှတ်ကာလအမှီ ပြန်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ငါးဖမ်းလုပ်ငန်း (Fishing Business) အတွက် ဝါ့ပါမစ်ကို စာအုပ်ပုံစံနဲ့ ထုတ်ပေးမှာ ဖြစ်ပါတယ်။

- အဆင့် ၄: သက်သေခံအချက်အလက် (Biometric Data) စုဆောင်းခြင်း (၉၀ ရက်ကာလ)

အပေါ် က လုပ်ငန်းစဉ်တွေပြီးရင်တော့ (Biometric Data) လို့ခေါ်တဲ့ သက်သေခံအချက်အလက်တွေ တင်သွင်းရမှာဖြစ်ပါတယ်။ သတ်မှတ်ချိန်ကတော့ ၃၁ မတ် ၂၀၂၅ မှ ၂၈ ဇွန် ၂၀၂၅ အထိ ဖြစ်ပါတယ်။ သက်သေခံအချက်အလက်တွေကိုနိုင်ငံခြားသားအမျိုးသာလူဝင်မှုကြီးကြပ်ရေးဌာန (Immigration Bureau) ဒါမှမဟုတ် သတ်မှတ်ထားတဲ့ နေရာတွေမှာ သက်သေခံအချက်အလက်တွေ(Biometric Data) တင်သွင်းရမှာဖြစ်ပါတယ်။

- အဆင့် ၅: တစ်နှစ်အတွင်း မှတ်ပုံတင်ခြင်း ၃၁ မတ် ၂၀၂၅ မှ ၃၁ မတ် ၂၀၂၆ အထိ
ဒီနောက်ဆုံးအဆင့်မှာတော့ ခရိုင်အုပ်ချုပ်ရေးဌာန (Department of Provincial Administration) က နိုင်ငံခြားသားတွေအတွက် ပန်းရောင်ကတ် မှတ်ပုံတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

- အရေးကြီးအချက်များ
အလုပ်ခွင့်လျှောက်လွှာနှင့် အခကြေးငွေ ပေးဆောင်ပြီးမှသာ အလုပ်လုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
အလုပ်ခွင့်သက်တမ်းဟာ အတည်ပြုသည့်နေ့ကနေ စတင်ရေတွက်မှာ ဖြစ်ပါတယ်။
အလုပ်ခွင့်လျှောက်လွှာကို ရက် ၉၀ ရက်အတွင်းမှာ အချိန်မီ တင်ပြရမှာ ဖြစ်ပါတယ်။
၁၈ နှစ်အောက် ကလေးတွေကို သီးခြားစီ ဒေသခံအုပ်ချုပ်ရေးရုံးတွေမှာစာရင်းသွင်းရမှာ ဖြစ်ပါတယ်။

- ဆက်သွယ်ရန်
ဘန်ကောက် အလုပ်အကိုင်ရုံးများ
တိုင်းနှင့် ခရိုင်အလုပ်အကိုင်ရုံးများ
အလုပ်အကိုင်ဝန်ကြီးဌာန Hotline: 1506 (နံပါတ် ၂)
အလုပ်အကိုင်ဦးစီးဌာန Hotline: 1694

#အစ်ဆာရာမြန်မာ

20/11/2024

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် အလုပ်လက်မဲ့ ပကန်စခုမ်လျှောက်မည်ဆိုပါက သိထားရမည့် အချက်လက်များကို ဖော်ပြပေးလိုက်ပါတယ်။အလုပ်လက်မဲ့ ပကန်စခုမ်လျှောက်ထားလိုပါက အနည်းဆုံး ပကန်စခုမ်သွင်းငွေ ၆လရှိနေရပါမည်။
အလုပ်လက်မဲ့ ပကန်စခုမ်ကို ဘယ်အချိန်မှာလျှောက်ထားလို့ရမလဲဆိုတော့ အလုပ်ထုတ်ခံရသည်ဖြစ်စေ အလုပ်ထွက်လာသည်ဖြစ်စေ စထွက်လာသည့်ရက်မှ စတင်လျှောက်ထားနိုင်ပါတယ်။
ကျန်ဟာငန်ရုံးမှာ သွားရောက် လျှောက်ထားရမှာဖြစ်ပြီး ယူဆောင်သွားရမယ့် စာရွက်စာတမ်းများက ပကန်စခုမ်ကတ်၊ မိမိ၏ နေထိုင်ခွင့်အထောက်အထားစာရွက်စာတမ်းများ၊ ဘဏ်စာအုပ် မိတ္ထူ ကိုယူသွားရပါမယ်
ကျဟာငန်းရုံးမှာ ရောက်တယ် ဆိုရင် တော့ ပကန်ထောက်ပံကြေးလျောက်လွှာ ကိုဖြည့် ၊ အရာရှိ နဲ့ တွေ့ဆုံ မေးမြန်းပြီး လျှောက်လွှာ တင်ခဲ့ ရပါမယ်။ ထောက်ပံ့ကြေး ကို ဘဏ်က တဆင့်ဘလက်ခံ ရရှိမှာ ဖြစ်ပါတယ်။
အလုပ်လက်မဲ့ ထောက်ပံ့ကြေးအတွက် အလုပ်ထုတ်ခံရပါက ထောက်ပံ့ကြေးအဖြစ် လစာ၏ ၇၅% ၊
မိမိသဘောဖြင့် အလုပ်မှ နှုတ်ထွက်ပါက ထောက်ပံ့ကြေးအဖြစ် လစာ၏ ၅၀% ကို ခံစားခွင့်ရမှာပါ။
တစ်ကြိမ်လျှင် ရက်ပေါင်း (၉၀) ထက်မကျော်ဘဲ ခံစားရရှိမည်။
ခံစားခွင့် ၃လအတွင်းမှာ အလုပ်ရပြီဆိုရင် အလုပ်လက်မဲ့ ပကန်ထုတ်ငွေရပ်သွားမှာဖြစ်ပါတယ်။

#ထိုင်းရောက်မြန်မာ
#အစ်ဆာရာ
#ထိုင်းရောက်မြန်မာအလုပ်သမားများ

#ရွှေအိပ်မက်အလုပ်ရှာဖွေရာနေရာ

Want your organization to be the top-listed Non Profit Organization in Mawlamyine?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shin Zaw Pu
Mawlamyine
88833

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00