Shwe Lashio - MLM Branch
We, Shwe Lashio, have been founded by Shan Professional Chef and bring the authentic Shan and Chinese VIP Rooms available
11/12/2025
"မပြောင်းလဲတဲ့ အရသာ၊ တိုးပွားလာတဲ့ မေတ္တာများနှင့် ရွှေလားရှိုးရဲ့ (၄) နှစ်ပြည့်..." ✨
💕ပန်းကန်တစ်ချပ်ချင်းစီတိုင်းမှာ စေတနာတွေ ထည့်ချက်ခဲ့တယ်။
💕ဧည့်သည်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးရှင်လို တန်ဖိုးထားခဲ့တယ်။
ဒီလိုစိတ်ထားလေးတွေနဲ့ ဖြတ်သန်းလာလိုက်တာ ဒီကနေ့ဆို (၄) နှစ်တောင် ပြည့်ခဲ့ပါပြီ။
ဒီခရီးလမ်းတစ်လျှောက်မှာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ လူကြီးမင်းတို့ရဲ့ အားပေးသံတွေ၊ ပြုံးရယ်သံတွေနဲ့ အပြန်အလှန်မေတ္တာတရားတွေကသာ ကျွန်မတို့အတွက် ရှေ့ဆက်လျှောက်လှမ်းဖို့ အကြီးမားဆုံး ခွန်အားတွေ ဖြစ်စေခဲ့တာပါ။
ဆိုင်ဖွင့်စရက်တွေကနေ ဒီနေ့အထိ ရွှေလားရှိုးကို မေ့မသွားဘဲ အမြဲသတိတရ လာရောက်အားပေးကြတဲ့ မိတ်ဆွေတွေကြောင့်သာ ကျွန်မတို့ ဒီနေရာမှာ ဆက်လက်ရပ်တည်ခွင့် ရနေတာပါ။
လူကြီးမင်းတို့ ပေးအပ်တဲ့ မေတ္တာဟာ ကျွန်မတို့အတွက် တန်ဖိုးအဖြတ်နိုင်ဆုံး ဆုလဒ်ပါပဲ။ ဒီမေတ္တာတွေကို တုံ့ပြန်ဖို့ အကောင်းဆုံးပါပဲရှင်
🎂 (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လာရောက်စားသောက်သူတိုင်းကို တစ်နေကုန် (၂၀)% လျှော့ဈေးပေးသွားမှာဖြစ်လို့...
12-12-2025 (မနက်ဖန်) မှာကျရောက်မယ့်
ရွှေလားရှိုးရဲ့ မွေးနေ့ရက်မြတ်လေးမှာ ပျော်ရွှင်စွာ ဆုံတွေ့ကြဖို့ ဖိတ်စာပို့ပါရစေ...။
ကျေးဇူးတရားတို့ဖြင့်...
ရွှေလားရှိုး မိသားစု
25/11/2025
ခေါက်ဆွဲစားတယ်ဆိုတာ
ဆောင်းလေအေးအေး နဲ့ အတူ အဲ့လို ပူပူစပ်စပ် စားမှ အရသာ ရှိတာပါ
24/11/2025
ခရီးသွားရာသီရောက်ပီမို့ သွားလာရင်းကျွန်တော်တို့ဆိုင်လေး မှာ
တစ်ထောက်၀င်ရောက် သုံးဆောင်လိုပါက
ဆိုင်လိပ်စာ လေး နဲ့ ဖုန်းနံပါတ်လေးတွေ ထည့်သွင်းပေးထားပါတယ်
ချစ်တဲ့
ရွှေလားရှိုး
30/10/2025
ဆိုင်ပိတ်ခါနီးမှာမှ
ကြိုတင်မှာထားပြီး လာရောက်အားပေးသွားတဲ့
ဧည့်သည်တော်များကို ကျေးဇူးအများကြီးတင်ပါတယ်...
We Cook With PASSION
We Serve With LOVE
12/10/2025
ရှမ်းပြည်မြောက်ပိုင်းအရသာစစ်စစ်ကို လာရောက်မြည်းစမ်းဖို့ ရွှေလားရှိုးကို ဖိတ်ခေါ်လိုက်ပါရစေ!
🍲 ခေါက်ဆွဲချစ်သူတို့အတွက် အကောင်းဆုံးရွေးချယ်မှု
ရွှေလားရှိုးမှာ ဖောက်သည်များအတွက် ခေါက်ဆွဲအမျိုးအစားပေါင်း ၈ မျိုး နဲ့ ၎င်းတို့နှင့်လိုက်ဖက်ညီတဲ့ အရသာ ၂၀ ကျော်ကို စိတ်တိုင်းကျ ရွေးချယ်နိုင်အောင် စီစဉ်ပေးထားပါတယ်။
ကျွန်ုပ်တို့ဆိုင်မှ လူကြိုက်များသော ခေါက်ဆွဲများထဲမှ အချို့မှာ-
လားရှိုး မြီးရှည် (Lashio Mee Shay) - ရွှေလားရှိုးရဲ့ Signature ဖြစ်ပြီး မစားမဖြစ်ပါ။
မြေအိုးမြီးရှည် (Clay Pot Mee Shay) - ပူပူနွေးနွေး ဆွဲဆောင်မှုရှိတဲ့ အရသာ။
တုံယမ်းခေါက်ဆွဲ (Tom Yum Noodle) - ချဉ်ငံစပ်ကြိုက်သူတို့အတွက်။
ဂျုံ ဆီချက် (Garlic Oil Wheat Noodle) - နူးညံ့မွှေးကြိုင်တဲ့အရသာ။
ချဉ်စပ်ခေါက်ဆွဲ (Sour and Spicy Noodle) - လျှာကိုစွဲဆောင်စေတဲ့ အရသာထူး။
ဝက်နံရိုးခေါက်ဆွဲ (Pork Ribs Noodle)
ကြက်ပေါင်းခေါက်ဆွဲ (Steamed Chicken Noodle Soup)
✨ ရွေးချယ်စရာများစွာ၊ စိတ်တိုင်းကျအရသာ
ခေါက်ဆွဲတစ်ပွဲချင်းစီအတွက် နှစ်သက်ရာ အသား၊ အချဉ်၊ အဆာပလာတို့ကို ၂၀ ကျော်သော အရသာထဲက စိတ်ကြိုက်ရွေးချယ်ပြီး သင့်အတွက်အသင့်တော်ဆုံး အရသာစစ်စစ်ကို ဖန်တီးနိုင်ပါတယ်။
ခေါက်ဆွဲအမျိုးအစားအစုံ (ဆန်စီး ၊ ဆန်ဖွယ် ၊ ဂျုံသေး ၊ လက်လုပ်ဂျုံ ၊ မြီးရှည်၊ ကြာဇံ၊ ၀ဥ၊ မာမီး)
မာလာ၊ အစပ်၊ မစပ်၊ ဆီချက်၊ ဟင်းရည်စတဲ့ စားနည်းပုံစံအစုံ!
ယနေ့ပဲ ရွှေလားရှိုးကို လာရောက်ပြီး ရှမ်းပြည်မြောက်ပိုင်းရဲ့ ရိုးရာအရသာစစ်စစ်တွေကို အရသာအမျိုး ၂၀ ကျော်ထဲက စိတ်တိုင်းကျရွေးချယ်ကာ သုံးဆောင်လိုက်ပါ။
---------------------------------------------
🏠 မြောက်ဒဂုံဆိုင်ခွဲ
09778700280
အမှတ် 640 ဗိုလ်မင်းရောင်လမ်း 40 ရပ်ကွက် ၊ မြောက်ဒဂုံ။
Google Map link - https://maps.app.goo.gl/eG33q1fafyGx6JF16
🏠 ပဲခူးဆိုင်ခွဲ
09777255230
အမှတ် 11-90 ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ၊ ဥဿမြို့သစ် ၊ ပဲခူးမြို့ (Pro 1 Center ၀န်းအတွင်း)
Google Map link - https://maps.app.goo.gl/HrEXCMXg8SYgjZFc6
🏠 မော်လမြိုင်ဆိုင်ခွဲ
09751000795
အမှတ် 92 ၊ မြိုင်သာယာလမ်း နှင့် ဖက်ခင်းလမ်းထောင့်။ (ကောင်းမြတ်ဟိုတယ်ဘေး)
Google Map Link - https://maps.app.goo.gl/k9LpgouSC99nf8JL9
04/10/2025
ရွှေလားရှိုး နဲ့ No.4 ဆိုင်မြောက်ကတော့
မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီး လို့ခေါ်တွင်တဲ့ တိုင်းဒေသကြီးမှာ
ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်..
မတူညီတဲ့ မြို့တွေမှာ
တူညီတဲ့ အစားအသောက်ကောင်းတွေနဲ့
တူညီတဲ့ ဖော်ရွေမှု တွေ ဝေမျှပေးပါရစေ
09/09/2025
နန်းပြားသုပ်
📣 မနက်စာအတွက် ဘာစားရမလဲ စဉ်းစားမနေနဲ့တော့နော်...
ဒီနေ့ မနက်စာကို အာဟာရပြည့်ပြီး အရသာရှိတဲ့ "နန်းပြားသုပ်" နဲ့ စတင်လိုက်ပါ။
🍴မြန်မာ့ရိုးရာလက်ရာ အစစ်အမှန် အရသာ
🍴ဟင်းအနှစ်ရဲ့ မွှေးရနံ့နဲ့ ပြည့်စုံတဲ့အရသာ
🍴ပဲပင်ပေါက် စတဲ့ အသီးအရွက်တွေနဲ့ တွဲဖက်စားသုံးနိုင်တာကြောင့် အာဟာရပြည့်ဝခြင်း
🍴မြန်မာတစ်နိုင်ငံလုံးက ချစ်တဲ့ နာမည်ကျော် မန္တလေးရိုးရာ အစားအစာတစ်မျိုး
နန်းပြားသုပ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးပြီး၊ တစ်နေကုန် အားအင်အပြည့်နဲ့ လန်းဆန်းစေမှာပါ။
ဒီနေ့ မနက်စာကို နန်းပြားသုပ်နဲ့ အထူးအစီအစဉ်အဖြစ် စားသုံးဖို့ ဖိတ်ခေါ်လိုက်ပါတယ်!
🏠 မော်လမြိုင်ဆိုင်ခွဲ
09751000795
အမှတ် 92 ၊ မြိုင်သာယာလမ်း နှင့် ဖက်ခင်းလမ်းထောင့်။ (ကောင်းမြတ်ဟိုတယ်ဘေး)
Google Map Link - https://maps.app.goo.gl/k9LpgouSC99nf8JL9
04/09/2025
လက်ဖက်ရည်ကောင်းတစ်ခွက်ဆိုတာ
ရနံ့သင်းပြီး အရသာရှိတဲ့ လက်ဖက်ရည်တစ်ခွက်သာမက စိတ်ကိုပါ လန်းဆန်းသွားစေတဲ့ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။
လက်ဖက်ရည်ကောင်းတစ်ခွက် ဖြစ်ဖို့ဆိုရင် လက်ဖက်ခြောက်ကောင်း၊ သန့်ရှင်းတဲ့ရေ၊ နဲ့ ကျွမ်းကျင်မှု ဆိုတဲ့ အခြေခံအချက် (၃)ချက်က အရေးကြီးပါတယ်။
မြန်မာလူမျိုးတွေအတွက်တော့ လက်ဖက်ရည်ကောင်းတစ်ခွက်ဆိုတာ မိတ်ဆွေတွေနဲ့အတူ စကားပြောရင်း အချိန်ကောင်းတွေ ဖန်တီးနိုင်တဲ့ အဖော်မွန်တစ်ဦးလည်း ဖြစ်ပါတယ်...
🏠 မြောက်ဒဂုံဆိုင်ခွဲ
09778700280
အမှတ် 640 ဗိုလ်မင်းရောင်လမ်း 40 ရပ်ကွက် ၊ မြောက်ဒဂုံ။
Google Map link - https://maps.app.goo.gl/eG33q1fafyGx6JF16
🏠 ပဲခူးဆိုင်ခွဲ
09777255230
အမှတ် 11-90 ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ၊ ဥဿမြို့သစ် ၊ ပဲခူးမြို့ (Pro 1 Center ၀န်းအတွင်း)
Google Map link - https://maps.app.goo.gl/HrEXCMXg8SYgjZFc6
🏠 မော်လမြိုင်ဆိုင်ခွဲ
09751000795
အမှတ် 92 ၊ မြိုင်သာယာလမ်း နှင့် ဖက်ခင်းလမ်းထောင့်။ (ကောင်းမြတ်ဟိုတယ်ဘေး)
Google Map Link - https://maps.app.goo.gl/k9LpgouSC99nf8JL9
01/09/2025
ကျွန်တော်တို့ရဲ့ ငါးထမင်းဟာ အမြင်နဲ့တင် ဗိုက်ကို ဆာစေပြီး အရသာကတော့ စားဖူးသူတိုင်း မေ့မရအောင် ကောင်းပါတယ်။ ငါးအသားကို လတ်လတ်ဆတ်ဆတ် နူးအိနေအောင် ချက်ပြုတ်ပြီး ရနံ့သင်းပျံ့နေတဲ့ ဂျင်း၊ ကြက်သွန်ဖြူတို့နဲ့ ကြော်လှော်
ထားတာဖြစ်လို့ တစ်လုတ်ချင်းစီတိုင်းက ပြည့်စုံတဲ့ အရသာကို ခံစားရစေမှာပါ။
ငါးထမင်းတစ်ပွဲကို ဘယ်လို စားမလဲ?
ဆီဝါနယ်ထားတဲ့ ရှမ်းဆန် ထမင်း အဝိုင်းလေးတွေရယ်၊
ပဲပုတ် ၊ ခရမ်းချဉ်သီး နှစ် ရယ် ဂျူးမြစ် နဲ့ ငရုတ်သီးကြော် တို့ရယ်၊
မြေပဲလှော် နဲ့ ကြက်သွန်ဖြူကြော် အစပ်အဟပ်လေးရယ်၊
အပေါ်ကနေ နံနံပင် လေးနဲ့ အလှဆင်ပြီး မြည်းစမ်းကြည့်ပါ
🏠 မြောက်ဒဂုံဆိုင်ခွဲ
09778700280
အမှတ် 640 ဗိုလ်မင်းရောင်လမ်း 40 ရပ်ကွက် ၊ မြောက်ဒဂုံ။
Google Map link - https://maps.app.goo.gl/eG33q1fafyGx6JF16
🏠 ပဲခူးဆိုင်ခွဲ
09777255230
အမှတ် 11-90 ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ၊ ဥဿမြို့သစ် ၊ ပဲခူးမြို့ (Pro 1 Center ၀န်းအတွင်း)
Google Map link - https://maps.app.goo.gl/HrEXCMXg8SYgjZFc6
🏠 မော်လမြိုင်ဆိုင်ခွဲ
09751000795
အမှတ် 92 ၊ မြိုင်သာယာလမ်း နှင့် ဖက်ခင်းလမ်းထောင့်။ (ကောင်းမြတ်ဟိုတယ်ဘေး)
Google Map Link - https://maps.app.goo.gl/k9LpgouSC99nf8JL9
21/08/2025
ကီးမားပလာတာ နဲ့ စတင်လိုက်တဲ့ ကျမ ရဲ့ မနက်ခင်း...
ချိုကျ တစ်ခွက်နဲ့ ပေါင်းစပ် မိပြီး တစ်နေ့တာ ချိုမြိန် နေပါစေ 😁😁
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
92, Myaing Thar Yar Road (beside Kaung Myat Hotel)
Mawlamyine
12016