GTI - MLM Library
စာအုပ်စာပေ လူ့မိတ်ဆွေ
20/12/2024
စာကြည့်တိုက်လေးပုံမှန်အတိုင်းတစ်ပတ် ၃ ရက်ပြန်ဖွင့်ပါပြီရှင်။
26/02/2024
#မစန္ဒာ
#ငြိုးမာန်ဖွဲ့သူရယ်
'အငြိုးခံရတဲ့ လူထက် ငြိုးတဲ့လူဟာ ပိုပြီးပင်ပန်းတယ် ၊ ပိုပြီးပူလောင်တယ်'
'သံယောဇဉ်ဆိုတာ ကိုယ်က ဘာမှ မသိလိုက်ခင်ကတည်းက ကိုယ်ကိုရစ်ပတ်နှောင်ဖွဲ့ပြီးသား ဖြစ်နေပြီ၊ ကိုယ်သိတဲ့ အချိန်မှာ အမြစ်တွယ်နေပြီ'
ခါးသော တမာသည် သင်းသင်းလေးမွှေးပျံ့တတ်လေ သည် ။
ဝတ္ထုရှည် မဟုတ်တဲ့အတွက် ပေါ့ပေါ့ ပါးပါး လေးဖတ် ပြီး ရသ အစုံ ခံစား ရမဲ့ ဇာတ်လမ်း လေးပါ
10/02/2024
" ဂျူး " စာအုပ်တွေ ဖတ်ပြီးရင်
အချစ်ထက် အရေးကြီးတဲ့အရာတွေရှိကြောင်း သိလာတယ်။
" အောင်သင်း " စာအုပ်တွေ ဖတ်ပြီးရင်
အဓိက နဲ့ သာမညကို အမှား နဲ့ အမှန် ကိုခွဲခြားတတ်လာတယ်။
" ခင်နှင်းယု " စာအုပ်တွေ ဖတ်ပြီးရင်
မိန်းကလေးတွေရဲ့ တန်ဖိုး၊ သိက္ခာ၊ စောင့်ထိန်းရမယ့်ကိုယ့်ကျင့်တရားတွေကို နားလည်လာတယ်။
" ဂျာနယ်ကျော်မမလေး " စာအုပ်တွေ ဖတ်ပြီးရင်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတယ်။
" ခင်ခင်ထူး " စာအုပ်တွေ ဖတ်ပြီးရင်
ဘယ်လောက်ပဲ ကြမ်းတမ်းလှပါတဲ့ လောကကြီး၊ ကိုယ့်ကိုမျက်နှသာမပေးတဲ့ လောကကြီးမှာ ကြံ့ကြံ့ခံပြီးနေတတ်လာတယ်။
" မိုးမိုး(အင်းလျား) " စာအုပ်တွေ ဖတ်ပြီးရင်
လူ့ဘောင်ပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါပုံ သိလာတယ်။
" မစန္ဒာ " စာအုပ်တွေ ဖတ်ပီးရင် ဘဝကို အေးအေးချမ်းချမ်းနဲ့ တစ်ယောက်ထဲနေပြီးပဲ ဖြတ်သန်းချင်လာတယ်
- မျိုးမတူအောင်များပြားလှတဲ့ စာအုပ်များစွာကို ဖတ်ပြီး တစ်အုပ်ချင်းစီကနေ စိတ်အာဟာရအတွက်တော့ တစ်ခုခုရပြီး သင်ယူကြရပါတယ်။
- ကျွန်မတို့အတွက် စာအုပ်တွေဆိုတာစကားမပြောတတ်ပေမယ့် အမြဲတမ်းသစ္စာရှိတဲ့ အကောင်းဆုံးသူငယ်ချင်းတွေပါပဲ။
22/01/2024
အချစ်ဆိုတာ...
ကိုယ်ချစ်တဲ့သူတစ်ယောက်ဆီမှာပဲ
သစ္စာနဲ့အတူ မြှုပ်နှံထားရမယ့်အရာ ...
#ပုညခင် #ဂန္ထဝင်အချစ်မြို့တော်
22/01/2024
🌍နယ်သာလန်
မိုရိုကန်ဆေးခြောက်ဆိုတာပျော်ရွှင်မှုတစ်ခုလိုဖြစ်နေတယ်
🌍ဆွစ်ဇာလန်
စည်းကမ်းကြီးပီးသိုသိုသိပ်သိပ်နေတတ်တယ်။ချမ်းသာတဲ့သူဟာသိုသိုသိပ်သိပ်နေတတ်ပီးကြွားဝါတတ်သူဟာသူဌေးပေါက်စလေးတွေဖြစ်တယ်။
🌍ဘူတန်
ချမ်းသာတဲ့နိုင်ငံမဟုတ်ပေမဲ့ဖြစ်ပျက်သမျှကိုလိုက်လျောညီထွေနေတတ်တယ်။
🌏ကာတာ
အရမ်းချမ်းသာလို့အရာအားလုံးငွေနဲ့ဝယ်ယူကြပေမဲ့ဝယ်ယူလို့မရတဲ့ယဉ်ကျေးမှုအမွေအနှစ်တော့မရှိကြဘူးတဲ့။
🌎အိုက်စလန်
ညတွေပဲဆက်တိုက်ဖြစ်နေလို့ပုံမှန်ဆိုပျော်ရွှင်နိုင်တဲ့နေရာမဟုတ်ပေမဲ့အေးအေးဆေးဆေးနေတတ်တဲ့
အပြင်ဘယ်သူနဲ့မဆိုလိုက်လျောညီထွေနေတတ်တယ်။အမေရိကန်ဆန်တဲ့လွတ်လပ်ပေါ့ပါးစွာနေတတ်ပီးဥရောပဆန်ဆန်တာဝန်ယူစိတ်ရှိတယ်။ခိုင်မာတဲ့ယဉ်ကျေးမှုရှိတယ်။
🌍မော်လ်ဒိုဗာ
သောကသက်သက်ပဲရှိတယ်။ဒါပေမဲ့သူတို့ကသောကတွေနဲ့နေသားကျနေပီးပျော်ရွှင်မှုတော့မရှိကြဘူး။
🌎ထိုင်း
ဘာမှမစဉ်းစားပဲပျော်တတ်ကြတယ်။တစ်ခုခုမအောင်မြင်တဲ့အခါပူဆွေးမနေပဲထားလိုက်ပါဆိုပီးနောက်တစ်ခုကိုဆက်လုပ်တတ်ကြတယ်။
🌍ဂရိတ်ဗြိတိန်
ဆလောင်းမြို့လေးဟာအပြင်ပန်းမှာတော့ပျော်စရာမကောင်းဘူးထင်ပေမယ့်လိုက်လျောညီထွေနေတတ်ရင်ပျော်စရာကောင်းတဲ့မြို့လေးပါ
🌍အိန္ဒိယ
ရှုပ်ယှက်ခပ်ပီးဆူညံနေပေမယ့်ယဉ်ကျေးမှုတွေယုံကြည်မှုတွေနဲ့ပြည့်နှက်နေတဲ့အိမ်နဲ့တူတဲ့နိုင်ငံလေးတစ်ခုဖြစ်တယ်။
🌎အမရေိကား
ပျော်ရွှင်မှုဆိုတာကိုယ်နဲ့လိုက်လျောညီထွေရှိတဲ့နေရာဟာကိုယ့်အိမ်ကိုယ့်ယာပါပဲ။ကနေဒါစာရေးဆရာ ရောဘတ်ဆန်ဒေးဗီးစ်က"ကိုယ်မပျော်ဘူးဆိုရင်မပျော်တဲ့အကြောင်းကိုစဉ်းစားစိတ်ပူနေမဲ့အစားကိုယ့်ရဲ့မပျော်ရွှင်မှုထဲကဘယ်လိုရတနာတွေတူးဖော်လို့ရမလဲဆိုတာလိုက်ရှာပါတဲ့"
📖(စာမျက်နှာတွေကြားကမ္ဘာပတ်ရင်းပျော်စရာလေးတွေရှာတွေ့ခဲ့တယ်)🙋
#သုခမြေပုံ #ချမ်းမြေ့ဝင်း
18/12/2023
ပျော်ရွှင်မှုဆိုတာ
အဆင်သင့်လုပ်ပီးသား
အရာတစ်ခုမဟုတ်ပါဘူး
ပျော်ရွှင်မှုဟာ
သင့်ရဲ့အပြုမူတွေက
ပေါက်ဖွားလာတာဖြစ်ပါတယ်
လက်ဆောင်- မိုးရှင်း - I.M.T
14/12/2023
မဖွင့်သေးဘူးလားလို့မေးနေကြလို့ နောက်အပတ်ထဲဖွင့်ပါမယ်ရှင်💁♀️
14/09/2023
ချစ်သူသာ ပန်းကလေးတစ်ပွင့်ဖြစ်ခဲ့ရင်...
ခူးလည်းမခူးဘူး ။ ဒီအတိုင်းလေးအပင်ထက်မှာ အလှကြည့်နေမယ် ။ အချိန်တွေအကြာကြီး လန်းဆန်းတင့်တယ် နေခွင့်ရအောင် ပြုစုပျိုးထောင်မယ် ။
အခြွေမခံရအောင် ကာကွယ်မယ် စောင့်ရှောက်မယ် ။
တကယ်လို့...အဲဒီပန်းကလေးက သူ့အလိုလို ကြွေကျသွားခဲ့ရင်တော့ တယုတယကောက်ပြီး တစ်သက်လုံး သိမ်းထားမှာပေါ့ ။
#ပုညခင်
#ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်
13/09/2023
မမှူးပြည့်သျှင် 2G-EC မှလှူထားတာလေးပါ။ ကျေးဇူးတင်ပါတယ်ရှင်😍....
စာဖတ်ပါ
-------
ကမ္ဘာပတ်စရာမလိုဘူး ။
စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ် ။
ပညာတတ်ပြီး စာမဖတ်ရင်
သင်တတ်ထားတဲ့ ပညာက အလကားပါပဲ ။
စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို
ပြောင်းလဲစေနိုင်သည် ။
စာဖတ်ခြင်းဖြင့် အကောင်းအဆိုး
အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည် ။
စာဖတ်ခြင်းသည် ဗဟုသုတ ရသကဲ့သို့
လူစိတ်ကိုလည်း ပြောင်းလဲစေနိုင်သည် ။
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့
မိတ်ဆွေကောင်းထက် အသိပညာတွေပေးနိုင်တာ
“ စာပေ ” ပါပဲ ။
ဗဟုသုတ ၊ ရသ ၊ ကဗျာ ၊ ဟာသ စတဲ့
စာပေအားလုံးသည် ကဏ္ဍတစ်ခုချင်းစီတွင်
စာဖတ်သူအားလုံးကို အကျိုးပြုပါသည် ။
ထို့ကြောင့်
စာများများ ဖတ်ပါ ။
စာဖတ်ခြင်းသည် ဉာဏ်အလင်းကို ရစေပါသည် ။
ထမင်းမစားလျှင်
တစ်ရက်ပဲ ငတ်ပါမည် ။
စာမဖတ်လျှင်တော့
တစ်သက်လုံး ငတ်လိမ့်မည် ။
စာဖတ်ခြင်းရဲ့ခွန်အား
သင့်ဘ၀ကို တိုးပွါးစေနိုင်တယ် ။
အလိမ္မာ စာမှာရှိ
စာအရှိ အလိမ္မာ လက်ခံကျင့်သုံး ဖြန့်ဝေပါ ။
ဘဝကို အပင်လိုမျိူး
အပင်ရေလောင်း သီးပွင့်ကောင်း
လမ်းကြောင်းမှန်မည်ပင်
သီးပွင့်စားလို များထိုထို
အပင်ကို ရေလောင်းပါ ။
အနာဂတ်မှာ ချမ်းသာဖို့ရေး
စာပေများကို လေ့လာပေး ။
အသိရှိသူက အမြင့်ရောက်မှ
ကိုယ်ချင်းစာတရား ထားတတ်တယ် ။
ဘာစာပဲဖြစ်ဖြစ်
တွေ့ရင်ကောက်ယူ ဖတ်ကြပါ ။
စာဖတ်ခြင်းဟာ
သင့်ဘ၀ကို ပြောင်းလဲနိုင်တယ်ဆိုတာ
ယုံကြည်ပါ ။ လက်တွေ့ လုပ်ကြည့်ပါ ။
11/09/2023
မီ - ကြည်အေး
ဆရာမကြည်အေးရဲ့ အအောင်မြင်ဆုံး ဝတ္ထုတွေထဲက တစ်အုပ်အပါအဝင်ဖြစ်ပြီး မေးခွန်းအထုတ်ခံရဆုံး စာအုပ်ပါ။ အခုနှစ်တွေအတွင်း မီကိုပြန်ရိုက်တဲ့ ရုပ်ရှင်မှာလည်း အောင်မြင်ခဲ့တာကြောင့် စာမဖတ်တဲ့သူတွေအထိ လူသိများလာခဲ့ပါတယ်။
ထိုခေတ်ထိုအခါက ပုရိသတွေ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ မီ
သူနဲ့မတည့်တဲ့ စီးကရက်ကို လက်ကမချတဲ့ အေးတိအေးစက်နဲ့ မီ
လူတစ်ယောက်ကို ပုံတစ်မျိုးပြောတဲ့ မီ
ထိုမီ့ကြောင့် တူလိုသားလိုချစ်တဲ့ မောင်ကိုလေးသေရတာ ဆိုပြီး မီ့ကိုမုန်းနေသော ဦးသော်ဆွေ ကိုယ်တိုင်ပင် မီ့ဒဏ်က မလွတ်နိုင်ရှာ။
"မီဟာ ကျားနာပဲ၊ ဘယ်သူမှ မကိုက်ရရင် သူ့အမြီးသူ ခဲနေတာ"
ဆိုတဲ့အတိုင်း ကိုယ့်ကိုကိုယ် ညှဥ်းဆဲနေတဲ့မီဟာ
နားလည်ရခက်လှတယ်။ ဘဝရဲ့ နောက်ဆုံးအချိန်မှာတောင် စာဖတ်သူတွေကို မေးခွန်းတွေ ပေးသွားတဲ့မီဟာ မီပီသတယ်ပဲ ပြောရမှာပါ။
06/09/2023
မအိအိဖြိုး
1G-C မှလှူထားတာလေးပါ။ကျေးဇူးတင်ပါတယ်သမီးရေ😍...
Click here to claim your Sponsored Listing.
Category
Website
Address
Mawlamyine