Ali Learning Center
If you want to learn any kind of education such as Arabic, Burmese, Bangla and English you can learn in my page ( Ali Learning Center ) follow my page.
Education
12/04/2026
မြန်မာနိုင်ငံရဲ့ ပြည်နယ် နှင့် တိုင်းများ
12/04/2026
တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်များ နှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၃၃၀) စာရင်း
ဗဟုသုတ အနေနဲ့ တင်ပေးလိုက်ပါတတယ်။
မြန်မာနိုင်ငံမှာခရိုင် (Districts) = ၁၂၆ ခရိုင်၊မြို့နယ် (Townships) = ၃၃၀ များကို ဗဟုသုတ အနေနဲ့ သိရှိသင့်နေပါတယ်။
မြန်မာနိုင်ငံရှိ ပြည်နယ် နှင့် တိုင်းဒေသကြီး
( ၁၄ )ခုထဲတွင် ရှမ်းပြည်နယ်သည်
မြို့နယ်အများဆုံးအခြေ
စိုက်တည်ရှိသည့်ပြည်နယ်ဖြစ်ပြီး
စုစုပေါင်း (၅၅) မြို့နယ်ရှိပါသည်။
ထို့နောက် တိုင်းဒေသကြီး
ထဲမှရန်ကုန်တိုင်းသေကြီး သည်
ဒုတိယနေရာမှာရှိပြီး စုစုပေါင်း
( ၄၅) မြို့နယ်ရှိပြီးလူဦးရေအများဆုံးရှိသည်။
ပြည်နယ်နှင့်တိုင်းများထဲတွင်
မြို့နယ်အခြေစိုက်အများစုရှိ
နေတာကိုကြည့်ခြင်းအားဖြင့်
မြန်မာနိုင်ငံထဲတွင်ရှမ်းပြည်နယ်သည်
တန်ဖိုးကြီးသဘာဝသယံဇာတ
အထွက်ဆုံးနှင့် အကျယ်ဆုံးပြည်နယ်
ဟုဆိုနိုင်ပါသည်။
ရှမ်းပြည်နယ်၏ရှေးဟောင်းမူရင်း
အမည်သည်ကမ္ဘောဇတိုင်းဖြစ်ပါသည်။
အနည်းဆုံးမြို့နယ်ရှိသောပြည်နယ်သည် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်နှင့်ကရင်ပြည်တို့ဖြစ် ပါသည်၊
စုစုပေါင်း( ၇ ) မြို့နယ်စီရှိကြပါသည်။
မြို့ဟူသည် မြို့နယ်၏
အုပ်ချုပ်မှု လက်အောက်ခံ ဖြစ်သည်။
(ဥပမာ တပ်တောင် မြို့သည်
အမ်းမြို့နယ်၏ အောက်တွင်ရှိသော နယ်မြေ / မြို့တစ်ခုသာဖြစ်သည်။)
မြန်မာနိုင်ငံတွင်
ကချင်ပြည်နယ်တွင် ၁၈ မြို့နယ်
ကယားပြည်နယ်တွင် ၇ မြို့နယ်
ကရင်ပြည်နယ်တွင် ၇ မြို့နယ်
ချင်းပြည်နယ်တွင် ၉ မြို့နယ်
စစ်ကိုင်းတိုင်းဒေသကြီး တွင် ၃၇ မြို့နယ်
တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ မြို့နယ်
ပဲခူးတိုင်းဒေသကြီးတွင် ၂၈ မြို့နယ်
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်
မန္တလေးတိုင်းတွင့ ၂၈ မြို့နယ်
မွန်ပြည်နယ်၌ ၁၀ မြို့နယ်
ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်
ရှမ်းပြည်နယ်တွင် ၅၅ မြို့နယ်
ဧရာ၀တီတိုင်းဒေသကြီးတွင် ၂၆ မြို့နယ်
နေပြည်တော်ပြည်ထောင်စုနယ်မြေ တွင် ၈ မြို့နယ်
စုစုပေါင်း( ၃၃၀) မြို့နယ် ဖြစ်သည်။
ကချင်ပြည်နယ်
၁၊ မြစ်ကြီးနား
၂၊ ဝိုင်းမော်
၃၊ အင်ဂျန်းယန်
၄၊ တနိုင်း
၅၊ ချီဖွေ
၆၊ ဆော့လော်
၇၊ မိုးညှင်း
၈၊ မိုးကောင်း
၉၊ ဖားကန့်
၁၀၊ ဗန်းမော်
၁၁၊ ရွှေကူ
၁၂၊ မိုးမောက်
၁၃၊ မံစီ
၁၄၊ ပူတာအို
၁၅၊ ဆွန်ပရာဘွမ်
၁၆၊ မချမ်းဘော
၁၇၊ ခေါင်လန်ဖူး
၁၈၊ နောင်မွန်း
ကယားပြည်နယ်
၁၊ လွိုင်ကော်
၂၊ ဒီမောဆို
၃၊ ဖရူဆို
၄၊ ရှားတော
၅၊ ဘော်လခဲ
၆၊ ဖားဆောင်း
၇၊ မဲ့စဲ့
ကရင်ပြည်နယ်
၁၊ ဘားအံ
၂၊ လှိုင်းဘွဲ့
၃၊ ဖာပွန်
၄၊ သံတောင်ကြီး
၅၊ မြ၀တီ
၆၊ ကော့ကရိတ်
၇၊ ကြာအင်းဆိပ်ကြီး
ချင်းပြည်နယ်
၁၊ ဖလမ်း
၂၊ ဟားခါး
၃၊ ထန်တလန်
၄၊ တီးတိန်
၅၊ တွန်းဇံ
၆၊ မင်းတပ်
၇၊ မတူပီ
၈၊ ကန်ပက်လက်
၉၊ ပလက်ဝ
စစ်ကိုင်းတိုင်းဒေသကြီး
၁၊ စစ်ကိုင်း
၂၊ မြင်းမူ
၃၊ မြောင်
၄၊ ရွှေဘို
၅၊ ခင်ဦး
၆၊ ၀က်လက်
၇၊ ကန့်ဘလူ
၈၊ ကျွန်းလှ
၉၊ ရေဦး
၁၀၊ ဒီပဲယင်း
၁၁၊ တန့်ဆည်
၁၂၊ မုံရွာ
၁၃၊ ဘုတလင်
၁၄၊ အရာတော်
၁၅၊ ချောင်းဦး
၁၆၊ ယင်းမာပင်
၁၇၊ ကနီ
၁၈၊ ဆားလင်းကြီး
၁၉၊ ပုလဲ
၂၀၊ ကသာ
၂၁၊ အင်းတော်
၂၂၊ ထီးချိုင့်
၂၃၊ ဗန်းမောက်
၂၄၊ ကောလင်း
၂၅၊ ၀န်းသို
၂၆၊ ပင်လည်ဘူး
၂၇၊ ကလေး
၂၈၊ ကလေး၀
၂၉၊ မင်းကင်း
၃၀၊ တမူး
၃၁၊ မော်လိုက်
၃၂၊ ဖောင်းပြင်
၃၃၊ ခန်တီး
၃၄၊ ဟုမ္မလင်း
၃၅၊ လေရှီး
၃၆၊ လဟယ်
၃၇၊ နန်းယွန်း
တနင်္သာရီတိုင်းဒေသကြီး
၁၊ ထား၀ယ်
၂၊ လောင်းလုံ
၃၊ သရက်ချောင်း
၄၊ ရေဖြူ
၅၊ မြိတ်
၆၊ ကျွန်းစု
၇၊ ပုလော
၈၊ တနင်္သာရီ
၉၊ကော့သောင်း
၁၀၊ ဘုတ်ပြင်း
ပဲခူးတိုင်းဒေသကြီး
၁၊ ပဲခူး
၂၊ သနပ္ပင်
၃၊ က၀
၄၊ ဝေါ
၅၊ ညောင်လေးပင်
၆၊ ကျောက်တံခါး
၇၊ ဒိုက်ဦး
၈၊ ရွှေကျင်
၉၊ တောင်ငူ
၁၀၊ ရေတာရှည်
၁၁၊ ကျောက်ကြီး
၁၂၊ ဖြူး
၁၃၊ အုတ်တွင်း
၁၄၊ ထန်းတပင်
၁၅၊ ပြည်
၁၆၊ ပေါက်ခေါင်း
၁၇၊ ပန်းတောင်း
၁၈၊ ပေါင်းတည်
၁၉၊ သဲကုန်း
၂၀၊ ရွှေတောင်
၂၁၊ သာယာ၀တီ
၂၂၊ လက်ပံတန်း
၂၃၊ မင်းလှ
၂၄၊ အုတ်ဖို
၂၅၊ ဇီးကုန်း
၂၆၊ နတ်တလင်း
၂၇၊ မိုးညို
၂၈၊ ကြို့ပင်ကောက်
မကွေးတိုင်းဒေသကြီး
၁၊ မကွေး
၂၊ ရေနံချောင်း
၃၊ ချောက်
၄၊ တောင်တွင်းကြီး
၅၊ မြို့သစ်
၆၊ နတ်မောက်
၇၊ မင်းဘူး
၈၊ ပွင့်ဖြူ
၉၊ ငဖဲ
၁၀၊ စလင်း
၁၁၊ စတေုတ်တရာ
၁၂၊ သရက်
၁၃၊ မင်းလှ
၁၄၊ မင်းတုန်း
၁၅၊ ကံမ
၁၆၊ အောင်လံ
၁၇၊ ဆင်ပေါင်ဝဲ
၁၈၊ ပခုက္ကူ
၁၉၊ ရေစကြို
၂၀၊ မြိုင်
၂၁၊ ပေါက်
၂၂၊ ဆိပ်ဖြူ
၂၃၊ ဂန့်ဂေါ
၂၄၊ ထီးလင်း
၂၅၊ ဆော
မန္တလေးတိုင်းဒေသကြီး
၁၊ အောင်မြေသာဇံ
၂၊ ချမ်းအေးသာဇံ
၃၊ မဟာအောင်မြေ
၄၊ ချမ်းမြသာစည်
၅၊ ပြည်ကြီးတံခွန်
၆၊ အမရပူရ
၇၊ ပုသိမ်ကြီး
၈၊ ပြင်ဦးလွင်
၉၊ မတ္တရာ
၁၀၊ စဥ့်ကူး
၁၁၊ မိုးကုတ်
၁၂၊ သပိတ်ကျင်း
၁၃၊ ကျောက်ဆည်
၁၄၊ စဉ့်ကိုင်
၁၅၊ မြစ်သား
၁၆၊ တံတားဦး
၁၇၊ မြင်းခြံ
၁၈၊ တောင်သာ
၁၉၊ နွားထိုးကြီး
၂၀၊ ကျောက်ပန်းတောင်း
၂၁၊ ငါန်းဇွန်
၂၂၊ ညောင်ဦး
၂၃၊ ရမည်းသင်း
၂၄၊ ပျော်ဘွယ်
၂၅၊ မိတ်ထီလာ
၂၆၊ မလှိုင်
၂၇၊ သာစည်
၂၈ ၀မ်းတွင်း
နေပြည်တော်ပြည်ထောင်စု နယ်မြေ
၁၊ဇေယျာသီရိ
၂၊ ပုဗ္ဗသီရိ
၃၊ဥတ္တရ သီရီ
၄၊ဇမ်ဗူသီရိ
၅၊ ဒက်ခိဏသီရိ
၆၊ပျဉ်းမနား
၇၊ တပ်ကုန်း
၈၊လယ်ဝေး
မွန်ပြည်နယ်
၁၊ မော်လမြိုင်
၂၊ ကျိုက်မရော
၃၊ ချောင်းဆုံ
၄၊ သံဖြူဇရပ်
၅၊ မုဒုံ
၆၊ ရေး
၇၊ သထုံ
၈၊ ပေါင်
၉၊ ကျိုက်ထို
၁၀၊ ဘီးလင်း
မှတ်ချက်
၁၁ ။ ကျိုက္ခမီ ( ထပ်တိုးထားသည်။ )
ရခိုင်ပြည်နယ်/ဒေသ
၁၊ စစ်တွေ
၂၊ ပုဏ္ဏားကျွန်း
၃၊ မြောက်ဦး
၄၊ ကျောက်တော်
၅၊ မင်းပြား
၆၊ မြေပုံ
၇၊ပေါက်တော
၈၊ ရသေ့တောင်
၉၊ မောင်တော
၁၀၊ ဘူးသီးတောင်
၁၁၊ ကျောက်ဖြူ
၁၂၊ မာန်အောင်
၁၃၊ ရမ်းဗြဲ
၁၄၊ အမ်း
၁၅၊ သံတွဲ
၁၆၊ တောင်ကုတ်
၁၇၊ ဂွ
ရန်ကုန်တိုင်းဒေသကြီး
၁၊ အင်းစိန်
၂၊ မင်္ဂလာဒုံ
၃၊ မှော်ဘီ
၄၊ လှည်းကူး
၅၊ တိုက်ကြီး
၆၊ ထန်းတပင်
၇၊ ရွှေပြည်သာ
၈၊ လှိုင်သာယာ
၉၊ သင်္ဃန်းကျွန်း
၁၀၊ ရန်ကင်း
၁၁၊ တောင်ဥက္ကလာပ
၁၂၊ မြောက်ဥက္ကလာပ
၁၃၊ သာကေတ
၁၄၊ ဒေါပုံ
၁၅၊ တာမွေ
၁၆၊ ပုဇွန်တောင်
၁၇၊ ဗိုလ်တထောင်
၁၈၊ မင်္ဂလာတောင်ညွန့်
၁၉၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)
၂၀၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
၂၁၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)
၂၂၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)
၂၃၊ သန်လျင်
၂၄၊ သုံးခြ
၂၅၊ ကျောက်တန်း
၂၆၊ ခရမ်း
၂၇၊ တွံတေး
၂၈၊ ကွမ်းခြံကုန်း
၂၉၊ ကော့မှူး
၃၀၊ ဒလ
၃၁၊ ဆိပ်ကြီးခနောင်တို
၃၂၊ ကိုကိုးကျွန်း
၃၃၊ ကျောက်တံတား
၃၄၊ လသာ
၃၅၊ လမ်းမတော်
၃၆၊ ပန်းဘဲတန်း
၃၇၊ အလုံ
၃၈၊ ကြည့်မြင်တိုင်
၃၉၊ စမ်းချောင်း
၄၀၊ ကမာရွတ်
၄၁၊ လှိုင်
၄၂၊ မရမ်းကုန်း
၄၃၊ ဗဟန်း
၄၄၊ ဒဂုံ
၄၅၊ ဆိပ်ကမ်း
ရှမ်းပြည်နယ်
၁၊ တောင်ကြီး
၂၊ ညောင်ရွှေ
၃၊ ဟိုပုံး
၄၊ ဆီဆိုင်
၅၊ ကေလာ
၆၊ပင်းတယ
၇၊ ရွာငံ
၈၊ ရပ်စောက်
၉၊ ပင်လောင်း
၁၀၊ ဖယ်ခုံ
၁၁၊ လွိုင်လင်
၁၂၊ လဲချား
၁၃၊ နမ့်စန်
၁၄၊ ကွန်ဟိန်း
၁၅၊ ကျေးသီး
၁၆၊ မိုင်းကိုင်
၁၇၊ မိုင်းရှုး
၁၈၊ လင်းခေး
၁၉၊ မိုးနဲ
၂၀၊ မိုင်းပန်
၂၁၊ မောက်မယ်
၂၂၊ လားရှိုး
၂၃၊ သိန်နီ
၂၄၊ မိုင်းရယ်
၂၅၊ တန့်ယန်း
၂၆၊ ပန်ဆန်း
၂၇၊ နားဖန်
၂၈၊ ပန်ဝိုင်း
၂၉၊ မိုင်းမော
၃၀၊ မူဆယ်
၃၁၊ နမ့်ခမ်း
၃၂၊ ကွတ်ခိုင်
၃၃၊ ကျောက်မဲ
၃၄၊ နောင်ချို
၃၅၊ သီပေါ
၃၆၊ နမ္မတူ
၃၇၊ နမ့်ဆန်
၃၈၊ မိုးမိတ်
၃၉၊ မဘိမ်း
၄၀၊ မန်တုံ
၄၁၊ ကွမ်းလုံ
၄၂၊ ဟိုပန်
၄၃၊ လောက်ကိုင်
၄၄၊ ကုန်းကြမ်း
၄၅၊ ကျိုင်းတုံ
၄၆၊ မိုင်းလား
၄၇၊ မိုင်းခတ်
၄၈၊ မိုင်းယန်း
၄၉၊ မက်မန်း
၅၀၊ မိုင်းဆတ်
၅၁၊ မိုင်းပြင်း
၅၂၊ မိုင်းတုံ
၅၃၊ တာချီလိတ်
၅၄၊ မိုင်းဖြတ်
၅၅၊ မိုင်းယောင်း
ဧရာ၀တီတိုင်းဒေသကြီး
၁၊ ပုသိမ်
၂၊ ကန်ကြီးထောင့်
၃၊ သာပေါင်း
၄၊ ငပုတော
၅၊ ကျုံပျော်
၆၊ ရေကြည်
၇၊ ကျောင်းကုန်း
၈၊ ဟင်္သာတ
၉၊ ဇလွန်
၁၀၊ လေးမျက်နှာ
၁၁၊ မြန်အောင်
၁၂၊ ကြံခင်း
၁၃၊ အဂံပူ
၁၄၊ မြောင်းမြ
၁၅၊ အိမ်မဲ
၁၆၊ ဝါးခယ်မ
၁၇၊ လပွတ္တာ
၁၈၊ မအူပင်
၁၉၊ ပန်းတနော်
၂၀၊ ညောင်တုန်း
၂၁၊ ဓနုဖြူ
၂၂၊ မော်လမြိုင်ကျွန်း
၂၃၊ ဖျာပုံ
၂၄၊ ကျိုက်လတ်
၂၅၊ ဘိုကလေး
၂၆၊ ဒေးဒရဲ
တို့ဖြစ်ပါသည်...။
Photos -crd
#ကိုးကား-Wikipedia
25/01/2026
1000 Opposite Words in English
25/01/2026
English Tenses Rules
25/01/2026
Uses of preposition with Examples
25/01/2026
25/01/2026
25/01/2026
Definition
25/01/2026
Definition
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Maung Daw Arakan
Maungdaw