Great Future
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Great Future, Nursing home, No. (71) Tha-16 Block-D, Bet: ThayarWadi MinGyi Street & PyuuSawHtee Street, 59th Street, Mandale.
⚠⛔အားလုံးသတိပြုရန်။❗🚐🚨🚨
🚨အခုရက်ပိုင်း ကပ်ရောဂါအသွင် အဖြစ်များနေတဲ့ ဝမ်းပျက်ဝမ်းလျှော နှင့် ကာလဝမ်းရောဂါ🚨
ယနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ ခုတလော အဖြစ်များသည့် ဝမ်းပျက်ဝမ်းလျှော၊ကာလဝမ်းရောဂါကို သာမာန်ဖြစ်စဥ်အဖြစ် သဘောထားရင်း ပေါ့ဆမိရာမှ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။
🚨ဒီလိုကြောက်စရာကောင်းတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ဖို့ဆိုရင် ဒီရောဂါဟာ
(၁) ဘာကြောင့်ဖြစ်သလဲ
(၂) ဘယ်လိုကူးစက်တတ်သလဲ ဆိုတာ အရင်သိဖို့လိုအပ်ပါတယ်။
(၁)ဘာကြောင့်ဖြစ်ရတာလဲဆိုရင် မသန့်ရှင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ အစာလမ်းကြောင်းထဲ ဝင်ရောက်လာလို့ ဖြစ်ပါတယ်။
(၂)ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ရောဂါပိုးတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုကူးစက် ဝင်ရောက်လာသလဲဆိုရင်
(က) မသန့်ရှင်းတဲ့အစာ (သို့မဟုတ်) ရေကို စားသောက်မိရာမှလည်းကောင်း၊
(ခ) အစားအသောက်က သန့်ရှင်းနေသော်လည်း ရောဂါပိုးရှိသော (သို့မဟုတ်) မသန့်ရှင်းသောလက်ဖြင့် စားသောက်မိရာမှလည်းကောင်း၊
(ဂ) ရောဂါပိုးရှိသူ လူနာ၏ အသုံးအဆောင်များကို ထိတွေ့ရာမှလည်းကောင်း အများဆုံး ကူးစက်ခြင်း ဖြစ်ပါသည်။
✅ကာကွယ်ခြင်းသည် ကုသခြင်းထက်များစွာ အကျိုးရှိပါသည်။
♻️ထို့ကြောင့် အောက်ပါနည်းလမ်းများဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသည်။
(၁) ယင်လုံအိမ်သာ အသုံးပြုခြင်း
(၂) အစာမစားမီနှင့် စားပြီးချိန်သော်လည်းကောင်း၊ အိမ်သာတက်ပြီးချိန်နှင့် အစားအသောက်များ မပြင်ဆင် မချက်ပြုတ်မီတွင်သော်လည်းကောင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်း
(၃) သန့်ရှင်းလတ်ဆတ်သော ပူနွေးသော အစားအစာများကို ပြင်ဆင်စားသောက်ခြင်း
(၄) ရေကို စနစ်တကျ ကျိုချက်၍ (သို့မဟုတ်) ရေသန့်ဆေးပြား(ကလိုရင်း) ခတ်၍ သောက်သုံးခြင်း။ သန့်ရှင်းသော သောက်သုံးရေရရှိရန် ကလိုရင်းဆေးခတ်နည်းကို ဒီ Link မှာဝင်ပြီး ကြည့်လို့ရပါသည်။
https://www.facebook.com/share/p/1FEyWmz3G7/
(၅) ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသူ၏ ပန်းကန်၊ ခွက်၊ ဇွန်းစသော အသုံးအဆောင်များအား ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်းနှင့် လူနာအားထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်းတို့ ဖြစ်ပါသည်။
⛔️ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ စတင်ခံစားနေရပါက အောက်ပါအချက်များကို လိုက်နာရပါမည်။
(၁) မပေါ့ဆပါနှင့်။
(၂) နီးစပ်ရာ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းထံ အမြန်ဆုံး သွားရောက်ပြသ ကုသစောင့်ရှောက်မှုခံယူခြင်းနှင့် ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ရပါမည်။
(၃) အရည်ဓာတ်(ဓာတ်ဆား၊ စွပ်ပြုတ်၊ ဆန်ပြုတ်) ကို များများ သောက်သုံးပေးရပါမည်။
(၄) အခြားသူထံသို့ ထပ်မံ မကူးစက်စေရန် အလေးစွန့်ရာတွင် ယင်လုံအိမ်သာကို စနစ်တကျအသုံးပြုခြင်းနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်းတို့ဖြစ်ပါသည်။
ချင်းတယ်လီကျန်းမာဆေးခန်းကို အပတ်စဉ် တနင်္လာမှ သောကြာအတွင်း (အိန္ဒိယနိုင်ငံ စံတော်ချိန်) နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လက်ခံဖြေကြား ဆွေးနွေးကုသပေးသွားမှာ ဖြစ်ပါတယ်။
ဆေးခန်းပြနည်း အသေးစိတ် - https://www.facebook.com/chintelehealth/posts/115047604960215
သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းတတ်ရန် သင်တန်းသား/သူများအပ်နိုင်ပါသည်။
အပတ်စဉ် 3 ဖွင့်မည့်ရက် = 1.2.2025
ပညာအရည်အချင်း- (၉)တန်းနှင့် အထက်အောင်မြင်ပြီး သူ( ယောကျာ်းလေး၊ မိန်းကလေး)
သင်တန်းကာလ- (စာတွေ့ +လက်တွေ့ ) 3 လ
သင်တန်းအချိန် - သောကြာ၊ စနေ ၊တနဂ်နွေ
သင်ကြားပေးမည့် ဘာသာရပ်များ - မွေးကင်းစကလေးငယ်များနှင့် မီးတွင်းမိခင်စောင့်ရှောက်ခြင်းအတတ်ပညာ၊ အာဟာရအုပ်စုများအကြောင်း၊ သွေးပေါင်ချိန်နည်း၊ အပူချိန်တိုင်းတာနည်း၊ ဆရာဝန်ညွှန်ချက်အတိုင်းလူနာဆေးတိုက်ချိန်၊ နှာခေါင်းပိုက်မှအစာကျွေးနည်းစနစ်များ၊ ဆီးပိုက်ဖြုတ်နည်း၊ ဆေးဝါးအုပ်စုများအကြောင်း စသဖြင့် ကျန်းမာရပ်ဆိုင်ရာ အထွေထွေဗဟုသုတများကိုပါ သင်ကြား ပြောပြပေးသွားမှာဖြစ်ပါသည်။
သင်တန်းမှစာမေးပွဲများဖြေဆိုအောင်မြင်ပြီးပါက Certificate ထုတ်ပေးသွားပါမည်။
သင်တန်းပြီးသွားပါက ဆေးရုံ ဆေးခန်း ဆေးဆိုင်များတွင် အလုပ်လျှောက်ထားနိုင်ရန် ကူညီပေးပါမည်။
သင်ကြားမည့်စာများအလွယ်တကူ ကျက်မှတ်နိုင်ရန် ဆရာမများမှ စေတနာ မေတ္တာအရင်းခံ၍ သေချာ စိတ်ရှည်စွာ သင်ကြားပေးပါမည်။
သင်တန်းကြေး - (3 လအပြီး )(၅)သိန်း( Uniform တစ်စုံ၊ ဆံအုပ်တစ်ခု၊ Text book, ball pen, note book အပါ)
အလုပ်တစ်ဖက်ဖြင့်သင်တန်းတတ်လိုပါကလည်း အချိန်ညှိ၍သင်ကြားပေးပါသည်။
မိသားစုသာမက မိမိပတ်ဝန်းကျင်ကိုပါ
မိမိအတတ်ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါသည်။
လိပ်စာ- ကျွဲဆည်ကန်တိုက်တန်း ၊ အဆောင်(5)၊ 75 Dလမ်း၊114လမ်းနှင့် 115လမ်းသွယ်
09 - 402597848, 09- 956872019
အိမ်အရောက် မီးတွင်းမိခင်နှင့် မွေးကင်းစကလေးနို့တိုက်ကျွေးခြင်း၊ လူနာအား ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးတိုက်ပေးခြင်း၊ ဆေးရုံ ဆေးခန်းပို့ဆောင်ပေးခြင်း စသည့် Home care service များအတွက်လည်း သူနာပြုအကူများ ဌားနိုင်ပါသည်။
ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။
၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။
၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။
၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)
၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။
၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။
၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။
၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)
၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။
၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။
၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။
၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။
၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။
၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။
၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )
၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။
၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။
24/01/2025
ဦးနှောက်ကို ပျက်စီးစေသော သင်နေ့စဉ်လုပ်နေကျအမူအကျင့်များ
- Sone Si
ပြန်လည်မျှဝေပါသည်။
24/01/2025
သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းတတ်ရန် သင်တန်းသား/သူများအပ်နိုင်ပါသည်။
အပတ်စဉ် 3 ဖွင့်မည့်ရက် = 1.2.2025
ပညာအရည်အချင်း- (၉)တန်းနှင့် အထက်အောင်မြင်ပြီး သူ( ယောကျာ်းလေး၊ မိန်းကလေး)
သင်တန်းကာလ- (စာတွေ့ +လက်တွေ့ ) 3 လ
သင်တန်းအချိန် - သောကြာ၊ စနေ ၊တနဂ်နွေ
သင်ကြားပေးမည့် ဘာသာရပ်များ - မွေးကင်းစကလေးငယ်များနှင့် မီးတွင်းမိခင်စောင့်ရှောက်ခြင်းအတတ်ပညာ၊ အာဟာရအုပ်စုများအကြောင်း၊ သွေးပေါင်ချိန်နည်း၊ အပူချိန်တိုင်းတာနည်း၊ ဆရာဝန်ညွှန်ချက်အတိုင်းလူနာဆေးတိုက်ချိန်၊ နှာခေါင်းပိုက်မှအစာကျွေးနည်းစနစ်များ၊ ဆီးပိုက်ဖြုတ်နည်း၊ ဆေးဝါးအုပ်စုများအကြောင်း စသဖြင့် ကျန်းမာရပ်ဆိုင်ရာ အထွေထွေဗဟုသုတများကိုပါ သင်ကြား ပြောပြပေးသွားမှာဖြစ်ပါသည်။
သင်တန်းမှစာမေးပွဲများဖြေဆိုအောင်မြင်ပြီးပါက Certificate ထုတ်ပေးသွားပါမည်။
သင်တန်းပြီးသွားပါက ဆေးရုံ ဆေးခန်း ဆေးဆိုင်များတွင် အလုပ်လျှောက်ထားနိုင်ရန် ကူညီပေးပါမည်။
သင်ကြားမည့်စာများအလွယ်တကူ ကျက်မှတ်နိုင်ရန် ဆရာမများမှ စေတနာ မေတ္တာအရင်းခံ၍ သေချာ စိတ်ရှည်စွာ သင်ကြားပေးပါမည်။
သင်တန်းကြေး - (3 လအပြီး )(၅)သိန်း( Uniform တစ်စုံ၊ ဆံအုပ်တစ်ခု၊ Text book, ball pen, note book အပါ)
အလုပ်တစ်ဖက်ဖြင့်သင်တန်းတတ်လိုပါကလည်း အချိန်ညှိ၍သင်ကြားပေးပါသည်။
မိသားစုသာမက မိမိပတ်ဝန်းကျင်ကိုပါ
မိမိအတတ်ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါသည်။
လိပ်စာ- ကျွဲဆည်ကန်တိုက်တန်း ၊ အဆောင်(5)၊ 75 Dလမ်း၊114လမ်းနှင့် 115လမ်းသွယ်
09402597848 ,
သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါတယ်.....
(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) ......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)
အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ
ကျေးဇူးတင်လျှက်............
ဗဟုသုတရစေရန်အလို့ဌါ ZaBuAung Medical Devices & Pharmaceuticals Products Wholesale and Retail မှပြန်လည်မျှဝေပါသည်၊
ဤpost အား Like & Share လုပ်ခြင်းဖြင့်ကုသိုလ်ယူပေးကြပါခင်ဗျာ။
Credit dr hein laboratory
စာဖတ်ပြမယ် မေ့ကလေးငယ်
အခုတလော cb မှာ ၆လ ကလေးလေး၊ ၈လ ကလေးလေး စသဖြင့် ကလေးငယ်လေးတွေကို ဘယ်လိုစာအုပ်လေးတွေ ဖတ်ပြရမလဲ ဆိုတဲ့ မေးခွန်းလေးတွေ ကြုံရပါတယ်။
ဒီမေးခွန်းတွေကို ပြန်ဖြေဖို့ အရင် ရေးခဲ့ဖူးတဲ့ ဆောင်းပါးဟောင်းလေးကို ပြန်တင်ပေးလိုက်ပါတယ်။
☆☆☆ တစ်နှစ်အောက် ကလေးကို စာဖတ်ပြလို့ ရပါပြီလား။
ကလေးကို ဘယ်အရွယ်ရောက်မှ စာဖတ်ပြရမယ် ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိပါဘူး။ စောလေ ကောင်းလေပါ။ အနောက်နိုင်ငံတွေမှာဆို သန္ဓေသားအရွယ်ကတည်းကတောင် စာတွေဖတ်ပြနေကြပါပြီ။
စာဖတ်ပြဖို့အတွက် ကလေးက စကားလုံးတွေကို သိနေဖို့၊ နားလည်နေဖို့ မလိုပါဘူး။
ကလေးဘာမှ နားမလည်သေးခင် တည်းက စာအုပ်လေးတွေနဲ့ စပြီးထိတွေ့ပေးထားလို့ ရပါတယ်။
ကလေးရဲ့ ပထမ ၃နှစ်တာဟာ သင်ယူလေ့လာမှုတွေ စတင်တဲ့ တန်ဖိုးကြီး ကာလတစ်ခုပါ။ အလေ့အကျင့်ကောင်းတွေကို စပြီးပျိုးထောင်ပေးရမယ့် အချိန်လည်းဖြစ်ပါတယ်။ စာဖတ်ခြင်းမှာ မွေ့လျော်တဲ့ ကလေးလေး၊ စာအုပ်ချစ်တတ်တဲ့ ကလေးလေးဖြစ်လာဖို့က လသားအရွယ်မှာကတည်းက စာအုပ်လေးတွေနဲ့ လက်ပွန်းတတီးရှိနေဖို့လိုပါတယ်။
📓မွေးကာစမှာ အလင်းအမှောင် အဖြူအမည်းပဲ သဲကွဲပေမယ့် အသက်၄လကျော်ကစပြီး အရောင်တွေခွဲမြင်လာပြီလို့ သိရပါတယ်။ ၄လကျော်ရင် ရောင်စုံစာအုပ်လေးတွေ စပြပေးလို့ရပါပြီ။
📒အသက်၆လကျော်လောက်ဆို စာအုပ်ကို ကိုင်ကြည့်တာ၊ ဆွဲယူတာ၊ ပွတ်ကြည့်တာတွေ လုပ်တတ်ပါပြီ။ ပါးစပ်ထဲထည့်ပြီး အရသာစူးစမ်းတာမျိုးလည်း လုပ်တတ်ပါတယ်။ မေမေက စာဖတ်ပြတဲ့အခါ ဝူးဝူးဝါးဝါး စကားပြန်တာမျိုးလည်း လုပ်တတ်လာပါပြီ။
📕အသက်၉လလောက်ဆို စာအုပ်ထဲက ရုပ်ပုံတွေကို စပြီး စိတ်ဝင်စားလာပါတယ်။
📖စာရွက်လှန်တာကတော့ တစ်နှစ်ကျော်လောက်မှ လုပ်နိုင်ကြပါတယ်။
☆☆☆ဘယ်လို စာအုပ်မျိုး ရွေးရမလဲ။
ဒီအရွယ်မှာ စာအုပ်ထဲက အကြောင်းအရာတွေ၊ ဇာတ်လမ်းတွေက အဓိက မကျပါဘူး။ ရုပ်ပုံလေးတွေနဲ့ပဲ ဆွဲဆောင်ရတာပါ။ ရုပ်ပုံ ကြီးကြီး ရှင်းရှင်း တောက်တောက်ပပ နဲ့တစ်မျက်နှာမှာ ပုံတွေ အများကြီး စုခဲရှူပ်ထွေး မနေရင် ပိုကောင်းပါတယ်။
မေမေ ဖတ်ပြတာတွေ နားမလည်သေးပေမဲ့ မေမေ့အနားမှာ နေရတာ၊ မေမေ့အသံကြားနေရတာ၊ မေမေ့အမူအရာတွေ မြင်နေရတာနဲ့တင် ကလေးက ပျော်ရွှင်ကျေနပ်နေပါပြီ။
ကလေးငယ်လေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ကတ်ထူစာအုပ်တွေ၊ ရေစိုခံအောင် ပလတ်စတစ်လောင်းထားတဲ့ စာအုပ်တွေ၊ နူးညံ့တွေ အဝတ်စာအုပ်တွေ၊ ကိုင်တွယ်ခံစားလို့ရတဲ့ touch and feel စာအုပ်တွေ၊ Pop up စာအုပ်တွေ စသဖြင့် အမျိုးမျိုး ရှိပါတယ်။
ဒါမျိုးတွေ မဝယ်ဖြစ်ရင်လည်း အရောင်တောက်တောက် ပုံကြီးကြီး ပါတဲ့ စာအုပ်တွေ ပြလို့ရပါတယ်။
➡️➡️➡️ အရေးကြီးတာက ဖတ်ပြတဲ့ ပုံစံမှန်ဖို့ပါပဲ။
☆☆☆ ကလေးငယ်တွေကို ဘယ်လို ဖတ်ပြရမလဲ။
■ကလေးငယ်လေးတွေကို စာဖတ်ပြတဲ့အခါ အသံကျယ်ကျယ် ပီပီသသနဲ့ ခပ်ဖြည်းဖြည်း ဖတ်ရပါမယ်။
■စာတွေရွတ်နေသလို ပုံစံမျိုးမဟုတ်ဘဲ စကားပြောသလိုမျိုးလေး ဖြစ်ရပါမယ်။
■စိတ်ခံစားမှုကို ဖော်ပြတဲ့ မျက်နှာအမူအရာလေးတွေ၊ ကလေးနားလည်လွယ်အောင် ခြေဟန်လက်ဟန်လေးတွေနဲ့ အသက်ပါပါ ဖတ်ပြပေးပါ။
■အသံနေ အသံထား အသံအနိမ့်အမြင့်တွေ သုံးဖို့လည်း လိုပါတယ်။
■ပုံပြင်စာအုပ်တွေ ဖတ်မယ်ဆိုရင် ဇာတ်ကောင်လေးတွေကို ကိုယ်စားပြုတဲ့ သီးခြားအသံလေးတွေ ဖန်တီးနိုင်ရင် ကောင်းပါတယ်။
■စာအုပ်ထဲမှာ ပါတဲ့ပုံတွေကို လက်လေးနဲ့ ထောက်ပြပေးရပါမယ်။ " ဒီမှာ ကြည့်ပါဦး ပန်းလေးနော်" " ဟောဒါ ခွေးလေးပေါ့၊ ဝုတ်ဝုတ်လေးလေ"
■ကာရန်လေးတွေ၊ ကဗျာလေးတွေ ဖတ်ပြတာလည်း ကလေးကို နူးညံ့စေပါတယ်။ ပျော်ရွှင်စေပါတယ်။
■ကလေးငယ်လေးတွေရဲ့ အာရုံစူးစိုက်နိုင်မှုက သိပ်ကိုတိုပါတယ်။ ကလေးငြီးငွေ့ လာရင်၊ စိတ်မပါတော့ရင် အတင်း
ဆက်မဖတ်ပြရပါဘူး။
■စာအုပ်တစ်အုပ်လုံး ပြီးအောင်ပြဖို့ မလိုပါဘူး။
■တစ်မျက်နှာချင်းစီက စာတွေ အကုန်ပြောပြဖို့လည်း မလိုပါဘူး။
■ ကလေးက ငယ်သေးရင် စာမျက်နှာ နည်းနည်း၊ စာနည်းနည်း၊ ပုံကြီးကြီး ပါတဲ့ စာအုပ်မျိုးနဲ့ စကြည့်ပါ။
■ကလေးငယ်လေးတွေ ကို စာဖတ်ပြတဲ့ ရည်ရွယ်ချက်က စာအုပ်ပြီးဖို့၊ ဒီစာအုပ်ကနေ တစ်ခုခု သင်ပေးဖို့၊ ဆုံးမဖို့ အဓိက မဟုတ်ပါဘူး။ကလေးလေး ပျော်ဖို့ပဲ ဦးစားပေးရမှာပါ။
■ကလေးက စာအုပ်တွေ ချစ်တတ်သွားပြီဆိုရင် ၊ စာအုပ်တွေ အများကြီး နားထောင်ဖူးသွားပြီဆိုရင် စာအုပ်ကပေးချင်တဲ့ သုတတွေ၊ ရသတွေကို အသက်အရွယ်အလိုက် ရယူတတ်၊ ခံစားတတ်လာမှာပါ။
■ပုံပြင်လေးတွေ၊ ကဗျာလေးတွေနဲ့ စိတ်ဓါတ်လေးတွေ ၊ အပြုအမူလေးတွေ သင်ပေး ပြင်ပေးဖို့ကတော့ ကလေးနည်းနည်းကြီးလာမှ ပို အဆင်ပြေမှာပါ။
■ကလေးတွေက နေ့ပေါင်းများစွာ ဒီတစ်အုပ်၊ ဒီတစ်မျက်နှာပဲ သဘောကျ စိတ်ဝင်စားနေတာမျိုး ဖြစ်တတ်ပါတယ်။ သူကြိုက်တဲ့ စာမျက်နှာကိုပဲ ကြည့်ပါစေ။ သူအကြိုက်ဆုံး စာအုပ်က သူ့အတွက် အသင့်တော်ဆုံး စာအုပ်ပါပဲ။
⏰️⏰️⏰️အရေးကြီးတဲ့ အချိန်နဲ့ နေရာရွေးချယ်မှု
■ကလေးဂျီကျနေတဲ့ အချိန်၊ ဆာလောင်နေတဲ့ အချိန်၊ အိပ်ချင်နေတဲ့ အချိန်မျိုးကို ရှောင်ရပါမယ်။
■ နေ့တိုင်း ပုံမှန် ဖတ်ဖြစ်ရင် ပိုကောင်းပါတယ်။
■တိတ်ဆိတ်ပြီး မပူလွန်းမအေးလွန်းတဲ့ နေရာမျိုးကို ရွေးရပါမယ်။သက်သောင့်သက်သာရှိပြီး ကလေးကြိုက်တဲ့ နေရာလေး ဖြစ်ရပါမယ်။
■ ဖုန်းတွေ၊ TV တွေ ခဏပိတ်ထားသင့်ပါတယ်။
■ကလေးငယ်လေးရဲ့ စိတ်ဝင်စားမှုက ၅မိနစ် ၁၀မိနစ်ထက် မပိုပါဘူး။
■ကလေးကို ရင်ခွင်ထဲထည့်ပြီး စာအုပ်ကို ကလေးမျက်နှာနဲ့ ၈လက်မကနေ ၁၀လက်မ အတွင်းထားရပါမယ်။
■ ကလေးအရုပ်လေးတွေ ဘေးနားမှာ စီချပေးထားပြီး အရုပ်လေးတွေနဲ့ အတူတူနားထောင်တယ်ဆိုတဲ့ ခံစားချက်မျိုး ဖန်တီးပေးနိုင်ပါတယ်။
☆☆☆ ကလေးငယ်တွေကို စာဖတ်ပြရင် ဘာတွေ အကျိုးရှိပါသလဲ။
🤩ကလေးရဲ့ ဘာသာစကား သင်ယူမှုက စကားမပြောတတ်ခင်ကတည်းက စပါတယ်။ စာအုပ်များများ နားထောင်ဖူးလေ စကားလုံးတွေ များများသိလေ စကားတတ်လေပါပဲ။
🤩ကလေးရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဥာဏ်ကိုလည်း တိုးတက်စေပါတယ်။
🤩မျက်နှာအမူအရာနဲ့ စာဖတ်ပြတဲ့အခါ စိတ်ခံစားမှုတွေ အကြောင်းလည်း သင်ပေးရာ ရောက်ပါတယ်။
🤩မေမေနဲ့ ကလေးကြား သံယောဇဥ်ကိုလည်း တိုးစေပါတယ်။
🤩ကလေးအတွက်လည်း စိတ်လုံခြုံကျေနပ်မှုကို ရစေပါတယ်။
🤩စာတွေ ဖတ်ပြရင်းနဲ့ပဲ ကလေးတို့ မသိသေးတဲ့ ကမ္ဘာကြီးထဲကို ဆွဲခေါ်ပေးသွားရမှာပါ။
ကလေးငယ်လေးကို စာဖတ်ပြဖို့ စောလွန်းတယ်ရယ်လို့ မရှိသလို နောက်ကျသွားပြီရယ်လို့လည်း မရှိပါဘူး။
မဖတ်ပြရသေးရင် ဒီနေ့က စလိုက်ပါ။
စာအုပ်တွေ အများကြီးလည်းမလိုပါဘူး။ တစ်အုပ်ရှိရင်ကို ရပါပြီ။
လက်တွေ့ဖတ်ကြည့်တဲ့အခါ စာတစ်မျက်နှာနဲ့တင် ကလေးလေးကို ပြောပြစရာတွေ အများကြီးရှိတယ်ဆိုတာ မေမေတို့ သိလာမှာပါ။အချိန်တွေ အကြာကြီးလည်း မလိုပါဘူး။
မေမေ့ရင်ခွင်ရယ်၊ မေမေ့အသံရယ်၊ စာအုပ်လေးရယ် ဒီအတွဲအစပ်လေးက ကလေးလေးအတွက် အချိုမြိန်ဆုံး အရသာအရှိဆုံး အမှတ်တရလေးပါပဲ။
Crd toဒေါက်တာ မေမွန်
23/01/2025
သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းတတ်ရန် သင်တန်းသား/သူများအပ်နိုင်ပါသည်။
အပတ်စဉ် 3 ဖွင့်မည့်ရက် = 1.2.2025
ပညာအရည်အချင်း- (၉)တန်းနှင့် အထက်အောင်မြင်ပြီး သူ( ယောကျာ်းလေး၊ မိန်းကလေး)
သင်တန်းကာလ- (စာတွေ့ +လက်တွေ့ ) 3 လ
သင်တန်းအချိန် - သောကြာ၊ စနေ ၊တနဂ်နွေ
သင်ကြားပေးမည့် ဘာသာရပ်များ - မွေးကင်းစကလေးငယ်များနှင့် မီးတွင်းမိခင်စောင့်ရှောက်ခြင်းအတတ်ပညာ၊ အာဟာရအုပ်စုများအကြောင်း၊ သွေးပေါင်ချိန်နည်း၊ အပူချိန်တိုင်းတာနည်း၊ ဆရာဝန်ညွှန်ချက်အတိုင်းလူနာဆေးတိုက်ချိန်၊ နှာခေါင်းပိုက်မှအစာကျွေးနည်းစနစ်များ၊ ဆီးပိုက်ဖြုတ်နည်း၊ ဆေးဝါးအုပ်စုများအကြောင်း စသဖြင့် ကျန်းမာရပ်ဆိုင်ရာ အထွေထွေဗဟုသုတများကိုပါ သင်ကြား ပြောပြပေးသွားမှာဖြစ်ပါသည်။
သင်တန်းမှစာမေးပွဲများဖြေဆိုအောင်မြင်ပြီးပါက Certificate ထုတ်ပေးသွားပါမည်။
သင်တန်းပြီးသွားပါက ဆေးရုံ ဆေးခန်း ဆေးဆိုင်များတွင် အလုပ်လျှောက်ထားနိုင်ရန် ကူညီပေးပါမည်။
သင်ကြားမည့်စာများအလွယ်တကူ ကျက်မှတ်နိုင်ရန် ဆရာမများမှ စေတနာ မေတ္တာအရင်းခံ၍ သေချာ စိတ်ရှည်စွာ သင်ကြားပေးပါမည်။
သင်တန်းကြေး - (3 လအပြီး )(၅)သိန်း( Uniform တစ်စုံ၊ ဆံအုပ်တစ်ခု၊ Text book, ball pen, note book အပါ)
အလုပ်တစ်ဖက်ဖြင့်သင်တန်းတတ်လိုပါကလည်း အချိန်ညှိ၍သင်ကြားပေးပါသည်။
မိသားစုသာမက မိမိပတ်ဝန်းကျင်ကိုပါ
မိမိအတတ်ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါသည်။
လိပ်စာ- ကျွဲဆည်ကန်တိုက်တန်း ၊ အဆောင်(5)၊ 75 Dလမ်း၊114လမ်းနှင့် 115လမ်းသွယ်
09402597848
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. (71) Tha-16 Block-D, Bet: ThayarWadi MinGyi Street & PyuuSawHtee Street, 59th Street
Mandale
05051