Clarastyle

Clarastyle

Share

thank you for shopping with us ��

Photos from Shal's Stories's post 14/09/2025

Simple uk importလေးတွေရပါတယ်ရှင်🤩🤩💛💛
Toner - 15000

Photos from Clarastyle's post 20/08/2025

💄Baby Bright Primer Powder Tint💄

👄 instant burring effect လေးမို့ ဆိုးလိုက်တာနဲ့ ပေါ့ပါးပြီး နူးညံ့တဲ့ နှုတ်ခမ်းဖူးဖူးလေးလို လှပနေမှာပါနော်

👄🍒 ဗီတာမင်ကြွယ်ဝတဲ့ ဘယ်ရီသီးလေးတွေနဲ့အတူ Elastomer Gel တို့လည်း ပါဝင်တာကြောင့် ဆိုးလိုက်တာနဲ့ နှုတ်ခမ်းသားကို နူးညံ့စေပြီး ပုံမှန် နှုတ်ခမ်းသား ညိုမဲသူလေးတွေ အတွက် အကြိုက်တွေ့စေမှာပါနော်😍

👄 နှုတ်ခမ်းသား ခြောက်သွေ့ခြင်းကိုလည်း သက်သာပျောက်ကင်းစေပြီး အစိုဓာတ်ကို အချိန်အတော်ကြာအောင် ထိန်းထားပေးနိုင်ပါတယ်နော်😍

👄 Glossy , Super Matte , Cream Typeမကြိုက်သူတွေအတွက် အသင့်တော်ဆုံး Lip Blur Powder Tintလေးပါနော်😍

Direct from BKK📌

Price- 8800

Photos from 𝕊𝕥𝕖𝕡𝕙'𝕤 𝔹𝕖𝕒𝕦𝕥𝕠𝕡𝕚𝕒's post 20/08/2025

Mise en scene aging Care shampoo🤩💛

Price-28000
Direct From Korea

20/08/2025

Coffee Scrub/ Baking Soda Scrub instock 📍📍

Price-14500

[FIRST IMPRESSIONS] THE MIX BY SU BAKING SODA NATURAL BODY SCRUB + SKIN HARMONY SCRUB

Tried out of intrigue. I was not disappointed at all.

The Mix by Su ကိုဖူးပွင့်သတိထားမိတာတော့ကြာပြီ။ Brand က business savvy အရမ်းဖြစ်သလို သူ့ product လေးတွေကလည်း attractive ဖြစ်တယ်။ Packaging လေးတွေကလည်လှတယ်။ နာမည်လေးတွေပေးထားတာကလည်း catchy ဖြစ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်။ Review မရေးတဲ့အကြောင်းရင်းကတော့ ဖူးပွင့်ရဲ့အမဝမ်းကွဲက သူနဲ့ field/ industry တူနေတော့ ဖူးပွင့်ရေးလိုက်တာကိုသဘောမကျရင် ကြားထဲမှာအဖုအထစ်တွေဖြစ်သွားရင်မကောင်းဘူးလေ ဆိုပြီးရှောင်နေတာ။

ဒါပေမယ့်ရေးဖို့အကြောင်းဖန်လာတယ်ပေါ့လေ။ အကျယ်တော့မပြောပါဘူး။ ဒါနဲ့ဖူးပွင့်သွားပြေးဝယ်ပြီးတော့စမ်းကြည့်လိုက်တာ။

သူ့ရဲ့ hot ဖြစ်တဲ့ baking soda scrub ပေါ့။ Group တွေမှာလိုက်ရှာကြည့်တာ့ သူ့ကို mixed review တွေတွေ့တော့ထုံးစံအတိုင်းသိချင်တာနဲ့တစ်ထုပ်ဝယ်လာ။ စမ်းကြည့်တယ်။

Scrub ကကောင်းပါတယ်။ Scrub ရဲ့အလုပ်လုပ်တယ်။ သူ့ရဲ့ scrub grain size ကလည်းမဆိုးဘူး။ သူ့ရဲ့ consistency လေးကလည်း paste လိုမျိုးအနှစ်လေးကို အနံ့လေးကလည်းသင်းတယ်။ သုံးပြီးသွားရင်အသားလေးကချောပြီးကျန်ခဲ့တယ်။ ကျန်တဲ့ scrub တွေအလုပ်လုပ်သလိုဘဲ။ နေ့တိုင်းတော့သွားမသုံးနဲ့ပေါ့။ ပြီးတော့ scrub grain တွေများများပါလို့ အသားအရမ်းနုရင်လည်းမျက်နှာကိုမသုံးနဲ့။ ဖူးပွင့်ကတော့ scrub ကိုမျက်နှာပေါ်ကိုမသုံးဖြစ်တဲ့သူမို့လို့မျက်နှာကို သုံးဖို့ကို recommend မလုပ်ချင်ဘူး။ အကယ်၍ သုံးချင်သပဆိုလည်းသုံးပေါ့။ တည့်တာမတည့်တာကတစ်ယောက်နဲ့မှမတူတာ။ (အချို့တွေနဲ့မတည့်တာလည်းရှိနိုင်မယ်ဆိုတာကိုတော့ ဖူးပွင့်နားလည်တယ်။ ဒါကဖြစ်နိုင်တဲ့ possibility တစ်ခု) အကောင်းဆုံး result အတွက်အနောက်ကနေ rich ဖြစ်တဲ့ body lotion တစ်ခုကိုသုံးပါ။ (Thank me later) Body scrub အဖြစ်သုံးရင်တောင် တစ်ပါတ်နှစ်ခါလောက်ဘဲအလွန်ဆုံးသုံးသင့်တယ်။

Controversial ဖြစ်ကြတာကတော့ Baking soda ကိုအသားပေါ်တင်ရင်ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့နောက်ပိုင်း tiktok က over တွေအရမ်းလုပ်ပြီးတော့ follower ရှာကြတဲ့ account တွေကြောင့်လို့ထင်တယ်။ Seeking for clout တွေပေါ့။ သူတို့က follower လိုချင်တာထက် ဒရာမာခင်းပြပြီး သူတို့လုပ်ခိုင်းတာလုပ်ကြမယ့်သူတွေကိုရှာနေတာ။ Mindless bot တွေလိုမျိုး။

But anyway! Back to the review.

ဒီထဲမှာ Baking soda ကပါတယ်။ ဒါပေမယ့် baking soda အဖြစ်သီးသန့်ပါတာမဟုတ်ဘူး။ အထုပ်နောက်ကိုကြည့်လိုက် အဲ့ဒီမှာ lime juice ပါတယ်။ Lime juice ထဲမှာက citric acid ပါတယ်။ Baking soda (Sodium hydrogen carbonate) နဲ့ Lime juice (Citric acid) နဲ့ ဓာတ်ပြုပြီးရင် sodium citrate ဘဲကျန်တယ်။ ကျန်တာက ရေနဲ့ carbon dioxide ဖြစ်သွားတယ်။ ကိုးတန်းစာလား ဆယ်တန်းစာမှာလားမသိဘူး equation ပါတယ်။ မသေချာရင်လည်း Google မှာရှာကြည့်လိုက်လို့လည်းရတယ်။

Sodium citrate ကအသားအတွက် အန္တရာယ်မရှိဘူး။ Low risk ဘဲ။ (ကိုယ်ရှာပြီးပြီ) သူ့ကိုက cosmetic stabilizer အဖြစ်သုံးတာများတယ်။

It is as simple as that if you know science! ရှင်းရှင်းလေးပြောရရင် သူက သေသေချာချာလေးလုပ်ထားတဲ့ refined sugar scrub တစ်ခုဘဲ။ ဒါဘဲ။ It’s safe. It’s good. I like it.

Skin Harmony Scrub ကတော့ flaxseed နဲ့အဓိကလုပ်ထားတဲ့ scrub ပေါ့။ သုံးလို့ကောင်းတယ်။ အဆင်ပြေတယ်။ Texture က နိုင်ငံခြားက natural scrub တွေထုတ်တဲ့ brand ကြီးနဲ့ယှဥ်နိုင်တယ်။ ဖူးပွင့်သုံးတာယားလာတာမျိုးမရှိဘူး။ တစ်ခါဘဲသုံးရသေးလို့အဲ့လောက်ဘဲပြောနိုင်တယ်။

ဒါဘဲ။ စိတ်ဝင်စားလို့ ဝယ်သုံးပြီးရေးလိုက်တာ။ ဘာမှလည်း PR gift မဟုတ်ဘူး။ Brand owner နဲ့လည်းမမြင်ဖူးသလို မသိဘူး။ ကိုယ့်ဘာသာဝယ်ချလိုက်တယ်။ First impression review ရေးလိုက်တယ်။ ဝယ်ချင်ရင် The Mix By Su ကိုသွားမေးပါ။

That is all.

Love,
Rosie

Note – Blackhead post ကရေးထားပြီးပြီ။ File မှားပြီးဖျက်လိုက်မိတာ အစတောင်ရှာမရဖြစ်သွားလို့ အသစ်ပြန်ရေးရဦးမယ်။ Weekend တင်မယ်။

Photos from Shal's Stories's post 20/08/2025

Axisy Dark Spot Glow Serum 50ml ပြန်ရောက်ထားပီနော်🤩💛

Photos from Clarastyle's post 17/07/2025

ဒီရက်ပိုင်းအဝင်လေးတွေပါ🤩💗💗💗

30 74×75 ကြား
ရွှေပြည်ဖြိုးစတိုး(mdy)
09751069790
09750467080
မြို့ပေါင်း90ကျော်အိမ်အရောက်ပို့ဆောင်ပေးပါတယ်ရှင့်😚💟

17/07/2025

တြိရတနာဆိုင်မှာပြန်ရောက်ပီနော်💛
Price-3900

စျေးသက်သာပြီး result သိသာတဲ့ hair tonic ဆို တြိရတန ကိုလည်း မေ့ထားလို့မရဘူး။

“တြိရတန” ဆိုတာက အခုခေတ်မှပေါ်ပေါက်လာတဲ့ ပစ္စည်း မဟုတ်ဘဲ ဟိုးအရင် အမေတို့ခေတ်ကတည်းက နာမည်တစ်ခု ရပြီးသား မြန်မာနိုင်ငံထုတ် local brand ပေါ့။
Hair tonic တွေမှ မှိုလိုပေါက်နေတဲ့အထဲကမှ တြိရတနကို ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့သလဲဆို သူ့ရဲ့ reasonable ဖြစ်တဲ့ စျေးနှုန်းကြောင့်ပဲလို့ ဆိုရလိမ့်မယ်။

ကိုယ်တိုင်က ဖြန်းမဲ့ဖြန်း အားရပါးရဖြန်းတတ်သူဆိုတော့ tonic တစ်ဘူးခဏနဲ့ အကုန်မြန်တဲ့အပြင် လတိုင်း တစ်ဘူး 20000, 30000 ဆို ဝင်ငွေမရှိတဲ့ ကျောင်းသူအရွယ် အတွက်က ရေရှည် အဆင်ပြေမနေဘူး။ ဒါကြောင့် သက်သက်သာသာနဲ့ အားရပါးရဖြန်းဖို့ hair tonic တွေအများကြီးထဲကမှ သူ့ကိုရွေးချယ်လိုက်တယ် ဆိုပါတော့။ ဒီလိုပြောလို့အခြား tonic တွေက မကောင်းဘူးပြောတာမဟုတ်။ ကိုယ်သုံးနိုင်ရင်သုံးပါ။ လူတိုင်းက နှစ်သက်ရာချင်းမတူတဲ့အပြင် ကိုယ့်ဝင်ငွေ ၊ ကိုယ့် budget နဲ့ချိန်သုံးရတာ ဆိုတော့လေ။

ဂျူလီကသူ့ကို 2021 ကတည်းကစသုံးနေတာ ၊ အခု 2023 တောင် ရောက်ပြီဆိုတော့ နှစ်နှစ်ကျော်လောက်ရှိပြီ။ သူ့ရဲ့အရည်ပုံစံက အစိမ်းရောင်ဖျော့ဖျော့ကိုမှ ရေလိုပဲအရမ်းကျဲတယ်။ အနံ့ကတော့ ဆေးနံ့လိုလို ခပ်ဖျော့ဖျော့။
ရေလိုအရမ်းကျဲတဲ့အပြင် ဘူးထိပ်မှာ အပေါက်တစ်ပေါက်ပဲ ပါလို့ သူ့ချည်းခေါင်းပေါ်တိုက်ရိုက်သုံးရင် လုံးဝအဆင်မပြေဘူး။ အခန့်မသင့်ရင် ဝေါဆိုပြီး အရည်တွေ မျက်နှာပေါ် စီးကျလာတတ်သေးတယ်။ ဒါကြောင့် သူ့ကိုသုံးမယ်ဆို ပုံထဲကလို spray ဘူးခွံအလွတ်လေးထဲ ထည့်ထည့်ပြီးဖြန်းပေးမှ အိုကေတယ်။
ဘူးခွံအလွတ်ရှိပြီးသားသူကတော့ ရှိတဲ့အလွတ်ထဲထည့်သုံးပေါ့ ၊ မရှိရင်လည်း ဂျူလီ့လို ဘူးခွံအလွတ်တစ်ခုသာဝယ်လိုက်။ စျေးလည်း ဘာမှမများဘူးရယ်။

စစခြင်းသူ့ကိုသုံးတဲ့ တစ်လခွဲ၊ နှစ်လတုန်းက baby hair ကိစ္စ ဘာမှကို မသိသာဘူး။ ဖြန်းလိုက်ရင် အေးအေးလေးနဲ့ ဦးရေအေးတယ်။ ဖြန်းလို့ကောင်းတယ်။ နောက် shampoo တစ်ခုသုံးရင်း မတည့်တော့ ဗောက်တွေထတာ၊ သူ့လည်းဖြန်းပြီး တစ်ပတ်လောက်နေတော့ ဗောက်သက်သာသွားတယ်။ အဲ့မှာတင် ဦးရေကလည်းအေးအေးလေးနဲ့ ဗောက်လည်းသက်သာတော့ မိုက်တယ်ပေါ့။
ဆက်ဖြန်းရင်းဖြန်းရင်းနဲ့ပဲ နှစ်လကျော် ၊ သုံးလဝန်းကျင်ကျ baby hair ထိုးထိုးထောင်ထောင်လေးတွေ စမြင်လာရော။

ဆက်သုံးရင်းဆက်သုံးရင်းနဲ့ အခုနှစ်နှစ်ကျော်ကာလတစ်ခုမှာကျ အရင်လောက်နဖူးထောင့်တွေ မကျယ်တော့တာ တွေ့ရတယ်။ အဲ့လိုပြောလို့ နဖူးကြီးက ဟက်ချလောင်းကျဉ်းသွားတာမဟုတ် ၊ baby hair တွေနဲ့ cover ဖြစ်သွားတော့ အရင်ကလောက် နဖူးကျယ်တာ မသိသာတော့တာပေါ့။
ဆံပင်ကတော့ အုံထူမလာပါဘူး။ ဆံပင်အုံဆိုတာ မျိုးရိုးနဲ့လည်း သက်ဆိုင်လို့ tonic တစ်ခုထဲနဲ့ ပါးနေတဲ့ဆံပင်က ချက်ချင်းအုံထူလာမှာတော့ မဟုတ်ဘူးရယ်။ ဒါကို နှလုံးသွင်းထားဖို့လိုတယ်။

ဆံပင်အရှည်မြန်မမြန်ကတော့ ဂျူလီက မွေးရာပါဆံပင်ရှည်မြန်သူမို့ ထူးပြီးမခံစားရဘူး။ နောက် နဂိုကတည်းက Haircare ပိုင်း take care လုပ်တတ်သူဆိုတော့ သေချာကြီး ဆံပင်ကျွတ် သက်သာ သွားသလား မပြောတတ်ဘူး။ ဒါပေမဲ့ နည်းနည်းပါးပါးတော့ ဆံပင်ကျွတ်သက်သာသွားသလားလို့။
ဂျူလီ့အတွက်တော့ သူက baby hair ပေါက်တယ် ၊ ဦးရေအေးတယ် ၊ ဗောက်သက်သာစေတယ်။

ဒါ့အပြင် သူက Oil တွေလိုကပ်စီးစီးမနေဘဲ ရေလိုအရည်ကျဲကျဲမို့ ဖြန်းပြီးတဲ့အခါ ဆံပင်ကြီးအချောင်းလိုက်ကျန်ခဲ့တာ ၊ ကပ်သွားတာမျိုးမရှိဘူး။ အေးအေးလေးမို့ ဂျူလီဆို အားတိုင်းဖြန်းတယ်။ ခေါင်းမလျှော်ခင်တစ်ညအလိုလည်း တစ်ခေါင်းလုံး နေရာအနှံ့ဖြန်းသလို ၊ ခေါင်းလျှော်ပြီး ဆံပင်မစိုမခြောက်အချိန်လည်း ဖြန်းတယ်။ အားရင်အားသလို၊ စိတ်ပါရင်စိတ်ပါသလိုပါပဲ။ အဲ့ဒါကြောင့်လည်း တစ်ဘူးဆို တစ်လတောင်မခံချင်။

ဒါပေမဲ့ ညဘက်အိပ်ခါနီးဖြန်းတဲ့အခါ တစ်ခုတော့သတိပြုစေချင်တယ်။ ဘာလဲဆို သူက တော်တော်ကြီး ဦးရေအေးတဲ့အတွက် နှံ့နှံ့စပ်စပ် သေချာစိမ့်မဝင်ဘူးဆို ခေါင်းအေးပြီး အအေးပက်တတ်တယ်။ ဒါ့ကြောင့် ညဘက်ဖြန်းအိပ်ချင်ရင် အများကြီးမဖြန်းနဲ့ ၊ နည်းနည်းကိုမှ ဖြန်းပြီးတဲ့အခါလည်း ဦးရေထဲ သေချာစိမ့်ဝင်အောင် နှိပ်နယ်ပေး။ ခြောက်ပြီဆိုမှ အိပ်ရာဝင်။ မဟုတ်ရင် ဦးရေအေးတော့ မနက်ဆို နှာစီးအအေးပက်သွားမှာစိုးလို့။

စျေးကတော့ 100ml တစ်ဘူးကို အခုတော့ 2000 ဝန်းကျင်ပဲ။ ဂျူလီတောင် ကံကောင်းပြီး အများကြီးကြိုစုမိထားလို့ အခုထိမကုန်သေးတာ။ ဒါပေမဲ့လည်းမတတ်နိုင်ပါဘူး။ 2000 ဖြစ်သွားလည်း ကြိုက်တော့ ထပ်ဝယ်ရမှာပဲ။

နောက်ဆုံး သတိချပ်စေချင်တာတစ်ခုက တစ်ယောက်နဲ့တစ်ယောက် အသားအရေတင်မက ဦးရေနဲ့ပတ်သက်ရင်လည်း မတူတတ်ကြတာမို့ ဂျူလီနဲ့တည့်ပြီး ဒီ result တွေရသော်ငြား ကိုယ်နဲ့မတည့်ရင် ဦးရေယားပြီး ဗောက်ပိုထတာ ၊ ဆံပင်ပိုကျွတ်တာမျိုးဖြစ်တတ်တယ်။ မတည့်ဘူးခံစားရရင် ပေပြီးဆက်သုံးမနေဘဲ သုံးနေတာသာရပ်လိုက်ပါ။
ဂျူလီ့အတွက်တော့ 2000 ဝန်းကျင်နဲ့ Baby hair သာမက ဗောက်လည်းသိသာတော့ ကုန်ရင်လည်း ထပ်ထပ် ဝယ်ဖြစ်မဲ့အထဲ ပါပါတယ်။

Let’s care with
Juliee,
Reposting & copying are not permitted.
#တြိရတန

Photos from Blog By PHU's post 15/07/2025

Oily skin အတွက်အရမ်းကောင်းသောtoner-29500

Direct From Korea🤩💛

Photos from Grace's Glow up Guide's post 15/07/2025

Jm mask - 2800

Photos from Clarastyle's post 14/07/2025

Kracie ရဲ့ Naive Facial Foam 🍄🍄

Budget Safe ဖြစ်ပြီး ဆယ်ကျော်သက်လေးတွေကအစ သုံးလို့ရတယ် Japan မျက်နှာသစ်ဆေးမို့ quality လည်း စိတ်ချရတယ် Alcohol free, paraben free ပါ

🍃Green Tea - 🌟အစိမ်းလေးက အဆီပြန်ဝက်ခြံထွက်တတ်တဲ့သူတွေအတွက်ပါ
အဆီပြန်တာထိန်းတယ် ဝက်ခြံထွက်တာနဲ့ ရောင်ရမ်းတာကို သက်သာစေတယ်
သစ်ပြီးစိုစိုအိအိလေးကျန်ခဲ့တယ်

🍑Peach - 🌟Normal skin သမားလေးတွေ အသားကြည်ပြီး ချောမွတ်ချင်ရင် ဒါလေးသုံး
အသားအရည် ကြမ်းတမ်းခြောက်သွေ့တာတွေကိုသက်သာစေပါတယ်

🍋Yuzu Ceramide - 🌟အသားအရည် ခြောက်သွေ့တဲ့သူတွေ သုံးလို့ရပါတယ်
Yuzu ဗီတာမင်စီ ပါဝင်လို့ အမဲစက် တင်းတိတ်နဲ့ အမာရွတ်လေးတွေကို သက်သာစေပီး brightening effect ကိုရစေတယ်
နေလောင်တာ အသားမညီတာတွေကိုလည်း သက်သာစေပါတယ်

Price-13000
Japan

Photos from Clarastyle's post 14/07/2025

လေး​တွေဆိုင်မှာရနိုင်တာလေးတွေပါသဲလေးတို့ရေ🤩💛

1ချပ်-2800
10ချပ်-2650

30 74×75 ကြား
ရွှေပြည်ဖြိုးစတိုး (mdy)
09751069790
09750467080
မြို့ပေါင်း90ကျော်အိမ်အရောက်ပို့ဆောင်ပေးပါတယ်ရှင့်😚💟
K pay/ CB/AYA -no% ပါရှင့်

Photos from Beauty Escape by Thinzar's post 12/07/2025

လူကြိုက် များတဲ့ snake brand powder 🤩💛
Price-9800(280g)

Want your business to be the top-listed Shop in Mandale?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandale