Hope 3D Alignment Service
ကားအလိုင်းမင်းချိန်ခြင်း
ကားအောက်ပ
နေ့ရက်တိုင်းဟာမဂ်လာ #
အားပေးကြတဲ့ထမင်းရှင်တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့် #ကားအောက်ပိုင်းလားကားအလိုင်းမင်းလားဘာပဲလိုလိုHope 3D alignment service ရှိတယ်နော်
27/09/2023
#ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ...
၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)
၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။
အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။
၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။
ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။
၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။
၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။
ဒီမှာ လေ့လာကြည့်ပါ
၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး
၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။
၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(ဘတ် 100 )တချို့ဆီဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။
၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။
၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါ
ရစေ။
Swift, Vitz,
Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။
Axio, Belta,
Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့
ကားတွေက Saloon (Sedan) ကားတွေပါ။
AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။
တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။
Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။
စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။
2 rpm မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။
ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။
Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။
++++++++++++++++++++++++
မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။
03/09/2023
ရုံပြည့်ရုံလျှံအားပေးကြသော ကျေးဇူးရှင်customer များအား
ကျေးဇူးအထူးတင်ရှိပါတယ်ခင်မျာ
စီးပွားရေးများ ဒီ့ထက်မက အောင်မြင်ကြပါစေခင်မျာ
Hope 3D Alignment မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်မျာ 09256027449
20/07/2022
အသစ်တွေ ဘယ်လောက်ကောင်းကောင်း🔧🔧🧑🔧
အဟောင်းမှာ တစ်ဝဲလည်လည်❤️❤️❤️
Hope 3D Alignment Service
အားပေးမှုကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
09/06/2022
👍Hope ကားအလိုင်းမင်းမှ 6လ အာမခံပေးခြင်း👍
ကျေးဇူးရှင်များ ခင်မျာ🙏
ဆိုင်မှအသုံးပြုပေးသော ကားအောက်ပိုင်းပစ္စည်းများ(အသစ်လဲ)ဖြင့် ကားအောက်ပိုင်းပြုပြင်ထားသောကားများ🛠️⚒️ 6လအတွင်း ပျက်ပါက ပစ္စည်းဖိုးနှင့် လက်ခ (အခမဲ့) ပြန်လည် ပြုပြင်ပေးပါမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 🧑🔧🧑🔧
မှတ်ချက်။။ ဆိုင်မှအသုံးပြုပေးသည့် ပစ္စည်းတံဆိပ်ဖြစ်ရမည်😁😁😁
(ဥပမာ ။။ တိုက်ရော့/ဘောလ်ဂျိုင်း/လင့်/မိန်းလုံး etc....) ၎င်းပစ္စည်းများ အသုံးပြုသည့်ရက်မှ၆လအတွင်းပျက်ခဲ့ပါက ပစ္စည်းဖိုးနှင့် လက်ခ (အခမဲ့)ဖြင့် ပြန်လည်ပြုပြင်ေပးပါမည် Post တင်သည့်နေ့မှစတင်မှာ ဖြစ်ပါတယ်ခင်မျာ။🧑🔧🧑🔧
ကားအောက်ပိုင်းကို ၆လ အာမခံပေးတယ်ဆိုတော့ ဘာလိုသေးလဲဗျာ။🚗🚙🚘🚖🚎
အဆုံးထိ စိတ်ဝင်တစားဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်မျာ။🙏🙏🙏
Hope 3D အလိုင်းမင်း မိသားစု🧒🧑
68လမ်းနှင့် 116လမ်းထောင့် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးမြို့
09256027449
17/11/2021
ကုသိုလ်ကောင်းမှုအကြောင်းပြု
ပြုပြုသမျှ ကုသိုလ်ရကြပါစေခင်မျာ
Hope 3D Alignment Service
20/08/2021
အခြေအနေအကြောင်းကြောင့် စောစီးစွာ လှူတန်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်ခင်မျာ
အောင်မြင်စွာ လှူတန်းမှု ပြီးစီးပါပြီခင်မျာ
ဝိုင်းဝန်းကူညီကြတဲ့သူများအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်
Hope 3D Alignment Service
အခြေအနေအကြောင်းကြောင်းကြောင့်စောစီးစွာလှူဒါန်းလိုက်ရတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်ခင်မျာ
အောင်မြင်စွာ လှူတန်းပြီးစီးပါပြီခင်မျာ
ဝိုင်းဝန်းကူညီကြသူများအားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်
19/08/2021
ကျွှန်တော်တို့ညီအကိုများတတ်နိုင်သေလာက်ေလးလှူဒါန်းခွင့်ပြုပါခင်မျာ🙏🙏🙏🙏🙏🙏🙏🙏
20.8.2021နေ့ Hope 3D Alignment(68 လမ်း116ထောင့်)တွင်
-ဆန်
-ကြက်သွန်နီ
-ကြက်သား
ဟင်းသီး,ဟင်းရွက်များကိုမနက်ခင်း8နာရီမှစ၍လှူဒါန်းသွားပါမည်။🙏🙏🙏
(edit-mask တပ်လာရန်နှင့်အမှန်တစ်ကယ်အခက်ခဲဖြစ်နေသူများကိုငဲ့ညှာသောအားဖြင့်
တစ်အိမ်ထောင်စုလျှင်နှစ်ဦးသာရယူပေးပါရန်)အထူးမေတ္တာရပ်ခံပါတယ်ခင်ဗျာ။
22.2.2021
ဆိုင်ပိတ်ပါသည်
02/01/2021
မင်းအတွက် အလုပ်တွေများပြီး မအားလပ်တဲ့ ကိုယ့်ဘ၀ထဲကို ၀င်မလာချင်ပါနဲ့ ကလေးရယ်
အားပေးမှုအား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ🔧🔩🛠
သာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
6၈လမ်းနှင့် ပျူစောထီးလမ်း(၁၁၆)ထောင့် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးမြို့။
Mandalay
HTTPS://MAPS.APP.GOO.GL/FAJYVNLJF3EJ6F7B7