ATR Insurance Agency Co.,Ltd
ဆက္သြယ္ရန္ (Ph.09781028588)
12/05/2026
Insurance : ကံကြမ္မာကိုအလောင်းအစားလုပ်တဲ့လုပ်ငန်းတွေဘယ်လိုဖြစ်လာတာလဲ? ခင်ဗျားတို့မသိသေးတဲ့ အာမခံလုပ်ငန်းတွေအကြောင်းပြောပြမယ်~TBH Labs နဲ့ အဆက်အသွယ်မပြတ်စေဖို့ ဒီနေရာလေးတွေမှာ Follow လု...
29/04/2026
The Executive Brief (29/4/2026)
*************************************
ယုံကြည်မှု အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ အာမခံ ဈေးကွက်မှာ ဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံး မသမာမှု တစ်ခု
ယုံကြည်မှု (Trust) ကို အရင်းတည်ရတဲ့ လုပ်ငန်းမှာ "စနစ်" အားနည်းရင် ဘာဖြစ်မလဲ? (Prudential Japan ရဲ့ သင်ခန်းစာ)
ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Prudential Life Insurance ကုမ္ပဏီဟာ အခုဆိုရင် အာမခံအသစ်ရောင်းချခွင့် (၆) လအထိ ထပ်မံပိတ်ပင်ခံလိုက်ရတဲ့ သတင်းက အာမခံလောကမှာ အတော်လေး ဂယက်ရိုက်သွားပါတယ်။
၁။ ပြဿနာရဲ့ အစ (The Spark)
ဒီပြဿနာဟာ ကုမ္ပဏီရဲ့ ထိပ်တန်းအရောင်းကိုယ်စားလှယ်ဟောင်းတစ်ဦးရဲ့ "ကိုယ်ကျိုးရှာမှု" ကနေ စတင်ခဲ့တာပါ။ သူဟာ Customer ပေါင်း ၇၀၀ နီးပါးကို "အထူးရင်းနှီးမြှုပ်နှံမှု အစီအစဉ်" ဆိုပြီး လိမ်လည်ကာ ကုမ္ပဏီအကောင့်ထဲ မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင်အကောင့်ထဲကို ငွေတွေ လွှဲခိုင်းခဲ့ပါတယ်။ စုစုပေါင်း ယန်း ၃.၁ ဘီလီယံ (ဒေါ်လာ ၂၀ သန်းကျော်) အထိ အလွဲသုံးစားလုပ်ခံခဲ့ရပါတယ်။
၂။ ဘာတွေ ဆက်ဖြစ်ခဲ့သလဲ? (The Failure)
ဒီလိမ်လည်မှုဟာ တစ်ခါတည်း ဖြစ်တာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာခဲ့တာပါ။ ဒီနေရာမှာ ကုမ္ပဏီရဲ့ Internal Control (အတွင်းပိုင်းထိန်းချုပ်မှုစနစ်) အားနည်းချက်တွေ ပေါ်လာပါတယ် -
* အရောင်းဝန်ထမ်းတွေအပေါ် ယုံကြည်မှုလွန်ကဲပြီး စောင့်ကြည့်စစ်ဆေးမှု အားနည်းခဲ့ခြင်း။
* စာရွက်စာတမ်းအတုတွေကို စောစောစီးစီး မရိပ်မိခဲ့ခြင်း။
* Customer တွေရဲ့ တိုင်ကြားချက်တွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးဖို့ နှောင့်နှေးခဲ့ခြင်း။
၃။ နောက်ဆုံး အဆုံးအဖြတ် (The Verdict)
ဂျပန်နိုင်ငံရဲ့ ငွေကြေးကြီးကြပ်မှုအာဏာပိုင် (FSA) က ဒီကိစ္စကို အကြီးအကျယ် အရေးယူခဲ့ပါတယ်။ အစပိုင်းမှာ ၃ လ ပိတ်သိမ်းဖို့ စီစဉ်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေအရ စနစ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုတွေ ပိုများနေတာကြောင့် အခုဆိုရင် နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၆ အထိ (၆ လတိုင်တိုင်) အာမခံအသစ် ရောင်းချခွင့်ကို လုံးဝ ပိတ်ပင်လိုက်ပါတယ်။
၄။ အကျိုးသက်ရောက်မှု (The Impact)
ငွေကြေးအရ ဆုံးရှုံးမှု: ကုမ္ပဏီအနေနဲ့ ဒီကာလအတွင်းမှာ အမြတ်ငွေ ဒေါ်လာ ၁ ဘီလီယံနီးပါး ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒေါ်လာ ၁ဘီလီယံ ထက်ပိုတဲ့ ဆုံးရှုံးမှုတွေက -
နာမည်ပျက်ခြင်း: နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ Brand Reputation နဲ့ Customer တွေရဲ့ ယုံကြည်မှု (Trust) ဟာ အကြီးအကျယ် ထိခိုက်သွားပါတယ်။
အပြောင်းအလဲ: အခုဆိုရင် Prudential ဟာ ဝန်ထမ်းတွေကို ကော်မရှင်သက်သက်ပေးတဲ့စနစ်ကနေ အခြေခံလစာပါဝင်တဲ့ စနစ်ကို ပြောင်းလဲတာ၊ Compliance (စည်းမျဉ်းလိုက်နာမှု) ကို အစကနေ ပြန်တည်ဆောက်တာတွေ လုပ်နေရပါတယ်။
"လုပ်ငန်းတစ်ခုမှာ ယုံကြည်မှု (Trust) ဆိုတာ တည်ဆောက်ဖို့ ခက်ခဲပေမယ့် ဖျက်ဆီးဖို့ကတော့ စက္ကန့်ပိုင်းပဲ လိုပါတယ်။"
ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တဟာ အရေးကြီးသလို၊ အဲ့ဒီဝန်ထမ်းတွေကို စနစ်တကျ ထိန်းကျောင်းနိုင်တဲ့ Corporate Governance နဲ့ Compliance ဟာလည်း လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ဖို့အတွက် မရှိမဖြစ်လိုအပ်ကြောင်း ဒီဖြစ်စဉ်က သက်သေပြနေပါတယ်။
ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကို ကျွန်တော်တို့ သတိပြုနိုင်ပါတယ်။ အာမခံဆိုတာ "ဂျင်း" မဟုတ်သလို၊ Corporate ကုမ္ပဏီကြီးတွေကလည်း မိမိတို့လုပ်ချင်တိုင်း လုပ်ခွင့်မရှိပါဘူး။ အာမခံလုပ်ငန်းဆိုတာ Highly Regulated Industry (စည်းမျဉ်းစည်းကမ်း အလွန်တင်းကျပ်တဲ့ လုပ်ငန်း) ဖြစ်တယ်ဆိုတာကို ဂျပန်နိုင်ငံရဲ့ ငွေကြေးကြီးကြပ်မှုအာဏာပိုင် (FSA) က ဒီကိစ္စကို အကြီးအကျယ် အရေးယူခဲ့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
အာမခံလုပ်ငန်းဆိုတာ လူတွေရဲ့ ယုံကြည်မှု (Trust) နဲ့ စတင်ခဲ့တာ မှန်ပေမဲ့၊ အဆုံးမှာတော့ ဈေးကွက်ကို စနစ်တကျ စောင့်ကြည့်ထိန်းကျောင်းနေတဲ့ အာဏာပိုင်တွေရဲ့ လက်အောက်မှာ လည်ပတ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုတစ်ခုတည်းအပေါ်မှာတင် မဟုတ်ဘဲ ခိုင်မာတဲ့ စည်းမျဉ်းတွေ၊ တာဝန်ခံမှုတွေနဲ့ တည်ဆောက်ထားတဲ့ လုပ်ငန်းတစ်ခုသာ ဖြစ်ပါတယ်။
မျိုးဟိန်း
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ
09/04/2026
အလုံးစုံအာမခံနဲ့ပတ်သက်လာရင် ATR မှတဆင့်ဆောင်ရွက်မှစိတ်တိုင်းကျသော မိတ်ဆွေကြီးအားကျေးဇူးတင်ပါသည်။
အလုံးစုံအာမခံနဲ့ပတ်သက်ပီးသိလိုသူများ/ဝယ်လိုသူများ ဆက်သွယ်ပါ
#(Since1996)09781028588
26/03/2026
အလုံးစုံအာမခံထားလိုပါကဆက်သွယ်နိုင်ပါသည်
26/03/2026
ATRကုမ္ပဏီမှတဆင့်အလုံးစုံအာမခံဝယ်သွားပါသောClientအားကျေးဇူးအထူးတင်ပါသည်
နှင့် Aung Thaw Thiri
16/02/2026
15-2-26 GWIမှပြုလုပ်သည့် 2025အတွက်ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားမှာ ဆု များရခဲ့၍ ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် မိမိအားယုံကြည်စွာအလုပ်အပ်နှံပေးကြသော ကတ်စတန်မာများ၊ ကူညီပေးကြသည့် GWI ဝန်ထမ်းများကိုလည်းကျေးဇူးအထူးတင်ပါကြောင်းမှတ်တမ်းတင်ပါသည်။
Global World Insurance company ကြီးသည် အိန္ဒိယ နိုင်ငံဓနသဟာယကုန်သည်ကြီးများအသင်းမှချီးမြှင့်သည့် “ Best General Insurance of the year” ဆုရရှိခဲ့ကြောင်းသိရ၍ များစွာဂုဏ်ယူဝမ်းမြောက်ရပါသည်။
ယခုလို နိုင်ငံတကာမှ အသိအမှတ်ပြုသော ဆုကြီးများကိုနှစ်စဉ်ရရှိနေသော GWI အာမခံလုပ်ငန်းနှင့်လက်တွဲနေရသဖြင့်လည်း မိမိကိုယ်တိုင်အပြင်မိမိ၏ကတ်စတန်မာများအတွက်လည်းအတိုင်းမသိဝမ်းသာကျေနပ်ရပါသည်။
🎉
နိုင်ငံတကာပြက္ခဒိန်ရဲ့နှစ်သစ်အစမှာ လူသားအားလုံးကျမ်းမာကြပါစေ၊ပျော်ရွှင်ကြပါစေလို့ဆုတောင်းမေတ္တာခြွေလိုက်ပါတယ်...
10/12/2025
ကညနကြေညာချက်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
63ဘီလမ်း
Mandalay
0503017