Minn Telecom
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minn Telecom, Construction Company, Mandalay.
13/05/2024
NUTRINAL PRODUCTS EXPAT (အောင်နိုင်သူအဖွဲ့)ဝင်များအားလုံး Congratulations! ပါ
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
🏆မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနှင့် ၇၂လမ်းထောင့်၊ Mandalay Convention Centre (MCC) ခန်းမ၌ ထိုင်းနိုင်ငံ Successmore Leadership Academy (SLA) မှကြီးမှူးကျင်းပသော Nutrinal Products Expertise (ကျန်းမာရေးဓာတ်စာ ထုတ်ကုန်ကျွမ်းကျင် ပညာရှင်) စာမေးပွဲကို မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျန်းမာရေးဓာတ်စာ ထုတ်ကုန်ကျွမ်းကျင် ပညာရှင်ပေါင်း ၃၁၃ယောက် ဝင်ရောက်ဖြေဆို ပြိုင်ပွဲဝင်ကြရာ ရေးဖြေစာမေးပွဲတွင် ဂုဏ်ထူးမှတ် အမှတ်(၈၀)နှင့်အထက် ဖြေဆိုအောင်မြင်ခဲ့ကြသော ကျန်းမာရေးဓာတ်စာ ထုတ်ကုန်ကျွမ်းကျင် ပညာရှင်(၅၄)ဦးမှ အောက်ဖော်ပြပါ အောင်နိုင်သူအဖွဲ့ဝင်(၄)ဦးအား ချီးကြူးဂုဏ်ပြုအပ်ပါသည်။
၁။ မစိုးစန္ဒာအောင်
🏆(ကျန်းမာရေးဓာတ်စာ ထုတ်ကုန်ကျွမ်းကျင် ပညာရှင်)
၂။မအိမ့်သီတာထွေး
🏆(ကျန်းမာရေးဓာတ်စာ ထုတ်ကုန်ကျွမ်းကျင် ပညာရှင်)
၃။မညိုညိုဆန်း
🏆(ကျန်းမာရေးဓာတ်စာ ထုတ်ကုန်ကျွမ်းကျင် ပညာရှင်)
၄။မအေးမြတ်မွန်
🏆(ကျန်းမာရေးဓာတ်စာ ထုတ်ကုန်ကျွမ်းကျင် ပညာရှင်)
— with Eaint ThidaHtwe and 4 others.
Transform စပျစ်သီးတွေရပါပီရှင်
02/02/2024
22/01/2024
အောင်မြင်ခြင်းဆီသို့ ခြေလှမ်း ၁၀
1. Set clear goals
ရှင်းလင်းတိကျသောပန်းတိုင်များသတ်မှတ်ပါ။
သင့်အတွက် အောင်မြင်မှုဆိုတာ ဘယ်အရာကိုဆိုလိုကြောင်း သတ်မှတ်ပြီး SMART Goal လို့ ခေါ်တဲ့ Specific တိကျသော၊ Measurable တိုင်းတာနိုင်သော၊ Achievable ကိုယ်တိုင်ရယူပိုင်ဆိုင် နိုင်စွမ်းရှိသော၊ Time-bound ရယူပိုင်ဆိုင်လိုသည့်အချိန်ကာလ အတိုင်းအတာ ကို သတ်မှတ်ပါ။ ပြတ်သားသော ဦးတည်ချက်ရှိခြင်းဟာ သင့်ကို အာရုံစူးစိုက်မှုနဲ့ စိတ်အားထက်သန်နေစေဖို့ ကူညီပေးပါလိမ့်မည်။
2. Develop a plan
အစီအစဉ်တစ်ခုကို ရေးဆွဲပါ။
သင်သတ်မှတ်လိုက်တဲ့ ပန်းတိုင်ကို သေးငယ်တဲ့မှတ်တိုင်တွေဖြစ်အောင် ခွဲထုတ်လိုက်ပြီး လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ဖန်တီးပါ။ (ဥပမာ ရန်ကုန်ကနေ မန္တလေး မိုင် ၃၀၀ ကျော် ခရီးကို လမ်းလျှောက်ပြီး သွားမယ်လို့စိတ်ကူးကြည့်မယ်ဆိုရင် အရမ်း ခက်ခဲ ပါလိမ့်မယ်။ အဲဒီ ခရီးကိုပဲ တစ်လအတွင်း အရောက်သွားမယ်လို့ သတ်မှတ် လိုက်တယ်ဆိုပါစို့။ မိုင် ၃၀၀ ကျော် ကို အပိုင်း ၃၀ ခွဲထုတ်လိုက်မယ်ဆိုရင် သင် နေ့စဥ် ၁၀မိုင် လောက် ပုံမှန် မပျက်မကွက် လျှောက်ရင် တစ်လပြည့်တဲ့နေ့ မန္တလေးကို ရောက်မှာပေါ့။ ရုတ်တရက် မိုင် ၃၀၀ ကျော်ကို ခြေလျင် လျှောက်ဖို့ ပြောရင် အရမ်းခက်ခဲတယ်လို့ မြင်ကောင်း မြင်နိုင်ပေမဲ့ ၁ရက် ၁၀ မိုင်လောက် ရောက်အောင်လျှောက်မယ်လို့ အစီအစဥ် ချမှတ်တာက သင့်ကို ပန်းတိုင်နဲ့ ပိုနီးကပ်စေပါတယ်)။ ဒါကြောင့် မှတ်တိုင်တစ်ခုစီကို အောင်မြင်ဖို့ သင်လုပ်ဆောင်ရမယ့် အဆင့်တွေအဖြင့် ခွဲခြားသတ်မှတ်ပြီး အချိန်ဇယားတစ်ခု ဖန်တီးပါ။ သင့်အစီအစဉ်ကို လိုအပ်သလို ပုံမှန် ပြန်လည် သုံးသပ်ပြီး ချိန်ညှိပါ။
3. Acquire knowledge and skill
အသိပညာနှင့် ကျွမ်းကျင်မှုများ ဆည်းပူးပါ။
သင့်လုပ်ငန်း သင့်ပန်းတိုင်နဲ့ သက်ဆိုင်တဲ့ အသိပညာ အတတ်ပညာတွေမှာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံပါ။ သင်ရွေးချယ်ထားတဲ့ နယ်ပယ် ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ နယ်ပယ်မှာ အောင်မြင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို ဖော်ထုတ်ပြီး သင်ယူခြင်း၊ လေ့ကျင့်ခြင်းတွေပြုလုပ်ပါ။ အဲဒီနယ်ပယ်ရဲ့ သီးသန့်လမ်းညွှန်မှု ဒါမှမဟုတ် လက်ဆင့်ကမ်းအတွေ့အကြုံတွေကတစ်ဆင့် ရယူလေ့လာနိုင်ဖို့ အခွင့်အလမ်းတွေကို ရှာဖွေပါ။
4. Take action
လက်တွေ့လုပ်ဆောင်ပါ။
ရည်မှန်းချက်နဲ့ အစီအစဉ်တွေ ရှိရုံနဲ့ မလုံလောက်ပါဘူး။ ချမှတ်ထားတဲ့ အစီအစဥ်အတိုင်း တစိုက်မတ်မတ် လုပ်ဆောင်ဖို့ လိုပါတယ်။ (ဥပမာ မန္တလေးရောက်ဖို့ တစ်ရက် ၁၀မိုင်လျှောက်မယ် လို့ သတ်မှတ်ထားရင် နေပူပူ မိုးရွာရွာ မဖြစ်မနေလျှောက်ပါ)။ သင့်ရဲ့ပန်းတိုင်ဆီကို နေ့စဉ်ခြေလှမ်းငယ်လေးတွေ လှမ်းပြီး နှောင့်နှေးခြင်းနဲ့ ကျရှုံးမှုတွေကို ကြောက်ရွံ့နေတဲ့ သင့်စိတ်ကို အနိုင်ယူ ကျော်လွှားလိုက်ပါ။ ကြီးပွားတိုးတက်လိုတဲ့ ကြံ့ခိုင်သန်မာတဲ့ စိတ်ဓာတ်ကို ခံယူပြီး အောင်မြင်မှုတွေရရှိဖို့ ကျရှုံးမှုတွေကနေ သင်ယူလိုစိတ်ရှိပါ။
5. Stay motivated and persistent
စိတ်အားထက်သန်ပြီးမဆုတ်မနစ်တဲ့ဇွဲရှိပါစေ။
အောင်မြင်မှုရဖို့ဆိုတာ စိန်ခေါ်မှုတွေနဲ့ ကျရှုံးမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့ ဇွဲလုံ့လ ရှိဖို့လိုအပ်ပါတယ်။ သင့်ရည်မှန်းချက်တွေနဲ့ သင်အောင်မြင်လိုတဲ့ အကြောင်းအရာတွေကို သင့်ကိုယ်သင် သတိပေးခြင်းဖြင့် စိတ်အားထက်သန်မှု ရှိနေပါစေ။ ခက်ခဲတဲ့အချိန်တွေမှာ သင့်ကို အားပေးပြီး လှုံ့ဆော်ပေးနိုင်တဲ့ ပံ့ပိုးကူညီသူတွေနဲ့ သင့်ကိုယ်သင် ဝန်းရံထားပါ။
6. Embrace continuous learning
စဉ်ဆက်မပြတ် သင်ယူမှုကို ခံယူပါ။
အောင်မြင်မှုဆိုတာ စဉ်ဆက်မပြတ် လျှောက်လှမ်းနေရတဲ့ ခရီးတစ်ခုဖြစ်တယ်။ ဒါကြောင့် သင်ယူချင်စိတ်အပြည့်နဲ့ စိတ်ကူးအသစ် ရှုထောင့်အသစ်တွေအတွက် ရင်ဖွင့်ထားပါ။ အကြံပြုချက်ရယူပြီး သင်ဆန္ဒရှိတဲ့အရာကို အောင်မြင်တဲ့သူတွေဆီက သင်ယူပါ။ ပြောင်းလဲနေသော အခြေအနေတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး လိုအပ်ပါက သင့်ရဲ့ ချဉ်းကပ်ပုံကို ချိန်ညှိလိုစိတ်ရှိပါ။
7. Build a strong network
ခိုင်မာသောကွန်ရက်တစ်ခုကို တည်ဆောက်ပါ။
သင့်ခရီးတစ်လျှောက် သင့်ကို ပံ့ပိုးကူညီ လမ်းညွှန်ပေးနိုင်တဲ့ သဘောထားတူသူတွေနဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။ ကွန်ရက်ချိတ်ဆက်ခြင်းဆိုတာ ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ယူခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက် အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပါတယ်။ မိမိနဲ့ သက်ဆိုင်ရာ အသိုင်းအဝိုင်းတွေမှာ တက်ကြွစွာပါဝင်ပါ၊ လုပ်ငန်းဆိုင်ရာပွဲတွေကို တက်ရောက်ပြီး ကွန်ရက်ချိတ်ဆက်မှုအတွက် Online, Offline ပလက်ဖောင်းတွေမှာ ပါဝင်ပူးပေါင်းပါ။
8. Practice self-care
မိမိကိုယ်ကို ဂရုစိုက်ပါ လေ့ကျင့်ပါ။
အောင်မြင်မှုဆိုတာ လုပ်ငန်းဆိုင်ရာ အောင်မြင်မှုတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခြင်းနဲ့ စိတ်ဝိဉာဏ်ပိုင်းဆိုင်ရာ သုခချမ်းသာကို စောင့်ရှောက်ခြင်းလည်း ပါဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ အပန်းဖြေခြင်းနဲ့ စိတ်ကိုတည်ငြိမ်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း စတဲ့နည်းလမ်းတွေနဲ့ မိမိကိုယ်ကို ဂရုစိုက်ပါ၊ နေ့စဥ် ဒီအချက်တွေကို ဦးစားပေးလုပ်ဆောင်ပါ။ ဟန်ချက်ညီတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းခြင်းဟာ သင့်ရဲ့ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုကို ထိန်းသိမ်းဖို့ ကူညီပေးပါလိမ့်မည်။
9. Embrace failure as a learning opportunity
ကျရှုံးမှုကို သင်ယူမှုအခွင့်အလမ်းတစ်ခုအဖြစ် လက်ခံလိုက်ပါ။
ကျရှုံးမှုကို အဆုံးစွန်အဖြစ် မရှုမြင်ဘဲ သင်ယူရန်နှင့် ကြီးပွားတိုးတက်ရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပါ။ သင့်ရဲ့ကျရှုံးမှုကို ဓမ္မဓိဋ္ဌာန်ကျကျခွဲခြမ်းစိတ်ဖြာပါ၊ ရရှိလာတဲ့ သင်ခန်းစာတွေကို ခွဲခြားသတ်မှတ်ပြီး ရရှိလာတဲ့ ထိုးထွင်းသိမြင်မှုတွေကို အနာဂတ်ကြိုးပမ်းမှုတွေမှာ ပြန်လည် အသုံးချပါ။ ခံနိုင်ရည်ရှိအောင် မွေးမြူပြီး ဆုတ်ယုတ်မှုတွေကနေ ပိုသန်မာလာအောင် သင်ယူပါ။
10. Stay adaptable and embrace change
လိုက်လျောညီထွေဖြစ်အောင်နေထိုင်ပြီး အပြောင်းအလဲကို လက်ခံလိုက်ပါ။
ကမ္ဘာကြီးဟာ အဆက်မပြတ်ပြောင်းလဲနေပြီး အောင်မြင်မှုကလည်း သင်ယူမှုပုံစံအသစ်၊ နည်းပညာအသစ်နဲ့အတူ ခေတ်ရေစီးကြောင်းမှာ အခွင့်အလမ်းတွေကလည်း လိုက်လျောညီထွေ ပြောင်းလဲနေပါတယ်။ သင့်ကိုယ်သင် ပြောင်းလဲဖို့ အမြဲအဆင်သင့် ဖြစ်နေပါစေ။ ဆန်းသစ်တီထွင်မှုတွေကို လက်ခံပါ၊ တိုးတက်နေတဲ့ နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေလေ့လာပါ။
Nyo Nyo Try To Try (Yes I can )💪💪💪
21/01/2024
Transform နဲ့ညိုညို စပျစ်သီးပင်စိုက်ထားတယ်နော်
21/01/2024
အိုဗားမား မိန်းမရဲ့ အဖြေကို အရမ်းကြိုက်တယ်။
ယောက်ျားကထားခဲ့လို့ဖြစ်စေ
ချစ်သူကထားခဲ့လို့ဖြစ်စေ
အငယ်အနှောင်းယူသွားလို့ဖြစ်စေ
စွန့်ပစ်ခဲ့ရင် မိန်းမတချို့့ဘဝပျက်မတတ်
ဖြစ်တတ်ကြပါတယ်..
အမှန်က ပျော်ရမှာပါ....
လက်ခုပ်တီးပြီးကို
ကျေနပ်ဝမ်းမြောက်စွာပျော်ရမှာပါ....
ကိုယ်ငယ်ရွယ်ကျန်းမာတုန်း
သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ
သိလိုက်ရတဲ့အတွက်
က်ိုယ့်တန်ဖိုးနားမလည်တဲ့လူရဲ့ဘေးနား
အဓိပ္ပါယ်မဲ့ ဖြတ်သန်းရခြင်းထက်
နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝကို
လွတ်လပ်စွာ တည်ဆောက်ရခြင်းက
ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင်
ဒီမိန်းမဟာ ပျော်သင့်ပါတယ်....
တခါကဘုရင်ကြီးတစ်ပါးမှာ သမီး(၃)ယောက်ရှိသတဲ့။
ဘုရင်ကြီးက သမီးတော်တို့ဒီလို
နေနေရတာ ဘာကြောင့်လဲလို့
မေးတဲ့အခါ သမီးအကြီး(၂)ယောက်က
"ခမည်းတော် ကျေးဇူးကြောင့်...."
လို့ အမြဲလျှောက်ပြီး
အငယ်ဆုံးသမီးတော်ကတော့
"သမီးတော်ရဲ့ဘုန်းကံကြောင့်" လို့လျှောက်သတဲ့။
တိုတိုပြောရရင်
ဘုရင်ကြီးကစိတ်ဆိုးပြီး အဆင်းရဲဆုံးလူနဲ့
ပေးစားလွှတ်လိုက်တယ်။
တောစပ်မှာ ထင်းခုတ်ဖို့သွားတော့
ချောင်းတစ်ခုအကူးမှာ သူဆင်းရဲ
ထင်းခုတ်သမားဟာ စိန်တွေတွေ့တော့
သူ့မိန်းမ အတွက်ဆော့ကစား ရအောင်
ယူလာရာကမင်းသမီးကနေရာလိုက်ပြခိုင်းပြီး ခမည်းတော်ထံအပ်တော့ ခမည်းတော့်
ဘဏ္ဍာဆိုရင်မီးသွေးတုန်းပဲဖြစ်နေလို့
သမီးတော့်ဥစ္စာ ဆိုမှ စိန်ပြန်ဖြစ်သတဲ့.....
နောက်တစ်ခုက
အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့
သူ့ဇနီး စားသောက်ဆိုင်တစ်ခုမှာ
သွားစားကြတော့ သူ့ဇနီးကို
စားသောက်ဆိုင်ပိုင်ရှင်က
စကားပြောချင်လို့အိုဘားမားဆီမှာ
ခွင့်တောင်းတယ်။
ဆိုင်ပိုင်ရှင်ဖြစ်သူနဲ့စကားသွားပြောပြီး
ပြန်လာတဲ့ဇနီးကို အိုဘားမားကြီးက မေးတော့ ကျမကိုသူကျောင်းတုန်းက
ကြိုက်ခဲ့ဖူးတယ်လို့ မီရှဲကပြောပြပါတယ်။
"တကယ်လို့သာမင်းတို့ ရခဲ့ကြရင် အခုနေမင်းဟာဒီစားသောက်ဆိုင်ကြီး
ပိုင်နေရောပေါ့နော်" ဆိုတော့..
မဟုတ်ဖူး ကျမနဲ့သာသူရခဲ့ရင်
"သူဟာ အမေရိကန်သမ္မတ ဖြစ်နေပြီလေ..."
လို့ပြုံးပြုံးကြီးပြောချပေးလိုက်ပါသတဲ့
ကဲ...ဒီတော့ ပြောချင်တာက
မိန်းမတိုင်းမှာ သူ့ဘုန်းသူကံဆိုတာရှိတယ်...
ယောက်ကျားတစ်ယောက်
ဘုန်းကံနိမ့်လာပြီဆိုရင်....
မိန်းမတစ်ယောက်ရဲ့
ဘုန်းကံရှိမြဲရှိနေတယ်ဆိုရင်.....
အကြောင်းအမျိုးမျိုးပေါ်လာပြီး
အဲ့ဒီယောက်ကျားဟာ ဘုန်းကံရှိတဲ့
မိန်းမနားမှာမနေနိုင်ပဲ
စွန့်ပြေးချင်စိတ်ပေါက်လာလိမ့်မယ်...
ဘဝမှာ ဒီမိန်းမကြောင့်သာ ဒီလိုနေထိုင် ဒီလိုစားသောက်ရပြီး ဒီလိုစည်းစိမ်နဲ့ အဆင်တပြေ နေရမယ့်ကံပါလာတယ်
ဆိုတာ သူတို့မသိကြဘဲ သူတို့တော်လို့တတ်လွန်လွန်းလို့
ချည်းထင်တတ်ကြတယ်....
အားပေးချင်တာက သတ္တိရှိကြပါ...
ရဲရဲသာလုပ်ပြပါ။
မတွန့်ပါနဲ့မကြောက်ပါနဲ့ ဝမ်းမနည်းပါနဲ့
ကွဲကြည့်လိုက် ခွဲနေကြည့်လိုက်ရင် ဘာဖြစ်မလဲ တိတ်တိတ်လေးအချိန်တခုသာပေး စောင့်ကြည့်နေလိုက်ပါ...
လူတိုင်းလက်ခံနိုင်တဲ့ ကိုယ်လည်းကျေနပ်ဝမ်းသာရမဲ့ အဖြေတစ်ခုရမှာပါ....
သိဉ္စည်းမင်းကြီး တောလိုက်ရာမှအပြန် သစ်ပင်ပေါ်တွင် ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံသော မိန်းမပျိုတစ်ဦးကို တွေ့သည်နှင့် မေးမြန်းရာ ဖခင် က ပေးစားသည့် ယောက်ျားကိုယူ၍ လိုက်ခဲ့စဉ်တောလမ်းတစ်နေရာ၌ ခင်ပွန်းဖြစ်သူက သဖန်းသီးများခူးစားနေရာ မိမိကဆာလှသဖြင့် တောင်းစားသော် စားလိုလျှင်ကိုယ်တိုင် ခူးစားဟု ဆိုလေသည်။ သို့နှင့် ကိုယ်တိုင်တက်ခူးရာ ပြန်မဆင်းနိုင်အောင် သစ်ပင်အောက်ခြေတွင် ဆူးများဖြင့်ကာရံ၍ ထွက်ပြေးတော့သည်ဟူဧ။်။
မင်းကြီးလည်း ကောင်းခြင်းငါးဖြာနှင့် လှပတင့်တယ်သော် ထိုမိန်းမပျိုကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့လေသည်။ ထို့နောက် မင်းကြီးနှင့် မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း တစ်နေရာအရောက်တွင် မိဖုရားကြီးက ဣနြေ္ဒမဆည်နိုင်ဘဲ ခစ်ခနဲ ရယ်တော်မူသည်ကို မင်းကြီးမေးလျှင် ဤသို့ဖြေဧ။်။
"ဘုရားနှမကို တောတွင်း၌ ပစ်ပြေးသွားသူသည် ယခုအခါ လမ်းခင်းနေရသည်ကို တွေ့လျှင် ဘုရားနှမကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤလူညံ့မဆောင်နိုင်ရှာ ဟုတွေးမိ၍ရယ်မိကြောင်းပါ ဘုရား"
မင်းကြီးက မယုံကြည်၍ ဘုရားလောင်း
မဟော်သဓသုခမိန်ကို မေးရာ ဘုရားလောင်းက ဤသို့ရှင်းဧ။်။
"ဤမိန်းမမြတ်ကို ယောက်ျားက စွန့်ပစ်သွားသည်ဟူသော စကားကို သားတော်ယုံကြည်ပါသည်။ ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင့် အတူဆက်ဆံ၍မနေနိုင်ကြောင်းပါ ဘုရား" တည်းဟူဧ။်။
ထို့နည်းတူစွာ ဘုန်းကံမြင့်မားသော မိန်းမကောင်းတွေကို ညံ့ဖျင်းသိမ်နုပ်သော ယောက်ျားယုတ်က တန်ဖိုးကိုနားမလည်သောကြောင့် စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းတို့ကို ဖြစ်စေလျက် မိန်းကလေးဘက်က စွန့်ခွာသွားအောင်လည်းကောင်း မိမိကိုယ်တိုင် စွန့်ပစ်၍သော်လည်းကောင်း သူတို့၏ ဘုန်းကံနိမ့်ပါးမှုအတိုင်း ဘဝကို ရွေးခြယ်ကြရ၏။
သို့ဖြစ်ရာ အမျိုးသမီးတို့သည် မိမိတို့၏တန်ဖိုးကို ကောင်းစွာသိရှိနားလည်ပြီ တန်ဖိုးထားတတ်သူနှင့်သာလျှင် ကောင်းစွာထိုက်တန်ပါပေ၏။
တကယ်တော့ မိမိကို စွန့်ပစ်သွားသူသည် မိမိ၏ဘုန်းကံအရှိန်ကို မလွှမ်းမိုးနိုင်တဲ့ ခပ်ညံ့ညံ့လူသာ ဖြစ်တဲ့အတွက် ဝမ်းနည်းဖွယ်စိုးစဉ်းမျှ မရှိသင့်။ သာလွန်မြင့်မြတ်သူနှင့် ဆုံဆည်းရမည့် မိမိကံကိုသာ တွေးတောဝမ်းသာသင့်တော့သည် မဟုတ်ပါလား....
ဒါကြောင့် ကိုယ့်ကိုစွန့်ခွာသွားလို့ ဝမ်းနည်းပက်လက် မျက်ရည်တစက်စက်နဲ့ ဘဝသေနေသလို
ကျန်ခဲ့တဲ့မိန်းမတွေကို ပြောချင်တာက သတ္တိရှိပါ...
ဘဝကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပါ...
သူများအားမကိုးပါနဲ့ ...တစ်နေ့ ကိုယ့်ဘုန်းကိုယ့်ကံနဲ့တန်တဲ့လူနဲ့ကြုံလာခဲ့ရင် ကိုယ့်အခြေအနေတင့်တယ်လှပနေရမယ်လို့ ခံယူထားပါ...
ပြီးတော့ သိပ်လှအောင် နေပါ ။
Credit Original Uploader.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay