Alinkar Dev - Web Development & Creative Design
Alinkar Dev is a Brilliant Web Design and Web Development Company. Also Provide Creative Design Serv
29/01/2023
hi
04/01/2020
မြန်မာတစ်နိုင်ငံသားလုံးရဲ့၀မ်းမြောက်ဖွယ်ရာနေ့ထူးနေ့မြတ်ဖြစ်တဲ့
လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်
Alinkar Web Development and Creative Design မှ
လွတ်လပ်ရေးသမိုင်းဝင်နေရာဖြစ်သည့် ရန်ကုန်မြို့ ဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်, ဆူးလေစေတီနှင့် ဝန်ကြီးများရုံးကို isometric ပုံစံငယ်ဖြင့် ဖန်တီးဂုဏ်ပြုအပ်ပါသည်။
01/01/2020
2020 နှစ်သစ်မှာ ရည်မှန်းချက်ထား လုပ်ဆောင်သင့်တဲ့ ရည်မှန်းချက် (၈) ခု
---------------------
မင်္ဂလာပါ နှစ်သစ်လေးပါ။ Alinkar Dev ကနေ တာဝန်ယူပြီး Pure Plus Collagen For All Page လေးကို Digital Marketing ပြုလုပ်ပေးနေတာဆိုရင် တစ်လပြည့်ခဲ့ပါပြီ။ ပြုလုပ်ပေးခဲ့တဲ့ ဒီဇိုင်းလေးတွေနဲ့အတူ နှစ်သစ်အတွက်ရေးသားထားတဲ့ Post လေးကိုပါ နှစ်သစ်လက်ဆောင်အနေနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
--------------------------------------
2020 နှစ်သစ်မှာ ဘာလုပ်မယ်လို့ရည်မှန်းချက်ချပြီးပြီလဲ့။ Pure Plus Collagen for All Page အနေနဲ့လည်း အောင်မြင်ပျော်ရွင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ နှစ်သစ်မှာ ရည်မှန်းချက်ထားပြီး လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဝိတ်လျော့မယ်။ ပိုကျန်းမာအောင်နေမယ်။
နောင်နှစ်တွေအများကြီးနေသွားဖို့ကျန်းမာရေးကအရေးကြီးဆုံးပါ။ ကျန်မာရေးထိခိုက်စေတဲ့ အစားအသောက်အနေအထိုင်တွေကိုနှစ်သစ်ကစလိုအကောင်းဆုံးပြုပြင်နေထိုင်မယ်။ အ၀လွန်တဲ့သူ ခန္ဓာကိုယ်လှချင်သူတွေလည်း နှစ်သစ်ပထမလကစလိုရည်မှန်းချက်ထားပြီး လေ့ကျင့်ခန်းတွေလုပ်သွားဖို့အကောင်းဆုံးအချိန်ပါပဲ။
(၂) စာအုပ်တွေဖတ်မယ်။
ခန္ဓာကိုယ်ကျန်းမာရေးလိုမျိုးပဲ စိတ်ဓာတ်ခွန်အားတွေတိုးဖို့ အလုပ်အကိုင်နဲ့ လူမှုဆက်ဆံရေးမှာ တိုးတက်ဖို့ စာအုပ်အမျိုးမျိုးကိုဖတ်ရှူသင့်ပါတယ်။ စကားမစပ် ဖေဘုတ်တည်ထောင့်သူ မက်ဇူကာဘတ်ရဲ့ ၂၀၁၈ ရည်မှန်းချက်က စာအုပ် (၁၂) အုပ်ဖတ်ဖို့ဖြစ်ပြီး ၂၀၁၉ ရည်မှန်းချက်က မနက်တိုင်းပြေးပြီး ကျန်မာရေးကောင်းအောင် လုပ်ဖို့ဖြစ်ပါတယ်။
(၃) ဘာသာစကား၊ ပညာရပ်တစ်ခုခုလေ့လာမယ်။
နှစ်တွေကုန်လာတာနဲ့အမျှ လူလည်းတိုးတက်ဖို့လို့ပါတယ် ဘာသာစကား ပညာရပ်တစ်ခုခုကို ၂၀၂၀ မှာစတင်သင်ယူပြီး သင့်ဘ၀အတွက် အောင်မြင်တဲ့ ခြေလှမ်းတွေကိုစတင်ဖို့ အကောင်းဆုံးအချိန်ပါ။
(၄) ကိုရဲ့အလုပ်ကိုတိုးချဲ့ပြီးပိုကောင်းအောင်လုပ်မယ်။ အလုပ်တွေလုပ်ပြီး၊ ပိုက်ဆံစုမယ်။
ဝန်ထမ်းပဲဖြစ်ဖြစ် ကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ် ၂၀၂၀ မှာ ပိုကြိုးစားပြီးပိုလုပ်ဆောင်မယ်လို ရည်မှန်းချက်ထားကြပါတယ်။ အလုပ်ကိုပိုကြိုးစားပြီးရာထူးတက်အောင်လုပ်မယ်။ လုပ်ငန်းတွေတိုးချဲ့မယ်၊ ငွေကြေးအတွက် ပူစရာမလိုအောင် မလိုအပ်တာတွေသိပ်မသုံးပဲ ငွေတွေစုဆောင်းထားရှိဖို့ ၂၀၂၀ ကသင့်ကိုစောင့်ကြိုနေပါတယ်။
(၅) Relationship ကိုပိုကောင်းအောင်တည်ဆောက်မယ်။
မိဘသားသမီး၊ ချစ်သူလင်မယား၊ သူငယ်ချင်းတွေကြား စီးပွားဖက်တွေအကြား ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ရမယ့်အချိန်ပါ။ ကိုယ့်ရဲစိတ်ရင်းကို အကောင်းဆုံးဖွင့်ပြ နားလည်မှုတွေယူပြီး ကောင်းမွန်တဲ့ relationship တွေကိုတည့်ဆောက်သွားရမယ့်အချိန်ပါ။ အချို့သူတွေကတော့နှစ်သစ်မှာ မကောင်းတဲ့ နှလုံးသားရေးရာ relationship တွေကို ဖြတ်ဖို့ကြိုးစားကြပါတယ်။
(၆) ခရီးတွေသွားမယ်။ အစားအသောက်တွေစားမယ်။
အလုပ်တွေချည့်ကြိုးစားနေလိုလည်းမဖြစ်သေးဘူး ပိတ်ရက်များတဲ့ ၂၀၂၀ မှာ မရောက်ဖူးတဲ့နေရာတွေသွားဖို့ မစားဖူးတာတွေတ၀ကြီးစားဖို့လည်းလိုအပ်ပါတယ်။ လူကပျော်ရွင်လန်းဆန်းနေမှ အောင်မြင်တဲ့ဘ၀ဖြစ်လာမှာပါ။
(၇) မကောင်းတဲ့ အလေ့အကျင့်တွေဖျောက်မယ်။ ကောင်းတဲ့အလေ့အကျင့်တွေမွေးမြူမယ်။
ဒီအပိုင်းကတော့ကျယ်ပြန့်ပါတယ်။ သင့်မှာ ဆေးလိပ်သောက်တာ ကွမ်းစာတာ။ သင်ကိုယ်တိုင်မကောင်းမှန်သိသိကြီးနဲ့ လုပ်ဖြစ်နေတဲ့ အလေ့ကျင့်တွေရှိရင် အခုကစပြီးကြိုးစားဖျောက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ ဒါအပြင် မနက်စောစောထတာလို့ ကျန်မာရေးလေ့ကျင့်ခန်းပုံမှန်လုပ်တာလို ကောင်းတဲ့အလေ့အကျင့်လေးတွေလည်းစလုပ်ဖို့ အချိန်ကောင်းပါ။
(၈) နှစ်သစ်တိုင်း နှစ်သစ်တိုင်းမှာ ပိုမို နုပျိုလှပဖို့ ပိုယုံကြည်မှုရှိဖို့ အတွက် လည်းလုပ်ဆောင်သင့်ပါတယ်။
သာမန် skincare နဲ့ cosmetic တွေက ခန္ဓာကိုယ်အပြင်ဖက်ကိုပဲသက်ရောက်စေနိုင်တာဖြစ်ပြီး။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အသားအရည်နုပျိုလှပစေတဲ့ Collagen နဲ့ အခြား Vitamin တွေပါဝင်တဲ့ Pure Plus Collagen ကိုသောက်သုံးမယ်ဆိုရင်တော့ နှစ်လအတွင်းအသားအရည်ကိုဖြူဝင်းလှပနေ စေမှာဖြစ်ပါတယ်။
------
ကျနော်တို့ Alinkar Dev မှ လုပ်ငန်းရှင်များအတွက် နည်းပညာကိုအခြေခံ၍ တီတွင်ဖန်တီးမှုနှင့်သက်ဆိုင်သော Web Development, Creative Design နှင့် Digital Marketing ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။
25/12/2019
ပျော်ရွင် ကြည်နူးစရာ Christmas ကာလအတွင်းမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အလုပ်အကိုင်များလည်းတိုးတက်ကြပါစေလို အလင်္ကာ အဖွဲ့သားအားလုံးက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။Alinkar Office Team.
24/12/2019
Alinkar Dev မှ Develop လုပ်ခဲ့တဲ့ YDNBUEC (Yadanabon University Environmental Club) ရဲ့ Offical Website ဖြစ်ပါတယ်။
လူမှုအကျိုးပြုအဖွဲအစည်းများနဲ့ စီးပွားရေးမဟုတ်သော Personal Portfolio website များအတွက် 50% အထူးလျော့ဈေးဖြင့် ပြုလုပ်ပေးနေပါသည်။
ကျနော်တို့ Alinkar Dev မှ လုပ်ငန်းရှင်များအတွက် နည်းပညာကိုအခြေခံ၍ တီတွင်ဖန်တီးမှုနှင့်သက်ဆိုင်သော Web Development, Creative Design နှင့် Digital Marketing ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။
Alinkar အကြောင်းနှင့် Service များကို
http://alinkardev.com/ မှာ
ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
13/12/2019
လုပ်ငန်းတစ်ခုကိုအကောင်းဆုံးကြေငြာတဲ့နည်းလမ်းကတော့
ဖောက်သည်တွေရင်ထဲထိရောက်အောင်
အကောင်းဆုံးဝန်ဆောင်မှုပေးတာပဲဖြစ်ပါတယ်။
လူကြီးမင်းတို့ကော့ ဝန်ဆောင်မှုပိုင်းကိုတိုးတက်ကောင်းမွန်အောင်
ဘယ်လိုလုပ်ဆောင်နေပါသလဲ. . .
07/11/2019
အလုပ်လုပ်တဲ့နေရာမှာ အရမ်းတော်အရမ်းထူးချွန်နေဖို့ထက်၊ အဖွဲနဲ့အတူအလုပ်လုပ်နိုင်မှု၊ စိတ်နေသဘောထားကောင်းမွန်မှု၊ အလုပ်ကိုခံယူချက်ထားပြီးကြိုုးစားမှုနဲ့ သင်ယူချင်တဲ့စိတ်ရှိဖို့အထူးလိုအပ်ပါတယ်။
Photo Crd: Ko Myo Han Htun
25/10/2019
သင့် Comapnay သိုမဟုတ် Business မှာ ကောင်းမွန်စွာရေးသားထားတဲ့ Profile ရှိနေပြီလား? --------------(ဖတ်ရန်ကြာချိန် ၂ မိနစ်)
Company (သို့) Business Profile ဆိုတာဘာလဲ?
-
Company (သို့) Business Profile ဆိုသည်မှာကုမ္ပဏီတစ်ခု၏ အကြောင်းအရာအချက်အလက်အပြည့်အစုံကို ရှင်းလင်းကျစ်လစ်စွာတင်ပြထားသည့် Document Book တစ်ခုဖြစ်ပါသည်။
Company Profile ကိုဖတ်လိုက်သည်နှင့် အချိန်တိုအတွင်း ကုမ္ပဏီ၏အကြောင်းအရာများကို သိရှိနားလည်သွားစေရန် ရည်ရွယ်ပါသည်။
သိုဖြစ်၍ စတင်တည်ထောင်ခဲ့သည့်ခုနှစ် ကုမ္ပဏီ၏နောက်ခံနှင့်သမိုင်းကြောင်း၊ တည်နေရာ၊ ရည်မှန်းချက်များ (Goal, Objective, Vision, Mission, Aim, Philosophy)၊ ထုတ်လုပ်ရောင်းချနေသော ထုတ်ကုန်များ (သိုမဟုတ်) ဝန်ဆောင်မှုများ (Services & Products) ရရှိခဲ့သောဆုများ (Awards) လည်ပတ်လုပ်ကိုင်နေပုံနှင့် ဌာနများ (Departments)၊ ဝန်ထမ်းအင်အား (Organization Chart) ဦးစီးလုပ်ကိုင်သူပိုင်ရှင်များ၏ ပရိုဖိုင်များ။ ကုမ္ပဏီမှပြုလုပ်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်းများ စသည့်အကြောင်းအရာများကို စနစ်တကျထည့်သွင်းဖော်ပြပေးရန် လိုအပ်ပါသည်။
ကောင်းမွန်စွာစီမံရေးသားထားတဲ့ Profile တစ်ခုဟာ ဘယ်လိုအကျိုုးေကျေးဇူးတွေရှိနိုင်လဲ။
-
လုပ်ငန်းကိစ္စတွေ တိုင်ပင်ဆွေးနွေးတဲ့အခါမှာ မိမိလုပ်ငန်း Profile နဲစတင်မိတ်ဆက်ရပါတယ်။ အထက်မှာရေးထားသလိုကောင်းမွန်စွာစီမံရေးသားထားတဲ့ Profile တစ်ခုရှိခြင်းဟာ မိမိလုပ်ငန်းကို ထိထိရောက်ရောက်ဖော်ပြနိုင်ပြီး လုပ်ငန်းစနစ်ကျမှု ကြိုတင်ပြင်ဆင်တတ်မှု ကိုဖော်ပြနေပြီး ယုံကြည်မှုပိုမိုရရှိစေလို လုပ်ငန်းတိုးတက်မှုကို အများကြီးအထောက်အကူပြပါတယ်။
မိမိရဲ့ Profile ဟာ စာအုပ်အနေနဲရော website အနေနဲ့ပါရှိသင့်ပြီး Online ရော Offline ပါ ပြသနိုင်ဖို့လိုအပ်ပါတယ်။
ကျနော်တို့ Alinkar Dev မှ လုပ်ငန်းရှင်များအတွက် နည်းပညာကိုအခြေခံ၍ တီတွင်ဖန်တီးမှုနှင့်သက်ဆိုင်သော Web Development, Creative Design နှင့် Digital Marketing ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။
Alinkar အကြောင်းနှင့် Service များကို
http://alinkardev.com/ မှာ
ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
နောက်ရက်တွေမှာလည်း Graphic Design Element တွေဖြစ်တဲ့ Business Card, Pamphlet တွေ Budget Eeffective ဖြစ်အောင်ဘယ်လိုအသုံးချမလဲဆိုတာတွေကို မျှဝေသွားမှာဖြစ်လို လိုက်ခ် လုပ်ထားဖို့ မမေ့ပါနဲ့နော်
13/09/2019
အရမ်းခင်ရတဲ့အကိုကြီးတစ်ယောက်က ညွန်ပေးလိုက်လို့ ကလေးထိန်းကျောင်းဖွင့်မယ့်အမတယောက် ကျနော်ဆီရောက်လာပါတယ်။ သူနဲလိုဂိုအကြောင်းဆွေးနွေးတဲ့အခါမှာ သူလိုချင်တဲ့ ပုံစံလေးပြတဲ့အပြင် မိခင်ရောကလေးရောကိုပါ လွှမ်းခြုံပြီး စောင့်ရှောက်ပေးမယ့် လက်တစ်စုံမျိုး အနာဂတ်ကလေးတွေဖွံဖြိုးတိုးတက်ရေးအတွက် သေချာစနစ်တကျဖွင့်လှစ်မယ့် ကလေးထိန်းကျောင်းမျိုးလို့ဆိုတာကြောင့် သေချာအချိန်ယူစဉ်းစားပြီး Royal Bo Infants and Day Care Logo လေးကိုဖန်တီးဖြစ်ခဲ့ပါတယ်။
-
မိခင်နှင့်ကလေးဖြစ်တဲ့အတွက် မိဘမေတ္တာ လွှမ်းခြုံမှုလုံခြုံမှု စတဲ့အချက်တွေကိုအခြေခံပြီး မိခင်နှင့်ကလေးနဲဆိုင်တဲ့ပုံများစွာကိုကြည့်ပြီး စိတ်ကူးစိတ်သန်းများစတင်စဉ်းစားခဲ့ပါတယ်။ ထိုနောက် မိဘမေတ္တာကိုဖော်ကျူးတဲ့ မိခင်နှင့်ကလေး တယောက်ကိုယောက်ကြည့်ပြီး စိတ်ချင်းဆက်နေပုံကလေးကို လုံခြုံစိတ်ချစွာပွေ့ထားပြီး နွေးထွေးမှုပေးနေပုံလေးကို မြန်မာဆန်ဆန်ရေးဆွဲဖို့စိတ်ကူးခဲ့ပါတယ်။ ထို့အပြင် အမပြတဲ့ပုံလေးအတိုင်း မိခင်နှင့်ကလေးကို အေးမြလုံခြုံစွာထပ်မံ ထွေးပိုက်ထားတဲ့ လခြမ်းပုံသဏ္ဍန်လက်လေးတစ်စုံကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ အရောင်ကိုစဉ်းစားရာမှာတော့ လူမှုဝန်ထမ်းစောင့်ရှောက်မှု အေးမြလုံခြုံမှု အပြာရောင်လေးမှာ ဆန်ကျင်ဖက် နွေးထွေးတဲ့အဝါရောင်ကိုဟန်ချက်ညီစွာထည့်သွင်းခဲပါတယ်။ စိတ်ကူးများအတိုင်းချဆွဲရာမှာ မိခင်နှင့်ကလေးစိတ်ချင်းဆက်ပြီးပျော်ရွင်နေမှု၊ လိုဂိုတစ်ခုရဲ့ ပေါ်လွင်မှု contrast ကိုအမြင့်မားဆုံးရရှိအောင် မျက်နှာ လက်မောင်း ဆံပင်များရဲ့ negative space များနဲ့ solid space များကို ကောင်းကောင်းရောနှောအသုံးချပြီးဖန်တီးခဲ့ပါတယ်။
-
အဆုံးသတ်အနေနဲ့ လခြမ်းပုံထွေးပွေ့ထားတဲ့ အဝါရောင်လက်ကလေးနဲ့ အပြာရောင် မိခင်နှင့်ကလေးကို လိုဂိုအဝိုင်းထဲမှာ အကောင်းဆုံး Balance ဖြစ်အောင်သေချာချိန်ညှိပြီး စာလုံးလေးကိုပါ စိတ်ကြိုက်ရွေးချယ်ခိုင်းကာဖြည့်သွင်းခဲ့ပါတယ်။ စာလုံးနဲ့လိုဂိုကိုပတ်တဲ့နေရာမှာလည်း စာလုံးပုံစံ အစိတ်အကျဲအထူးအပါး အကြီးအသေး အနီးအဝေးကအစ သေချာရေဆွဲပေးခဲ့ပါတယ်။ ရေးဆွဲပြီးနောက်ပိုင်းမှာလည်း ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကိုပုံမှာပြထားတဲ့အတိုင်းရရှိခဲ့သလို။ အပ်နှံသူအမရဲကြိုးစားအားထုတ်မှုအကြောင့်ကော့ လိုဂိုလေးကြောင့်မို့ပါအောင်မြင်တဲ့ကလေးထိန်းကျောင်းအဖြစ် အချိန်တိုအတွင်းလူသိများလာခဲ့ပါတယ်။
Alinkar Dev မှ လုပ်ငန်းရှင်များအတွက် နည်းပညာကိုအခြေခံ၍ တီတွင်ဖန်တီးမှုနှင့်သက်ဆိုင်သော Web Development, Creative Design နှင့် Digital Marketing ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။
ဈေးနှုန်းနှင့်အသေးစိတ်အချက်အလက်နှင့် Quotation ကို Chat Box မှဖြစ်စေ Alinkar Marketing Team – 09254701883 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Website Service နှင့် Digital Marketing အတွက် Marketing Team မှအသေးစိတ်အချက်အလက်များနှင့် ဈေးနှုန်းများကို လာရောက်ဆွေးနွေးညှိနှိုင်းပေးမည်ဖြစ်ပါသည်။
သီတင်းကျွတ်အကြို Promotion အဖြစ် စက်တင်ဘာလ အတွင်းအပ်နှံသူများကို package အားလုံးအတွက် ၁ဝ% လျော့ဈေးရရှိမည်ဖြစ်ပါသည်။
www.alinkardev.com
[email protected]
08/09/2019
ကျနော်တို့ Alinkar Dev မှ လုပ်ငန်းရှင်များအတွက် နည်းပညာကိုအခြေခံ၍ တီတွင်ဖန်တီးမှုနှင့်သက်ဆိုင်သော Web Development, Creative Design နှင့် Digital Marketing ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။
-
ဝန်ဆောင်မှုများကို အောက်ပါအတိုင်း Package များခွဲ၍သတ်မှတ်ထားပါသည်။
⮞⮞ Website Development Services
1. Personal Website
2. Small Business Website
3. Comapany Webiste
4. Hotel Website (Include Agoda Plugins)
5. School/University/Hospital Website
6. Organizaton Website
7. E-Commerce Web App
8. Real Estate Web App
9. Web Mail Service
10. G-Suit Service
⮞⮞ Creative Graphic Design Services
1. Personal Logo Design
2. Small Business Logo Design
3. Company Logo Design
4. Business Card/ Letterhead/Pamphlet/ Envelope Design
5. Social Media Design / Holiday & Festival Design
6. Packaging Design
7. Billboard/ Lightbox/ Vinyl Design
8. Book Cover Design/ Calendar Design
9. Mascot Character Design
10. Motion Graphic Design & TVC
11. Applicatioin UI/ UX Design
စသည့်ဒီဇိုင်းမျိုးစုံကို Alinkar ၏ Professional Creative Designer များမှ အကောင်းဆုံးဖန်တီးပေးမည်ဖြစ်ပါသည်။
⮞⮞ Facebook Marketing Services
1. Standard (3) Month Plan
2. Professional (6) Month Plan
3. Premium (1) Year Plan
4. Standard Lite (3) Month Plan
5. Professional Lite (6) Month Plan
6. Premium Lite (1) Year Plan
ဈေးနှုန်းနှင့်အသေးစိတ်အချက်အလက်နှင့် Quotation ကို Chat Box မှဖြစ်စေ Alinkar Marketing Team – 09254701883 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Website Service နှင့် Digital Marketing အတွက် Marketing Team မှအသေးစိတ်အချက်အလက်များနှင့် ဈေးနှုန်းများကို လာရောက်ဆွေးနွေးညှိနှိုင်းပေးမည်ဖြစ်ပါသည်။
သီတင်းကျွတ်အကြို Promotion အဖြစ် စက်တင်ဘာလ အတွင်းအပ်နှံသူများကို package အားလုံးအတွက် ၁ဝ% လျော့ဈေးရရှိမည်ဖြစ်ပါသည်။
www.alinkardev.com
[email protected]
Click here to claim your Sponsored Listing.
Telephone
Website
Address
Mandalay
05013