MK Electronics

MK Electronics

Share

MK Electronicsမှ အာမခံပါဝင်တဲ့ TV၊ ရေခဲသေတ္တာ၊ D

05/04/2025

Magnitude level နှင့်
စိုးရိမ်အမှတ်များ လိုရင်းတိုရှင်း

Micro Earthquakes
Magnitude level - 1.0 - 2.9
- လူတွေမသိနိုင်
- မြေငလျင်တိုင်းကိရိယာများသာသိရှိနိုင်

- - - - - - - - - - - - - - - - - - - - - - - -

Minor Earthquake
Magnitude level - 3.0 - 3.9
- အဆောက်အဦအတွင်းမှလူတစ်ချို့အနည်းငယ်သတိပြုမိနိုင်။
- ပျက်စီးမှုမဖြစ်စေနိုင်။
- စိုးရိမ်စရာမရှိ။
- လမ်းလျှောက်၊ယာဉ်မောင်းနေသူများ
မသိရှိနိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Light Earthquake
Magnitude level - 4.0 - 4.9
- လူအများငလျင်ကိုသိသာစွာသိရှိနိုင်
- တုန်ခါသံများကြားရနိုင်၊ သေးငယ်ပြီး ပေါ့ပါးသောပစ္စည်းများ ရွေ့လျားနိုင်။
- သို့သော်ပျက်စီးထိခိုက်မှုမရှိနိုင်။
- သို့သော် ပြိုလုနီးပါး
အဆောင့်အဦးအနီးအနားတွင်မနေသင့်။

- - - - - - - - - - - - - - - - - - - - - - - -

Moderate Earthquake
Magnitude level - 5.0 - 5.9
- ထိခိုက်ပျက်စီးမှုစတင်ကြုံလာရနိုင်
- အိုဟောင်းနေသော သို့မဟုတ် ပြိုလုနီးပါး
အဆောက်အဦများ ထိခိုက်ပျက်စီးနိုင်။
- ငလျင်လှုပ်ခါမှုကို သိသာစွာသိရှိခံစားရနိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Strong Earthquake
Magnitude level - 6.0 - 6.9
- အဆောက်အဦဟောင်းများ ထိခိုက်ပျက်စီးမှုများနိုင်။
- လူဦးရေထူထပ်သောနေရာများတွင် ထိခိုက်မှုများနိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Major Earthquake ( Dangerous level )
Magnitude level - 7.0 - 7.9
- အထပ်မြင့်တိုက်များ ပြိုကျပျက်စီးနိုင်။
- အဆောက်အဦးဟောင်းများပျက်စီးဆုံးရှုံးနိုင်။
- ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများနိုင်။
- မြေပြိုခြင်း ၊ လမ်းပျက်စီးခြင်းများဖြစ်ပေါ်နိုင်။
- နောက်ဆက်တွဲ ဆူနာမီဖြစ်ပေါ်နိုင်ခြေ သင့်တင့်။
- Aftershock ( နောက်ဆက်တွဲငလျင်ငယ် ) များ ဆက်တိုက်ဖြစ်ပေါ်နိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Great Earthquake
Magnitude level - 8.0 နှင့်အထက်
- အလွန်ပြင်းထန်သော ပြိုကျပျက်စီးဆုံးရှုံး နိုင်ခြေ အလွန်မြင့်မား။
- နောက်ဆက်တွဲငလျင်နှင့်
နောက်ဆက်တွဲဆူနာမီဖြစ်ပေါ်နိုင်ခြေ မြင့်မား။

- - - - - - - - - - - - - - - - - - - - - - - -

Magnitude level 5.0 မှ 6.9 ထိ
စိုးရိမ်ဖွယ်အမှတ် အန္တရာယ် အသင့်အတင့်

Magnitude level 7.0 မှ အထက်
စိုးရိမ်မှတ်အန္တရာယ် မြင့်များ

မှတ်ချက် - ကြီးမားသောငလျင်ဖြစ်ပြီးနောက်
နောက်ဆက်တွဲငလျင်ငယ်များ ( aftershock ) ဆက်တိုက်ဖြစ်ပေါ်နိုင်သည့်အတွက်
ပြိုကျပျက်စီးလုနီးပါး
အဆောက်အဦအနီးအနားတွင်
နေထိုင်ခြင်းမပြုရ။

ငလျင်ဖြစ်ပေါ်မည့်အချိန်ကို ခန့်မှန့်လို့ရသည့်
နည်းပညာ ကမ္ဘာပေါ်တွင် ယနေ့ချိန်ထိမရှိသေး။
ထို့ကြောင့် ဘယ်နှစ်နာရီဘယ်ချိန်
ငလျင်လုပ်မည်ဆိုပြီး
ခန့်မှန်းရေးသားနေသော post များအား attention မပေးခြင်းဖြင့် ကူညီကြပါ။ aftershock ဖြစ်ပေါ်နိုင်သည်ကို
သိရှိနားလည်ပြီး သတိဝီရိယနိုးနိုးကြားကြားနေပါ။

လွတ်လပ်စွာ ပြန်လည်ကူးယူဖော်ပြနိုင်ပါသည်။

Shared by Meriko

09/01/2021

TV အလုံး ၂၀ နဲ့ ရေခဲသေတ္တာအလုံး ၃၀ တွေ မဲဖောက်ပေးမယ်ဆိုလို့ပါ။

Photos from MK Electronics's post 05/10/2020

🥐🍞🥧မုန့်ဖုတ်မဲ့သူတွေအတွက် အဆင့်(3)ဆင့်ပါတဲ့ Oven စက် ဆိုဒ်အကြီးတွေ MK Electronics မှာ ရနေပါပြီနော်။

🍕ဆိုင်သုံးအတွက်လဲ အဆင်ပြေ

🍰လုပ်ငန်းသုံးလဲ အဆင်ပြေ

🍪မိသားစု အိမ်မှာ အပျော်မုန့်လုပ်စားလဲ အဆင်ပြေတဲ့ Bear 🐻 တံဆိပ် 30Litre ovenလေးပါ။

Price : 75,000ကျပ်

🎁ပြီးတော့ oven (1)လုံး ဝယ်ယူပြီးMK Electronics အမှတ်တံဆိပ်ပါ ဖန်ခွက် လှလှ တစ်လုံး လက်ဆောင်ရယူလိုက်ပါ။

🚚မန္တလေးမြို့အတွင်းဆို လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ် အိမ်အရောက် ပို့ပေးမယ့် Delivery Service လဲရှိတယ်နော်....
အခြားမြို့တွေကို ကားဂိတ်ထိ အခမဲ့ ပို့ပေးပါတယ်......

အသေးစိတ်သိလိုတယ်ဆိုရင်
📲 09-974088081
တို့ကို ဆက်သွယ်နိုင်ပါတယ်။

Photos from MK Electronics's post 12/07/2020

🥐🍞🥧မုန့်ဖုတ်မဲ့သူတွေအတွက် အဆင့်(3)ဆင့်ပါတဲ့ Oven စက် ဆိုဒ်အကြီးတွေ MK Electronics မှာ ရနေပါပြီနော်။

🍕ဆိုင်သုံးအတွက်လဲ အဆင်ပြေ

🍰လုပ်ငန်းသုံးလဲ အဆင်ပြေ

🍪မိသားစု အိမ်မှာ အပျော်မုန့်လုပ်စားလဲ အဆင်ပြေတဲ့ Bear နဲ့ Supor 35L ဆန့် Oven တွေ ပြန်ရောက်ပါပြီ။

ဈေးနှုန်း - 85,000ကျပ်

🎁ပြီးတော့ oven (1)လုံး ဝယ်ယူပြီးMK Electronics အမှတ်တံဆိပ်ပါ ဖန်ခွက် လှလှ တစ်လုံး လက်ဆောင်ရယူလိုက်ပါ။

🚚မန္တလေးမြို့အတွင်းဆို မင်္ဂလာလက်ဖွဲ့ဖို့ပဲဖြစ်ဖြစ် လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ် မင်္ဂလာခန်းမ၊ အိမ်အရောက် ပို့ပေးမယ့် Delivery Service လဲရှိတယ်နော်....
အခြားမြို့တွေကို ကားဂိတ်ထိ အခမဲ့ ပို့ပေးပါတယ်....

🏢လိပ်စာကတော့
MK Electronics (အမ်ကေ အီလက်ထရွန်းနစ်)
၂၃၄, ၈၃လမ်း, ၂၇လမ်းနှင့် ၂၈လမ်းကြား, မန္တလေး။

အသေးစိတ်သိလိုတယ်ဆိုရင်
📲 09-974088081, 09-458741921
☎️02-73421, 02-68425, 02-34973
တို့ကို ဆက်သွယ်နိုင်ပါတယ်။

19/05/2020

Instock Water Dispenser တွေပါ။

Standard အေး - 118,000ကျပ်

Glacier ပူ/အေး - 115,000ကျပ်

🛵မန္တလေးမြို့တွင်း အိမ်အရောက် Delivery ရှိပါတယ်...

🚚နယ်ကို ကားဂိတ်ထိ အခမဲ့ ပို့ပေးပါတယ်....

🏢လိပ်စာကတော့
MK Electronics (အမ်ကေ အီလက်ထရွန်းနစ်)
၂၃၄, ၈၃လမ်း, ၂၇လမ်းနှင့် ၂၈လမ်းကြား, မန္တလေး။

အသေးစိတ်သိလိုတယ်ဆိုရင်
☎️02-4073421, 02-4068425, 02-4034973
📲 09974088081
တို့ကို ဆက်သွယ်နိုင်ပါတယ်။

19/05/2020

Glacier Air-cooler

Instock ပြန်ရောက်ပါပြီ။

ဈေးနှုန်း - 117,000ကျပ်

🛵မန္တလေးမြို့တွင်း အိမ်အရောက် Delivery ရှိပါတယ်...

🚚နယ်ကို ကားဂိတ်ထိ အခမဲ့ ပို့ပေးပါတယ်....

🏢လိပ်စာကတော့
MK Electronics (အမ်ကေ အီလက်ထရွန်းနစ်)
၂၃၄, ၈၃လမ်း, ၂၇လမ်းနှင့် ၂၈လမ်းကြား, မန္တလေး။

အသေးစိတ်သိလိုတယ်ဆိုရင်
☎️02-4073421, 02-4068425, 02-4034973
📲 09974088081
တို့ကို ဆက်သွယ်နိုင်ပါတယ်။

03/05/2020

အဲယားကွန်း မဝယ်ခင် သိထားရမယ့်အချက် (၆)ချက်

၁။ ရာသီဥတုအေးတဲ့လတွေမှာ ဝယ်ပါ။
မိုးရာသီ (သို့) ဆောင်းတွင်းကာလတွေမှာ လျှော့ဈေးချတတ်ပြီး ဆိုင်တွေမှာ ပစ္စည်းအစုံရှိတတ်တာမို့ ဝယ်ရတာ ဈေးတန်သလို ကိုယ့်စိတ်ကြိုက် ပစ္စည်းတွေ ရွေးနိုင်တယ်လေ။

၂။ ကိုယ်နဲ့ သင့်လျော်မယ့် အဲယားကွန်းအမျိုးအစားကို ရွေးချယ်ဆုံးဖြတ်ပါ။
နံရံမှာ တပ်မယ်ဆို Split Type၊ မျက်နှာကျက်မှာ မြှုပ်ထားမယ်ဆို Ceiling Casstte Type၊ နံရံဒေါင့်တစ်နေရာမှာ ထောင်ထားမယ်ဆို Floor Stand Type စသည်ဖြင့် ကိုယ်နဲ့ အဆင်ပြေမယ့် အမျိုးအစားကို ရွေးချယ်ထားပါ။

၃။ Aircon တပ်ဆင်မယ့် အခန်းရဲ့ ဧရိယာအကျယ်ကို တိုင်းတာပါ။
အခန်းရဲ့ ဧရိယာအကျယ်အဝန်းနဲ့ တွက်ချက်ပြီးမှ အအေးဓါတ်လုံလုံလောက်လောက်ပေးနိုင်မယ့် Aircon BTUsကို သိရမှာပါ။

၄။ Airconရဲ့ အအေးဓါတ်ထုတ်လွှတ်မှုအား (သို့) BTUsကို ရွေးပါ။ BTUs များလေ အအေးဓါတ်ထုတ်လွှတ်မှုအားများလေ တနည်းအားဖြင့် ပိုအေးလေပါ။

၅။ အဲယားကွန်းတွေမှာ ပါဝင်တဲ့ Special Features တွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ - လေသန့်စင် စနစ်ပါဝင်တာမျိုး၊ Anti-mosquitoes စနစ်ပါဝင်တာမျိုးတွေထဲမှ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာမျိုးကို ရွေးချယ်နိုင်ပါတယ်။

ဒါလေးတွေကတော့ Aircon မဝယ်ခင် သိထားသင့်တဲ့ အချက်တွေပါ။ Airconနဲ့ ပတ်သက်ပြီး ဒီ့ထက်ပိုပြီး ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ MK Electronics ဖုန်း-09458741921, 09974088081 တို့ကို အခုပဲ ဖုန်းဆက်ပြီး စုံစမ်းလိုက်ပါ။

🏢လိပ်စာကတော့
MK Electronics (အမ်ကေ အီလက်ထရွန်းနစ်)
၂၃၄, ၈၃လမ်း, ၂၇လမ်းနှင့် ၂၈လမ်းကြား, မန္တလေး။

အသေးစိတ်သိလိုတယ်ဆိုရင်
📲 09-974088081, 09-458741921
☎️02-73421, 02-68425, 02-34973
တို့ကို ဆက်သွယ်နိုင်ပါတယ်။

Photos from MK Electronics's post 03/05/2020

Bear Breakfast Set

🍞🥐ပေါင်မုန့်မီးကင်လို့တဲ့ toaster ရယ်

🥚ကြက်ဥပဲကြော်မလား၊ 🥓bacon၊ sausages အားလုံးကြော်လို့ရတဲ့ အကြော်အိုးရယ် ပါဝင်တဲ့ Bear အမှတ်တံဆိပ် Breakfast Setပါ။

ဈေးနှုန်း - 52000ကျပ်

🛵မန္တလေးမြို့တွင်း အိမ်အရောက် Delivery ရှိပါတယ်...

🚚နယ်ကို ကားဂိတ်ထိ အခမဲ့ ပို့ပေးပါတယ်....

🏢လိပ်စာကတော့
MK Electronics (အမ်ကေ အီလက်ထရွန်းနစ်)
၂၃၄, ၈၃လမ်း, ၂၇လမ်းနှင့် ၂၈လမ်းကြား, မန္တလေး။

အသေးစိတ်သိလိုတယ်ဆိုရင်
☎️02-4073421, 02-4068425, 02-4034973
📲 09974088081
တို့ကို ဆက်သွယ်နိုင်ပါတယ်။

18/03/2020

Clearance Sales 15% Off

Sharp SB-C10 Water dispenser

လက်ကျန်ရှင်း အထူးလျှော့ဈေး 15%

ယခင်ဈေး - 150,000ကျပ်

ယခုဈေး - 127,500ကျပ်

Instock ရှိသလောက်ပဲမို့ နောက်မကျရလေအောင် အခုပဲ ဖုန်းခေါ်လိုက်တော့နော်

📲09974088081,
🏢အမှတ်234, 83လမ်း 27*28လမ်းကြား။

17/03/2020

Electric Oven ကို ဘယ်လိုသုံးရမလဲ?

Ovenမသုံးခင် သိထားရမယ့် အချက် 5️⃣ချက်

ကိတ်မုန့်တွေ ပေါင်မုန့်တွေကို အိမ်မှာ ကိုယ်တိုင်လုပ်စားမယ်ဆိုရင် မိသားစုလဲပျော်ရွှင်ရသလို အပြင်မှာဝယ်စားတာထက် ဈေးသက်သာပြီး ကျန်းမာရေးအတွက်ပိုပြီးကောင်းပါတယ်။ ဒါတွေကို ပြုလုပ်ဖို့အတွက်ကတော့ Electric Ovenတစ်လုံးက မရှိမဖြစ်ပါပဲ။ ဒါဆိုရင် Electric Ovenလေးတွေကို ဝယ်ပြီး မသုံးခင် သိထားသင့်တဲ့အချက်တွေကို ပြောပြပေးသွားပါ့မယ်။

1️⃣Ovenစက်မှာ ပါဝင်တဲ့ ပစ္စည်းတွေနဲ့ ခလုပ်တွေကို သိအောင် လုပ်ပါ။

ဝယ်လာတဲ့ ovenအသစ်လေးကို မသုံးခင်မှာ ပါကင်ပုံးထဲမှာပါတဲ့ user manual လို့ခေါ်တဲ့ စာအုပ်ကို ဖတ်ဖြစ်အောင်ဖတ်ပေးပါ။ ဒီစာအုပ်ထဲမှာက ovenစက်ထဲမှာ ပါတဲ့ပစ္စည်းတွေ၊ တပ်ဆင်ပုံတွေနဲ့ အသုံးပြုနည်းတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်။

2️⃣အစားအသောက်ထည့်မချက်ခင် ovenစက်ကို အပူကြိုပေးထားပါ။

Oven ကို သတ်မှတ်အပူချိန်ရောက်အောင် အစားအသောက်တေကို ပြင်ဆင်နေချိန်မှာ အပူကြိုပေးထားရပါတယ်။ ပုံမှန်အားဖြင့် (10-15)မိနစ်လောက် ကြိုဖွင့်ပေးထားရပါတယ်။

3️⃣ချက်ပြုတ်မယ့် အစားအသောက်တွေကို ovenရဲ့ အလယ်ကတန်းမှာပဲ ထားပါ။

ဒါမှ အပေါ်အောက် မီးအပူက မျှပြီး သေချာကျက်မှာပါ။

4️⃣ ရေငွေ့နဲနဲထည့်ပေးပါ။

Ovenစက်တွေက ပုံမှန်အားဖြင့် အရမ်းခြောက်ပါတယ်။ ပေါင်မုန့်၊ ပီဇာ ကင်တဲ့အခါမှာ မုန့်သား အရမ်းခြောက်ကပ်ကပ်ကြီး ဖြစ်မနေအောင် ရေနွေးအနည်းငယ်ကို စက်ထဲကို ဖြန်းပေးပါ။

5️⃣သင့်လျော်တဲ့ ပန်းကန်၊ လင်ဗန်းတွေကို သုံးပေးပါ။

Ovenထဲထည့်သုံးရမယ့် ပန်းကန် (သို့) လင်ဗန်းတွေ ဈေးကွက်ထဲမှာ အမျိုးမျိုးလာပါတယ်။ ကိုယ်ချက်ပြုတ်မယ့် ဟင်းလျာနဲ့ အဆင်ပြေမယ့် အမျိုးအစားကိုတော့ ဂရုပြုပြီးရွေးချယ်ပေးပါ။

wasabi

Ref: Wikihow

Photos from MK Electronics's post 17/03/2020

အိမ်ရှင်မတို့ အသည်းကျော် အကြော်၊ အချက်၊ အပေါင်း စွယ်စုံသုံးရတဲ့ အိုးနီလေးတွေ ဆိုဒ်စုံ MK Electronicsမှာ ရနိုင်ပါပြီနော်။

ရနိုင်တဲ့ အမျိုးအစားနဲ့ ဈေးနှုန်း အသေးစိတ်ကို ပုံတွေအောက်မှာ တင်ပေးထားပါတယ်ရှင်။

🛵မန္တလေးမြို့တွင်း အိမ်အရောက် Delivery ရှိပါတယ်...

🚚နယ်ကို ကားဂိတ်ထိ အခမဲ့ ပို့ပေးပါတယ်....

🏢လိပ်စာကတော့
MK Electronics (အမ်ကေ အီလက်ထရွန်းနစ်)
၂၃၄, ၈၃လမ်း, ၂၇လမ်းနှင့် ၂၈လမ်းကြား, မန္တလေး။

အသေးစိတ်သိလိုတယ်ဆိုရင်
☎️02-4073421, 02-4068425, 02-4034973
📲 09974088081
တို့ကို ဆက်သွယ်နိုင်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address


#234, 83rd Street, Between 27th & 28th Streets
Mandalay
05024

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00