Win-Win

Win-Win

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win-Win, Author, Mandalay.

22/08/2024

နှလုံးတစ်ချက်အခုန်
သည်နာမ်စားလေးတစ်ခု ။

အချက်ရေအမျှ
စက္ကန့်အမျှ ကြား၍ကြား၍ ။

တစ္ဆေများခြောက်ရော့လေသလော ၊
ရောဂါတစ်စုံတစ်ရာများလော ၊

ချစ်စဖွယ့်
အို နာမ်စားငယ်ရယ် ..... ။ ။

Winn

20/08/2024

ပစ္စုပ္ပန်မှာနေထိုင်ရင်း
မသေချာတဲ့ အနာဂတ်အလှလေးကို
ငေးမောရင်း ။

အခွင့်ရှိက
ပိုင်ဆိုင်လိုသည် ။

ငေးနေရရုံလည်း
"ဖြစ်" သည် .........။ ။

Winn

20/08/2024

ရောမရဲ့
နေထွက်ချိန်တွေ

ပုဂံရဲ့
နေ၀င်ချိန်တွေ ထက်

မင်းအပြုံးလေးပဲ
တောက်လျှောက်ငေးခွင့်ရပြီး
ကုန်ဆုံးသွားရမယ့်
ကိုယ့်ဘ၀ "နေ၀င်ချိန်" ကိုပဲ

ကိုယ်မြင်သွားချင်ပါတယ် ....... ။ ။

Winn

13/08/2024

အန္တရယ်ကြုံမှ
ဘုရားတမိတဲ့အခါ
မင်းဘေးကင်းဖို့
ဆုတောင်းက

အရင် ......... ။ ။

Winn

12/08/2024

ကိုယ့်ရဲ့ ဒိုင်ယာရီလေး ဖြစ်ပေးပါလားကွယ် 📔

ကိုယ့်မှာလေ ကိုယ့်ရဲ့ ခံစားချက်တွေကို အမြဲနားထောင်ပေးတာဆိုလို့ ဒိုင်ယာရီလေးပဲရှိတယ်
တနေ့တာ အကြောင်းအရာတွေကို ဒိုင်ယာရီလေးဆီ ပြောပြနေကြဆိုပေမယ့် တခါလေတော့လဲ လူ့သဘာဝအရ ပျင်းတာပေါ့

ကိုယ့်ရဲ့ ဒိုင်ယာရီလေးမဖြစ်ချင်ဘူးလားကွယ်...💌
မင်းသာ ကိုယ့်အပိုင်ဆိုရင် ကိုယ့်ရဲ့ နေ့စဉ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မပျင်းမရိနဲ့ ပြောပြနေမိမှာ

Be My Diary! 📔
My diary is the only one that always listens to my feelings. Although I love to tell my daily routines to my diary, sometimes I am so lazy to do it.

Do you wanna be my diary? 💌
If you were mine, I wouldn’t be bored to tell you the things happened in my every single day.

12/08/2024

မိုးတွေကသည်း
လမ်းကမမြင်
လေကလည်းဝှေ့လို့ ။

အို .......
မင်းသာအနောက်မှာနေ
ခါးကလေးသာဖက်ထား ....

ဧ၀ရက်မကလို့
မြင်းမိုရ်တောင်ပဲဖြစ်ဖြစ်
အရောက်ပို့လို့ပေးပါ့မယ်

ဘီးကလေးရယ်ယိုင်နဲ့နဲ့ နှင့် .......။ ။

Winn

10/08/2024

ပုံမန်နံနက်ခင်းကလေး .......

ကြေးငှက်တို့တီးတိုးသံ
အမေ့ ကြေးစည်သံ
အဖေ့ချောင်းဟပ်သံ ။

တစ်ချက်ချက်ကြားမိတဲ့
မင်းရယ်သံ သဲ့သဲ့ ။

"နား"၀ကပဲလား
"နှလုံးသား" ကပဲ့တင်သံလား ။

သို့ဖြစ်၍
အကျွနုပ်အား
သူရူးဟုသတ်မှတ်စေ ....... ။ ။

Winn

08/08/2024

မကြိုက်လို့လား
မွှေးပါတယ်ကွာ ။

မနှစ်သက်လို့လား
အေးပါတယ်ကွာ ။

မနေတတ်လို့လား
ချစ်စရာကောင်းမှာပါ ။

ဒါ့ကြောင့် .....
သနပ်ခါးလေးလိမ်းပါ ...
ကိုယ့်ကိုတွေ့ရင် ပြုံးပြပါ ...... ။

Winn

07/08/2024

မပြင်ချင်စမ်းပါနဲ့
သာမန်ရိုးရိုးသာနေပါ ။

လူတိုင်းအသက်ရှူမှားကုန်မှဖြင့်
ရုံးမကြောက် ဂတ်မကြောက် ..... ။ ။

Winn

27/06/2024

"ချစ်သောသူနဲ့ကွေကွင်းရခြင်း" တဲ့
ချစ်သူ‌တွေမှပဲ ကွေကွင်းတာလို့
ကိုယ်မှတ်ခဲ့ဖူးတယ် ။

မင်းဟာ
ကိုယ့်ကိုမနှစ်သက်တဲ့အခါ ။

ကိုယ်ဟာ မင်းအတွက်
အကုသိုလ်ဖြစ်တဲ့အခါ ။

မင်းမျက်၀န်းလေးတွေက
ကိုယ့်အတွက်မဟုတ်တဲ့အခါ ။

မင်းဟာ အခြားနာမ်အတွက်
ပယ်ပယ်နယ်နယ် ပြုံးတော့တဲ့အခါ ။

တစ်ဖက်သတ်သော ကိုယ့်မှာ
ချစ်သောမင်းနဲ့ နီးနီးကပ်ကပ်ပဲ
ကွေကွင်းရပါတယ် ။

"ဪ ..... အချစ်ရယ် " ....။ ။

Winn

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay