NABC Runner Distribution

NABC Runner Distribution

Share

Northern ABC Runner distributes BEER brands such as:
ABC , HEINEKEN, TIGER, R7, BAWDAR beer.

17/04/2026

“နှစ်သစ်ဆုတောင်းမင်္ဂလာ”

အေးချမ်းသာယာတဲ့ မြန်မာနှစ်သစ်ကူး အချိန်အခါလေးမှာ အခက်အခဲတွေ၊ ပူဆွေးသောကတွေအားလုံး ကင်းဝေးသွားပါစေ

အားလုံးပဲ နှစ်သစ်မှာ လန်းဆန်းတက်ကြွတဲ့ ခွန်အားတွေနဲ့အတူ ရည်မှန်းချက်ပန်းတိုင်တွေကို အောင်အောင်မြင်မြင် လှမ်းကိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ အဆမတန် တိုးတက်လာပါစေကြောင်း

NABC Runner Distribution ကနေ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ 🥰

13/04/2026

အေးချမ်းတဲ့ သင်္ကြန်ရေစင်တွေနဲ့အတူ ဖြတ်သန်းရင်း တစ်နှစ်ပတ်လုံး ကြိုးစားရုန်းကန်ခဲ့ရတဲ့ ပင်ပန်းမှုတွေအားလုံး ရေစင်နဲ့အတူ ကင်းစင်သွားပါစေနော်

ဒီအားလပ်ရက်လေးမှာ မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ အေးချမ်းပျော်ရွှင်စရာ အချိန်တွေကို အပြည့်အဝ ဖန်တီးနိုင်ကြပါစေလို့လည်း ထပ်လောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🥰

Photos from NABC Runner Distribution's post 10/04/2026

မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ နွေးထွေးနေတဲ့ NABC Runner ရဲ့ လုပ်ငန်းခွင်

အလုပ်မှာ သွန်သင်လမ်းပြပေးတဲ့ Senior တွေဆိုတာ လမ်းပြကြယ်တွေပါပဲ

သူတို့ရဲ့ လမ်းညွှန်ပြသပေးမှုတွေအကြောင့် အငယ်ဝန်ထမ်းတိုင်း လမ်းမှန်ကို ရဲရဲကြီး လျှောက်နိုင်ခဲ့ကြတာပါ

ဒါကြောင့် အခုလို မြန်မာ့နှစ်သစ်ကူးချိန်လေးမှာ NABC Runner က လူငယ်ဝန်ထမ်းတွေက ဝါကြီးတဲ့ seniorဝန်ထမ်းတွေကို ကျေးဇူးဆပ်တဲ့ အစီအစဉ်လေးတစ်ခု ပြုလုပ်ခဲ့ပါတယ် 🥰

အဲ့တာက အငယ်တွေကို အမြဲတမ်း ဖေးမကူညီပေးတဲ့ အသက် (၄၀) ကျော် Senior ဝန်ထမ်းကြီးတွေကို လှူဖွယ်ပစ္စည်းတွေနဲ့အတူ ရိုရိုသေသေ ကန်တော့ခဲ့ကြတဲ့အစီအစဉ်လေးပါ

ကန်တော့ခံ Senior ကြီးတွေဘက်ကလည်း ဝမ်းသာပီတိဖြစ်ရုံမကဘဲ နွေးထွေးတဲ့ ဆုတောင်းမေတ္တာတွေ ပြန်လည်ပို့သပေးခဲ့ပါတယ်

ကျေးဇူးသိတတ်မှုတွေ၊ အပြန်အလှန် လေးစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အခုလို မြင်ကွင်းတွေက တကယ့်ကို ကြည်နူးစရာပါပဲ

ဒါကြောင့် တစ်ဦးပေါ်တစ်ဦး မေတ္တာထားပြီး ဖေးမကူညီတတ်တဲ့ NABC Runner မိသားစုရဲ့ ကန်တော့ပွဲ အမှတ်တရ မြင်ကွင်းတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🥰

02/03/2026

နေပူမရှောင်၊ မိုးရွာမရှောင် အားကြိုးမာန်တက် လုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားကြီးတွေဟာ နိုင်ငံရဲ့ အသက်သွေးကြောတွေပါပဲ။

ဦးကြီးတို့ရဲ့ ကြိုးစားအားထုတ်မှုတိုင်းအတွက် ထိုက်တန်တဲ့ အကျိုးအမြတ်တွေ ရရှိပြီး၊ မိသားစုနဲ့အတူ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြပါစေ လို့ NABC Runner Distribution ကနေ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🥰

\ #တောင်သူလယ်သမားနေ့

Photos from NABC Runner Distribution's post 28/02/2026

Brand တစ်ခုရဲ့ Image ကို အလှပဆုံး ပုံဖော်ပေးနေတာက 'ကောင်းမွန်တဲ့ ဝန်ဆောင်မှု' ပါပဲ

NABC Runner မှာ Customer တွေနဲ့ နေ့စဉ်နဲ့အမျှ အနီးကပ်ဆုံး ထိတွေ့နေရတာက Warehouse နဲ့ Sales Team ဝန်ထမ်းတွေပါ

သူတို့တွေက Brand ရဲ့ Image ကို အကောင်းဆုံး ထင်ဟပ်ပြသနေတဲ့ ကိုယ်စားလှယ်တွေလို့ ပြောရင်လည်း မမှားပါဘူး

ဒီဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ဝန်ဆောင်မှုတိုင်းက Customer တစ်ဦးချင်းစီအတွက် စိတ်ကျေနပ်မှုတွေကို ဖြစ်စေပါတယ်

ဒီအချက်က ကျွန်တော်တို့ရဲ့ Branding Image တစ်ခုလုံးကို ပိုမိုခိုင်မာလာစေဖို့အတွက် အရေးအကြီးဆုံးပါပဲ

ဒါကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး "Customer ဝန်ဆောင်မှုသင်တန်း" ကို ပေးခဲ့ပါတယ်

ဒီသင်တန်းမှာ စာတွေ့တင်မကဘဲ၊ လက်တွေ့လုပ်ငန်းခွင်မှာ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကိုပါ Activity လေးတွေနဲ့ ပျော်ပျော်ပါးပါး၊ ထိထိရောက်ရောက် လေ့ကျင့်သင်ယူခဲ့ကြပါတယ်

Customer တွေကို အကောင်းဆုံး ဖြန့်ချိရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေတဲ့ ကျွန်တော်တို့ ဝိုင်းတော်သားတွေရဲ့ သင်တန်းမှတ်တမ်း ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🥰

NABC_Runner_Distribution

17/02/2026

Happy Chinese New Year 🐴🎇

တရုတ်နှစ်သစ်ကူး (မြင်းနှစ်) မှာ

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး မိသားစုနဲ့အတူ ပျော်ရွှင်စရာ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ

စိတ်သွားတိုင်း ကိုယ်ပါပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ

ဘေးအန္တရာယ် ကင်းရှင်းပြီး အေးချမ်းတဲ့ နှစ်သစ်လေး ဖြစ်ပါစေ ကြောင်း NABC Runner ကနေ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ 🥰

\

14/02/2026

အချစ်ထက် အလုပ်ကို ဦးစားပေးတဲ့ ဝန်ထမ်းတွေကို NABC Runnerက ချစ်သူများနေ့ အမှတ်တရ လက်ဆောင်တွေ ပေးခဲ့ပါတယ် 😁

အခုလို Valentine’s Day မှာ

‼️ ချစ်သူနဲ့ လည်ဖို့ဆိုပြီးလည်း ခွင့်မယူ
‼️ ချစ်သူမရှိပေမဲ့ ချစ်သူရှိတယ်ထင်ရအောင်လည်း လိမ်ပြီး ခွင့်မယူဘဲ

ရုံးတက်ပေးလို့ NABC Runnerကလည်း ကျေးဇူးအထူးတင်ပါတယ်နော်

ပန်းစည်းနဲ့ ချောကလက်ရတဲ့အတွက်လည်း ပျော်ရွှင်ကြမယ်လို့ ယုံကြည်ပါတယ် 🥰

အလုပ်ကြိုးစားတဲ့ NABC Runner ဝိုင်းတော်သားတိုင်း ပျော်ရွှင်ကြပါစေ ❤️

အားလုံးပဲ Happy Valentine's Day ပါ 💖

’sDay

12/02/2026

ပြည်ထောင်စုနေ့ တို့မမေ့

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်လာတဲ့ (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို မိဘပြည်သူတွေနဲ့အတူ NABC Runner Distribution မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ 🥰

30/01/2026

System တွေ အရမ်းများလွန်းရင် Error တွေလည်း များလာတတ်တယ်ဆိုတာ အားလုံးအသိပါပဲ

ဒါပေမဲ့ အကောင်းဆုံး ဖြန့်ချိရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ NABC Runner မှာတော့ ဒီလို မဟုတ်ပါဘူး

ဘာလို့လဲဆိုရင် ရှုပ်ထွေးမှုတွေကို လျှော့ချနိုင်ဖို့ One System ဆိုတဲ့ စနစ်တစ်ခုတည်းကိုပဲ ခိုင်ခိုင်မာမာနဲ့ အကောင်းဆုံး အားဖြည့်ထားတာကြောင့်ပါ

အခုလို ခိုင်မာတဲ့ စနစ်တစ်ခုတည်းနဲ့ ချိတ်ဆက်ထားနိုင်တဲ့အတွက်လည်း Outlet နဲ့ Brand တွေကြားမှာ အကောင်းဆုံး ဖြန့်ချိရေးဝန်ဆောင်မှုတွေ ပေးနေနိုင်တာပဲဖြစ်ပါတယ်

ရေရှည်သွားမဲ့ ခရီးတစ်ခုမှာ ရိုးရှင်းတာကသာ အကောင်းဆုံး အထောက်အပံ့ ဖြစ်စေလို့ပါပဲ

ဒါကြောင့်လည်း နာမည်ကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ Heineken, Tiger, Bawdar, Regal Seven နဲ့ ABC တို့က NABC Runner ကို ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ထားကြတာပဲဖြစ်ပါတယ်ခင်ဗျာ 🥰

Visit Our Website - http://northernabcrunner.com

☎️ ဆက်သွယ်ရန် - 09-2011177, 09-792011177 ( ရုံးချိန် 8:30 AM မှ 5:30 PM အတွင်း)
🚩လိပ်စာ - အမှတ်(14)၊ 38လမ်း၊ 78xX79လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

04/01/2026

“မြန်မာ့ လွတ်လပ်ရေးနေ့”

(၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အား NABC Runner မှ လေးစားစွာဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါသည်

03/01/2026

မိတ်ဆွေတို့လုပ်ငန်းမှာ "ပျင်းစရာအကောင်းဆုံး" အပိုင်း ဖြစ်ချင်တာပါ

အားလုံးသိတဲ့အတိုင်းပါပဲ

ဘားတွေ၊ ဆိုင်တွေမှာ မထင်မှတ်ထားတာတွေ ဖြစ်လာတာက ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး

Surprise ဆိုပြီး

‼️ ပစ္စည်းအဝင်နောက်ကျတာမျိုး
‼️ Damage ဖြစ်နေတာတွေ ပါလာတာမျိုး
‼️ ရောင်းကောင်းတဲ့ ရာသီမှာ ပစ္စည်းတွေ မရနိုင်တာမျိုးတွေက ဘယ်သူမှ ကြုံချင်ကြမှာ မဟုတ်ပါဘူး ဆိုတာ သေချာပါတယ်

ဒါအစား စိတ်အေးလက်အေးနဲ့ စိတ်ချရတာကိုပဲ လိုချင်ကြတာချည်းပါပဲ

မန္တလေးအခြေစိုက် Distribution Company ဖြစ်တဲ့ NABC Runner ကတော့ Outlet တွေရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်းကြီး နားလည်ပါတယ်

ထုတ်ကုန်တွေကို လိုတဲ့အချိန်တိုင်း အလွယ်တကူ ရနိုင်မှ မိတ်ဆွေတို့အနေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ "အရောင်းပိုင်း" ကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်မှာ မဟုတ်လား

ဒါကြောင့်ပဲ နောက်ကွယ်ကနေ စနစ်တကျတည်ဆောက်ထားတဲ့ ဖြန့်ချိရေးကွန်ရက်ကြီးနဲ့အတူ

✔️ အချိန်မီပို့မယ်၊ အကောင်းဆုံး Quality အတိုင်းရှိစေရမယ်

✔️ မိတ်ဆွေတိုင်း ဘာကိုမှ စိတ်ပူစရာမလိုဘဲ အပူကင်းစေမယ်

✔️ နောက်ကွယ်ကနေ အကောင်းဆုံး ဖြည့်ဆည်းပေးမယ် ဒါပါပဲ

စိတ်ချရတယ်ဆိုတာ NABC Runner ရဲ့ ကတိကဝတ်ဖြစ်နေတာကြောင့်ပါပဲခင်ဗျာ 🥰

Visit Our Website - http://northernabcrunner.com

☎️ ဆက်သွယ်ရန် - 09-2011177, 09-792011177 ( ရုံးချိန် 8:30 AM မှ 5:30 PM အတွင်း)
🚩လိပ်စာ - အမှတ်(14)၊ 38လမ်း၊ 78xX79လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

02/01/2026

Soup ဆိုတိုင်း နွေးရမယ်လို့ ဘယ်သူပြောလဲ??

ဆောင်းတွင်း အေးအေးလေးနဲ့ Chill လို့ရမဲ့ Soup လည်း ရှိနေတာပါပဲ

ပါဝင်ပစ္စည်းတွေကတော့ ရှင်းပါတယ်

Beer ရယ် Good Vibes တွေရယ်ပေါ့

ဒါကို "Beer Soup" လို့ ခေါ်ပါတယ်

သူက သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့လိုက်ရင် "ရင်ထဲကို" အလိုလို နွေးသွားစေမဲ့ အမျိုးအစားပါ

အရသာကတော့ အားလုံး သိတဲ့အတိုင်းပဲပေါ့ 😎

ကဲ... Soup သောက်ဖို့ အသင့်ပဲလား??

ကိုယ်ကြိုက်တဲ့ Soup အရသာကို ရွေးချယ်နိုင်ဖို့ နာမည်ကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ Heineken, Tiger, Bawdar, Regal Seven နဲ့ ABC တို့ကို NABC Runner ကနေ တာဝန်ယူဖြန့်ချိန်ပေးနေပါတယ်ခင်ဗျာ 🥰

Visit Our Website - http://northernabcrunner.com

☎️ ဆက်သွယ်ရန် - 09-2011177, 09-792011177 ( ရုံးချိန် 8:30 AM မှ 5:30 PM အတွင်း)
🚩လိပ်စာ - အမှတ်(14)၊ 38လမ်း၊ 78xX79လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

Want your business to be the top-listed Food & Beverage Service in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 14, 38st, Bet 78 & 79
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30