ThirtyTwo - Fingerjoint Furniture Store

ThirtyTwo - Fingerjoint Furniture Store

Share

Decorate your home with simple!

Photos from ThirtyTwo - Fingerjoint Furniture Store's post 01/08/2025

💙Bedside Table💙

အိပ်ယာဘေးမှာတင်စရာမရှိလို့ ဖုန်း နားကြပ် အားသွင်းကြိုး စတဲ့ ပစ္စည်းတွေကို ကုတင်ပေါ်မှာ အဆင်ပြေသလိုထားတာ ထိခိုက် ပျက်စီးလွယ်ပါတယ်... အဲ့လို အထိအခိုက် မရှိအောင် လူကြီးမင်းတို့ အိပ်ယာဘေးမှာ Bedside table လေးက ရှိကိုရှိသင့်ပါတယ်... လူကြီးမင်းတို့ လိုချင်တဲ့ design လေးတွေရှိရင်လည်း Customize မှာယူနိုင်ပါတယ်...
ဝယ်ယူလိုပါက page messenger (or) 09778530688 သို့ ဆက်သွယ်နိုင်ပါတယ်☺️

Photos from ThirtyTwo - Fingerjoint Furniture Store's post 06/02/2024

💙Bedside Table💙


27/01/2024

သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပစေမယ့် နည်းလမ်းကောင်းများ( လိုက်ကာအပြောင် အုပ်မထားသော သစ်သားများအတွက်သာ)
----------------------

ပရိဘောဂတွေကို သန့်ရှင်းပေးနိုင်တဲ့ များစွာသော Chemical Cleaner တွေရှိပေမယ့် ဒါတွေဟာ အသုံးပြုသူအတွက်ရော ပတ်ဝန်းကျင်လေထုမှာပါ အနံ့အသက်တွေ ပျံ့နှံ့စေနိုင်ပါတယ်။ အိမ်သုံး ပရိဘောဂတွေပေါ်က အစွန်းအထင်းတွေနဲ့ အရောင် တောက်ပမှု မရှိတာတွေအတွက် အသစ်အတိုင်းကို ပြန်လည် တောက်ပလာစေမယ့် လွယ်လွယ်ကူကူ သန့်ရှင်း ရေး ပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းကောင်းတွေကို ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနဲ့ဖျော်ထားတဲ့ မုန့်ဖုတ်ဆိုဒါရေကို ဖျန်းဆေးဘူးထဲထည့်ပြီး အဝတ်နဲ့ ပွတ်တိုက် သန့်ရှင်းရေး လုပ်ပေးခြင်းအားဖြင့် သစ်သား ပရိဘောဂတွေကို ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။

(၂) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ ရှာလကာရည်အနည်းငယ်ကို သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်းခွဲလောက်နဲ့ ရောပြီး အစွန်းအထင်းနဲ့ ခြစ်ရာစင်းရာတွေရှိတဲ့ သစ်သားပရိဘောဂတွေပေါ်ကို ပွတ်တိုက်သန့်ရှင်းပေး နိုင်ပါတယ်။

(၃) လိမ္မော်သီးခွံအနည်းငယ်ပေါ်မှာ သံလွင်ဆီနှစ်စက်ခန့် လောင်းပြီး သစ်သားပရိဘောဂတွေကို ပွတ်တိုက် ပေးခြင်းအားဖြင့် ပရိဘောဂအရောင်တွေကို ပြောင်လက်တောက်ပနေစေမှာ ဖြစ်ပါတယ်။

(၄) သံလွင်ဆီနဲ့ ဝိုင်နီတို့ကို ဆတူရောပြီး ပရိဘောဂတွေပေါ်မှာ အနည်းငယ်လောင်းချပြီး အဝတ်စနဲ့ပွတ်တိုက်ပေးရုံနဲ့ သင့်ရဲ့ ဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပနိုင်စေမှာ ဖြစ်ပါတယ်။

(၅) အပူပေးထားတဲ့ ပျားဖယောင်းအနည်းငယ်ထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်ရောထားတဲ့ အရောကို တောက်ပမှုမရှိတော့တဲ့ ပရိဘောဂတွေပေါ်မှာ ပွတ်တိုက်ပေးရုံနဲ့ ပြောင်လက်တောက်ပလာစေမှာ ဖြစ်ပါတယ်

09/01/2024

⏩⏩⏩မင်္ဂလာပါ☺️

3️⃣2️⃣ မှ ပြုလုပ်ပီး ရောင်းချနေသော ပစ္စည်းများကိုသာ မဟုတ်ပဲ မိမိစိတ်ကြိုက် လိုချင်သော အတိုင်းအတာ နဲ့ ပုံစံပြောပီး Page Messenger တွင် ဈေးနှုန်းသက်သာစွာဖြင့် {အားမနာတမ်း 😬} ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်.....

Photos from ThirtyTwo - Fingerjoint Furniture Store's post 27/11/2023

ရိုးရိုးရှင်းရှင်းပုံစံ ဘုရားစင်လေး မှာယူ အားပေးသော အကိုနဲ့အမ တို့ကို TT furniture မှ ကျေးဇူးအထူးတင်ပါတယ်...

💙Decorate with simple furnitures!💙

12/11/2023

💙Size သေးသေးနဲ့ ပုလင်းများများ ခွက်များများထားရအောင်လေးဆိုလို့ အဆင်ပြေအောင် လုပ်ထားပေးတဲ့ စင်လေးပါ.. ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ်💙

Photos from ThirtyTwo - Fingerjoint Furniture Store's post 07/11/2023

Order မှာထားသော ချစ်မိတ်ဆွေများအတွက် စေတနာအပြည့်ဖြင့် 32Furniture💙

29/10/2023

သီ တင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ ✿
══════════════════════════════════

သတင်းကျွတ်လပြည့် နေ့ဗုဒ္ဓသမိုင်းလေးသိချင်ပါတယ် .ကျေးဇူးတင်ပါတယ်(Candy Cho)
-------------------------------------------------------------------------------
သီတင်းကျွတ်လပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်က ဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင် စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ကပ်ဆိုတော်မူပါတယ်။ ၀ါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး (၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့ နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဘုရားဖြစ်တော်မူပြီးတဲ့ မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့ နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။ ၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့် နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင် လူ့ပြည်ဆင်းတဲ့ အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြား စေတော်မူပါတယ်။

နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။ ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။

ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်ပဲ ဖြစ်ပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကို နေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန် လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာ ဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာ သောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။

တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကို ဆင်းကြွတော်မူပါတယ်။ လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသော ပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။ ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာ အဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။

စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက် မိတ်ဆက်တင်ပြလိုပါတယ်။ ဘုရားရှင်ရဲ့ ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကို သတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများ လိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ အာဏာဒေသနာ၊ အဘိဓမ္မာပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား) များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။ ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရ အဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊ စေတသိက်တို့ရဲ့ သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက် ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။ ပြီးတော့ အဘိဓမ္မာမှာ် လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကို တိတိကျကျ ဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေး တရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့ သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့ အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိ မျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကျိုးတရားနဲ့ သဘောတရားများကို အဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကို အကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှု အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများ တိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်း သိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ဘုရားရှင်ကိုလည်း ပူဇော်ရင်း ဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာ ကုသိုလ်တရား ပွားနိုင်ကြဖို့ သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့အကြောင်း ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်။ Crd:

25/10/2023

🇲🇲 မြန်မာ့လက်သမားသုံးအခေါ်အဝေါ်များကို မီလီမီတာ (mm) ၊ လက်မ(inch) နဲ့တွဲပြီးဖော်ပြပေးလိုက်ပါတယ်။

၁ ပဲ = 1.58 mm

၁ မတ် = 6.35 mm = 1/4 inch

၅ မူး = 12.7 mm = 1/2 inch

၃ မတ် = 19.05 mm = 3/4 inch

၁ကျပ် = 25 mm = 1 inch

၅ မတ် = 31.75 mm = 1 + 1/4 inch

3️⃣2️⃣ရဲ့ မိတ်ဆွေများလည်း ဗဟုသုတရရှိခဲ့တယ်ဆိုရင် မြန်မာအခေါ်အဝေါ်များကို လက်ဆင့်ကမ်းတဲ့အနေနဲ့ 𝐒𝐡𝐚𝐫𝐞 ခဲ့ပေးပါအုံး။💙

Photos from ThirtyTwo - Fingerjoint Furniture Store's post 12/10/2023

3️⃣2️⃣ မှ ထုတ်လုပ်ရောင်းချခဲ့သော furniture များကို ဝယ်ယူအားပေးခဲ့သော Customer တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိတယ်ခင်ဗျ 💙

Want your business to be the top-listed Furniture Store in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay