Kyaw Thu - Insurance Agent
peace of mind
07/01/2022
Buying life insurance cannot
change your life; instead it
prevents your lifestyle from
being changed. After tolling
for decades, an illness can
wipe out an entire family's
savings by medical bills
incurred.
In times of tragedy, when
faced with possible loss of life,
one is once again reminded of
the purpose of the existence of
insurance sales people.
JACK MA
04/01/2022
Most people think ‘selling’ is the same as ‘talking.’ But the most effective salespeople know that listening is the most important part of their job. — Roy Bartell
04/01/2022
12/10/2021
#သိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုး
============================
၁။ရပ်ထားသောယာဉ်ကို
ဝင်ရောက်တိုက်မိခြင်း။
ရပ်ထားသောယာဉ်ကို
အခြားယာဉ်တစ်စီးမှ
ဝင်ရောက်မိတဲ့အခါမှာ
တိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။
ဒါပေမယ့်
ညအချိန်အမှောင်ထဲမှာ
ဘေးမီးဖွင့်မထားဘဲ
လမ်းမပေါ်ရပ်ထားခဲ့မယ်။
အန္တရာယ်မဖြစ်နိုင်အောင်
သတိပေးမယ့်သူရှိမနေခဲ့ရင်တော့
ရပ်ထားတဲ့ယာဉ်မှာလည်း
တာဝန်ရှိနိုင်ပါတယ်။
၂။ရှေ့ယာဉ်အားနောက်ယာဉ်မှ
ဝင်ရောက်တိုက်မိခြင်း။
နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။
ဒီနေရာမှာတချို့ကပြောကြပါတယ်။
ရှေ့ယာဉ်က ရုတ်တရက်
ဘရိတ်အုပ်လို့တိုက်ရတာပါလို့
ပြောကြပါတယ်။
ဒါပေမယ့်
ယာဉ်သွားလာမှုစည်းကမ်း
နည်းဥပဒေ ၁၄၅မှာ
ရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်
နောက်မှယာဉ်သည်
ထိခိုက်မှုမဖြစ်စေရန်
သင့်လျော်သောအကွာအဝေးမှ
လိုက်ရမည်လို့ဖော်ပြထားပါတယ်။
သင့်လျော်သောအကွာအဝေး
ဆိုတာကေတာ့
ပုံသေမရှိနိုင်ပါဘူး။
ရှေ့ယာဉ်အရှိန်များရင်
များသလို
အရှိန်နည်းရင်နည်းသလို
ထိခိုက်မှုမရှိပဲ
ရပ်တန့်နိုင်မယ့်အကွာအဝေးကို
ချိန်ဆမောင်းနှင်ရမှာပါ။
အဲ့ဒီအတွက်
ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်
လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်
အကြောင်းတစုံရာကြောင့်
ရပ်တန့်ချိန်မှာ
နောက်ယာဉ်သည်လည်း
ထိခိုက်မှုမရှိအောင်
ရပ်တန့်နိုင်ရပါမယ်။
ဖရီးကြောလို့ခေါ်တဲ့
ရပ်မျဉ်းမရှိတဲ့ ကွေ့ကြော
တည့်ကြောမှာတိုက်ရင်တော့
ရှေ့ယာဉ်အမှားဖြစ်ပါတယ်။
လမ်းညွှန်အမှတ်အသားကို
လိုက်နာခြင်းမရှိတဲ့
အတွက်ပါ။
၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။
မိန်းလမ်းမကြီးနဲ့
လမ်းသွယ်ဆိုရင်တော့
လမ်းသွယ်ယာဉ်ရဲ့တာဝန်ပဲ
ဖြစ်ပါတယ်။
နည်းဥပဒေ ၁၄၉(ခ)အရ
လမ်းမကြီးမှ ယာဉ်သည်
ဦးစားပေးရတဲ့အတွက်ပါ။
တကယ်လို့
တူညီလမ်းဆုံမှာဆိုရင်တော့
နည်းဥပဒေ ၁၄၉(က)အရ
လက်ယာဘက်ယာဉ်သည်
ဦးစားပေးရပါတယ်။
တူညီလမ်းဆုံသို့
ယာဉ်(၂)စီးတပြိုင်တည်း
ရောက်ရှိလျှင်
ဦးစွာရောက်ရှိသောယာဉ်ကို
ဦးစားပေးရမည်ဖြစ်ပြီး
တချိန်တည်းရောက်ရှိလျှင်
လက်ယာဘက်ယာဉ်ကို
ဦးစားပေးရမည်လို့
သက်မှတ်ထားတဲ့အတွက်ပါ။
၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်
တိုက်မိခြင်း။
ဒါကတော့ယာဉ်(၂)စီးလုံးမှာ
တာဝန်ရှိပါတယ်။
လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့
ဒီနိုင်ငံမှာ သာမန်အားဖြင့်
မည်သည့်ယာဉ်မဆို
လက်ယာကပ်မောင်းရမှာ
ဖြစ်တဲ့အတွက်ပါ။
နည်းဥပဒေ ၁၄၁မှာလည်း
ဖော်ပြထားပါတယ်။
အမြန်လမ်းတွေလို
ယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆို
လက်ဝဲဘက်အစွန်းကြောသည်
ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်
မှာသာအသုံးပြုရမှာဖြစ်ပါတယ်။
၅။T ပုံသဏ္ဍန်လမ်းဆုံတွင်
တိုက်မိခြင်း။
Tလမ်းဆုံမှာတိုက်ရင်လည်း
လမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်က
အမှားပဲ ဖြစ်ပါတယ်။
၆။တည့်ယာဉ်နှင့်ဝဲဘက်သို့
'ဂ'ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း။
နည်းဥပဒေ ၁၄၈ နဲ့ ၁၅၀ အရ
တည့်တည့်လာနေတဲ့
ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်က
အမှားပဲဖြစ်ပါတယ်။
"လွတ်မယ်ထင်လို့
ကွေ့တာပါ" တို့
"ရှေ့ကတည့်တည့်လာတဲ့ယာဉ်က
အရှိန်များတာ" တို့
ပြောတက်ကြပါတယ်။
ဘယ်လိုပဲပြောပြော
ရှင်းရမှာပါပဲ။
၇။လမ်းပြောင်းပြန်ကျော်တက်၍
မျက်နှာချင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း။
နည်းဥပဒေ ၁၄၆အရ
ရှေ့မှမျက်နှာခြင်းဆိုင်လာသော
ယာဉ်မရှင်းဘဲလမ်းပြောင်းပြန်
ကျော်တက်တက်တဲ့ယာဉ်မှာ
တာဝန်ရှိပါတယ်။
၈။ဘေးချင်းယှဉ်ကျော်တက်၍
ပွတ်တိုက်ခြင်း။
လက်ဝဲဘက်မှကျော်တက်
ပွတ်တိုက်မိသည့်ယာဉ်သာ
အမှားဖြစ်ပါတယ်။
၉။အဝိုင်းတွင်ယာဉ်(၂)စီး
တိုက်မိခြင်း။
နည်းဥပဒေ၁၄၉အရ
အဝိုင်းပတ်နေတဲ့ယာဉ်သာအမှန်
ဖြစ်ပါတယ်။
အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာ
ဖြစ်ပေမယ့်
မြို့တော်တော်များများမှာ
အဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲ
ရပ်ပေးနေတာကိုမြင်နေရပါတယ်။
ရန်ကုန်မြို့က
ဦးထောင်ဘို/ဟံသာဝတီအဝိုင်းလိုမျိုး
နေပြည်တော်ကြာပန်းအဝိုင်းလိုမျိုး
အဝိုင်းကြီးတွေမှာ အဝိုင်းပတ်နေတဲ့
ယာဉ်အချင်းချင်းတိုက်မိရင်တော့
လက်ဝဲဘက်အတွင်းကြောကယာဉ်
အမှန်ဖြစ်ပါတယ်။
၁၀။ယာဉ်မှလူကိုတိုက်ခြင်း
စက်တပ်ယာဉ်နဲ့လူ
တိုက်မိပြီဆိုရင်တော့
စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။
ပြောစရာတောင်မလိုလောက်ပါဘူး။
ယာဉ်တိုက်မှုဖြစ်ပွားရတဲ့
အကြောင်းအရင်းတွေကတော့
ယာဉ်မောင်းနှင်သူများရဲ့
ပေါ့လျော့မှုကြောင့်ရယ်
ယာဉ်ရဲ့စက်ပစ္စည်း
ချို့ယွင်းမှုကြောင့်ရယ်
လမ်းအသုံးပြုသူများရဲ့
ပေါ့လျော့မှုတွေကြောင့်
အဖြစ်များပါကြပါတယ်။
ဒါကတော့
ကျွန်တော်မှတ်ထားသလောက်ကို
ပြန်ဝေမျှပေးတာပါ။
အမှားပါကောင်းပါနိုင်ပါတယ်။
တက်သိနားလည်သော
ဆရာများမှအမှားဝင်ရောက်
ထောက်ပြနိုင်ပါတယ်။
Credit
Myo Win Maung
11/12/2020
11-Dec-2020
အလုံးစုံအာမခံ ထားပေးဖြစ်တဲ့ကားတွေပါ
အိမ်စီးကားတွေမှအစ လုပ်ငန်းသုံးကားကြီးတွေအထိ အလုံးစုံအာမခံ ဆောင်ရွက်ပေးသလို
မီးအာမခံအတွက် လူနေအိမ် , စက်ရုံ , အလုပ်ရုံ , ဂိုဒေါင် , စက်ပစ္စည်း , ကုန်ပစ္စည်း စသည်တို့ကို မီးအာမခံ နှင့် IAR (Industrial All risk ) အာမခံတို့ကိုဆောင်ရွက်ပေးပါတယ်
ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ ကုန်းကြောင်းရေကြောင်း အာမခံအတွက်လည်း ဆောင်ရွက်ပေးနေပါတယ်
ကိုယ်အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ
ကိုယ်အသက်ကြီးလာလို့ retire ယူတဲ့အချိန်မှာ
ကိုယ့် သားသမီးတွေရဲ့ အနာဂါတ်ပညာရေး အတွက် စိတ်ချစေချင်တဲ့အချိန်မှာ
ငွေကြေးဆိုတဲ့ financial က လိုအပ်လာမှာ အသေအချာပါပဲ ကိုယ့်ရဲ့ လစဉ်ဝင်ငွေထဲကနေ အနာဂတ်အတွက် အာမခံ ထားပြီးငွေစတင်စုသင့်နေပါပြီ
ကိုယ့်ရဲ့ကျန်းမာရေးအတွက် အာမခံထားနိုင်သလို အခုလို COVID-19 ကြောင့် ဆေးရုံတက်ရရင် ငွေရေးကြေးရေးအရ အကာအကွယ်ရဖို့လည်း အာမခံထားနိုင်ပါတယ်
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိပေမယ့် အထွေထွေအာမခံနဲ့ အသက်အာမခံရဲ့ pe*******on က 0.24% ပဲရှိသေးတဲ့အချိန်မှာ ဒေသတွင်း ကမ္ဘောဒီယားနိုင်ငံမှာတော့ 0.79% ရှိနေပါပီ
အာမခံက future promise ကိုရောင်းတာဖြစ်တဲ့အတွက် အာမခံရောင်းတဲ့အေးဂျင့်တွေ အနေနဲ့ Continuous Professional Development အတွက်ဆက်လေ့လာနေဖို့လိုအပ်ပါမယ် လူ့အသိုင်းအဝိုင်းအတွင်းမှာ လူအနည်းစုရဲ့ အခက်အခဲကို အာမခံ နဲ့ ကူညီပေးနိုင်ရန်အတွက် ဆက်တိုက်လေ့လာနေဖို့ လိုအပ်ပါမယ်
သင်ယူလျှက်
KT
IA(N)GI-00900
EMBA - USA
Myanmar MPS
Hub Myanmar Insurance
09 7979 22221
#ကားအာမခံ
#မီးအာမခံ
#ကျန်းမာရေးအာမခံ
#အသက်အာမခံ
#ပညာရေးအာမခံ
24/10/2020
#အသက်အာမခံနဲ့_ကျန်းမာရေး_အာမခံ_ဘာကွာလဲ❓
အလွယ်ဆုံးပြောရရင် #အသက်အာမခံ က နောင်လာမယ့် ၅ နှစ် ၁၀ နှစ် အတွက်ရည်ရွယ်ပြီး ငွေစုခြင်းတစ်မျိုးပါ နောင် ၅ နှစ် ၁၀ နှစ်မှာ ကိုယ်စုချင်တဲ့ Amount တစ်ခုကို Goal သက်မှတ်ပြီး ကိုယ့်ရဲ့ လစဉ် ဝင်ငွေထဲကနေ အာမခံကုမ္ပဏီကို ပေးသွင်းရခြင်းပါ ကိုယ်ပေးသွင်းလိုက်တဲ့ ငွေအားလုံးဟာ နှစ်ပြည့်ရင်အားလုံးပြန်ထုတ်လို့ရတဲ့အပြင် အတိုးပါရပါတယ် နောက်ပြီး ထုတ်လို့ရတဲ့ငွေအားလုံးငွေဖြူဖြစ်ပါတယ် ငွေဖြူဖြစ်တဲ့အတွက် တစ်ခုခု ဝယ်ပြီး နာမည်ဖောက်မယ်ဆို အခွန်ဆောင်စရာမလိုတော့ပါဘူး ဘဏ်မှာစုရင်ဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး စုပါ ကိုယ့်စုသလောက်အတိုးပြန်ရမှာပါ
အာမခံကုမ္ပဏီမှာစုရင်တော့ ငွေစုနေစဉ်ကာလအတွင်း ကိုယ်တစ်ခုခုဖြစ်သွားခဲ့ရင် သို့မဟုတ် ထာဝစဉ်မသန်စွမ်း ဖြစ်သွားခဲ့ရင်တော့ ကိုယ် Goal သက်မှတ်ခဲ့တဲ့ငွေ Amount အတိုင်း အာမခံကုမ္ပဏီက အပြည့်အဝလျော်ပေးသွားမှာဖြစ်ပါတယ် ဥပမာ ငွေစစုစဉ်က ၅ နှစ်ကို သိန်း ၁၀၀ စုမယ်ဆို သိန်း ၁၀၀ , သိန်း ၁၀၀၀ စုမယ်ဆို သိန်း ၁၀၀၀ အပြည့်လျော်ကြေးပေးသွားမှာဖြစ်ပါတယ်
ရှင်းရှင်းပြောရရင် ပိုက်ဆံ သိန်း ၁၀၀ ရဖို့အတွက် ၅ နှစ်စုမယ်ဆိုရင် ကိုယ့်အသက်ကလဲ ၃၅ နှစ်ဆိုပါစို့ အဲ့ဒါဆို ၁ လကို ၁၆၀,၀၀၀ ကျပ် သွင်းမယ် ၁ နှစ်ဆို ၁,၉၂၀,၀၀၀ ရှိပြီ ၁ နှစ်စာသွင်းပြီးသွားလို့ ကိုယ်သေသွားရင် (သို့) မသန်စွမ်းဖြစ်သွားခဲ့ရင် အာမခံကုမ္ပဏီက ကျန်ငွေဆက်သွင်းစရာမလိုပဲ သိန်း ၁၀၀ အပြည့်လျော်ပေးသွားမှာဖြစ်ပါတယ်
သိန်း ၁၀၀၀ ဆိုလည်း သိန်း ၁၀၀၀ လျော်ပေးသွားမှာဖြစ်ပါတယ် ကိုယ်ဘာမှမဖြစ်ဘူးဆိုလည်း နှစ်ပြည့်ရင် ကိုယ့်စုထားတဲ့ငွေအားလုံးကို တလုံးတည်း ကိုယ်တိုင်ပြန်လည်ထုတ်ယူနိုင်သလို အတိုးလည်းရတဲ့အပြင် စုငွေအားလုံးဟာ ငွေဖြူရရှိမှာ ဖြစ်ပါတယ် ဒါအသက်အာမခံရဲ့ principal ပါ
#ကျန်းမာရေးအာမခံ ကတော့ ငွေစုတာမဟုတ်ပဲ ၁ နှစ်အတွင်း မတော်တဆထိခိုက်မှုကြောင့်ဖြစ်ဖြစ် ရောဂါကြောင့်ပဲဖြစ်ဖြစ် ဆေးရုံတက်ရရင် ဆေးရုံစရိတ် ခွဲစိတ်ကုသမှုစရိတ်တို့ကို ကာဗာဖြစ်အောင် ထားရှိရခြင်းပဲဖြစ်ပါတယ် ကိုယ့်အသက်အရွယ်အလိုက် ၁ နှစ်စာအတွက်သွင်းရမယ့် ပရီမီရံကြေးတွေမတူညီကြပေမယ့် ၁ နှစ်စာ သောင်းဂဏန်းလောက်ပေးသွင်းရုံနဲ့ အကာအကွယ်ရကြမှာဖြစ်ပါတယ်
အနှစ်ချုပ်ရရင်
#အသက်အာမခံက
ကိုယ်သွင်းလိုက်တဲ့ငွေအားလုံးပြန် ရတယ်
ဆုံးပါးသွားခဲ့ရင် ရမယ်
ထာဝစဉ်မသန်စွမ်းဖြစ်ရင် ရမယ်
#ဘာမရဘူးလဲ❓
ဆေးရုံတက်ရရင် မရဘူး
ခွဲစိတ်ကုသရင် မရဘူး
#ကျန်းမာရေးအာမခံက
ဆေးရုံတက်ရရင် ရမယ် (Fix Amount )
ခွဲစိတ်ကုသတာ ရမယ် (အပိုထပ်ဝယ်ထားရင်)
ဆုံးပါးသွားခဲ့ရင် ရမယ် (By Units)
ကိုဗစ်ဖြစ်ရင် ရမယ် (current situation)
#ဘာမရဘူးလဲ ❓
ကိုယ်သွင်းလိုက်တဲ့ငွေ ပြန်မရဘူး
ဆေးရုံတက်တာ သုံးရက်မပြည့်ရင် မရဘူး
သင်ယူလျက်
Kyaw Thu
Insurance Agent
IA(N)GI-00900
Myanmar MPS
23-Oct-2020
02/10/2020
#ကိုယ့်ဝန်ထမ်းတွေ_Q_ဝင်ရရင်_ဘယ်လိုလုပ်မလဲ ❓
်ပြီး_Positive_တွေ့ရင်_ဘယ်လိုလုပ်မလဲ ❓
ွေ့ပြီးတစ်ခုခုဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲ❓
ကျတော့်ဝန်ထမ်း အားလုံးကိုတော့ ကိုဗစ်အတွက် ကျန်းမာရေး အာမခံ ဝယ်ထားပေးပြီးပါပြီ
#ကျန်းမာရေးအာမခံ_ဘယ်လိုဝယ်ရတာလဲ_❓
အသက် ၃၀ အောက်ဝန်ထမ်းအားလုံးအတွက် ၁ နှစ်စာ ၁၁၀၀၀ ကျပ်ထဲသွင်းရုံဖြင့် ဆေးရုံ Q ဝင်ရပြီဆိုလျှင်
- ၁ ရက်ကို ၁ သောင်းကျပ် ရက်ပေါင်း ၆၀ အထိ ၆ သိန်းကျပ် ၁ နှစ်အတွင်း
- Positive တွေ့လျှင် ၂ သိန်းကျပ်
- မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် ကျန်မိသားစုအတွက် ၁၀ သိန်းကျပ်
အကယ်၍ ၁ ယောက်ကို ၁ နှစ်လုံးစာအတွက် ၃၃၀၀၀ ကျပ် ပေးသွင်းလိုက်မယ်ဆိုရင်
- ၁ ရက်ကို ၃ သောင်းကျပ် ရက်ပေါင်း ၆၀ အထိ ၁၈ သိန်းကျပ် ၁ နှစ်အတွင်း
- Positive တွေ့ လျှင် ၂ သိန်းကျပ်
- မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် ကျန်မိသားစုအတွက် သိန်း ၃၀ ကျပ် ပေးလျော်မှာဖြစ်ပါတယ်
ကိုဗစ်ကြောင့်မဟုတ်ပဲ အခြားကြောင့် ဆေးရုံတက်ရလျှင်လည်း လျော်ကြေးပေးမှာဖြစ်ပါတယ်
အသက် ၃၀ အထက်ဆို အသက်အရွယ်အလိုက် ပေးသွင်းရမယ့် ပရီယံနှုန်းမတူညီပါ
ကိုယ့်မိသားစု , ကိုယ့်ဝန်ထမ်းတွေအတွက်
ကျန်းမာရေး အာမခံထားပေးမည်ဆိုပါက
KYAW THU
Insurance Agent
IA(N)GI-00900
Hub Myanmar Insurance
Managing Director
Myanmar MPS Co.,Ltd
09 7979 22221
ဖုန်းဆက်မေးမြန်းနိုင်ပါတယ်
26/09/2020
Insurance သင်တန်းတက်တော့ Chapter 4 မှာ Risk Management နဲ့ပတ်သက်ပြီးသင်ရတယ်
Risks အမျိုးအစား ၁၀ မျိုးရှိပါတယ်...
1- Catastrophic risks and important risks
Catastrophic risks ဆိုတာ လူအများကြီးကိုထိခိုက်တာ ဥပမာ အခု COVID-19 ရောဂါကြောင့် လူအများကြီးကိုထိခိုက်တာ ဆေးရုံတက်ရရင် financial cover ဖြစ်အောင်အာမခံထားလို့ရတယ်
Important risks ဆိုတာ မိသားစုတစ်စုကိုပဲထိခိုက်တာ ဥပမာ ဖခင်အလုပ်ပြုတ်သွားလို့ မှီခို မိသားစု ဒုက္ခရောက်တာကိုပြောတာ financial cover ဖြစ်အောင် အာမခံထားလို့တယ်
2- Financial and Non-financial Risks
Financial risks ဆိုတာ ငွေ amount တိုင်းလို့ရတယ် ဥပမာ ကိုယ့်ဖုန်းပျောက်သွားရင် ငွေ amount တွက်လို့ရတယ် အဲ့ဒါလည်း အာမခံထားလို့ရတယ်
Non-financial Risks ဆိုတာ ငွေကြေးမဟုတ်တဲ့ ဥပမာ ကျန်းမာအောင် အာမခံထားလို့မရဘူး ကိုယ်တိုင်ဆင်ခြင်မှရမယ် မကျန်းမာရင်ဖြစ်လာမယ့် financial loss ကို cover ဖြစ်အောင်တော့ အာမခံထားလို့ရတယ်
3- Dynamic risks and Static Risks
Dynamic risks ကို အာမခံ ထားလို့မရဘူး ဘာလို့လဲဆိုတော့ dynamic risks ဆိုတာ အစိုးရ ပေါ်လစီတွေနဲ့ဆိုင်တယ် ဥပမာ မီတာခတွေတက်သွားတာ , ကားတင်သွင်းခွင့် ပေါ်လစီပြောင်းလို့ ကားစျေးကျပီးရှုံးတာ စတာတွေကို အာမခံ ထားလို့မဘူး အဲ့ဒါက dynamic risks
Static Risks ဆိုတာ ဆုံးရှုံးမှုဖြစ်ရင် ကိန်းဂဏန်းရှိတယ် ဥပမာ ရတနာပုံစျေး မီးလောင်တယ် ကိန်းဂဏန်းအရ ထိန်းချုပ်လို့ရတယ် Static ရှိတယ် အဲဒါကို အာမခံ ထားလို့ရတယ်
4- Pure risks and Speculative risks
Pure risks လည်းအာမခံထားလို့ရတယ် လမ်းဘေးကားရပ်ထားလို့ ကားပေါ် သစ်ကိုင်းကျိုးကျတာ အဲဒါ pure risks ပဲ အာမခံ ထားလို့ရတယ်
Speculative risks အဲ့ဒါကို အာမခံထားလို့မရဘူး ဥပမာ ထီထိုးတာ ရှုံးချင်ရှုံးမယ် မြတ်ချင်မြတ်မယ် မသေချာဘူး အဲ့ဒါကြောင့် Speculative risks ကို အာမခံ ထားလို့မရပါဘူး
5- Fundamental risks and Particular risks
Fundamental risks က လူတစ်စု ကိုထိခိုက်စေတာ ဥပမာ ရထားတို့ လေယဉ်တို့ စသည့်လူတစ်စုကို ရှုံးမှုဖြစ်စေတာ အဲ့ဒါကို အာမခံ ထားလို့ရတယ်
Particular risks ဆိုတာလည်းလူအနည်းငယ်ပဲထိခိုက်တာ ဥပမာ ကားမတော်တဆဖြစ်တာ အဲ့ဒါလည်း အာမခံ ထားလို့ရတယ်
-----------------------------------------
Risk ဆိုကတည်းက မဖြစ်အောင်တားလို့မရဘူး ဖြစ်လာနိုင်တယ် ဒါပေမယ့် Risk ကို အချက် ၄ ချက်နဲ့ Manage လုပ်လို့ရတယ်
1- Prevention ကြိုတင်ကွာကွယ်ခြင်း
ဥပမာ. ဆိုင်ကယ်စီးတဲ့အခါ မတော်တဆ ထိခိုက်မိနိုင်တယ် ကိုယ်မမှားလည်း တစ်ဖက်လူကြောင့် ဖြစ်နိုင်တယ် အဲ့ Risk ကိုတားလို့မရဘူး ဒါပေမယ့် အသက်အန္တရာယ်မဖြစ်အောင် ဦးထုပ်သေချာဆောင်းမေးသိုင်းကြိုးတပ်ပြီးကာကွယ်လို့ရတယ်
2- Reduce လျော့ချမယ်
ဥပမာ. ကားမောင်းရင် မတော်တဆထိခိုက်မိနိုင်တယ် အဲ့ Risk ကိုလည်းတားလို့မရဘူး ဒါပေမယ့် ကားမှာ Air bag လေအိတ် တပ်ပေးခြင်းဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျော့ချပေးခြင်းဖြစ်ပါတယ်
3- Retain ကိုယ်တိုင်ယူထားတာ
ဖြစ်လာနိုင်တဲ့ Risk တွေကို သိပေမယ့် ကိုယ်တိုင်ယူထားတာ ဖြစ်ကာမှဖြစ်ရော လူမျိုးတွေပါ
4- Transfer - Risk ကိုလွှဲပြောင်းပေးမယ်
ဥပမာ အခုလို COVID-19 ကူးစပ်မှုအရမ်းများနေတဲ့အချိန်မှာ အပြင်သွားအလုပ်လုပ်နေရတယ်ဆိုရင် ကူးစပ်ပြီး Q ဝင်ရဖို့ ဆေးရုံတက်ရဖို့ Chances အရမ်းများတယ် ဆေးရုံတက်ရရင် အလုပ်နားရလို့ Income ရပ်သွားမယ် ပိုက်ဆံကုန်မယ် အဲ့လိုဖြစ်လာနိုင်တဲ့ Financial Risk ကို Insurance ကုမ္ပဏီကို လွှဲပြောင်းပေးလိုက်တာကိုပြောတာပါ
ဘယ် Insurance မဆို financial loss ကိုအကာအကွယ်ပေးပါတာ ဖြစ်ပါတယ်ဗျာ.....
#သင်ယူလျက်
Kyaw Thu
Managing Director
Myanmar MPS Co.,Ltd
Insurance Agent
Hub Myanmar Insurance
IA(N)GI-00900
+959 7979 22221
📌ကိုဗစ်က အရမ်းကိုကူးစပ်မှုများနေပါပီ...
📌ကိုယ့်မိသားစု နဲ့ ကိုယ့်ဝန်ထမ်းတွေအတွက်...
📌ကျန်းမာရေး အာမခံ...
📌အမြန်ဝယ်ရမယ့်အချိန်ရောက်နေပါပီ...
We can’t control pandemic but we can control financial risk.
IA(N)GI-00900
09 7979 22221
လူတွေရဲ့ အသက်ပဲဖြစ်ဖြစ် | ကိုယ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေပဲဖြစ်ဖြစ် ကိုယ်မျှော်လင့်မထားတဲ့ အန္တရာယ် အမျိုးမျိုးကြောင့် အချိန်မရွေး ပျက်စီး ဆုံးရှုံးသွားနိုင်ပါတယ်...
IA(N)GI - 00900
09 7979 22221
Crd:videoorguploader
10/08/2020
ပရီမီယံဆိုတာဘာလဲ(What’s the PREMIUM)
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
အာမခံ နယ်ပယ်မှာ ပရီမီယံကြေး ဆိုတာခဏခဏကြားဖူးပါလိမ့်မယ်
eg. A ဆိုတဲ့မြို့တစ်မြို့မှာ ကား/အိမ် အစီးရေ၁၀၀၀၀ ရှိတယ်ဆိုပါစို့ ၊ အဲ့ဒီအစီး ၁၀၀၀၀ ရဲ့တစ်နှစ်အတွင်း Accident ဖြစ်နိုင်ခြေ (probability of risk) (၁.၅%) ဆိုရင် အစီးရေ ၁၀၀၀၀ မှာတစ်နစ်အတွင်း အစီး (၁၅၀ ) ဆုံးရှုံးနိုင်ခြေရှိတယ်လို့ဆိုပါတယ် ကားတစ်စီးရဲ့ တန်ဖိုးဟာ ပျှမ်းမျှ သိန်း(💯)ဆိုပါစို့ A မြို့ရဲ့ တစ်နှစ်အတွင်း ဆုံးရှုံးနိုင်ခြေရှိတဲ့ ငွေ ပမာဏ စုစုပေါင်းဟာ = အစီး (၁၅၀)* သိန်း(💯)
စုစုပေါင်း = သိန်းပေါင်း (၁၅,၀၀၀) ဖြစ်ပါတယ် သိန်းပေါင်း (၁၅,၀၀၀) ကို A မြို့မှာရှိတဲ့ ကားအစီးရေ(၁၀,၀၀၀) နဲ့ စားရင် = သိန်း (၁၅,၀၀၀)/၁၀၀၀၀= (၁၅၀,၀၀၀)ကျပ် ရလာတဲ့ ငွေပမာဏ(၁၅၀,၀၀၀) ကျပ် ကိုပရီမီယံကြေး ဆိုပြီး သက်မှတ်ကာ အာမခံကုမ္ပဏီကို သွင်းရတာဖြစ်ပါတယ် ဒါဟာ Principle of Insurance မှာ ပရီမီယံသက်မှတ်ပုံ အခြေခံသဘောတရားပဲဖြစ်ပါတယ် အာမခံ အသစ်ထားတာပဲဖြစ်ဖြစ် renewal လုပ်တာ ပဲဖြစ်ဖြစ် ပရီမီယံကြေးကို သက်မှတ်ချိန် ထက်နောက်မကျပါစေနဲ့ ပရီမီယံသွင်းပြီးမှလျော်ကြေး အကျုံးဝင်တာဖြစ်ပါတယ် (NO PREMIUM NO CLAIM)ပါမြန်မာနိုင်ငံမှာ ပရီမီယံနှုံးအားလုံးကို မြန်မာ့အာမခံက ပုံသေသက်မှတ်ထားပြီးသားဖြစ်ပါတယ်
တစ်ချို့မေးကြတယ် ကျနော်က တစ်နှစ်စာပရီမီယံကြေးသွင်းပြီး ဘာမှမဖြစ်ရင် ကျနော်ရှုံးတာပေါ့တဲ့ တစ်ကယ်တော့ မရှုံးပါဘူး အပေါ်မှာပြောခဲ့သလိုပဲ အာမခံ ရဲ့သဘောတရားက တစ်နှစ်အတွင်း လူအနည်းစုရဲ့ ဆုံးရှုံးနိုင်ခြေရှိတာကို အများက ကျခံပေးတဲ့ သဘောပါပဲ အဲ့တော့ ကိုယ်တစ်ခုခုဖြစ်ရင် အာမခံက အကာအကွယ်ပေးသလို ကိုယ်ဘာမှမဖြစ်ရင်လည်း ဖြစ်တဲ့သူတွေအတွက် ကိုယ်သွင်းထားတဲ့ ပရီမီယံကြေးထဲက လျော်ကြေးပေးတာဖြစ်တဲ့အတွက် ကုသိုလ်ရပါတယ်
ပြောချင်တာက ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို အာမခံ ထားခြင်းဟာ အကာအကွယ်လည်းရသလို လှူဒါန်းရာလည်း ရောက်ပါတယ်ဗျာ...
ချစ်ခြင်းများစွာဖြင့်
- MBA (USA)
IA(N)GI-00900
09 7979 22221
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
84st
Mandalay