Health Tips For You All
We are here to help you take better care of yourself and your family.
18/05/2026
ဟန်တာ ဗိုင်းရပ်စ်ပိုး
■ဟန်တာ ဗိုင်းရပ်စ်ပိုး ဆိုတာဘာလဲ။
Ortho hantavirus မျိုးစိတ်၊RNA ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီးကြွက်တွေမှတဆင့် လူတွေမှာပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုဖြစ်စေတတ်တဲ့ဗိုင်းရပ်စ်ဖြစ်ပြီး လတ်တလောတွင်တိကျသောကာကွယ်ဆေးနှင့် ကုသမှုမရှိသေးခြင်းကြောင့် သတိထားရမယ့်ရောဂါတစ်ခုဖြစ်ပါတယ်။
■ဟန်တာဗိုင်းရပ်စ်ပိုးကဘယ်လိုကူးစက်နိုင်သလဲ။
ဟန်တာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော ကြွက်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊သို့မဟုတ်ကြွက်များ၏ခန္ဓာကိုယ်မှထွက်သော မစင်၊ ကျင်ငယ်ရည်၊တံတွေး၊အန်ဖတ်စသည်တို့ကိုထိတွေ့မိခြင်းမှလည်းကောင်း၊လေထဲတွင်ပါဝင်သော အမှုန်အမွှားများကိုရှုသွင်းမိခြင်းမှလည်းကောင်းရောဂါကူးစက်နိုင်ပါတယ်။
ကြွက်ကိုက်ခံရခြင်း သို့မဟုတ် ကြွက်ကဲ့သို့ ချွန်ထက်သည့်သွားရှိသည့် သတ္တဝါများကုတ်ခြစ်ခံရခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
ယနေ့အချိန်ထိလူနာတစ်ယောက်မှတစ်ယောက်သို့ကူးစက်ခြင်းကိုဟန်တာဗိုင်းရပ်စ်ပိုးအမျိုးအစားတစ်ခုဖြစ်တဲ့ Andes ဗိုင်းရပ်စ်ပိုး အမျိုးအစားတွင်သာတွေ့ရပြီးတခြားမျိုးစိတ်များတွင်မတွေ့ရသေးပါ။
■ဟန်တာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။
ဟန်တာ ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်တဲ့ရောဂါလက္ခဏာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးအမျိုးအစားနှင့်ဖြစ်ပွားရာနေရာဒေသကိုလိုက်ပြီးလည်းကွဲပြားနိုင်ပါတယ်။
ဥပမာ အာရှနဲ့ ဥရောပမှာဖြစ်တဲ့ ဟန်တာ ဗိုင်းရပ်စ်ပိုး ကကျောက်ကပ်ပျက်စီးခြင်း ကိုဖြစ်စေပြီးအမေရိကမှာဖြစ်တဲ့ ဟန်တာ ဗိုင်းရပ်စ်ပိုး ကတော့နှလုံးနဲ့အဆုတ်ထိခိုက်ပျက်စီးခြင်းကိုဖြစ်စေပါတယ်။
ဗိုင်းရပ်စ်ပိုး ဝင်ချိန်မှရောဂါလက္ခဏာပြသည်အထိ ရောဂါပျိုးချိန်မှာ တစ်ပတ်မှ ရှစ်ပတ်အထိရှိပါတယ်။
ရောဂါလက္ခဏာအများစုမှာ ဖျားခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း ၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်လက်နဲ့ ကြွက်သားများကိုက်ခဲခြင်း(အထူးသဖြင့်ပေါင်ရင်း၊ တင်ပါး၊ နောက်ကျောနဲ့ တခါတရံမှာ ပခုံးကြွက်သားများ)၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊အန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး hantavirus cardiopulmonary syndrome (HCPS) နှလုံးနှင့်အဆုတ်ကိုအဓိကထိခိုက်သော ဟန်တာဗိုင်းရပ်စ်ပိုး ရောဂါတွင် ကနဦးရောဂါလက္ခဏာများဖြစ်ပေါ်ပြီး ၄ရက်မှ ၁၀ရက်အတွင်း ချောင်းဆိုးခြင်း၊
အသက်ရှု ကျပ်ခြင်း၊ အဆုတ်ရေဝိုင်းခြင်း၊ သွေးပေါင်ချိန်ပြုတ်ကျပြီး shock ရခြင်းတွေဖြစ်တတ်ပါတယ်။
အဲ့ဒီ ရောဂါ လက္ခဏာတွေဟာ အချိန်တိုအတွင်းမြန်မြန်ဆန်ဆန်ဖြစ်တတ်ပြီး အသက်သေဆုံးတဲ့အထိပြင်းထန်တတ်ပါတယ်။
ဒါတွေအပြင် haemorrhagic fever with renal syndrome (HFRS) သွေးလန့်ခြင်းနဲ့ ကျောက်ကပ်ကိုအဓိကထိခိုက်တဲ့ဟန်တာ ဗိုင်းရပ်စ်ပိုး ရောဂါမှာတော့ သွေးလွန်တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာများဖြစ်တတ်ပြီး တစ်ပတ်မှ လေးပတ်အတွင်း သွေးပေါင်ချိန်ကျခြင်း၊ သွေးလန့်ခြင်း၊ သွေးမတိတ်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ ခန္ဓာကိုယ်အတွင်းသွေးစိမ့်ခြင်း ဥပမာ-ဦးနှောက်အတွင်း သွေးထွက်ခြင်း၊ အစာအိမ်အတွင်းသွေးစိမ့်ခြင်း၊ဝမ်းအမဲရောင်သွားခြင်း၊ကော်ဖီရောင်အန်ခြင်း၊ မျက်နှာနီရဲခြင်း၊ မျက်လုံးနီရဲခြင်း၊ အရေပြားတွင်အကွက်များထွက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စတာတွေကိုဖြစ်စေပါတယ်။
■ဟန်တာဗိုင်းရပ်စ်ရောဂါမှန်း ဘယ်လိုသိနိုင်မှာလဲ။
ဟန်တာဗိုင်းရပ်စ်ရောဂါလက္ခဏာတွေက သာမန်တုပ်ကွေးရောဂါ၊ဖျားနာခြင်းနဲ့ ဆင်တူတဲ့အတွက် ရောဂါဖြစ်ဖြစ်ချင်း ၇၂ နာရီအတွင်းရောဂါလက္ခဏာနဲ့ခွဲဖို့ခက်ပါတယ်။
လူနာရဲ့ ခရီးသွားရာဇဝင်နဲ့ ရောဂါရာဇဝင်ကိုသေချာစစ်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းအပြင် သွေးထဲတွင်ဟန်တာဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ကပြန်တိုက်တဲ့ ပဋိပစ္စည်းများစစ်ဆေးခြင်း(hantavirus-specific IgM antibodies or rising IgG titres)၊ ဗိုင်းရပ်စ်ပိုးရဲ့ အစိတ်အပိုင်းများကို မော်လီကျူလာနည်းလမ်းများဖြင့် စစ်ဆေးခြင်း (molecular methods such as reverse transcription polymerase chain reaction (RT-PCR) စတာတွေပြုလုပ်လို့ရပါတယ်။
■ဟန်တာဗိုင်းရပ်စ်ပိုး ကကုသလို့ပျောက်ကင်းနိုင်သလား။
လတ်တလောဟန်တာဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေး ကုသဆေးမပေါ်ပေါက်သေးပါ။ ရောဂါလက္ခဏာပေါ်မူတည်၍ သက်သာစေရန်သာကုသလို့ရပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက်ကူးစက်ခံရပုံ၊ ဗိုင်းရပ်စ်အမျိုးအစား၊ ရောဂါပြင်းထန်မှုမတူညီတဲ့အတွက်အချို့ လူနာတွေမှာမပြင်းထန်ပေမယ့်၊ အချို့လူနာတွေမှာတော့ အသက်သေဆုံးတဲ့ အထိပြင်းထန်တတ်ပါတယ်။
■ဟန်တာဗိုင်းရပ်စ်ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။
ရောဂါမဖြစ်စေရန် ကြွက်များနဲ့ထိတွေ့ခြင်း၊ ကြွက်၏မစင်၊ အညစ်အကြေး၊ကျဥ်ငယ်ရည်စတာတို့နဲ့ ရောနှောနေနိုင်သော ရေဆိုးရေညစ်များနဲ့ထိတွေ့ခြင်းမရှိအောင်ဂရုစိုက်ခြင်း၊ အိမ်နဲ့ ရုံးခန်း၊ မိမိပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်ဂရုစိုက်ခြင်း၊ သောက်ရေ၊ သုံးရေစတဲ့ သိုလှောင်ရာကန်များကို ကြွက်ချေးနဲ့ ကြွက်ကျဥ်ငယ်ရေများမဝင်ရောက်စေဖို့ ဂရုစိုက်ခြင်း၊အစားအစာ၊သောက်ရေ၊သုံးရေများကို ဂရုတစိုက်ထိန်းသိမ်းသိုလှောင်ခြင်း၊စားကြွင်းစားကျန်များကိုဂရုတစိုက်စွန့်ပစ်ခြင်းတွေကို ပြုလုပ်သင့်ပါတယ်။
အဲ့ဒီလို နည်းလမ်းတွေအပြင် ဟင်းသီးဟင်းရွက်၊ အစားအစာတွေ ကိုသေချာစွာဆေးကြောပြီးမှစားသုံးခြင်း ရေကိုကျိုချက်ပြီးမှ သောက်သုံးခြင်း၊ လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးကြောခြင်း၊ မိမိပတ်ဝန်းကျင်မှာ ရောဂါဖြစ်တယ်လို့ သိရတဲ့အခါ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို သတင်းပို့ခြင်း၊ ရောဂါဖြစ်ပွားသူတွေကို သီးသန့်ခွဲထားခြင်း၊ ရောဂါ လက္ခဏာပြလာရင် စောစောကုသမှု ခံယူခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။
🗓 September 25 ရက်နေ့ဟာ World Pharmacist Day (ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့) ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ Pharmacist များကို ကြိုဆိုဂုဏ်ပြုအပ်ပါတယ်ရှင်။
2025 ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ "Think Health, Think Pharmacist" ဖြစ်ပါတယ်။💜💜
✨ ကမ္ဘာပေါ်ရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော Pharmacists များအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ၊ ပြည်သူလုထူ၏ ကျန်းမာရေးကို စွမ်းစွမ်းတမံ စောင့်ရှောက်နိုင်သူများ ဖြစ်ပါစေလို့ healthtipsforyouallမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင့်✨
15/07/2025
Hello again 🤗!!
အသက်အန္တရာယ်ရှိနိုင်တာမို့ သတိထားသင့်တဲ့ Danger Triangle Of The Face အကြောင်း ansha သိသလောက် share ပေးချင်ပါတယ်။
နှာခေါင်းမှာထွက်တဲ့ဝက်ခြံကို ညှစ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ပြီး(သေ)တယ်ဆိုတဲ့ Danger triangle of the face အကြောင်း ခုရက်ပိုင်းပဲ ကြားလိုက်ရတာမို့ triangle နေရာဆို လုံးဝမညှစ်ရဘူးဆိုတာ သတိထားဖို့ ပြောချင်ပါတယ်။
အဲ့ဒါကြောင့် ဒီနေ့ Danger triangle on the face အကြောင်းပြောပြပါမယ် ၊ ဒီနေရာကို ဘယ်လိုသတ်မှတ်တာလဲဆိုရင်
❗ ပုံထဲမှာပါသလို နှာခေါင်းအပေါ်ဘက်ထိပ်ကနေ နှုတ်ခမ်းနှစ်ဖက်အစွန်းနေရာထိ တြိဂံပုံပေါ်နေတဲ့နေရာကို အန္တရာယ်ရှိတဲ့ zone အဖြစ် DTOTF လို့သတ်မှတ်ပါတယ် ။
‼ Danger Triangle Of The Face နေရာမှာရှိတဲ့သွေးကြောတွေက ဦးနှောက်ထဲက Cavernous sinus လို့ခေါ်တဲ့ venous drainage system (သွေးလွှတ်ထုတ်မှုစနစ်)ရှိတဲ့နေရာနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာမို့ပါ။
ပုံထဲမှာပြထားပါတယ် ၊ သေချာကြည့်ကြည့်ပါနော်
အဲ့ဒါကြောင့် DTOTF နေရာမှာပေါက်တဲ့ ဝက်ခြံကိုညှစ်မိလို့ အတိမ်နက်သွားခဲ့ရင် အမြင်အာရုံကွယ်တာဖြစ်နိုင်သလို ၊ ဦးနှောက်ထဲပိုးဝင်ပြီး အသက်ဆုံးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်
❌ DTOTF ကိုအကျဉ်းချုပ်ပြန်ပြောရရင် Triangle နေရာမှာပေါက်တဲ့ဝက်ခြံတွေကို မညှစ်ပါနဲ့ ❗
13/07/2025
Ansha ရေးထားတဲ့ ဒီ contentလေးကို ဖတ်ကြည့်ပြီး ဆေးအာနိသင်တူလေးတွေသောက်သင့် သို့ မသောက်သင့်ကြောင်းဗဟုသုတလေး ရသွားခဲ့တယ်ဆိုရင် original post လေးကို like and shareလေး လုပ်သွားပေးလို့ရပါတယ်နော်😍
📣Medical Content Writing Challenge 📣
Hello everyone 🤗 !!
💁♀️ဒီနေ့ပြောပြပေးချင်တာကတော့ "အာနိသင်တူဆေးဝါးတွေ သုံးစွဲလို့ရသလား သို့မဟုတ် သုံးစွဲသင့်သလား"
အခုလိုကာလမှာ ပစ္စည်းပြတ်လပ်မှုတွေကော ဈေးနှုန်းမြင့်တက်လာတာတွေကြောင့်မလို့ ဆေး၀ယ်ရတဲ့အခါမှာ ဈေးကြီးပေး၀ယ်ရတာမျိုးတွေရှိတဲ့အတွက် အာနိသင်တူရှိတဲ့ဆေးဝါးတွေမှာ စျေးသက်သာတာကို သုံးလို့ရတဲ့အကြောင်း၊ ပစ္စည်းပြတ်နေရင် အာနိသင်တူဆေးဝါးတွေကို သုံးစွဲနိုင်ကြောင်းနှင့် အာနိသင် တူသော်လည်း သုံးစွဲ၍မရသော ဆေးများအကြောင်းကို ပြောပြပေးချင်ပါတယ် ရှင့်😍
🤔အာနိသင်တူဆေးဝါးဆိုတာ ဘာလဲ
💁♀️အာနိသင်တူဆေးဝါးဆိုတာက chemical name (ဆေးရဲ့ပါဝင်ပစ္စည်း)၊ Strength (ဆေးရဲ့ပါဝင်မှုပြင်းအား) တူပြီး brand name ကွဲသွားတာပေါ့၊ brand name ဆိုတာကတော့ company မှ ပေးထားတဲ့ နာမည် ဖြစ်ပြီး chemical name ဆိုတာကတော့ ဆေးရဲ့အာနိသင်ကို ပေးမဲ့ ဆေးရဲ့မူလနာမည် ဖြစ်ပါတယ်။
ဥပမာအနေဖြင့် အာရုံကြောအားဆေးဖြစ်တဲ့ Betex နှင့် Neurobion Blue(Brand name) တို့တွင်(chemical name) Vitamin B1 = 100mg, B6 = 200mg, B12 = 200mcg တို့ပါ၀င်မှုခြင်းတူညီတဲ့အတွက် တစ်ခုမရှိလျှင် နောက်တစ်ခု ကို သောက်သုံးလို့ရပါတယ်ရှင်။ ၎င်းတို့ကဲ့သို့ အာနိသင်တူ ပြီး brand name ကွဲတဲ့ အခြားဆေးများလည်း စျေးကွက်ထဲတွင် များစွာ ရှိတဲ့အတွက် စျေးနှုန်း အဆင်ပြေရာကို ဝယ်ယူသုံးစွဲလို့ရပါတယ်ရှင့်။
‼️ဆေးရဲ့ပါ၀င်ပစ္စည်းနှင့် ဆေးရဲ့ပါ၀င်မှုပြင်းအား တူပေမယ့် သောက်လို့မရတာမျိုးတွေ ရှိပါသေးတယ်။ ဥပမာအနေဖြင့် ဆီးချိုဆေးဖြစ်တဲ့ Metformin denk 500 နဲ့ Panfor SR 500 တို့တွင် metformin 500mg ပါဝင်တာ တူပေမဲ့ Metformin SR တွင် SR ဆိုတာက Sustained release (ပုံမှန်အာနိသင်ရချိန်ထက် နှေးစေရန်ပြုလုပ်ထားသော) ပုံစံနှင့် ပြုလုပ်ထားသောကြောင့် အာနိသင်ရရှိချိန် မတူနိုင်ပါ။ အသုံးပြုရန် အဆင်မပြေသည့်အတွက် မိမိသောက်နေကျ ဆေးနာမည်၏နောက်တွင် ပါလာတတ်သော SR, MR, ER, PR ဆိုသည့် သင်္ကေတလေးတွေကိုလည်း မှတ်သားသတိထားသင့်တယ်ဆိုတာလေး သတိပေးချင်ပါတယ်ရှင်။
🙅 ၎င်းအပြင် ဆေးရဲ့ပါဝင်ပစ္စည်းတူသော်လည်း Myanmar Registration Number(မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်) မပါရှိသောဆေးဝါးများသည် ဆေးအာနိသင်ကို အပြည့်အဝ ပေးနိုင်ရန် မသေချာသည့်အတွက် ဆေးဝယ်ယူရာတွင် သတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်ရှင့်။ Register ရှိသော ဆေးများသည် ဆေးဗူး သို့မဟုတ် ဆေးကဒ် ၏ အပေါ်တွင် Myan Reg No: ဂဏန်း၄လုံး AA ဂဏန်း၄လုံး အနေနှင့် ပါရှိပါသည်။ အောက်ဖော်ပြပါပုံတွင် နမူနာပုံကို အသေးစိတ် လေ့လာဖတ်ရှူနိုင်ပါတယ်နော်။
💁 Register ရှိပြီး
အာနိသင်တူဆေးဝါးများ အခြားတို့လိုအပ်သောဆေးများဝယ်ယူရာတွင် စိတ်ချသေချာစေရန် ဆေးဆိုင်ရှိ Pharmacists (ဆေးဝါးကျွမ်းကျင်ပညာရှင်များ )နှင့် တိုင်ပင်နိုင်ပါတယ်ရှင့်။
ဗဟုသုတရစေရန် ရည်ရွယ်ပါတယ်ရှင့် 😍။
သိလိုသောအကြောင်းအရာများကို နောက်ထပ်ဝေမျှစေချင်တဲ့ အကြောင်းအရာများရှိလျှင် comments မှာ စာချန်ခဲ့လို့ရပါတယ်ရှင်🤗။ အခုစာလေးကိုဖတ်ရင်း အကျိုးတစ်စုံတစ်ရာ ခံစားရတယ်ဆိုရင် အခြားမိမိနီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများလည်း ဗဟုသုတရစေရန် like & share လုပ်သွားပေးလို့ ရပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ် ရှင့်😍။
ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေရှင့်😍.....
By Ansha
MYPG Note:
The original post was removed by Facebook Team due to including medicine photos. Therefore, MYPG repost the content.
For record-keeping and fairness to every participants, we decided to carry over just half of the engagement from the previous post:
• 51 likes (from original 102 likes)
• 27 shares (from original 53 shares)
These will be added to the new post’s current likes and shares.
#အာနိသင်တူဆေးဝါးများသောက်သင့်မသောက်သင့်
27/05/2025
Hello again!
Health Tips For You All မှ ပြန်လည်နှုတ်ဆက်လိုက်ပါရစေနော်✌
စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်း COVID-19 ကတော့ အနီးအနားကို ရောက်လာပြန်ပါပြီ။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေပါ ပြောင်းလဲလာတာကြောင့် အားလုံး သတိထားဖို့ လိုအပ်တာမို့ သတိပေးချင်ပါတယ်။
ဒီဗီဇပြောင်း Covid-19 ကူးစက်ခံရရင် နေ့ရက်အလိုက် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်မလဲဆိုရင်ဖြင့်
ကူးစက်ခံရပြီး အစောပိုင်းရက်များ (၁-၃ ရက်)မှာတော့ ရိုးရိုးအအေးမိတာ၊ လည်ချောင်းနည်းနည်းနာတာလောက်ပဲ ရှိတတ်ပါတယ်။ ဖျားတာ၊ ပင်ပန်းတာမျိုး မဖြစ်သေးဘဲ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။ (၄-၅ ရက်)တွေမှာတော့ အာသီးရောင်ပြီး လည်ချောင်းနာတာ ပိုဆိုးလာနိုင်ပါတယ်။ ကိုယ်အပူချိန်က ပုံမှန် 36.5°C ကနေ 36.7°C လောက်ကို ရောက်လာနိုင်ပြီး အစာမျိုချရခက်တာ၊ ခေါင်းကိုက်တာ၊ အစာအိမ်လေထပြီး နည်းနည်းမူးဝေတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေလည်း စလာတတ်ပါတယ်။ ၆ ရက်မြောက်နေ့ကနေစပြီး ကိုယ်အပူချိန် 37°C+ အထက်ကို သိသိသာသာ မြင့်တက်လာပြီး ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာကျင်တာ၊ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ 37.4°C ကနေ 38°C +++ အထိ ဖျားလာနိုင်ပြီး အသက်ရှူရတာ အခက်အခဲဖြစ်တာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော/အော့အန်တာတွေပါ ကြုံလာနိုင်ပါတယ်။ ၉ ရက်မြောက်နေ့မှာ ရောဂါအခြေအနေ မထူးခြားဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲနေပြီဆိုရင်တော့ သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန် ရိုက်ဖို့ လုံးဝလိုအပ်နေပါပြီ။
ရောဂါမဖြစ်အောင် ဘယ်လိုတွေ အကောင်းဆုံး ကာကွယ်သင့်လဲဆိုရင်ဖြင့်
၁။ Mask သေချာတပ်ပါ။
၂။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) လောက် သေချာ စင်အောင် ဆေးပါ။
၃။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာလေး နေပါ။
၄။ တစ်ခုခုကို ထိပြီးတိုင်း ပိုးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ လက်သန့်ဆေးရည်သုံးတာမျိုး လုပ်ပါ။
၅။ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတော့ ဒီအချိန်မှာ ရှောင်ကျဉ်တာ အကောင်းဆုံးပါ။
ဒီအချက်အလက်တွေများသည် အားလုံး အသိပညာ ဗဟုသုတရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေမျှပေးခြင်းသာ ဖြစ်ပါတယ် ။ အကယ်၍ မိမိမှာ ဒီလို ရောဂါလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ ဘာမှမစောင့်ဆိုင်းဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊
ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ကိုတော့
လုံးဝမမေ့ပါနဲ့လို့ အထူးမှာချင်ပါတယ်။ အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေနော်!
13/05/2025
Damaged skin barrier ( ပျက်စီးနေသောအရေးပြားအတားအဆီး)
ဒီနေ့မှာတော့ အရေပြားပျက်စီးခြင်းနဲ့ ပတ်သတ်ပြီး ဆောင်ရန်၊ ရှောင်ရန် အချို့ကို ဝေမျှပေးချင်ပါတယ်ရှင့် 💃
ပျက်စီးနေသောအရေပြားအတားအဆီးဆိုသည်မှာ အရေပြား၏အပြင်ဘက်ဆုံးအလွှာသည် ကောင်းမွန်သောအခြေအနေမရှိပဲ ခြောက်သွေ့ခြင်း၊ အာရုံခံနိုင်စွမ်းနှင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေ တိုးများလာခြင်းဖြစ်သည်။
👉 ပျက်စီးနေသော အရေပြားအတားအဆီး၏ လက္ခဏာများမှာ
- ခြောက်သွေ့ခြင်းနှင့် အစက်အပြောက်များ
- ထိခိုက်လွယ်ခြင်း
- ယားယံခြင်းနှင့် နီရဲခြင်း
- ဝက်ခြံနှင့် ကွဲထွက်ခြင်း
- အရေပြားပိုးဝင်ခြင်း
- အရေးအကြောင်းများနှင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း
- မွဲခြောက်ခြောက်နှင့် တောက်ပြောင်မှုမရှိသော အသားအရေဖြစ်လာခြင်း
- ယားယံခြင်း သို့မဟုတ် ပူလောင်ခြင်းကို ခံစားရခြင်း
- ရေဓာတ်ဆုံးရှုံးခြင်း (ကူးစက်ပျံ့နှံ့သောရေဓာတ်ဆုံးရှုံးမှု)
- အရေပြားအလွှာပါးလွှာခြင်း တို့ဖြစ်ပါတယ်။
🤔 အရေပြားအတားအဆီးပျက်စီးရခြင်း၏အကြောင်းရင်းများမှာ
အသားအရေထိန်းသိမ်းမှုထုတ်ကုန်များတွင် ပြင်းထန်သောဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဓာတ်မတည့်မှု သို့မဟုတ် ယားယံခြင်းများနှင့် ထိတွေ့ခြင်းက အတားအဆီးကို ပျက်စီးစေနိုင်သည်။
ကြမ်းတမ်းလွန်းတဲ့ ပွတ်တိုက်ဆေး ဒါမှမဟုတ် မကြာခဏ ပွတ်တိုက်တာက အရေပြားအတားအဆီးတွေကို ပါးလွှာစေနိုင်ပါတယ်။
ခေါင်းလျှော်တဲ့အခါ ရေနွေးအသုံးပြုရင် အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားနိုင်ပြီး အတားအဆီးကို ပျက်စီးစေပါတယ်။
အချို့သောထုတ်ကုန်များ၊ အထူးသဖြင့် retinoids သို့မဟုတ် acids ကဲ့သို့သော ထုတ်ကုန်များသည် အတားအဆီးကို ပျက်စီးစေနိုင်သည်။
စိတ်ဖိစီးမှုမှ ကော်တီဆော ပမာဏ တိုးလာခြင်းသည် အရေပြား အတားအဆီး လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်။
လေ၊ နေနှင့် အအေးကဲ့သို့သော ပြင်းထန်သောရာသီဥတုအခြေအနေများနှင့် ထိတွေ့ခြင်းသည် အတားအဆီးကို ပျက်စီးစေနိုင်သည်။
👉 ပျက်စီးနေသော အရေပြားအတားအဆီးကို ပြုပြင်ခြင်း
အရေပြား၏ သဘာဝအဆီများကို ဖယ်ထုတ်ခြင်းမှ ရှောင်ကြဉ်ရန် နူးညံ့ပြီး အမြှုပ်မထွက်သော သန့်စင်ဆေးကို အသုံးပြုပါ။
ကြမ်းတမ်းသောပါဝင်ပစ္စည်းများအသုံးပြုခြင်းကို ကန့်သတ်ပြီး အတားအဆီးကိုပြန်လည်ကူညီရန်အတွက် ceramides၊ fatty acids နှင့် humectants ကဲ့သို့သော ပါဝင်ပစ္စည်းများကို အသုံးပြုရန် စဉ်းစားပါ။
အသားအရေကို ရေဓာတ်ဆုံးရှုံးစေပြီး ရေဓာတ်ဆုံးရှုံးခြင်းမှ ကာကွယ်ရန် အစိုဓာတ်ထိန်းခရင်မ်ကို အသုံးပြုပါ။
သန့်စင်ရာတွင် AHAs သို့မဟုတ် BHAs ကဲ့သို့သော နူးညံ့သော exfoliants ကိုသုံးသင့်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်များမှကာကွယ်နိုင်ရန် နေရောင်ကာခရင်မ်ကို ဝတ်ဆင်ပါ၊ အစိုဓာတ်ထိန်းစက်ကို အသုံးပြုပါ၊ ကြမ်းတမ်းသော ရာသီဥတုအခြေအနေများမှ သင့်ကိုယ်သင် ကာကွယ်ပါ။
ကျန်းမာသောလူနေမှုပုံစံအနေနဲ့ အာဟာရမျှတအောင်စားပါ၊ ရေဓာတ်ပြည့်ဝနေကာ အရေပြားတစ်ခုလုံးကျန်းမာရေးကို အထောက်အကူပြုရန် စိတ်ဖိစီးမှုကို စီမံကျော်ဖြတ်နိုင်ပြီး ကျန်းမာ လှပသော အရေးပြားကို ပိုင်ဆိုင်နိုင်ပါစေလို့........
12/05/2025
သွားဖြဲပြီး ရယ်နိုင်စေဖို့ သဘာဝ သွားဖြူနည်း
ကြားဖူးနေကျ သွားဖွေးနည်းတွေကို ခေါက်ထားပြီး … နည်းလမ်းအသစ်တွေပြောပြပေးချင်ပါတယ်...
နနွင်းသွားတိုက်ဆေး
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထဲမှာ သဘာဝအုန်းသီးကထုတ်ယူထားတဲ့ အုန်းဆီ ကို ဆတူထည့်ပါ။ ပူစီနံကို ကြိတ်ပြီး ရလာတဲ့ အရည် ၂ စက် ၊ ၃ စက်ထည့်ပါ။ အကုန်လုံးကိုရောမွှေပြီးသွားတိုက်ပါ။သွားအပေါ်ယံကြွေသားတွေကိုကာကွယ်ပေးတဲ့အပြင် သွားဖြူဖွေးစေပြီး ခံတွင်းနံ့သင်းစေပါတယ်။
စတော်ဘယ်ရီသွားတိုက်ဆေး
စတော်ဘယ်ရီလတ်လတ်ဆတ်ဆတ်လေးတွေယူပြီး ချေပါ။ ချေထားတဲ့ စတော်ဘယ်ရီထဲ ဆားထည့်ပြီး ထပ်ချေပါ။ သွားပွတ်တံပေါ်မှာ တင်ပြီး သွားတိုက်ဆေး အဖြစ် အသုံးပြုပါ။ ရေနဲ့ ပလုတ်ကျင်းပါ။၂ ပတ် တစ်ကြိမ် ပြုလုပ်ပေးပါ။
ငှက်ပျောခွံ
ငှက်ပျောခွံမှာ သွားချိုးတွေ ပျော်ဝင်စေတဲ့ အစွမ်းတွေရှိတယ်နော်။သွားရဲ့ အပြင်ရော အတွင်းရောကို ငှက်ပျောခွံအတွင်းသားနဲ့ ပွတ်ပြီး ၅ မိနစ်က နေ ၇ မိနစ်လောက်ထားပြီး ပလုတ်ကျင်းပါ။ပြီးမှ သွားတိုက်ပါ။ဒါဆိုသွားအရောင်ကိုထိန်းထားလို့ရပြီပေါ့။
သံပုရာရည် ခံတွင်းသန့်ဆေး
သံပုရာရည် ၃ ဆနှင့် ဆား ၁ ဆရောပါ။ သွားတိုက်ပြီးတိုင်း သံပုရာရည် နဲ့ ပလုတ်ကျင်းပါ။ ဒါဆို ခံတွင်းသန့်ပြီး သွားဖွေးပြီပေါ့။ ခံတွင်းမှာ ရောင်ရမ်းခြင်းတွေ ဖြစ်နေရင် တော့ ဒီနည်းကို မသုံးပါနဲ့လို့ ပြောပါရစေ...
ဖတ်ဖူးနေကျတွေနဲ့ မတူကွဲပြားတဲ့ နည်းလမ်းဆိုတာ သိပြီဆိုတာနဲ့ အခြားသူတွေ သိဖို့ Share ပေးသွားနော်....
🤍 အမေများနေ့🤍
ကမ္ဘာပေါ်မှာ ဆုလာဘ်တစ်ခုရှိတယ်တဲ့..... အဲ့တာကတော့ အမေ့ရဲ့ချစ်ခြင်းမေတ္တာတွေပါပဲ🤍
အမေဆိုတာ
စကားလုံးတွေနဲ့ ထုဆစ်ဖို့
မလုံလောက်တဲ့ ကောင်းကင်ကြီးပါ..
အရမ်းချစ်တယ် မေမေ 🤍
မေမေ ကျန်းကျန်းမာမာနဲ့ အသက်ရှည်အနာကင်းမဲ့စွာ နေထိုင်နိုင်ပါစေ..
ကမ္ဘာပေါ်ရှိ အမေများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ Health Tips For You All မှ ဆုတောင်းမေတ္တာပို့သလိုက်ပါရစေရှင် 🤍
#အမေများနေ့
ကဆုန်လပြည့်နေ့(ညောင်ရေသွန်းပွဲ)
ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲ) သည် ဗုဒ္ဓဘာသာဝင်များအတွက် မြတ်နိုးတန်ဖိုး ထားရာနေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သောကြောင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်လေးတွင် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်လုံး အေးချမ်းသာယာကြပါစေကြောင်း Health Tips For You All မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#အပူရှပ်ခြင်း
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay