MNH Electrical Engineering Group

MNH Electrical Engineering Group

Share

လုိရင္ယူ
ပိုရင်ကျော်သွား
ကျွန်တော်?

Photos from MNH Electrical Engineering Group's post 04/11/2023

Child's Hospital mdy

Photos from MNH Electrical Engineering Group's post 07/05/2023

MDY
Children's Hospital
8 storeyed

Photos from MNH Electrical Engineering Group's post 14/11/2021

ဓာတ်အားလိုင်းတစ်ခုတည်ဆောက်တော့မည်ဆိုလျှင် ဘာတွေသိသင့်သလဲ?

ဘာတွေကအရေးကြီးပါသလဲ?

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဆိုတာ ထိုနိုင်ငံရဲ့လျှပ်စစ်
ကဏ္ဍဖွံဖြိုးတိုးတက်မှု အခြေအနေပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။

ဒီတပတ်တော့ ဓာတ်အားလိုင်းများအကြောင်း နှင့် လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေသော ဓာတ်အားလိုင်များအကြောင်းလေ့လာထားသလောက်အနည်းငယ်ရေးသားချင်ပါသည်။

ဓာတ်အားလိုင်းအမျိုးအစား ( ၂ ) မျိုးရှိပါသည်။

( ၁ ) ကောင်းကင်ဓာတ်အားလိုင်း( Overhead transmission line )နှင့်
( ၂ ) မြေအောက် ဓာတ်အားလိုင်း( Underground Transmission line ) တို့ဖြစ်ပါသည်။

၁။ ကောင်းကင် ဓာတ်အားလိုင်းသည် တည်ဆောက်စရိတ်သက်သာခြင်း ၊ Maintenance ပြုလုပ်ရလွယ်ကူခြင်းတို့ရှိပေမဲ့လည်း သေသပ်စွာတပ်ဆင်မှုမရှိခြင်း ၊ နည်းစနစ်မကျခြင်းတို့ကြောင့် ပတ်၀န်းကျင်ကို အနှောက်အယှက်ဖြစ်စေပါသည်။
ပြင်းထန် စွာလေတိုက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းဒဏ်တို့ကြောင့် ဓာတ်အားလိုင်းများ နှင့် ဓာတ်တိုင်များအလွယ်တကူ ပျက်စီးစေနိုင်ပါသည်။

(အရည်အသွေးပြည့်မှီသောလိုင်းသုံးပစ္စည်းများနှင့် ဓာတ်တိုင်များ အားအသုံးပြုတပ်ဆင် ရန်နှင့် တပ်ဆင်​ရေးနည်းစနစ်များ မှန်ကန်ဖို့ကလည်းအလွန်မှ အရေးကြီးလှပါသည်။)

၂။ မြေအောက်ဓာတ်အားလိုင်းကတော့ ပြုပြင်ထိန်းသိမ်းရခက်ခဲခြင်း၊ ကုန်ကျစရိတ် (တပ်ဆင်ခနှင့်လုပ်အားခ ) မြင့်မားခြင်း ၊ ရာသီဥတုဒဏ်ခံနိုင်ခြင်း ၊ ပတ်၀န်းကျင်ကိုအနှောက် အယှက် မဖြစ်စေနိူင်ပါ။

နည်းစနစ်တိုင်းသည် အကောင်းနှင့်အဆိုးယှဉ်တွဲလျက်ရှိပါသည်။ သို့ပေမဲ့ ဆိုးကျိုးနည်း အောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းကိုရှာဖွေရန်အဓိကကျပါသည်။

ဓာတ်တိုင်များကိုလည်း အသုံးပြုမည့်နေရာနှင့် kV ကိုလိုက်၍ အမျိုးအစားခွဲခြားအသုံးပြု ရန်လိုအပ်ပေသည်။

High Voltage Transmission Line
230kV And 132 kV ( Lattice Steel Tower )

66 kV _ 15 M RC Pole
High Voltage Distribution Line

33 kV – 12 M RC Pole

11 kV ,6.6 kV and 3.3 kV – 10 M RC Pole

Low Voltage Distribution Line
400/230 V – 9 M RC Pole ဆိုပြီးခွဲခြားအသုံးပြုကြရပါသည်။

ဓါတ်တိုင်များ( pole ) များကို လိုင်းပြေးဆွဲမည့်နေရာကိုလိုက်၍ အမျိုးအစားခွဲအသုံးပြုရ ပါသည်။

၁။ Dead-End Pole – များကိုလိုင်းအစ နှင့် အဆုံး ကြိုးအစသတ်သည့် နေရာများတွင် အသုံးပြုပါသည်။ အကယ်၍ မြေနေရာနှင့် Tension လုပ်ရမည့်နေရာ၊ အခြေအနေကို လိုက်၍ ကြိုး( Conductor ) များအဆုံးသတ်ရာတွင် dead-end pole (single) ဖြင့် အဆင်မပြေပါ က Double Dead-End Pole ကိုအသုံးပြုရပါမည်။

၂။ Suspension Pole (ကြားခံတိုင်များ) - လမ်းဖြောင့်အတိုင်းဆွဲရန် အဆင်ပြေသောနေ ရာများတွင်ကြားခံတိုင်အဖြစ် အသုံးပြုပါသည် ။

၃။ Angle Pole - ထောင့်ချိုးများ၊လမ်းကွေ့များတွင် စိုက်ထူရပါသည်။ Angle Pole (၂) မျိုးရှိပါသည်။

- (7° to 29°)degree ကြား တွင် Light Angle Pole ကိုအသုံးပြုပါသည်။

- ( 30° to 90°)degree ချိုးသော လမ်းကွေ့များတွင် Heavy Angle Pole ကို အသုံးပြုပါသည်။

၄။ ထောက်တိုင် ( supporting pole ) - တချို့ဒေသများမှာ ​ ထောင့်ချိုးတိုင်များကိုနောက် ခံဆိုင်းကြိုး ( Stay ) တင်းရန်အဆင်မပြေပါက အကူအညီပေးနိုင်ရန် ကျားကန်စိုက် ထူထားပါသည်။

၅။ Stay Rod ( ဓာတ်တိုင်များးအားဆိုင်းကြိုးဆွဲထားခြင်း )-အဓိကရည်ရွယ်ချက်ကတော့ ရာသီဥတုဒဏ်ကြောင့် ဓာတ်တိုင်များအလွယ်တကူ ယိမ်းယိုင်ခြင်း ၊လဲသွားခြင်းမဖြစ်စေရန် ဆိုင်းကြိုးထားခြင်း ဖြစ်ပါသည်။ တောင်ကုန်းများကို ဖြတ်၍သော်လည်းကောင်း၊ အနိမ့် အမြင့်မညီသော နေရာများ၊ angle pole ( ထောင့်တိုင်များ) ၊ လမ်းဖြတ်စိုက်ထူထားသော တိုင်များတွင် အထူးသတိထားစိုက်ထူပေးရန်လိုအပ်ပါသည်။

Stay ကြိုးဆွဲခြင်းတင်လည်း (၂) မျိုးရှိပါသည်။

၁။ Back Stay – Dead-end pole ၊ Angle Poles ၊ Suspension pole များတွင် pole များယိမ်းယိုင်မှုမရှိစေရန် နောက်မှဆိုင်းထားခြင်းဖြစ်သည်။ပုံမှန် back stay ဖြင့်ဆိုင်း၍ မရပါက ပိုမိုကောင်းမွန်စေရန် သံ (သို့ ) concrete တိုင်များကိုလည်း အကူသဘောစိုက် ထူထားပေးသင့်သည်။

၂။ Fly Stay – လမ်းကွေ့များ ၊back stay ဆွဲရန် အဆင်မပြေသောနေရာများတွင် ဓာတ်တိုင်နှင့် မျက်နာချင်းဆိုင်တွင် တိုင်တစ်တိုင်စိုက်ထူပြီးထိုတိုင်နှင့် ဓာတ်တိုင်ထိပ်ခြင်း ကြိုးဆိုင်းရပါမည်။ထို့နောက်မျက်နာချင်းဆိုင်လမ်းအကျော်တွင် စိုက်ထားသောတိုင်အား နောက်ခံဆ်ိုင်ကြိုးဆွဲပေးရပါမည်။

Crd to Original uploader!!!

Photos from MNH Electrical Engineering Group's post 10/11/2021

Protection System (L.P.S) အတွက် L.P.S Drawing ဘယ်လိုဖတ်မလဲ၊ B.Q ဘယ်လိုကောက်မလဲ သိရှိစေရန် sharing လုပ်ပေးလိုက်ပါတယ်။

- Air Rod စ ကောက်ပါမယ် (L.P.S Plan ပုံတွင် ကြည့်၍ ကောက်ပါ။)
1. Air rod c/w air rod base = --- Nos

- Down Conductor (D.C) Length ကို တိုင်းရန်အတွက် L.P.S Drawing မှာ
👉D.C ဘယ်နှစ်ချောင်း ဆင်းထားလဲ။
👉 Size ဘယ်လောက်လဲ။
👉ဘာအမျိုးအစားသုံးထားလဲ (Copper or Aluminium) စသည်ဖြင့် စစ်ရပါမယ်။
👉 Roof မှာ MV Fan, Pumps, MATV Antenna, MATV Dish တွေ ရှိခဲ့ရင် bounding လုပ်ရပါမယ်။

Fresher တွေ အနေနဲ့ တွက်ဖို့ မြင်လွယ်စေရန် Project တစ်ခုရဲ့ Detail Drawing လေးကို Reference အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ပုံ-၁ အရ Roof ကနေ Test Link Box အထိကို 25mm x 3mm Aluminium Tape သုံးထားပြီးတော့ Test Link Box to Earth Pit အထိကို 70 mm2 Bare Copper Wire သုံးထားပြီး D.C တစ်ချောင်း ဆင်းထားပါတယ်။

Test Link Box to Earth Pit ကို သွားတဲ့ Copper ရဲ့ Length အရှည်အတိုင်း 50mm PVC Pipe Length ကို ထည့်ပါ။ (Drawing အရ Length တိုင်းပြီးထည့်ရန်)
2. 25mm x 3mm Aluminium Tape = ---m
3. 70mm2 Bare Copper Wire. = ---m
4. 50mm PVC Pipe = ---m

👉တစ်ချို့ Project တွေမှာ D.C ကို structure rebar bond ပြီးပါ ဆင်းခိုင်းရင် Rebar Length ကို Drawingအရ တိုင်းပြီး ထည့်ပါ။ joint ဆက်တဲ့အခါ thermo weld or Rebar clip ဘယ်ဟာသုံးခွင့်ပြုလည်း check ပါ။ တစ်ချို့ Projects တွေမှာ Rebar Clip နဲ့ ဆက်တာကို လက်ခံပေမယ့် တစ်ချို့ကျ Thermo Weld ဆက်တာပဲ လက်ခံပါတယ်။

Tape Clip
👉CP 33 (Table-3.6-Page-38) အရ D.C ကို Vertical ဆင်းရင် 1m,
Vertical conductors over 20m ဆိုရင် 0.75m, Vertical conductor over 25m ဆိုရင် 0.5m, Horizontal conductors on horizontal surfaces ဆိုရင် 1m,
Horizontal conductors on vertical surfaces ဆိုရင် 0.5m ဟူ၍
Project ရဲ့ building height နဲ့ Vertical & Horizontal D.C ဆင်းတာအပေါ် မူတည်ပြီး 0.5m, 0.75m, 1m ခြား Clip တစ်ချက်ဖမ်းဆိုပြီး ဖော်ပြထားတဲ့အတွက် Q.S တွေ အနေနဲ့ D.C ကို 0.5m (500mm) ခြား clip တစ်ချက်ဖမ်းနဲ့ တွက်ရင် cover ဖြစ်ပါတယ်။ (Site မှာတော့ အများအားဖြင့် ၂ပေ or ၃ပေ clip တစ်ချက်ဖမ်းနဲ့ install လုပ်ကြပါတယ်)
5. Tape Clip = D.C Length ÷ 0.5m = ---Nos

6.Test Link Box = ---Nos (D.C အရေအတွက်အတိုင်း ထည့်ပါ။
(eg. D.C 2Nos ဆင်းရင် Test Link Box=2Nos)

👉CP 33 အရ Test Link Box ရဲ့ height ကို မြေပြင်အထက် minimum 1500 mm (centre) မှာ ထားပါတယ်။

👉Bi-metallic connector (Aluminium နဲ့ Copper နဲ့ ဆက်တဲ့အခါမှာ သုံးပါတယ်။
Test Link Box အရေအတွက်အတိုင်း ထည့်ပါ။ Copperချင်း ဆက်ရင်တော့ ထည့်တွက်စရာ မလိုပါ။)
7. Bi-metallic connector= ---Nos

8. Earth Pit or Earth Inspection Chamber =--- Nos (L.P.S Plan ပုံတွင် ကြည့်၍ ကောက်ပါ။)

👉 Earth Pit က Concrete Earth Pit or Heavy Duty Earth Pit? - Drawing မှာ check ပါ။

9.Earth Pit တစ်ကျင်းစီကို- Earth Rod 2Nos, Coupling 1No, Rod to Tape Clamp or Clip 1No.

👉Lightning ကို Less than 10 ohms ရအောင် ရိုက်ပေးရမှာ ဖြစ်ပါတယ်။
Earth ရိုက်တဲ့အခါ length တိုင်းရင် earth တစ်ကျင်းနဲ့တစ်ကျင်းအကွာအဝေးကို တစ်ကျင်းမှာရိုက်ထားတဲ့ total earth rod ရဲ့ length အရှည်အတိုင်းယူပြီး တွက်ပါတယ် (ဥပမာ - earth rod 1Nos ရဲ့ Length က 1.8m ပါ။ earth pit တစ်ကျင်းမှာ earth rod 2Nos ဆင့်ရိုက်ရင် 2 x 1.8 m= 3.6 m )

လိုအပ်ချက်တွေရှိရင် အကြံပြုပေးစေလိုပါတယ်🙏
Sharing is caring 💛
Khin Kalyar Htun

15/10/2020

လိုအပ်ရင် ဆက်သွယ်ပါဗျို့

Photos from S&P general trading's post 03/04/2020
05/11/2018

လျှပ်​စစ်​ ကျွမ်းကျင်​ လုပ်​သားများအလိုရှိသည်
ခေါင်း​ဆောင်​ ၅ ဦး
လျှပ်​စစ်​ လုပ်​ငန်းကျွမ်းကျင်​သူ
နေ့စား။ သို့မဟုတ်​ လစား။ ညှိနှိုင်း ​ပေးမည်

နောက်​လိုက်​(အကူ) ၅ ဦး
နေ့စား။ သို့မဟုတ်​ လစား။ ညှိနှိုင်း ​ပေးမည်

နံက်​ ၉:၃၀ မှ ည​နေ ၄:၀၀ နာရီ အတွင်း
ဆက်​သွယ်​ရန်​ဖုန်း
၀၉၂၀၆၄၆၈၆
၀၉၉၆၂၀၆၄၆၈၆

မှတ်​ချက်
မန္တ​လေးမြို့ပြင်​ (နယ်​ဘက်​သို့) သွားလာနိုင်​ရမည်​။

Want your business to be the top-listed Home Improvement Business in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

71 Road, Bet; 27x28 Building (2) Room(10)
Mandalay