How

How

Share

We provide content writing, copy writing and Facebook Ads Boosts.

07/02/2024

Clients တွေအတွက် လုပ်ပေးနေရတာနဲ့ ကိုယ့်page အတွက် Post တွေ မတင်ဖြစ်နေတာ အခု ပြန်စပါတော့မယ်နော်

Photos from How's post 06/09/2022

ဒေါ်လာဈေးတွေ တက်ပေမယ့်
ခုလို စကားသံလေးတွေကြောင့်
Boosting Service ကို ဆက်လုပ်ဖြစ်ပါတယ်
1$-3600 နဲ့ ဝန်ဆောင်မှုပေးပါတယ်ရှင့်

06/08/2022

$ ဈေးတွေ တက်တဲ့အချိန် Boosting လုပ်မယ့်
ကြော်ငြာတွေကို Low Ads Quality မဖြစ်ဖို့
ဘာတွေရှောင်ပြီး ပြင်ဆင်ကြမလဲ....

ဒီရက်ပိုင်းအတွင်း သေချာလေးရေးပြီး တင်ပေးပါ့မယ်

Photos from How's post 06/08/2022

Boosting Service အတွက်ဆို How ကို
ယုံကြည်အပ်နှံပေးတာအတွက် ကျေးဇူးပါ 🥰

$ဈေးအပြောင်းအလဲတွေကြောင့်
ဈေးအတက်အကျလေးတွေကို နားလည်ပေးပါ 😘

Photos from How's post 04/08/2022

Local Clothing Brand Page လေးတွေ
ဘာကြောင့် Advertising Restricted ဖြစ်ရတာလဲ...

မင်မင်တို့ Local Clothing Page လေးတွေကို
Boosting Service ပေးနေရင်း တွေ့ရတာလေးတွေကို
ပြောပြပေးသွားမှာပါ

(၁) Local Clothing ဖြစ်တာကြောင့် ပုံတွေကို ကိုယ်တိုင်ရိုက်တင်တယ်
မော်ဒယ်လေးတွေနဲ့ ရိုက်တယ်
ဒီလိုရိုက်ကြတဲ့အချိန်မှာ တချို့ကျ မျက်နှာကို မဖော်ပြပဲ
အကျီဝတ်ထားတဲ့ ခန္ဓာကိုယ် ကိုပဲ ကွက်ပြတယ်
ခြေထောက်လည်း မပါသလို မျက်နှာလည်း မပါဘူး
ပိုဆိုးတာက Skirt အတိုဆို ခါးကနေ ပေါင်လည်ထိပဲပါလာတယ်
အကျီတွေကို ဝတ်ပြတဲ့အခါ မထင်မှတ်ပဲ Nudity ဆန်သွားတာတွေ
ဒါတွေကို Boost လုပ်ကြတဲ့အခါ ကြာလာရင် ကြော်ငြာခွင့်ပိတ်ခံရတက်ပါတယ်
ဒါကြောင့် ပုံတွေရိုက်တင်တဲ့အခါ ခေါင်းမပါတောင် ခြေထောက်ကို
နည်းနည်းရှည်ရှည်လေးထိ ပါအောင် ရိုက်ပေးပါ

(၂) Video လေးတွေ Create လုပ်ပြီးတင်ကြတယ်
Short Video လေးတွေလုပ်ကြတဲ့အခါ နောက်က
တီးလုံးသံ နဲ့ သီချင်းတွေက Facebook မှာ Copyright လွတ်ရဲ့လား
ဆိုတာ အရင်စစ်ပါ
ကိုယ်တင်လိုက်တဲ့ Video က Copyright မိလို့ ကြာလာရင်
Page Quality တွေ ဝါပြီးနီတက်ပါတယ်
Live လွှင့်ရာမှာလည်း ဒီလိုပါပဲ နောက်ခံသီချင်းတွေဖွင့်တာကို
သတိထားပေးစေချင်ပါတယ်
Tiktok က Viedo တွေကို တက်နိုင်သမျှ မတင်စေချင်ပါဘူး
Tiktok logo အမှတ်အသားကြီး ပါခဲ့လို့ပါ

Facebook Copyright လွတ်တဲ့ Sound Collection ပါ
https://business.facebook.com/creatorstudio/fm_sound_collection?reference=redirect_from_sound_collection

(၃) Content နဲ့ အရောင်းကြော်ငြာစာရေးရာမှာလည်း
တဖက်သားကို နှိမ့်ချခြင်း၊ ဝေဖန်ခြင်းမရှိအောင် ရေးပေးပါ
Over Promise တွေ၊ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ
မပါဝင်အောင် ဂရုစိုက်ပေးပါ

(၄) Admin တွေ အနေနဲ့လည်း
Personal acc သုံးရာမှာတောင်
သတိထားပေးဖို့လိုပါတယ်
Page က Post တွေကို အခြားသော GP တွေထဲ
Share မယ်ဆိုရင် ဘာ role မှ မယူထားတဲ့
Acc နဲ့သာ Share ပေးပါ
အလွန်အကျူးကြီး မ Share ပါနဲ့
Spam Post လိုထင်နိုင်လို့ပါ

(၅) ပုံတွေရဲ့ Quality ကိုလည်း သတိထားပေးပါ
ပုံတွေက ဝါးနေပြီး Resolution က Fb နဲ့ မကိုက်တာတွေဆို
Boost လုပ်တဲ့ နေရာမှာ Low Quality Ads ဖြစ်ပြီး
Reach ကျတက်သလို
Page ကိုလည်း ထိတက်ပါတယ်
Grid တွေ အများကြီးနဲ့ တပုံတည်းမှာ
ပုံတွေ အများကြီးထည့်တာ နဲ့ ပုံမှာ စာတွေ
ဒီဇိုင်းတွေ ရှုပ်နေတာကလည်း Reach ကျစေပါတယ်

ဒါကတော့ မင်မင် Service ပေးနေရင်း တွေ့ရတာတွေကို
Local Clothing Brand owner တို့ ရှောင်လို့ရအောင်
ပြောပြပေးတာပါ
အခြားအချက်လေးတွေရှိရင်လည်း လုပ်ငန်းတူမောင်နှမတွေ ရှောင်ရှားနိုင်အောင် Cmt မှာ မျှဝေခဲ့အုံးနော်

02/08/2022

Local Clothing Page တွေ ဘယ်အချက်တွေကြောင့်
Advertising Restricted ဖြစ်ရတာလဲ..
Admin တို့ Local Product တွေကို Service ပေးနေရင်း
တွေ့ရတာလေးတွေကို ရေးတင်ပေးမယ်နော်
ဒီ တပတ်အတွင်း လာပါမယ်😍

Photos from How's post 02/08/2022

How ကို ယုံကြည်ပြီး လက်တွဲပေးလို့ကျေးဇူးပါ

Photos from How's post 21/07/2022

စိတ်ညစ်စရာတွေများတဲ့ကာလမှာ
ခုလို စကားသံလေးတွေကြောင့် ရှေ့ဆက်ဖို့ ခွန်အားတွေရပါတယ်
Boosting Service အတွက်ဆို How ကို သတိရပေးပါ

Photos from How's post 12/07/2022

အခုလက်ရှိ Skin Care & Cosmetics များကို
Facebook ပေါ် ကြော်ငြာရာတွင်
သတိထားရှောင်ကြဉ်ရမည့်အချက်များ

အခုနောက်ပိုင်း အလှကုန် ပစ္စည်းကို ကြော်ငြာရာမှာ အတော်လေးသတိထားပြီး
စာတွေ ပုံတွေကို ပြင်ဆင်ရပါတယ်

Admin အနေနဲ့ Service လာအပ်တဲ့ သူတွေရဲ့
Post တွေကို သေချာစစ်ဆေးရသလို
ကြော်ငြာရာမှာလည်းRisk ယူရပါတယ်
Service လာအပ်သူလေးတွေရဲ့ post တွေကို
သေချာစီစစ်ပြီး စာပြင်သင့်တာ၊
ဖျက်သင့်တာတွေကို ပြောပြပေးရပါတယ်

ဒါကြောင့် Service မအပ်ခင်
ရှောင်ကြဉ်ရမယ့် အချက်လေးတွေကို
ပုံလေးတွေနဲ့ တကွ ဖော်ပြထားပေးပါတယ်
သေချာဖတ်ကြည့်ပြီး ပြင်ဆင်ရအောင်နော်

Admin Cosmetics Page တွေကို
Boost Service ပေးရင်း တွေ့ကြုံရတာတွေကို
ပြောပြပေးထားတာမို့
လိုအပ်တာရှိရင်လည်း ထောက်ပြပေးခဲ့ပါ

နောက်ပိုင်းမှာလည်း Boost Service နဲ့
ပတ်သက်ပြီး သတိထားရမယ့်
အချက်လေးတွေ တင်ပြသွားမှာမို့
Page ကို Like & Share လုပ်ထားပေးပါနော်

***FDA Approved မဖြစ်သောအလှကုန်များနှင့်
MLM Product များ Service မပေးပါ
09-455760327

Photos from How's post 06/07/2022

Customer Reviews လေးတွေ မတင်တာကြာလို့
Facebook Boosting အတွက်ဆို How ကို
သတိရပေးပါ

01/06/2022

သေချာစနစ်တကျနဲ့ အချိန်လေးယူကြည့်ပါခင်ဗျ
ရောင်းရဖို့ သေချာပါတယ်

How ကို ယုံကြည်ပြီး လက်တွဲပေးသူတိုင်း
ကျေးဇူးကမ္ဘာပါ

01/06/2022

အရောင်းကြော်ငြာစာရေးသားရာမှာ သိထားရမယ့်
အရေးအကြီးဆုံးအချက် (1)

အခြေခံအကျဆုံးဖြစ်ပြီး ထဲထဲဝင်ဝင်သိထားရမယ့်အရာက
ကိုယ်ကြော်ငြာမယ့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုရဲ့
အသေးစိတ်အကြောင်းအရာပါ

ပစ္စည်းတခုကို အခြားသူကို ရောင်းချဖို့

1.ပစ္စည်းမှာ ပါဝင်တဲ့ အချက်အလက်များ

2.ပစ္စည်းရဲ့ အသုံးဝင်ပုံ၊အလုပ်လုပ်ပုံ နှင့်
အကျိုးကျေးဇူးများ

3.ကုန်ပစ္စည်း နဲ့ ကိုက်ညီမယ့်သူများကို
ရွေးထုတ်ခြင်း
(Target Customer)

4.မည်သည့်ပြသနာတွေကို ဖြေရှင်းရာမှာ
အဓိကထား အသုံးပြုပြီး အခြားသော
အသုံးပြုပုံများ

5.ဈေးကွက်ထဲမှာရှိနေတဲ့ အခြားပစ္စည်းများနှင့်
မတူတဲ့ ထူးခြားသော အားသာချက်များ

ဒါတွေကို အခြေခံအားဖြင့် သိကို သိထားရပါမယ်

ဒီလို ကုန်ပစ္စည်း နဲ့ ပတ်သက်ပြီး လေ့လာထားမှသာ
ကြော်ငြာစာ ရေးသားရာမှာ ကိုယ့်ကုန်ပစ္စည်းရဲ့
တိကျသေချာတဲ့ အကြောင်းအရာတွေ၊ အားသာချက်တွေကို
ထိထိမိမိ ဖော်ညွှန်းပြနိုင်မှာပါ

Copy writing လို့ခေါ်တဲ့ အရောင်းကြော်ငြာစာရေးရာမှာ
အရေးကြီးဆုံးဖြစ်တဲ့ ကိုယ်ရောင်းမယ့်ပစ္စည်းရဲ့
အသေးစိတ်အချက်အလက်များကို ရှာဖွေလေ့လာရမယ်
ဆိုတဲ့ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်

ကိုယ့်ကုန်ပစ္စည်းကို ကိုယ်တိုင်ကိုယ်ကျ
ကြော်ငြာစာရေးပြီး ရောင်းချနေသူများ
How တို့ဆီ Boosting Service လာအပ်တဲ့ Customer
အများစုမေ့လျောပြီး ကြော်ငြာစာလေးတွေရေးတက်ကြလို့ပါ
ဝယ်ယူသူတွေကို ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအကြောင်း
အသေးစိတ်ရှင်းပြဖို့ မမေ့ပါနဲ့နော်

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

14St , Bet 86 & 87 Street, Aung Myae Thar Zan
Mandalay