Point Golden SunFlower Group

Point Golden SunFlower Group

Share

Point Sunflower Seeds ပွိုင့်နေကြာကို ဝယ်ယူအားပေးကြတဲ့ မိဘပြည်သူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

31/03/2026

🌻"တစ်စေ့ချင်းစီမှာ ပါဝင်တဲ့ ပွိုင့်ရဲ့ ဂရုစိုက်မှု"🌻

ကျွန်တော်တို့ ပွိုင့်က အရေအတွက်ထက် "အရည်အသွေး" ကို ပိုဦးစားပေးထားပြီး 🤩 ဖုန်နဲ့ အညစ်အကြေးတွေ ကင်းစင်အောင် အဆင့်ဆင့် သန့်စင်ထားပါတယ် . . . 😍

နေကြာကို အခြားအရသာများထည့်သွင်းခြင်းကိုလည်း ကိုယ်ပိုင်နည်းပညာနဲ့ပြလုပ်ထားပြီး အရသာတွေက အစေ့ထဲအထိ စိမ့်ဝင်သွားလို့ အထူးကောင်းမွန်နေမှာအသေချာပါပဲ . . . 😋

30/03/2026

"ဘယ်နေရာသွားသွား... ကိုယ့်အနားမှာ ရှိနေမယ့် အဖော်မွန်"🌻

ခရီးထွက်ဖို့ ပြင်နေပြီလား? ဒါမှမဟုတ် ရုံးမှာ အလုပ်တွေရှုပ်နေလို့ ခေါင်းမကြည်ဖြစ်နေသလား? 📷
နေကြာစေ့ဆိုတာ နေရာမရွေး၊ အချိန်မရွေး စားလို့ရတဲ့ အကောင်းဆုံးအဖော်ပါ . . .
အိတ်ကပ်ထဲ တစ်ထုပ်ဆောင်ထားရုံနဲ့ Break time မှာ သူငယ်ချင်းတွေနဲ့ ဝေမျှစားလို့ရတယ် . . .
🎞️ညဘက် ဇာတ်ကား ကြည့်ရင်းပဲဖြစ်ဖြစ်၊ စာဖတ်ရင်းပဲဖြစ်ဖြစ် ပါးစပ်မနားတမ်း ဝါးနေရတာက တကယ့်အရသာပဲ . . .

24/03/2026

အခုတလော Diet လုပ်နေတဲ့သူတွေ၊ ကျန်းမာရေး လိုက်စားတဲ့သူတွေကြားမှာ "နေကြာစေ့စားရင် ဝမှာလား" ဆိုတဲ့ မေးခွန်းက အရမ်းရေပန်းစားနေပါတယ်နော် . . .
နေကြာစေ့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ကျန်းမာရေးဆီ (Healthy Fats) တွေ ပါဝင်လို့ -

✅ ဗိုက်ပြည့်လွယ်စေခြင်း: အဆီများတဲ့ Junk Food တွေ စားချင်စိတ်ကို လျှော့ချပေးပါတယ်။

✅ အစာခြေစနစ်: အမျှင်ဓာတ် (Fiber) ပါဝင်လို့ အစာခြေစနစ်ကို ကူညီပေးပါတယ်။

✅ Protein ကြွယ်ဝခြင်း: ကြွက်သားတွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ပံ့ပိုးပေးပါတယ်။

ဒါကြောင့် ဝမှာကြောက်လို့ အပျင်းပြေစာ စားဖို့ ဝန်လေးနေရင်တော့ အာဟာရလည်းရှိ၊ ဆိမ့်လည်းဆိမ့်တဲ့ ပွိုင့်နေကြာလေးရှိတယ်နော် . . .

03/03/2026

အရသာရှိပြီး အချိန်ကုန်လို့ ကုန်မှန်းမသိရအောင် Point နဲ့အတူ အပန်းဖြေလိုက်ရအောင် 🌻 🥰

အားလပ်ချိန်လေးတွေမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံပြောရင်းပဲဖြစ်ဖြစ် 😋ပါးစပ်မနားတမ်း စားလို့အကောင်းဆုံးကတော့ သန့်ရှင်းလတ်ဆတ်စွာ စနစ်တကျထုတ်လုပ်ထားတဲ့ Point (ပွိုင့်) နေကြာစေ့ပဲမလို့🌻 အပန်းဖြေချိန်လေးတိုင်းဆို ပွိုင့်ကို သတိရနော်...

25/02/2026

တစ်ခါတလေ အလုပ်တွေရှုပ်လို့ စိတ်ပင်ပန်းနေတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ အိမ်မှာ Relax လုပ်ရင်း Movie ကြည့်နေတဲ့အခါမျိုးမှာဖြစ်ဖြစ်... ပါးစပ်လေးက တစ်ခုခုဝါးနေရမှ အားရကျေနပ်တတ်ကြတယ်မလား? 😉

အဲဒီလိုအချိန်မျိုးမှာ ပွိုင့် နေကြာလေးသာ ရှိနေရင်တော့ အထီးကျန်ဖို့ မရှိတော့ဘူးပေါ့။ 🌻

စာဖတ်ရင်းပဲဖြစ်ဖြစ်၊ ကားစီးရင်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောရင်းပဲဖြစ်ဖြစ်...
အနားမှာပွိုင့်နေကြာစေ့ထုပ်လေး ရှိနေဖို့ပဲ လိုတာပါ။ 😍

14/02/2026

ကြွပ်ရွပြီး တစ်စေ့မကျန် စားလို့ကောင်းနေတော့ ဖုန်းကြည့်ရင်း၊ စကားပြောရင်း၊ ဒါမှမဟုတ် အပျင်းပြေပဲဖြစ်ဖြစ်... တစ်စေ့ပြီးတစ်စေ့ နွှာနေရင်းနဲ့ ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး •••
အရမ်းစားလို့ကောင်းနေတော့ ‌တစ်ထုပ်ဆို မလောက်ဘူးနော်... ကြိုပြောထားတာ! 😉

11/02/2026

နေကြာစေ့ ဝယ်စားတဲ့အခါ အဆံမပါလို့၊ အနံ့မကောင်းလို့ စိတ်ညစ်ဖူးလား? ဒါဆိုရင်တော့ ပွိုင့်နေကြာလေးကိုသာ ရွေးချယ်လိုက်ပါ 🌻

လတ်ဆတ်သန့်ရှင်းသော နေကြာစေ့တွေကိုသာ သန့်စင်ရွေးချယ်ထားပြီး ကိုယ်ပိုင်နည်းပညာနဲ့ စနစ်တကျပြုလုပ်ထားလို့ အစိမ်းနံ့မနံဘဲ မွှေးကြိုင်နေပါတယ်။ 😍

🔥"နေကြာအရသာ ဆိမ့်ဆိမ့်လေး"ကို ပေးစွမ်းပြီး စားကြည့်လိုက်တာနဲ့ အရသာကွာခြားချက်က ပေါ်လွင်စေပါတယ် . . .

31/01/2026

နေကြာစေ့က အပျင်းပြေစားဖို့တင် မဟုတ်ဘူးနော်... 🌻✨နေကြာစေ့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin E နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေကြာစေ့ ပုံမှန်စားပေးခြင်းဖြင့် -

- နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း ❤️

- အရေပြားကို ကြည်လင်တောက်ပစေခြင်း ✨

- ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း 💪

- စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ခြင်း 🧠 စတဲ့
အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကျန်းမာရေးနဲ့လည်း ညီညွတ်၊ အရသာလည်း ရှိတဲ့ နေကြာစေ့လေးကို အမြဲစားပေးဖို့ မမေ့နဲ့ဦးနော်။

30/12/2025

🌻နေကြာစေ့ဆိုတာ အစေ့ပြည့်ပြီး ဆိမ့်၊ မွှေး ၊ ကြွပ် နေမှ စားလို့ကောင်းတာပါ . . . 😋

ကျွန်တော်တို့ဆီမှာ အရည်အသွေးအကောင်းဆုံး နေကြာစေ့တွေကို ကိုယ်ပိုင်နည်းပညာနဲ့ အထူးပြုလုပ်ထားလို့ အစေ့အဆံတိုင်းက လတ်ဆတ်ပြီး အရသာကဆိမ့်နေလို့ 🌻
တစ်စေ့ချင်း ခွာစားမလား၊ အခွံတွေ အများကြီးခွာပြီးမှ တပြိုင်တည်း စားမလား . . . ဘယ်လိုစားစား အရသာကတော့ ရှယ်ဖြစ်နေလို့ 😯 သူငယ်ချင်းတွေရဲ့ စကားဝိုင်းတိုင်းမှာလဲ မပါမဖြစ်ပဲလေ . . . 😉

30/12/2025

🤯 စားလိုက်တာနဲ့ ရပ်လို့မရတော့ဘူး! အရသာမျိုး ကတော့ ရှယ်ပဲ . . .! 🤤

အရည်အသွေးအကောင်းဆုံး နေကြာစေ့တွေကိုသာ ရွေးချယ်အသုံးပြုထားလို့ အစေ့တိုင်းဟာ အဆီပြည့်ပြီး အရသာပြည့်ဝနေပါတယ်။ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ ကိုယ်ပိုင််နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် နေကြာစေ့ရဲ့ မူလအရသာကို ပိုမိုမြင့်မားစေပြီး စားဖူးသူတိုင်းကို စိတ်ကျေနပ်စေမှာပါ . . .

25/12/2025

အေးချမ်းလှသော ဒီဇင်ဘာလနှင့်အတူ ပျော်ရွှင်စရာကောင်းသော Christmas အချိန်အခါလေးကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ပွိုင့်နေကြာမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

26/11/2025

🎉 အပန်းဖြေခရီးရဲ့ အဖော်ကောင်း နေကြာစေ့လေးတွေ 🎉

နေကြာစေ့စားရင်း အပန်းဖြေခရီးထွက်ရတာက တကယ့်ကို ပျော်စရာကောင်းတဲ့ ခံစားမှု ပါပဲ! 😍

ခရီးသွားရင်း ကားပေါ်မှာ လှပတဲ့ရှုခင်းတွေကို ကြည့်ပြီး နေကြာစေ့လေးတွေကို တစ်စေ့ချင်းခွာပြီး စားရတာ... အဲဒီအရသာနဲ့ ခံစားမှုက ဘာနဲ့မှမလဲနိုင်ဘူးနော်။ 😌

ခရီးပန်းလာရင်တောင် နေကြာစေ့စားရင်း စိတ်လက်အပန်းဖြေ၊ ပျင်းရိမှုတွေလည်း ပြေပျောက်သွားစေတယ်... ပြီးတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားပြောရင်း မျှဝေစားသောက်ရတာကလည်း ခရီးစဉ်ကို ပိုပြီး အမှတ်ရစရာကောင်းစေပါတယ်။ 👨‍👩‍👧‍👦

ခရီးသွားရင်း ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အကောင်းဆုံးသရေစာလေးပါပဲ! 👍

Want your business to be the top-listed Food & Beverage Service in Mandalay?
Click here to claim your Sponsored Listing.

Our Story

အစဥ်အလာ နဲ့ အကြင်နာ ပေါင်းစပ်ထားတဲ့ ပွိုင့်ရွှေနေကြာ

🔸 (၁၉၈၈) ခုနှစ်ကနေ ယနေ့အထိ နှစ်ပေါင်း (၃၀)ကျော်တိုင်တိုင် အောင်မြင်ကျော်ကြားမှုတွေပိုင်ဆိုင်ထားတာ ပွိုင့်ရွှေနေကြာ...

🔸 အချိန်တွေဟောင်းလည်း မပြောင်းလဲပဲ အထူးကောင်းမွန်နေဆဲ အရသာတို့ရဲ့ သခင် ပွိုင့်ရွှေနေကြာ...

ဒီလိုထူးကဲနေတဲ့ ပွိုင့်ရွှေနေကြာကို ဘာကြောင့် လူတိုင်းက စွဲလန်းနေကြတာလဲ...

Telephone

Address


Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30