Orient - Software Development
Orient Mandalay | IT Solution Co.,Ltd. Jewelry Trading System, POS System, Accounting System, ERP System
Software Development, Web Development, Mobile Development
03/06/2026
“Manual စနစ်နဲ့ပဲ ဆက်သွားမလား? OMart နဲ့ ခေတ်ရှေ့ပြေးမလား?” ⚖️🤔
သင့်ဆိုင်မှာ ဒါမျိုးတွေ ကြုံနေရပြီလား?
❌ ပစ္စည်းတစ်ခု ရှာမတွေ့လို့ ဝယ်သူကို စောင့်ခိုင်းနေရတာ။
❌ အကြွေးစာရင်းတွေ မှတ်ထားတာ ပျောက်ကုန်တာ။
❌ လက်ကျန်ပစ္စည်း ဘယ်လောက်ရှိမှန်းမသိလို့ ပစ္စည်းပြတ်သွားတာ။
OMart V3 နဲ့ဆိုရင် ဒါတွေအားလုံးကို ‘No’ လို့ ပြောလိုက်ပါ ‼️
🔹 Manual စနစ်: စာရင်းတွက်ရင် ၁ နာရီကြာမယ်။
🔹 OMart စနစ်: စက္ကန့်ပိုင်းအတွင်း စာရင်းချုပ် ထွက်မယ်။
🔹 Manual စနစ်: အလျော့တွက်၊ အမြတ်တွက်ရင် မှားနိုင်တယ်။
🔹 OMart စနစ်: System က တွက်ပေးလို့ ၁၀၀% တိကျတယ်။
🔹 Manual စနစ်: ဆိုင်မှာရှိမှ စာရင်းသိရမယ်။
🔹 OMart စနစ်: ဘယ်နေရာရောက်ရောက် လုပ်ငန်းအခြေအနေကို သိနိုင်တယ်။
ဆိုင်မှာ စာရင်းတွေ ရှုပ်ထွေးနေလို့ စိတ်ညစ်နေရတဲ့ အချိန်တွေ… အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့✋
ဆိုင်ရှင်တွေအတွက် အဝယ်လုပ်တဲ့အခါမှာ ဘူးလိုက်၊ ဖာလိုက် စတဲ့ မိမိကြိုက်နှစ်သက်ရာ Unit နဲ့ စိတ်ကြိုက်ဝယ်ယူနိုင်ပြီး ရောင်းချတဲ့အခါမှာတော့ တစ်ထုတ်ချင်းစီကအစ အသေးစိတ် ခွဲရောင်းနိုင်ပါတယ်
အဝယ်စာရင်းသွင်းလိုက်တာနဲ့ ရောင်းတန်းဝင်ယူနစ်အသေးလေးတွေကို စနစ်ကနေ အလိုအလျောက် ဖြည့်တင်းတွက်ချက်ပေးသွားမှာဖြစ်လို့ ယူနစ်ပြောင်းလဲတွက်ချက်ရတဲ့ ခေါင်းခဲစရာတွေကို အဆုံးသတ်ပေးလိုက်ပါပြီ👌
ဒါ့အပြင် လက်ကျန်စာရင်းကို ပြန်ကြည့်တဲ့အခါမှာလည်း ဖာလိုက်ရော၊ အခုလိုက်ရော Unit မျိုးစုံနဲ့ တိတိကျကျ မြင်တွေ့နိုင်တာကြောင့် ဆိုင်မှာ ပစ္စည်းဘယ်လောက်ကျန်တယ်ဆိုတာကို အချိန်နဲ့တပြေးညီ အလွယ်တကူ ထိန်းချုပ်နိုင်မှာဖြစ်လို့
OMart V3 ဆိုတာ အရောင်းစာရင်းသွင်းရုံသက်သက် Software တစ်ခုမဟုတ်ပါဘူး……🌟
သင့်ရဲ့ ဆိုင်လုပ်ငန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်မယ့်၊ အချိန်ကုန်လူပင်ပန်း သက်သာစေမယ့် “အကောင်းဆုံး စီးပွားရေးလက်ထောက်” တစ်ဦးပဲမလို့
ခေတ်နောက်ကျမကျန်ခဲ့ဖို့ OMart ကို အခုပဲ ရွေးချယ်လိုက်ပါ 🛒✨
အသေးစိတ်ကို 💬Page Chat Box (သို့မဟုတ်) ☎️ 09 441 037 890, 09 977 173 174 ,09 783 336 890 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
📍လိပ်စာ: အမှတ် (၆)၊ ၃၁ လမ်း နှင့် ၃၂ လမ်းကြား၊ ၈၅ လမ်း (D)၊ မလွန်ဈေးလမ်းတန်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📲 Email: [email protected]
ုံ
28/05/2026
𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥 🌙✨
ယနေ့ မေလ (၂၈) ရက်၊ကြာပသတေးနေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်သည့် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့တွင် ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံကြပြီး
ကျန်းမာချမ်းသာကြပါစေကြောင်း Orient မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်...
Online Service များအတွက် အသေးစိတ်ကို 💬Page Chat Box (သို့မဟုတ်) ☎️ 09977173175 ,09 441 037 890, 09 977 173 174 ,09 783 336 890 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
📍လိပ်စာ: အမှတ် (၆)၊ ၃၁ လမ်း နှင့် ၃၂ လမ်းကြား၊ ၈၅ လမ်း (D)၊ မလွန်ဈေးလမ်းတန်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📲 Email: [email protected]
25/05/2026
စိန်၊ရွှေရတနာဆိုင်အတွက် အကောင်းဆုံး OJMS System 💎💍
“စိန်ရွှေရတနာဆိုင် ပိုင်ရှင်တိုင်းအတွက်… စာရင်းကိုင်ရတာ ခေါင်းမကိုက်ရတော့ဘူး! 💎✨
ရွှေဈေးတွေ တက်လိုက်ကျလိုက်ဖြစ်နေတဲ့အချိန်မှာ…
❌ စာရင်းမှားမှာ ကြောက်နေရလား?
❌ အလျော့တွက်၊ လက်ခတွေ တွက်ချက်ရတာ အချိန်ကုန်နေလား?
❌ ကျောက်ဖိုး၊ ပန်းထိမ်ခတွေနဲ့ ရှုပ်ထွေးနေပြီလား?
ဒါတွေအားလုံးကို OJMS (Orient Jewel Management System) တစ်ခုတည်းနဲ့ ဖြေရှင်းလိုက်ပါ ✅
မြန်မာနိုင်ငံရဲ့ (ကျပ်၊ ပဲ၊ ရွေး) စနစ်ကို အတိအကျ အခြေခံထားတာကြောင့်…
✨ ၁ ကျပ် ၁၆ ပဲ ၁ ပဲ ၈ ရွေး… ဘယ်လောက်ပဲ သေးသေး၊ တိတိကျကျ တွက်ချက်ပေးမှာပါ။
✨ စိန်ထည်ပစ္စည်းတွေကိုလည်း ဓာတ်ပုံနဲ့တကွ စာရင်းသွင်းထားနိုင်လို့ ပစ္စည်းပျောက်မှာ လုံးဝပူစရာမလိုတော့ဘူး။
ဒါ့အပြင် OJMS ကို ဘာကြောင့် မဖြစ်မနေ သုံးသင့်တာလဲ? 🌟
📍 ၁။ မြန်မာ့ရိုးရာ ရွှေချိန်တွယ်စနစ်နဲ့ အကိုက်ညီဆုံးဖြစ်ခြင်း
ကျပ်၊ ပဲ၊ ရွေး… ဘယ်လောက်ပဲ သေးငယ်တဲ့ အလေးချိန်ဖြစ်ပါစေ၊ OJMS က ဒသမအစိပ်အထိ တိကျစွာ တွက်ချက်ပေးပါတယ်။ ၁ ကျပ် ၁၆ ပဲ ၁ ပဲ ၈ ရွေး စတဲ့ တွက်ချက်မှုတွေမှာ အမှားအယွင်း လုံးဝမရှိစေရဘူးလို့ အာမခံပါတယ် ⚖️✨
📍 ၂။ စိန်ထည်ပစ္စည်းတွေကို မျက်စိရှေ့တင် မြင်နေရသလို စီမံနိုင်ခြင်း
စိန်၊ ကျောက် ပစ္စည်းတွေဆိုတာ တစ်ခုချင်းစီက တန်ဖိုးကြီးလှပါတယ်။ OJMS မှာ ပစ္စည်းတစ်ခုချင်းစီကို ဓာတ်ပုံနဲ့တကွ၊ ပွင့်ရေ၊ အလေးချိန်၊ အရင်းတန်ဖိုးတွေပါ အသေးစိတ် မှတ်တမ်းတင်ထားနိုင်လို့ ပစ္စည်းပျောက်မှာ၊ စာရင်းလွဲမှာ လုံးဝပူစရာမလိုတော့ပါဘူး။ 💎📸
📍 ၃။ အလျော့တွက်၊ လက်ခနဲ့ ပန်းထိမ်ခတွေကို စက္ကန့်ပိုင်းအတွင်း တွက်ချက်ခြင်း
ပစ္စည်းတစ်ခုချင်းစီအတွက် အလျော့တွက် ဘယ်လောက်၊ လက်ခ ဘယ်လောက်၊ ကျောက်ဖိုး ဘယ်လောက်ဆိုတာကို စနစ်တကျ ထည့်သွင်းထားနိုင်လို့ အရောင်းဘောက်ချာ ထုတ်တဲ့အခါမှာ မြန်ဆန်လွန်းလို့ ဝယ်သူတွေတောင် အံ့သြသွားစေမှာပါ။ 🧾💨
📍 ၄။ အမြတ်အစွန်းနဲ့ လက်ကျန်စာရင်းကို Dashboard မှာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ခြင်း
ဒီနေ့ ဘယ်လောက်ဖိုး ရောင်းရလဲ? အသားတင် အမြတ် ဘယ်လောက်လဲ? ဆိုင်မှာ ဘယ်ပစ္စည်းတွေ ကျန်သေးလဲ? ဒါတွေကို ဖိုင်တွေ လှန်စရာမလိုဘဲ ဖုန်းထဲကနေပဲဖြစ်ဖြစ်၊ ကွန်ပျူတာကနေပဲဖြစ်ဖြစ် ချက်ချင်း ကြည့်ရှုနိုင်ပါတယ်။ 📊📈
📍 ၅။ After Sale Service နဲ့ စိတ်ချရမှု
၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Orient IT Solution က သင့်လုပ်ငန်းခွင်အထိ လာရောက်ပြီး နားလည်အောင် သင်ကြားပေးမှာဖြစ်သလို၊ အခက်အခဲရှိတိုင်း အမြဲအနားမှာ ရှိနေမယ့် Support Team လည်း ရှိပါတယ်။ 🤝🛠️
အပြိုင်အဆိုင်တွေကြားမှာ 💍💎 သင့်ဆိုင်က ပိုမိုမြန်ဆန်၊ တိကျပြီး စမတ်ကျနေဖို့ဆိုရင် OJMS က အကောင်းဆုံး ရွေးချယ်မှုမလို့ ခေတ်မီနည်းပညာနဲ့ အဆင့်မြှင့်တင်ပြီး အမြတ်အစွန်းတွေကို စက္ကန့်ပိုင်းအတွင်း ကြည့်လိုက်ရအောင် 🚀
Orient Mandalay Co.,Ltd.
🏡 No.6, Bet 31 & 32, Bet 85D x 86, Ma Lon Khae Lan Tan, Chan Aye Thar Zan Township, Mandalay.
📧 [email protected]
🌏 www.orientitsolution.com
☎️Marketing Hot line : 09-441037890/09-977173174/09-783336890
☎️Service Hot line & Viber Number : 09-977173175
☎️Service Inquiry Number : 09-798803765/09-408999174/09-408999175
15/05/2026
👩🏻💻ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ ဒီ Software ဟာ သင့်လုပ်ငန်းရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေကို အချိန်ကုန်သက်သာစေပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
Software ရဲ့ အဓိကလုပ်ဆောင်ချက်များ 📣❇️
၁။ 👉✅အပေါင်လက်ခံခြင်း (Pawn Acceptance)
•
ပစ္စည်းအမျိုးအစား၊ တန်ဖိုး၊ အပေါင်ထားသူအချက်အလက်များကို အလွယ်တကူ မှတ်တမ်းတင်နိုင်ခြင်း။
•ဓာတ်ပုံများ ထည့်သွင်းသိမ်းဆည်းနိုင်ခြင်း။
•အပေါင်စာချုပ်များကို စနစ်တကျ ထုတ်ပေးနိုင်ခြင်း။
၂။ 👉🔍အတိုးနှုန်း သတ်မှတ်ချက် (Interest Rate Setting)
•ပစ္စည်းအမျိုးအစားအလိုက် သို့မဟုတ် သတ်မှတ်ကာလအလိုက် အတိုးနှုန်းများကို လွယ်ကူစွာ သတ်မှတ်နိုင်ခြင်း။
•အတိုးတွက်ချက်မှုများကို အလိုအလျောက် ပြုလုပ်ပေးခြင်း။
၃။ 👉✅အပေါင်ပစ္စည်း ပြန်လည်ရွေးယူခြင်း (Pawn Redemption)
•အပေါင်ပစ္စည်း ပြန်လည်ရွေးယူသည့်အခါ အတိုးနှင့် မူရင်းငွေကို အလိုအလျောက် တွက်ချက်ပေးခြင်း။
•ပြန်လည်ရွေးယူမှု မှတ်တမ်းများကို စနစ်တကျ သိမ်းဆည်းထားနိုင်ခြင်း။
၄။👉 📋လက်ကျန်အစောင်ရေ စာရင်းချုပ် (Inventory Summary)
•လက်ရှိ အပေါင်ဆိုင်တွင် ကျန်ရှိနေသော ပစ္စည်းစာရင်းများကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ခြင်း။
•ပစ္စည်းအမျိုးအစားအလိုက်၊ အပေါင်ထားသည့်ရက်စွဲအလိုက် စစ်ဆေးနိုင်ခြင်း။
၅။👉💵 နေ့စဉ်ဝင်ငွေ ထွက်ငွေ စာရင်းချုပ် (Daily Income & Expense Summary)
•နေ့စဉ် ဝင်ငွေ၊ ထွက်ငွေများကို အသေးစိတ် မှတ်တမ်းတင်နိုင်ခြင်း။
•လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခြင်း။
•လစဉ်၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်ယူနိုင်ခြင်း။
📌ဘာကြောင့် ဒီ Software ကို ရွေးချယ်သင့်တာလဲ?
•အချိန်ကုန်သက်သာ: လက်ဖြင့် မှတ်တမ်းတင်ခြင်းထက် ပိုမိုမြန်ဆန်တိကျစွာ လုပ်ဆောင်နိုင်ခြင်း။
•အမှားအယွင်းကင်း: အလိုအလျောက် တွက်ချက်မှုများကြောင့် လူ့အမှားအယွင်းများကို လျှော့ချပေးခြင်း။
•စီမံခန့်ခွဲမှု လွယ်ကူ: လုပ်ငန်းတစ်ခုလုံးကို တစ်နေရာတည်းကနေ ထိန်းချုပ်နိုင်ခြင်း။
•လုံခြုံစိတ်ချရ: အချက်အလက်များကို စနစ်တကျ သိမ်းဆည်းပေးခြင်း။
သင့်အပေါင်ဆိုင်လုပ်ငန်းကို ပိုမိုတိုးတက်အောင်မြင်စေဖို့ ဒီ Software က အကောင်းဆုံး အထောက်အကူပြုပါလိမ့်မယ်။
အသေးစိတ်သိရှိလိုသည်များအတွက်. . .
Orient Mandalay Co.,Ltd.
🏡 No.6, Bet 31 & 32, Bet 85D x 86, Ma Lon Khae Lan Tan, Chan Aye Thar Zan Township, Mandalay.
📧 [email protected]
🌏 www.orientitsolution.com
☎️Marketing Hot line : 09-441037890/09-977173174/09-783336890
☎️Service Hot line & Viber Number : 09-977173175
☎️Service Inquiry Number : 09-798803765/09-408999174/09-408999175
07/05/2026
OJMS Jewelry Management System မှ Website Module အကြောင်းကိုလည်း ဖော်ပြပေးချင်ပါတယ်။
🌐 Website Module အကျိုးကျေးဇူးများ
Online Store ဖန်တီးနိုင်ခြင်း –
သင့်ရတနာဆိုင်ကို အွန်လိုင်းမှာ ဖော်ပြပြီး ပစ္စည်းများကို တိုက်ရိုက်ရောင်းချနိုင်မယ်
Customer Reach တိုးချဲ့နိုင်ခြင်း –
Mandalay, Yangon သာမက နိုင်ငံအနှံ့မှ ဝယ်သူများကိုလည်း ဆွဲဆောင်နိုင်မယ်
Product Listing အလွယ်တကူ –
ပစ္စည်းများကို Category အလိုက် စနစ်တကျ တင်နိုင်မယ်
Secure Payment System –
အွန်လိုင်းငွေပေးချေမှုကို လုံခြုံစွာ စီမံနိုင်မယ်
Mobile Friendly Design –
Phone ၊ Tablet တို့မှလည်း အဆင်ပြေစွာ ဝင်ရောက်နိုင်မယ်
👩💻 Customer အတွက် အကျိုးကျေးဇူးများ
အလွယ်တကူ ဝင်ရောက်နိုင်ခြင်း –
Phone၊ Tablet၊ Laptop တို့မှ အဆင်ပြေစွာ ဝင်ရောက်နိုင်မယ်
ပစ္စည်းအမျိုးအစားများကို လွယ်ကူစွာ ကြည့်ရှုနိုင်ခြင်း –
Category အလိုက် စနစ်တကျ တင်ထားတာကြောင့် လိုချင်တဲ့ ပစ္စည်းကို အချိန်မကုန်ဘဲ ရှာနိုင်မယ်
အွန်လိုင်းမှာ တိုက်ရိုက် ဝယ်ယူနိုင်ခြင်း –
ဆိုင်ကို မသွားဘဲ အိမ်ထဲကနေ တိုက်ရိုက် Order လုပ်နိုင်မယ်
ဒီလိုအားသာချက်တွေကြောင့် 💎 Customer တွေ အတွက် အဆင်ပြေမှု၊ အချိန်ကုန်သက်သာမှု၊ လုံခြုံစိတ်ချမှုတွေကို Website Module က တစ်နေရာတည်းမှာပဲ ပေးနိုင်ပါတယ်။
💻 Website Module က သင့်ရတနာဆိုင်ကို Digital World ထဲမှာ အဆင့်မြှင့်တင်ပေးပြီး အွန်လိုင်းစီးပွားရေးကို အောင်မြင်စေမယ့် အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။
👉 Jewelry Business ကို အွန်လိုင်းမှာ တိုးချဲ့ချင်သူများအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်မယ်လို့ ယုံကြည်စိတ်ချနိုင်ပါတယ်။
သင့်ဆိုင်ကို Website ဖြင့် အဆင့်မြှင့်တင်ဖို့ စတင်ချင်ပါသလား?
အသေးစိတ်သိရှိလိုသည်များအတွက်. . .
Orient Mandalay Co.,Ltd.
🏡 No.6, Bet 31 & 32, Bet 85D x 86, Ma Lon Khae Lan Tan, Chan Aye Thar Zan Township, Mandalay.
📧 [email protected]
🌏 www.orientitsolution.com
☎️Marketing Hot line : 09-441037890/09-977173174/09-783336890
☎️Service Hot line & Viber Number : 09-977173175
☎️Service Inquiry Number : 09-798803765/09-408999174/09-408999175
#လုပ်ငန်းသုံးဆော့ဖ်ဝဲ #ရတနာဆိုင်
30/04/2026
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)
ညောင်ရေသွန်းပွဲတော်
==================
ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွန်းပွဲကို ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်သည်။
ကဆုန်လတွင် ပူပြင်းလှသည်။ ကောင်းကင်၌လည်း မိုးသားများ အုံ့မှိုင်းကာ
တဂျိုးဂျိုးနှင့် မိုးချုန်းသံများကြားရ၏။ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည်ဟု ထင်ရ၏။ ထိုအချိန်အခါမျိုးတွင် မြန်မာပြည်သူတို့သည် ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ညောင်ရေသွန်းလောင်း ကြသည်ဟု ဆိုကြသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓမြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံး အချိန်၊ ရေအဆုတ်ဆုံး အချိန် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရသည်။
ကဆုန်လသည် ခြောက်သွေ့သောလ ဖြစ်သည့်အလျောက် တောင်သူဦးကြီးများ အလုပ်အားကြသည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ စည်းကားစွာကျင်းပသည်။ ကဆုန်လပြည့်နေ့မရောက်မီ တစ်ရက်အလိုတွင် ရေသွန်းလောင်းကြမည့် ညောင်ပင်ကို ထုံးသုတ်ကြသည်။ အမှိုက်သရိုက်များ ရှင်းလင်းထားကြသည်။ ကဆုန်လပြည့်နေ့ နံနက်တွင် သက်ကြီးရွယ်အိုများမှအစ ကလေးများအဆုံး ဥပုသ်သီတင်း ဆောက်တည်ကြသည်။ ညောင်ပင်သို့အသွားတွင် “ကဆုန်နယုန် လေရူးသုန်” ဟူသော စကားနှင့်အညီ လေပွေ၊ လေရူးကလေးများ ကလူကျီစယ်နေပါသည်။ ဗောဓိညောင်ပင်သို့ရောက်လျှင် အသင့်စောင့်နေသော ဘုရားလူကြီးများက ဘုရားပရိတ်တော်၊ ဓမ္မစကြာ တရားများကို ရွတ်ဖတ်ပြီး ညောင်ပင်ကိုရှိခိုးပြီးနောက် ညောင်ရေသွန်းလောင်းစေသည်။
မြန်မာနိုင်ငံ အနှံအပြား စေတီပုထိုးများရှိ ညောင်ပင်တို့တွင် ရေသွန်းလောင်းကြသည်။ အမျိုးသမီးများက ယောဂီအဝတ်အစားများ သေသေသပ်သပ် ဝတ်စား၍ ညောင်ရေသွန်းလောင်းမည့် ရေကို အိုးဖြင့်ထည့်ကာ ဘုရားရှိရာ ညောင်ပင်ခြေသို့ လာရောက်လောင်းကြရသည်။ ညောင်ရေသွင်းပွဲတွင် ယောက်ျားလေးများက အိုးစည် ဒိုးပတ်များဖြင့် ကခုန်ကာ ဖျော်ဖြေကြသည်။ တချို့က စတုဒီသာကျွေးခြင်းများဖြင့် ကုသိုလ်ယူကြသည်။
ထိုနေ့တွင် တန်ခိုးကြီးဘုရားများသို့သွားကာ ကုသိုလ်ကောင်းမှုပြုကြသဖြင့် ဘုရားရင်ပြင်တော်တွင် လူများတိုးမပေါက်အောင် များပြားနေပါသည်။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာနေ့ဖြစ်သည့်အလျောက် ဘုရားစေတီဝန်းကျင်မှ ဗောဓိညောင်ပင်များကို ညောင်ရေသွန်းကြသည်။ ကြည်နူးချမ်းမြေ့စရာ ကောင်းလှပါသည်။
မြန်မာ့ရိုးရာ အခါကြီးရက်ကြီးများထဲမှ နေ့တစ်နေ့ဖြစ်သော ကဆုန်လပြည့်နေ့တွင် မြန်မာနိင်ငံသား/သူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပြီး ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့လေးတစ်နေ့ဖြစ်ကြပါစေကြောင်း Orient Mandalay IT Solutionမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Orient Mandalay Co.,Ltd. 🏢
🏡 No.6, Between 31 & 32, Between 85D x 86, Ma Lon Khae Lan Tan, Chan Aye Thar Zan Township, Mandalay.
📧 [email protected]
🌏 www.orientitsolution.com
☎️ Marketing Hot line : 09-441037890, 09-977173174, 09-783336890
☎️ Service Hot line & Viber Number : 09-977173175
☎️ Service Inquiry Number : 09-798803765, 09-408999174, 09-408999175
24/04/2026
All in one PCတွေမှာ လွယ်ကူစွာအသုံးပြုနိုင်သော odoo OJMS
===========================================
ရွှေဆိုင်ကြီးများနဲ့ ပလက်တီနမ်ဆိုင်များတွင်-
ပစ္စည်းစာရင်း (Inventory)ရွှေအလေးချိန်၊ ကျောက်အမျိုးအစား၊ ဖောက်သည်မှာယူမှု၊ ငွေပေးချေမှုနှင့် အစုအဖွဲ့လိုက် ထုတ်လုပ်မှု များကို စနစ်တကျ စီမံနိုင်ရန် အတွက်
Odoo Jewelry Management System (OJMS) သည် အထူးပြုလုပ်ထားသော Softwareတစ်ခုဖြစ်ပါတယ်။
သို့သော် လုပ်ငန်းရှင်အများစုက “ဒီစနစ်ကို သုံးဖို့အတွက် ကြီးမားတဲ့ Server တွေနဲ့ Networkပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိမှာလား” ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
အဖြေကတော့ မလိုအပ်ပါဘူး – All-in-One PC တစ်လုံးတည်းနဲ့ကိုပင် Odoo OJMS ကို ချောမွေ့စွာ၊ လုံခြုံစွာ၊ ကုန်ကျစရိတ်သက်သာစွာ အသုံးပြုနိုင်ပါတယ်။
၂။ All-in-One PC ဆိုတာဘာလဲ၊ ဘာကြောင့် OJMS အတွက် သင့်တော်သလဲ?
All-in-One PC ဆိုသည်မှာ Monitor အတွင်းမှာ Motherboard၊ Processor၊ RAM၊ Storage နှင့် Speaker စသည်တို့ ပါဝင်ပြီး
သီးခြား System Unit မလိုအပ်သော ကွန်ပျူတာ အမျိုးအစားဖြစ်ပါတယ်။
All in one PCတွေအကိုအသုံးပြုခြင်းဖြင့်
ကွန်ပျူတာထားရန်အတွက် နေရာအများကြီးမလိုအပ်ခြင်း၊ လျှပ်စစ်စွမ်းအင်ချွေတာနိုင်ခြင်း၊ ကွန်ပျူတာကို နေရာအရွှေ့အပြောင်းပြုလုပ်ရာတွင်လည်း
အဆင်ပြေလွယ်ကူခြင်း၊ အစရှိသည့်အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါတယ်။
💎💎💎Odoo OJMS (Odoo Jewelry Management System)💎💎
ရွှေ၊ ပလက်တီနမ်၊ အစရှိတဲ့ရတနာဆိုင်များအတွက် အထူးပြုထားတဲ့ All-in-One စနစ်ဖြစ်ပါတယ်။
Odoo OJMS ရဲ့ အဓိကအချက်များ👇
💎 ရတနာအထူးပြု စီမံခန့်ခွဲမှု
ရွှေအမျိုးအစား၊ စျေးနှုန်း၊ ပန်းတိမ်ဆရာအမည်အထိ စနစ်တကျ ထိန်းချုပ်နိုင်။
💎 အဝယ် / အရောင်း စနစ်တကျ
Barcode Sticker & Voucher Print ထုတ်နိုင်၊ Gram, ကျပ်၊ ပဲ၊ ဘတ် စတဲ့ ယူနစ်မျိုးစုံ သုံးနိုင်။
Multi-currency Support ပါ။
💎 Stock & Accounting တစ်နေရာတည်းမှာ
လက်ကျန်၊ အမြတ်နဲ့ P/L Report အလိုအလျောက်ထုတ်နိုင်။
💎 ဆိုင်ခွဲများ စနစ်တကျ စီမံနိုင်
ဆိုင်ခွဲတစ်ခုချင်းစီကို တစ်နေရာတည်းက ထိန်းချုပ်နိုင်။
Online Showcase နဲ့ Productများကို ပြသနိုင်။
💎 အသုံးပြုရ လွယ်ကူ
User အကန့်အသတ်မရှိ၊ Mobile, Tablet, Computer အစရှိတဲ့ Devicesမျိုးစုံမှာ အသုံးပြုနိုင်။
💎 Odoo OJMS သုံးပြီးရင်
✔️ လုပ်ငန်းစွမ်းဆောင်ရည် ၂ဆ မြှင့်တင်နိုင်ပါမယ်။
✔️ နည်းပညာနဲ့မရင်းနှီးတဲ့သူတွေတောင် အလွယ်တကူအသုံးပြုနိုင်ပါမယ်။
✔️ အချိန်နှင့်တပြေးညီ လုပ်ငန်းတစ်ခုလုံး စောင့်ကြည့်နိုင်ပါမယ်။
ဒီလိုရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို လွယ်ကူရိုးရှင်းတဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့အတွက်
All in one PCတစ်လုံးပေါ်မှာ Odoo OJMSကိုအသုံးချပြီး သင့်ရတနာဆိုင်လုပ်ငန်းကို ပိုမိုတောက်ပလာအောင် ပြောင်းလဲလိုက်ပါ။ 🌟
အသေးစိတ်သိရှိလိုသည်များအတွက်. . .
Orient Mandalay Co.,Ltd.
🏡 No.6, Bet 31 & 32, Bet 85D x 86, Ma Lon Khae Lan Tan, Chan Aye Thar Zan Township, Mandalay.
📧 [email protected]
🌏 www.orientitsolution.com
☎️Marketing Hot line : 09-441037890/09-977173174/09-783336890
☎️Service Hot line & Viber Number : 09-977173175
☎️Service Inquiry Number : 09-798803765/09-408999174/09-408999175
#လုပ်ငန်းသုံးဆော့ဖ်ဝဲ #ရတနာဆိုင်
20/04/2026
13/04/2026
#မြန်မာနှစ်သစ်ကူး
#အတာသင်္ကြန်
Orient Mandalay Co.,Ltd.
🏡 No.6, Bet 31 & 32, Bet 85D x 86, Ma Lon Khae Lan Tan, Chan Aye Thar Zan Township, Mandalay.
📧 [email protected]
🌏 www.orientitsolution.com
☎️Marketing Hot line : 09-441037890/09-977173174/09-783336890
☎️Service Hot line & Viber Number : 09-977173175
☎️Service Inquiry Number : 09-798803765/09-408999174/09-408999175
#လုပ်ငန်းသုံးဆော့ဖ်ဝဲ #ရတနာဆိုင်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 6, Bet 31x32 & Bet 85x86, Ma Lon Khae Lan Tan , Chan Aye Thar Zan Township
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 00:00 |