Snack Box
သန့်ရှင်းလတ်ဆတ်စွာ ပြုလုပ်ထားတဲ့မုန့်လေးတွေဖြစ်လို့ ယုံကြည်စိတ်ချစွာမှာယူနိုင်ပါသည်
14/12/2021
မင်မင်တို့ကုန်ကြမ်းလေးတွေပြတ်နေတာမို့
Order လက်ခံတာလေးတွေ
ခေတ္တခနနားခွင့်ပြုပါရှင့်💛
အားပေးမှုအတွက်လဲ ကျေးဇူးပါရှင့်🥰
Orderပြန်တင်လို့ရမယ့်ရက်လေး
Pageမှာ ပြန်ကြေညာပေးပါ့မယ်နော်👋🏿
08/12/2021
10.12.21မှ 12.12.21 အထိ
မင်မင်တို့ဆိုင်လေး 3ရက်တိတိပိတ်ပါတယ်ရှင့်🚫
(မနက်ဖြန်တစ်ရက် Orderလေးလက်ခံပါသေးတယ်နော်)
07/12/2021
ဒီနေ့အတွက် နေ့ခင်း3-4နာရီ တချိန်ပဲ
Deliထွက်ဖို့ ရှိတော့မှာမို့
4နာရီWayနဲ့အမှီရချင်ရင် 12နောက်ဆုံးထားပြီး
Orderလေးတင်ပေးကြပါနော်🥺💛
05/12/2021
ဒီဇင်ဘာ10ရက်နေ့ ဆိုင်ပိတ်သည်🚫
🚨🚨အားလုံးဆင်နွှဲနိုင်မယ့် သပိတ်🚨🚨
❝ငါတို့မြို့ကို ငါတို့ပိုင်တယ်
ငါတို့ငြိမ်ချင် ငြိမ်မယ်
ငါတို့ လှုပ်ချင်လှုပ်မယ်❞
ဒါဟာ အသံတိတ်သပိတ် (Silent Strike) ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်ပါတယ်။
သမိုင်းကြောင်းတလျှောက်လုံး တောင်းဆိုနေခဲ့၊ နေဆဲဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေးတွေဟာ ဒီနေ့ဒီချိန်ထိ ပျောက်ဆုံးနေရဆဲပါပဲ။ ဒီနေ့ရဲ့ တော်လှန်ရေးမှာ အထင်ရှားဆုံးအနေနဲ့ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာထုတ်ဖော်နေကြတဲ့ ပြည်သူတွေဟာ အသက်ပေး အဖိနှိပ်ခံနေရသေးတာဟာ အင်မတန်မှ တုန်လှုပ်နာကြည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။
▪️အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “ကမ္ဘာ့ လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။ ၁၉၉၁ ခု၊ ဒီဇင်ဘာ (၁၀) ရက်နေ့ (10 D) မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် (နဝတ) စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ထိုနှစ်ရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်” ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း စစ်အာဏာရှင်တွေကတော့ လက်နက်အားကိုး၊ အကြမ်းဖက်ဖြိုခွဲခဲ့ကာ ကျောင်းသားလူငယ်ပေါင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီ (10 D) လှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။
▪️ယနေ့အချိန်ထိ ချိုးဖောက်ခံနေရတဲ့ ကျွန်တော်တို့ရဲ့ လူ့အခွင့်ရေးအတွက်၊ ကျွန်တော်တို့ကို ဖိနှိပ်ထားတဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့အတွက် လာမယ့် ၁၀-၁၂-၂၀၂၁ မှာ တိတ်ဆိတ်မှုနဲ့ တော်လှန်မယ့် Silent Strike - တိတ်ဆိတ်ငြိမ်သက်ခြင်းပိတ်" ပြုလုပ်ကြမှာဖြစ်ပါတယ်။
▪️ဘာတွေလုပ်ကြမလဲ...။
- ၁၀ ရက်နေ့ (မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ) ကားမရှိ၊ လူမရှိ၊ စျေးတွေမဖွင့်၊ ဆိုင်တွေမဖွင့်ပဲ နေကြမယ်။
- "လူ့အခွင့်အရေးမရှိ ၊ အလုပ်သမားအခွင့်အရေး မရှိ လွတ်လပ်ခွင့်မရှိ အမှောင်အတိ ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ငါတို့ ဘဝတွေကို ကိုယ်စားပြုတဲ့" အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် " တော်လှန်"ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြမယ်။
❝ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ❞
တိတ်ဆိတ်ခြင်းရဲ့ အကျယ်လောင်ဆုံး ဟစ်ကြွေးသံကို အာဏာရူးတွေ ဆက်ဆက်ကြားစေရမယ်။
Silence shall be our loudest WAR CRY!
04/12/2021
ဒီနေ့ အားပေးကြမ်းချက်နော်..🤒
မင်မင် မနက်စာနဲ့ ညစာပေါင်းစားရတယ်ရှင်🙄
3ရက်စာ ကုန်ကြမ်းများကို တစ်ရက်ထဲနဲ့
Stockကုန်တဲ့ထိ အားပေးကြလို့ ကျေးဇူးပါရှင့်🙆🏻♀️
ဒီနေ့Deliလေးတွေက လူတစ်ဝက်ပဲအလုပ်ဆင်းလို့
Orderတချို့ နည်းနည်းနောက်ကျသွားလို့လဲ မီအားနဲ🥺
လိုအပ်ချက်လေးတွေ အဆင်မပြေတာလေးတွေရှိရင်
မင်မင်တို့ဆီ အားမနာပဲ လာပြောပေးနော်🥺💛
03/12/2021
ဒါက ညနေခင်းOrderလေးတွေ💛
မနက်ဖြန်အတွက်လဲ Orderကြိုတင်ထားလို့ရပါပြီရှင်🙆🏻♀️
မင်မင်က မုန့်လေးတွေကိုကြိုပြင်မထားဘူးနော် သဲတို့…
တပိုင်တနိုင်လေးပဲ လုပ်တာဆိုတော့
orderမှာမှ ချက်ချင်းbakeပေးတာမို့ Orderလေးတွေကို
အများကြီးလက်မခံနိုင်သေးတာ မီအားနဲ🥺🥺
ဒီနေ့ညနေ5နာရီထိ Orderလေးတွေပြည့်နေပြီမို့
ဒီနေ့အတွက် ရတော့ဝူးးနော်🥺🥺
မနက်ဖြန်အတွက်တော့ Orderလေးတွေ
ကြိုတင်ထားလို့ရပါတယ်ရှင့်
မင်မင်အားတာနဲ့ စာလေးတွေ ပြန်ပေးထားပါ့မယ်နော်🙆🏻♀️
30/11/2021
မီအားးနဲနော် ကာကာတို့ရေ ..😁
29/11/2021
မနက်ဖြန်တွက် Orderလေးတွေကို
ညနေ3ခွဲ နောက်ဆုံးထားDeliအပ်ပေးမှာမို့
နေ့ခင်း1:00မတိုင်ခင်လေး ကြိုမှာပေးနော် အကာတို့ရေ..
28/11/2021
မင်မင်က ပုဇွန်ဆို အသားလေးတွေချည်း
ထောပတ်နဲ့ ကင်ပြီး ထည့်ပေးတာမို့
ပုဇွန်ခေါင်းစူးမှာ စိတ်မပူသင့် 😎
အဲ့တော့ ပဂျွန်ပီဇာလေးတွေ မှာလို့ရပါတယ်နော်😋
ဒီနေ့ ညနေတွက်
Orderတင်လို့ရပါသေးတယ်နော်
မနက်ဖြန် တစ်ရက် ဆိုင် ပိတ်ပါတယ်ရှင့်💛
25/11/2021
Half-Spicy Pizza လေးး 🤤
အစပ်ကြိုက်တဲ့သူလေးတွေက
မင်မင့်က်ို အစပ်ပိုချင် ပြောပေးနော်…
အရမ်းစပ်ရင်ကျ မုန့်အရသာလေးပေါ့သွားမစိုးလို့
မင်မင်က ရှိန်းတိန်းဖိန်းတိန်းလေးပဲ စပ်ပေးထားတာမို့🥺
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
Mandalay