Pyae Sone Design & Construction
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Design & Construction, Architectural Designer, Corner of 72nd and 120th A, Mandalay.
01/04/2025
ငလျင်အတွင်းမှာ ကျွန်တော့် Page ကိုဝင်ဝင်ကြည့်ကြလို့ သတင်းစကားတစ်ခုပါးပေးချင်ပါတယ်။
ကျွန်တော်ဘာလုပ်နေလဲဆိုတာပါ။ ဒီရက်ပိုင်းမှာ ကိုယ့်မိတ်ဆွေအိမ်ထဲက ပြိုကျတဲ့အိမ်တွေအဓိကထားပြီး ရနိုင်တဲ့ပစ္စည်းသယ်ထုတ်ပေးခြင်း၊ Safety ပိုင်းကနေပံ့ပိုးပေးခြင်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။ အဆောက်အဦးတွေမျက်မြင်စစ်ဆေးပေးခြင်းကိုလဲ ဒုတိယဦးစားပေးလုပ်နေပါတယ်။ ကိုယ့် လူမှု့ကွန်ရက်စာမျက်နှာမှာ ဒီရက်ပိုင်း ဘာအကြောင်းအရာမှ မတင်ထားတော့ အထင်အမြင်လွဲမှာစိုးရိမ်လို့ လာရောက်အသိပေးရခြင်းဖြစ်ပါတယ်။
တကယ်တော့ ငလျင်မတိုင်ခင်ကစီစဉ်ထားတာ ဒီရက်ပိုင်းမှာ ဒီစာမျက်နှာမှာ ပြောချင်တဲ့အကြောင်းအရာတွေအတော်များများရှိပါတယ်။ အဲဒါတွေကိုတော့ အရေးပေါ်ကိစ္စပြီးတော့မှ ပြန်လည်အသက်သွင်းတော့မှာဖြစ်ပါတယ်။
ကျွန်တော့်စာမျက်နှာကို စိတ်ဝင်တစားဝင်ရောက်ကြည့်ရှု့ကြတဲ့မိတ်ဆွေရင်းမိတ်ဆွေသစ်အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
မိတ်ဆွေတို့အားလုံးနှင့်တကွ ချစ်တဲ့မန္တလေးသူမန္တလေးသားတွေ၊ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာတွေဝေးကွာကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ဗျာ။
ပုံကတော့ ဒီနေ့ သွားရောက်ကူညီတဲ့အိမ်မှာ ကျွန်တော်ရိုက်ပေးဖြစ်တဲ့တစ်ပုံတည်းသောလက်ရာလေးပါ။ အဲဒါပြီး မရိုက်နိုင်တော့ဘူး။ အလုပ်နဲ့လက်မပျက်အောင်ဆော်ကြရတော့တာမို့ပါ။
03/11/2024
ရွာပြန်ပြီး လယ်စိုက်တာပဲကောင်းမလား?
🤔🥺🤦
02/11/2024
အိမ်အဝင်လှေကားအိုက်ဒီယာ
02/11/2024
Structure Design လုပ်ပါဆိုတာ ဒီလိုတွေကြောင့်ပြောနေရတာပါ။
https://www.facebook.com/share/p/1PdxfdmncA/
28/10/2024
Goodnight 😴
28/10/2024
လှေကားလောင်းရန် ပုံဆင်ပြီးတော့ သံပါဆင်
လှေကားအကြောင်းစကားပြောဆိုကြတိုင်း
အခက်အခဲ တစ်ခုတွေ့နေရတာက
လှေကား အထစ် အရေအတွက်ပါ
အချို့ကလှေကားအဆံကိုသာ တွက်ချက်လေ့ရှိပြီးအချို့ကလှေကား ခြေနင်းအဆုံး Slab ပြင်ကိုပါ ထည့်သွင်းတွက်ချက်လေ့ရှိကြတာ သတိထားမိပါတယ်
လှေကားထစ်နဲ့ပက်သက်တဲ့ အယူအဆ စာသားလေးတစ်ခု တွေ့ရှိဖတ်မိလို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်......
#ရှေးကျမ်းဆရာတို့သည်
စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည်
လက်သမား ကျမ်းဆရာတို့က
မကိုသာ တပ်စေပါတယ်။
လက်သမား ဆရာကြီးများမှာ
စုံ တပ်သည်လည်း ရှိတယ်
မ တပ်သည်လည်း ရှိပါတယ်။
အဘယ်ကြောင့်ဆိုသော်
ပထမအထစ်မှ **လာဘံ သုခံ မရဏံ **လာဘ သုခ မရဏ တွက်ယူကာ
မရဏံ မရဏ ကို ရှောင်ပါတယ်
ပ ထစ်က လာဘ
ဒု ထစ်က သုခ
တ ထစ်က မရဏ
လာဘ က လာတ်လာဘ ပေါများခြင်း
သုခ က ကြွယ်ဝချမ်းသာခြင်း
မရဏ က ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ် တဲ့ ။
လာဘ - ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်
သုခ - ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်
မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ ထစ် စသည်ဖြင့်ပေါ့။
အိမျအနအေထား
မင်္ဂလာသား အနေအထား အလိုက်
လုပ်ဆောင်ကြပါတယ်။
တစ်ချို့ ဆရာများမှာ
** ရာဇ လာဘ မရဏ** လို့သတ်မှတ် လုပ်ဆောင်ကြပါတယ်။
၁ ဘုန်းကျက်သရေတိုးခြင်း
၂ လာတ်လာဘ ပေါများခြင်း
၃ ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်ပေါ့။
တစ်ကျောင်း တစ်ဂါထာ
တစ်ရွာ တစ်ပုဒ် ဆန်း ဆိုသလို
ဒေသအလိုက်ကွဲလွဲကြပါတယ်။
အိမ်လှေခါး ၃ထစ်ထားသော်
ဒုက္ခံ မရဏံ ကြုံ စေပြန်၏။
၄ထစ်ထားသော်
ကောင်းစားစေတက် ၏
ရှစ်ထစ်ထားလျှင်
မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍
ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏
ကိုးထစ်ထားလျှင်
လာဘ်လာဘ ပေါကြွယ်ဝတက်၏။
၁၂ထစ်ထားသော်
ကျမ္မာရေးကောင်းမွန်စေ၍
ရန်သူမျိုးငါးပါးမှကင်းစေ၏။
တနင်္လာ နေ့ လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။
ပုံကတော့ ပြည့်စုံဆောက်လုပ်ရေးက လှေကားပုံဆင်နေစဉ်ဖြစ်ပါတယ်။
လျှင်မြန်ပြီးအရည်အသွေးကောင်းဖို့ ပြည့်စုံကတာဝန်ယူပါတယ်။
ဆက်သွယ်ရန်
ပြည့်စုံ ဒီဇိုင်းနှင့် ဆောက်လုပ်ရေး
၀၉ ၉၇၀၇၂၆၀၆၁
၀၉ ၇၅၆၅၅၅၇၂၆
၇၂လမ်း၊ ၁၂၀ အေ လမ်းထောင့်၊ ငွေတော်၊ ပြည်ကြီးတံခွန်၊ မန္တလေးမြို့။
Page Messenger
Viber 09-970726061
27/10/2024
Mondayရဲ့ နှိုးစက်အခြေအနေ 🥲
27/10/2024
မနက်ဖြန် တနင်္လာရောက်ပြန်ပြီနော် 😓🥲😮💨
26/10/2024
တနင်္ဂနွေမနက်ကတော့ အေးဆဲပဲမဟုတ်လား?
26/10/2024
မန္တလေးမြို့ကြီးရဲ့အရင်အချိန်တွေ တမ်းတရင်း Goodnight ပါဗျာ။
25/10/2024
အောင်မြင်နေကြတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘယ်ပုံဘယ်နည်းအလုပ်လုပ်ကြတယ်ဆိုတာကိုလေ့လာတင်ပြလိုက်ပါတယ်။ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်တွေရဲ့ အဓိကအချက်တွေဖြစ်တာနဲ့အညီ အိမ်ရှင်တွေ သိထားသင့်တဲ့အကြောင်းအရာတွေထဲကတစ်ခုဖြစ်တာမို့ ဖတ်ရှု့ဝေဖန်ပေးကြပါဦးခင်ဗျာ။
အိမ်၊သိမ်၊ကျောင်း၊ဇရပ်၊စာသင်ကျောင်း၊ဆေးရုံ စတာတွေဆောက်တာတွေဟာ ရှုပ်ထွေးမှု၊ အတိုင်းအတာနှင့် လိုချင်သောရလဒ်များ ကွဲပြားကြပါတယ်။ မည်မျှပင်ကွဲပြားစေကာမူဆောက်လုပ်ရေးလုပ်ငန်းအားလုံးနီးပါးသည် တူညီသောလုပ်ငန်းစဉ်အတိုင်း ကြုံတွေ့ကြရသည်။ လုပ်ငန်းစဉ်ကို ကြိုတင်သိရှိထားလျှင် အိမ်ဆောက်ဖို့စိတ်ကူးစိတ်သန်းမှသည် ၎င်းအိမ်တွင်နေထိုင်သည်အထိ စမ်းတဝါးဝါး မဖြစ်တော့ပဲ ပိုင်နိုင်သော ဆုံးဖြတ်ချက်များချနိုင်ပေလိမ့်မည်။လုပ်ငန်းစဉ်အရ တောင်းဆိုမှုတွေရှိနေသည့်တိုင်အောင် အစီအစဉ်ကောင်းကောင်းဆွဲထားနိုင်လျှင် အိမ်ဆောက်တဲ့လုပ်ငန်းစဉ်က စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံကောင်းတစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေကို အဓိကအားဖြင့် အဆင့်ခြောက်ဆင့်ဖြင့် ခွဲခြားထားပါတယ်။
1. ပရောဂျက် စိတ်ကူး၊ ဒီဇိုင်းနှင့် စီစဉ်ခြင်း
2. အဆောက်အဦပါမစ်လျှောက်ထားခြင်း
3. တည်ဆောက်ရေးအကြိုအဆင့်
4. ဝယ်ယူရေး
5. တည်ဆောက်ရေး
6. တည်ဆောက်ပြီးအဆင့် ဆိုပြီးအဆင့်ခြောက်ဆင့်ဖြင့် ခွဲခြားထားပါတယ်။
သင့်လျော်တဲ့စီမံခန့်ခွဲမှုက တိတိကျကျသတ်မှတ်ထားတဲ့ လုပ်ငန်းဆောင်တာတွေ၊ ရည်မှန်းချက်တွေနဲ့အတူ ဘယ်အဆင့်မှာဘာတွေကိုမျှော်လင့်နိုင်မလဲဆိုတာကို ကျိုးကြောင်းဆီလျော်ပြီးရှင်းလင်းတဲ့လမ်းညွှန်ချက်တွေကို ပေးပါတယ်။၎င်းက လုပ်ငန်းတွေကို အချိန်နဲ့ ဘဏ္ဍာရေးအကန့်အသတ်တွေအတွင်းမှာရှိနေအောင်ကူညီပေးခြင်းဖြင့် လုပ်ငန်းစဉ်ကိုဆက်လက်လည်ပတ်နေအောင်ပြုလုပ်ပေးနေတာဖြစ်လို့ လုပ်ငန်းတလျှောက်လုံးမှာ မရှိမဖြစ်အရေးပါပါတယ်။အထက်ပါလုပ်ငန်းစဉ်(၆)ဆင့်ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် အဆောက်အဦအောင်မြင်ပြီးစီးမှုကိုသေချာစေမဲ့ မူဘောင်ကို ရရှိပါလိမ့်မယ်။
1. ပရောဂျက်စိတ်ကူး၊ ဒီဇိုင်းနဲ့ အစီအစဉ်ရေးဆွဲခြင်း
https://www.facebook.com/61554293213830/posts/122170225424143107/
2. အဆောက်အဦပါမစ်
https://www.facebook.com/61554293213830/posts/122170728572143107/
3.တည်ဆောက်မှုအကြိုအဆင့်
https://www.facebook.com/61554293213830/posts/122171357186143107/
4. ဝယ်ယူရေး
https://www.facebook.com/61554293213830/posts/122171491136143107/
5.တည်ဆောက်ရေး
https://www.facebook.com/61554293213830/posts/122171626646143107/
6.တည်ဆောက်ပြီးအဆင့်
https://www.facebook.com/61554293213830/posts/122171770856143107/
25/10/2024
မင်္ဂလာရှိတဲ့ စနေမနက်ခင်းလေးဖြစ်ပါစေ။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Corner Of 72nd And 120th A
Mandalay
05051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |