Rora
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rora, Writer, Mandalay.
ဗေဒင်ဆရာက ငါ့အနာဂါတ်ကိုဟောတယ် ..
ငါ့ရဲ့ဖူးစာရှင်က တခြားတစ်ယောက်တဲ့ ..
ငါ သိပ်ကြောက်တာပဲ ငါ့အနာဂါတ်ကို နင်နဲ့ပဲ ဖြတ်သန်းချင်တာမို့
ဗေဒင်တွေ မယုံပဲနေလိုက်ရမလား...
အထီးကျန်ခြင်းဆိုတာ
ငါရဲ့ထာဝရသူငယ်ချင်း...
မိုးတွေရွာနေတယ်သိလား
ဒီလိုရာသီဥတုမှာ
ဖျားနာတတ်တဲ့ တစ်ယောက်ကို
စိတ်ပူမိပါရဲ့ ...
နွေးနွေးထွေးထွေးနေနော် လို့ပြောခွင့်မရှိတော့ပေမဲ့
နွေးထွေးပါစေလို့ ဆုတောင်းပေးမိပါရဲ့ ...
အနမ်းတစ်ခုက လူကိုမူးယစ်စေတတ်တယ်ဆိုရင်
ငါဟာနင့်ရဲ့ အဆုံးမရှိ သားကောင်လေး...
တိမ်တွေကိုငေးမောကြည့်နေရင်း
တစ်ချိန်ကဖြူစင်ခဲ့ကြတဲ့ အတိတ်တွေကို လွမ်းတယ်...
အချစ်တွေပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ခံရတဲ့လူဟာ ကမ္ဘာမှာကံအကောင်းဆုံးဆို...
သတိရတဲ့စိတ်ဟာ လူကိုနှိပ်စက်သလို
လွမ်းတဲ့စိတ်ဟာလည်း လူကိုဖျားနာစေတယ်...
အချစ်တွေ သာစစ်မှန်ရင် တစ်ချိန်
ပြန်ဆုံကြအုန်းမှာ ....
နေနိုင်သွားပြီဆိုမှ ပြန်ပြန်ပေါ်လာတယ်...
ငါ့အတိတ်မှာနင့်ကိုချန်ခဲ့ပါပြီဆိုမှ နင်ဟာ မိုးရွာမှ ထွက်လာတဲ့မှိုလို လူမျိုး....
အတိတ်တွေမှာနင့်ကြောင့် ငါ့ရဲ့ဝမ်းနည်းခြင်း မပျော်ရွှင်မှု့တွေ မိတ်ဆက်ခဲ့ပြီးပြီ...
ငါဟာဒဏ်ရာတွေအပြည့်နဲ့လူသားမို့ အနာဂတ်ကိုတော့ နင်လိုက်မလာပါနဲ့... ချစ်ပေမဲ့လည်း ဒီလောက်နဲ့ ရပ်တန့်လိုက်ချင်တယ်....
02/05/2025
လစာထုတ် ရင် မုန့်ဝယ်ကျွေးနော်ဆိုတဲ့သူတွေ နင်တို့ငါအလုပ်သွားရင် ရော့ဆီဖိုး ရော့ထမင်းဖိုး ရော့မုန့်ဝယ်စားဆိုပြီး ပေးဘူးတာများရှိလား အံ့သြပါ့
အခါခါ သဘောကျလွန်းလို့
အခါခါ ရေရွတ်နေမိတာ ..
ခင်ဗျားဆိုပြတဲ့ သီချင်းသံလေး
လူလည်းလေပေါ်ရောက်နေပါပြီ...
ခင်ဗျားဆိုပြမှပဲ မကြိုက်ခဲ့တဲ့သီချင်းလေးက fav ဖြစ်နေပြီ..
ဉာဏ်မကောင်းခဲ့တဲ့ငါက ခင်ဗျားဆိုပြဖူးတာနဲ့အလွတ်တွေတောင်ရနေပြီ..
သီချင်းမဆိုတတ်တဲ့ငါက ခင်ဗျားကြောင့် သံစဥ်တွေတောင် လိုက်ငြှီးနေတတ်ပြီ ..
ခင်ဗျားကကျွန်တော့်ရဲ့ အရာရာပါပဲ...
အတွေးတွေက ရှင်သန်လွန်းပြီး
စိတ်တွေက ယောက်ယက်ခတ်
တစိမ့်စိမ့်နဲ့ပျော်မြူးနေတာ
တရားခံက နင်ဆိုတာ သိလား...
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay