AGYL - mini store

AGYL - mini store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AGYL - mini store, Shopping & retail, Mandalay.

Photos from Food in Yangon's post 11/08/2023
18/04/2023

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

18/04/2023

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ?
(သိပ်ကောင်းတဲ့စာလေးပါ)
-------------------------
လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။

ရေချိုုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။

ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ဓာကို ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။

ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ?

ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ သန့်ရှင်းစင်ကြယ်စေပါတယ်။ မအိပ်ခင်မှာ လန်းဆန်းပြီး သန့်ရှင်းနူးညံ့တဲ့ ခံစားမှုကို ရရှိစေပါတယ်။
စိတ်ဖိစည်းမှု သက်သာစေပြီး သွေးပေါင်ချိန် လျှော့ချစေပါတယ်။ တနေ့ကုန် ပင်ပန်းလို့ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်ပေးပါတယ်။
တနေကုန်ပင်ပန်းလာပြီး လေ့ကျင့်ခန်းလုပ်ရင်တောင် တောင့်တင်းနေတဲ့ ကြွက်သားတွေဟာ ရေချိုးခြင်းဖြင့် ဖြေလျှော့ ပေးနိုင်ပါတယ်။
ရေနွေးနဲ့ ချိုးလိုက်ရင် အရေပြားကို ချေမွတ်ပြီး ပျော့ပြောင်းစေကာ ရေချိုုးပြီးသည်နှင့် တပြိုင်နက် နုပျိုလန်းဆန်းခြင်းကို ခံစားရရှိစေသည်။
ရေချိုးနေစဉ် အချိန်လေးအတွင်းမှာပင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်ကာ စိတ်ပြေလက်ပျောက်ဖြစ်စေသည်။
အံ့ဖွယ်အချက်တခုကတော့ ညဖက်ရေချိုးခြင်းက ကောင်းသော ကိုယ်သင်းရနံ့ကို ပေးသည်။

အသားအရေ နူးညံ့သည့် ခံစားမှု သန့်ရှင်း တက်ကြွခြင်းနှင့် ကောင်းမွန်သော ကိုယ်သင်းရနံ့တို့က အိပ်ယာဝင် ချမ်းသာသုခ ကိုအထောက်အကူပေးသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျှော်စေသည်။
အိပ်မပျှော်ခြင်း၊ မျက်စိကြောင်ခြင်းများ မဖြစ်နိုင်ပါ။
အလုပ်မှာ ပင်ပန်းတယ်ဆိုပြီး ချွေသံတရဲရဲနှင့် တန်းမအိပ်ပါနှင့်။ ရေချိုးခြင်းက စိတ်ရောကိုယ်ပါ အပန်းပြေစေတဲ့အတွက် ခွန်အားသစ် ပြန်လည်ရရှိအောင် ရေချိုးပါ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းချင်း ပြောင်းလဲလာတာကို ခံစားရပါလိမ့်မယ်။

ညဖက်မှာ ရေချိုးရင် ဒါလေးတွေတော့ သတိထားပါ။

ခေါင်းလျှော်ရင် မအိပ်ခင်မှာ ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ်အပူချိန်ဟာ နေ့ခင်းဖက်မှာထက် လျှော့ကျနေတာကို သတိပြုပါ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်ချင်လို့ ရေချိုးတာဆိုရင် မအိပ်ခင်ကလေးမှာ ရေချိုးပါ။
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက် ချက်ခြင်းရေတန်းမချိုးပါနဲ့။ မိနစ် ၃၀ခန့် ဆောင့်ပြီး ကိုယ်အပူချိန်လျှော့ကျသွားကာ ချွေးပေါက်တွေပြန်ကျဉ်းသွားတဲ့အတွက် အဲဒီအချိန်မှာ ရေချိုးပါ။
ညဖက် အတော်နောက်ကျမှ ချိုးရင် ရေနွေးနဲ့ချိုးပါ။
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို လက်နဲ့ထိတွေ့ ခံစားကြည့်ပါ။ ပုံမှန်အားဖြင့် လူ့ကိုယ်ခန္ဓာကိုယ်အပူချိန်ထက် ၅ ဒီကရီပို၍ လက်ခံနိုင်သည်။ လူတယောက်၏ သာမန်အပူချိန်ကတောပ ၉ရံ ဖါရင်ဟိုက်၊ ၃၆ ံဆာဆီယပ် ဖြစ်တဲ့အတွက် ကိုယ်လက်ခံနိုင်တဲ့ မပူလွန်း မအေးလွန်း အနေအထားကို ရယူပါ။

ရေချိုးခြင်းဟာ ကိုယ်နဲ့စိတ်ကို သဘာဝအတိုင်း ပြန်လည် လန်းဆန်းတက်ကြွအောင် လုပ်ခြင်းဖြစ်ပါတယ်။ သာမန်အိပ်ပျော်ရုံ မဟုတ်ပဲ အိပ်မောကျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အထောက်အကူပေးပါသည်ဟု တင်ပြလိုက်ရပါသည်

credit : ဝင်းလှိုင်ဦး
https://charmmyanmar.com/category/health/
#ကျန်းမာရေးဗဟုသုတ

Photos from Makro Myanmar's post 12/12/2022
12/12/2022

#မြဘုရင်နို့ဆီ

#နွားနို့အစစ်မှထုတ်လုပ်သည်

#အရည်အသွေးမှန်လျှင်မြဘုရင်

မှာယူလိုပါက

ဆက်သွယ်ရန်☎️ 09-2029772 (or)
Page Messenger မှလဲဝယ်ယူရရှိနိုင်ပါတယ်..

♐️40Bstreet,Bet;66rd x 67rd, Mandalay.

-mini store

12/12/2022

အသုပ် အမျိုးမျိုးအတွက်မပါမဖြစ် ပဲကျက်မှုန့်

တံတားဦးမြို့မှ ပဲကျက်မှုန့်မှာထားသော ချစ်မိတ်ဆွေကြီးများ မြရတနာဌေးကုလားပဲမှုန့် ရောက်ပါပြီရှင်😍

#မြရတနာဌေး ကုလားပဲအစစ်ပဲကျက်မှုန့် နှင့် ကုလားပဲအစစ်ပဲစိမ်းမှုန့် တို့ကို

မန္တလေးမြို့ -mini store တွင် ဝယ် ယူ ရ ရှိနိုင် ပြီ ဖြစ် ပါ ကြောင်း လေ လှိုင်း မှ သ တင်း စ ကား လေး ပါး လိုက် ပါ ရ စေ။

ဆက်သွယ်ရန်☎️ 09-2029772 (or)
Page Messenger မှလဲဝယ်ယူရရှိနိုင်ပါတယ်..

♐️40Bstreet,Bet;66rd x 67rd, Mandalay.

-mini store

Photos from AGYL - mini store's post 29/09/2022

နို့ဆီ သံဘူးလိုသလောက်ရပါပြီ📣

ဆက်သွယ်ရန်☎️ 09-2029772 (or)
Page Messenger မှလဲဝယ်ယူရရှိနိုင်ပါတယ်..

♐️40Bstreet,Bet;66rd x 67rd, Mandalay.

#မြဘုရင်နို့ဆီ
-mini store

19/09/2022

တံတားဦးမြို့မှ ပဲကျက်မှုန့်မှာထားသော ချစ်မိတ်ဆွေကြီးများ မြရတနာဌေးကုလားပဲမှုန့် ရောက်ပါပြီရှင်😍

#မြရတနာဌေး ကုလားပဲအစစ်ပဲကျက်မှုန့် နှင့် ကုလားပဲအစစ်ပဲစိမ်းမှုန့် တို့ကို

မန္တလေးမြို့ -mini store တွင် ဝယ် ယူ ရ ရှိနိုင် ပြီ ဖြစ် ပါ ကြောင်း လေ လှိုင်း မှ သ တင်း စ ကား လေး ပါး လိုက် ပါ ရ စေ။

ဆက်သွယ်ရန်☎️ 09-2029772 (or)
Page Messenger မှလဲဝယ်ယူရရှိနိုင်ပါတယ်..

♐️40Bstreet,Bet;66rd x 67rd, Mandalay.

-mini store

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay
MHAM