Chit

Chit

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit, Professional Gamer, Mandalay.

Photos from Ministry of Health, Myanmar's post 15/01/2023
Photos from BBC Burmese's post 19/12/2022
25/10/2022

စစ်တွေမှာ ရေနစ်ပျောက်ဆုံးနေတဲ့မူလတန်းကျောင်းသားငယ်တစ်ဦးကို ၃ ရက်မြောက် ဆက်လက်ရှာဖွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရေနစ်ပျောက်ဆုံးသွားတဲ့ မူလတန်းကျောင်းသားငယ် ၃ ဦးထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ပြီဖြစ်ပေမဲ့ ကျန်တစ်ဦးရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့ အောက်တိုဘာ ၂၅ ရက်မှာ ၃ ရက်မြောက် ရှာဖွေရေး ဆက်လုပ်နေတယ်လို့ သိရပါတယ်။

“ပြန်တွေ့တဲ့ ကလေး နှစ်ဦးအလောင်းကိုတော့ မနေ့တုန်းကပဲ သင်္ဂြိုဟ်လိုက်ပါပြီ။ မနေ့က ရှာဖွေရေးတွေ လုပ်တုန်းကတော့ ကယ်ဆယ်ရေးအဖွဲ့တွေရော၊ ဌာနဆိုင်ရာတွေရော များတယ်။ ဒီနေ့တော့ ကျွန်တော်တို့အသင်းပဲ ရှာဖွေရေးဆက်လုပ်မယ်။ အလောင်းရှာတာပေါ့။ ညကလည်း တစ်ညလုံးရှာထားပါတယ်။ အခုလည်း ဒရုန်းသုံးပြီး ရှာဖို့ ဆက်လုပ်နေပါတယ်’’ လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ပုံစာ - ပျောက်ဆုံးကလေးငယ် ၃ ဦးထဲက ၂ ဦးအလောင်းကို မနေ့က ပြန်တွေ့ခဲ့ပါတယ်။

အဲဒီကလေးငယ်တွေ ဘယ်လိုပျောက်ဆုံးခဲ့ကြတာပါလဲ။
ဒီသတင်းအပြည့်အစုံအပြင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများစုစည်းတင်ဆက်မှု
https://www.bbc.com/burmese/articles/cjme7yn29djo
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ရခိုင်ပြည်နယ် #စစ်တွေ #ကလေးငယ် #ရေနစ်သေဆုံးမှု #လူပျောက်မှု

25/10/2022

KIA ထိန်းချုပ်နယ်မြေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂထံ တင်ပြ

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ ထပ်မံတိုက်တွန်း

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ထိန်းချုပ်နယ်မြေ မှာ ကျင်းပတဲ့ ၆၂ နှစ်မြောက် ကချင်လွတ်မြောက်ရေးအဖွဲ့ နှစ်ပတ်လည်ကျင်းပတဲ့နေရာကို စစ်လေယာဥ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ရတာကြောင့် ကချင်လူမျိုးစုအပေါ် စစ်တပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလအသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဥ်မှာ အခုလိုဆွေးနွေးတင်ပြခဲ့တာကိုသတင်းထုတ်ပြန်လာတာပါ။
စစ်တပ်ဟာ လွန်ခဲ့သည့် လပေါင်း (၂ဝ) ခန့်အတွင်း နိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အကြိမ် (၂၄ဝ) ထက်ပိုသော လေကြောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ကြောင်း၊ လက်နက်နဲ့ ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေမယ်ဆိုရင် မြန်မာပြည်သူတွေနဲ့ ကလေးတွေအပေါ် ရက်စက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်နေမှာ မလွဲဧကန်ဖြစ်ပါကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေရဲ့အသက်တွေကို ကယ်တင်ပေးနိုင်ရေးအတွက် မြန်မာစစ်တပ်ကို လက်နက်များ တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ တင်ပို့ရောင်းချမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တိုက်တွန်းကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အရပ်သားတွေရှိမှန်းသိလျက်နဲ့ ရည်ရွယ်တိုက်ခိုက်မှုဖြစ်တာကြောင့် စစ်ရာဇ၀တ်မှုပဲ လို့ KIO ဘက်က ပြောကြားထားပြီး ဖားကန့်က KIO တပ်မဟာ၉ ကို စစ်တပ်ကလေကြောင်းက ဗုံးကြဲမှုဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဥ်းအတိုင်း ဆောင်ရွက်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း KIO တပ်မဟာမှူး၊ ဒုတပ်မဟာမှူး ၊ တိုက်နယ်မှူး အပါအ၀င် KIA နဲ့ PDF တွေသာသေဆုံးတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ KIO ၆၂နှစ်မြောက် အခမ်းအနား ဖျော်ဖြေရေးလုပ်နေစဥ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူတွေထဲ အရပ်သားတွေနဲ့ ကချင် အနုပညာရှင်အသင်းက နာမည်ကြီးတွေ ပါ၀င်တယ်လို့ ကချင်
အနုပညာရှင်အသင်း ပြန်ကြားရေးအဖွဲ့၀င်ကပြောကြားထားပါတယ်။

ဒီသတင်းအပါအဝင် အောက်တိုဘာ ၂၅ ရက်ထိပ်တန်းသတင်းများစုစည်းမှု
https://www.bbc.com/burmese/articles/cjme7yn29djo

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay