Syntax Studio by Shane
Learning With Heart , Growing With English
06/05/2026
ကလေးတွေရဲ့ အိမ်မက်ထဲက အိမ်လေးတွေအကြောင်း အင်္ဂလိပ်လို ဖော်ပြတတ်ဖို့ ဝေါဟာရတွေ လိုအပ်ပါတယ်။
🏢 ခေတ်မီတဲ့ Skyscraper လား? ဒါမှမဟုတ် သဘာဝဆန်တဲ့ Tree House လား? ဆိုတာမျိုးပေါ့
သင့်ကလေး ရဲ့ ဝေါဟာရက အိမ် (House) ဆိုတာ တစ်လုံးတည်းမှာပဲ ရပ်တန့်နေပြီလား?
တကယ်တော့ အိမ်ဆိုတာ အမျိုးမျိုး ရှိပါတယ်။ Skyscraper ကနေ Caravan အထိ ထူးခြားတဲ့ အိမ်ပုံစံတွေကို သိထားတာက ကလေးတွေရဲ့
အင်္ဂလိပ်စာ အဆင့်အတန်းကို ပိုပြီး မြင့်မားစေပါတယ်။
✨ Dream House Discovery VOCAB လေးကိုကြည့်ရင်း လေးတွေကနေတစ်ဆင့်:
🏡 အသုံးများတဲ့ အိမ်အမျိုးအစား (၁၆) မျိုးကို ပုံလေးတွေနဲ့တကွ လေ့လာနိုင်ပါပြီ
📸 ကျနော် သုံးထားတဲ့ ပုံလေး တွေက Visual Memory ကို အားကောင်းစေပြီး စကားလုံးတွေကို ရေရှည်မှတ်မိစေပါတယ်
✅ မိမိအကြိုက်ဆုံး "အိမ်မက်ထဲက အိမ်" ကို ရွေးချယ်ရင်း စကားပြောလေ့ကျင့်ကြည့်ပါ
အကျိုးရှိမယ်လို့မျှော်လင်ပ့ါတယ်
နောက်ထပ်လည်း အသုံးဝင်တာလေးတွေ တင်ပေးဉီးမှာဖြစ်လို့ ကျနော့ရဲ့ page ကို follow လုပ်ထားယုံနဲ့ လေ့လာနိုင်မှာပါ
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
28/04/2026
သင်ရော ဒီ (၇) ချက်ထဲမှာ ဘယ်နှစ်ချက် မှားနေသလဲ? အခုပဲ စစ်ဆေးကြည့်လိုက်ပါ! 🧐
အင်္ဂလိပ်စာ တိုးတက်ဖို့ဆိုတာ ခက်ခဲတဲ့ စကားလုံးတွေ အများကြီး သိနေစရာ မလိုပါဘူး။ အခုလို နေ့စဉ်သုံး စကားပြောတွေမှာ မှားနေတဲ့ အသေးအမွှားလေးတွေကို
အရင်ပြင်ဆင်လိုက်ရုံပါပဲ။
မှားနေကျ: I have a good news. ❌
အမှန်: I have good news. ✅
အမှားနည်းလေ၊ စကားပြောတဲ့အခါ ယုံကြည်မှု ပိုရှိလေပါပဲ။
နေ့တိုင်း ၁ ရာခိုင်နှုန်းစီ (1% Rule) ပဲ ပြင်သွားရအောင်။ တစ်လနေရင် သင့် English က သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်! ✨🚀
ဒါမျိုး အသုံးဝင်တဲ့ English စာ လေ့လာမှုတွေကို နေ့စဉ်သိရဖို့
ကျနော့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
26/04/2026
သင့် English က
ကောင်းတယ်ဆိုတဲ့ အဆင့်မှာပဲရပ်မနေပါနဲ့
အကောင်းဆုံးဖြစ်အောင် သင်လုပ်နိုင်ပါတယ်😎
“VERY” ဆိုတာလေး တခု မသုံးတော့တာနဲ့
သင့် English က ပိုအဆင့်မြင့်သွားနိုင်ပါတယ်
ပိုပြီး confident ဖြစ်ချင်ရင်တော့ ဒီ list လေး ကို practice လုပ်ပါ!
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
ဒါမျိုး အသုံးဝင်တဲ့ English စာ လေ့လာမှုတွေကို နေ့စဉ်သိရဖို့
ကျနော့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
03/03/2026
စက်ရုပ်လို အင်္ဂလိပ်စာ ပြောနေတုန်းလား? 🤖 ❌
ဒီ Animal Idioms လေးတွေ သုံးပြီး Native တစ်ယောက်လို စမတ်ကျကျ ပြောကြည့်ရအောင်! 😎
👉အသေးစိတ်ကို ပုံလေးထဲမှာ လေ့လာကြည့်လိုက်ရအောင် 👇
ဒါမျိုး အသုံးဝင်တဲ့ English စာ လေ့လာမှုတွေကို နေ့စဉ်သိရဖို့
ကျနော့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
26/02/2026
သင်ဉာဏ်ကောင်းတယ်လို့ပြောခံရဖူးလား
Clever boy!
You are so smart စသဖြင့်ပေါ့
သင့်ကို ဘယ်လိုဉာဏ်ကောင်းတယ်လို့ချီးမွမ်းနေတယ်ဆိုတာ သိချင်တယ်ဆိုရင်တော့
ဒါတွေ သိမှ ဖြစ်မယ်နော်
👉အသေးစိတ်ကို ပုံလေးထဲမှာ လေ့လာကြည့်လိုက်ရအောင် 👇
ဒါမျိုး အသုံးဝင်တဲ့ English စာ လေ့လာမှုတွေကို နေ့စဉ်သိရဖို့
ကျနော့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
15/02/2026
English Grammar လေးတစ်ချက်က
သင့်ရဲ့ စကားပြောကို ပြောင်းလဲပစ်နိုင်ပါတယ်
say - ပြောသည်
tell - ပြောသည်
ပြောတော့ပြောနေတာပဲ 🤭
ဘယ်နေရာမှာ ဘယ်လိုသုံးရလဲ မသိသေးဘူးဆိုရင် 🙄
👉အသေးစိတ်ကို ပုံလေးထဲမှာ လေ့လာကြည့်လိုက်ရအောင် 👇
ဒါမျိုး အသုံးဝင်တဲ့ English စာ လေ့လာမှုတွေကို နေ့စဉ်သိရဖို့
ကျနော့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
23/01/2026
"See" နဲ့ "Look" ဘာကွာလဲ သိကြပြီလား? 🤔
စကားပြောတဲ့အခါ မြင်တာချင်းတူပေမယ့် သုံးပုံသုံးနည်း လွဲသွားရင် အဓိပ္ပာယ် ပြောင်းသွားနိုင်ပါတယ်။ အလွယ်ဆုံးမှတ်ရရင်...
✨ See - မျက်လုံးပါလို့မြင်တာ
✨ Look - အာရုံစိုက်ပြီး ကြည့်တာ
👉အသေးစိတ်ကို ပုံလေးထဲမှာ ဥပမာတွေနဲ့တကွ ရှင်းပြပေးထားပါတယ်👇
ဒါမျိုး အသုံးဝင်တဲ့ English စာ လေ့လာမှုတွေကို နေ့စဉ်သိရဖို့ ကျနော့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
22/01/2026
"Tall" နဲ့ " Long"
ရှည်တာချင်းတူပေမယ့် 🙄
သုံးရတဲ့အခြေအနေက မတူပါဘူးနော် 😅
👉အသေးစိတ်ကို ပုံလေးထဲမှာ လေ့လာကြည့်လိုက်ရအောင် 👇
ဒါမျိုး အသုံးဝင်တဲ့ English စာ လေ့လာမှုတွေကို နေ့စဉ်သိရဖို့
ကျနော့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
#အင်္ဂလိပ်စာသင်တန်း
#ကလေးအင်္ဂလိပ်စာ
20/01/2026
Online သင်ကြားမှုမှာ "မျက်နှာအမူအရာ" ဘာကြောင့် အရေးကြီးတာလဲ?
Online ကနေ စာသင်တဲ့အခါ ကလေးတစ်ယောက်ရဲ့ မျက်နှာအမူအရာ (Face Expression) ဟာ ကျနော့်အတွက် အကောင်းဆုံး လမ်းညွှန်မြေပုံပါပဲ။
ကလေးတွေဟာ ဖြူစင်ရိုးသားကြတာမို့ စာကို နားမလည်တဲ့အခါ သူတို့ရဲ့ မျက်နှာလေးတွေမှာ ဝေခွဲမရတဲ့ အရိပ်အယောင်လေးတွေ ချက်ချင်း ပေါ်လာတတ်ပါတယ်။
ကျနော့်ရဲ့ သင်ကြားရေးမှာ
✅ "တစ်နေ့စာ သင်ခန်းစာ ပြီးမြောက်ဖို့ထက် ကလေးက အဲဒီသင်ခန်းစာကို တကယ်တတ်မြောက်သွားဖို့"✅
က ပိုအရေးကြီးပါတယ်။
ဒါကြောင့် စာသင်နေစဉ်တစ်လျှောက်လုံး ကလေးရဲ့ မျက်နှာကို မပြတ်စောင့်ကြည့်ပါတယ်။
ကလေးတချို့က အားနာလို့ , ဆရာကိုကြောက်လို့ ,
"နားလည်တယ်" လို့ ပြန်ဖြေတတ်ပေမဲ့၊
သူတို့မျက်နှာမှာ နားမလည်တဲ့ အရိပ်အယောင် မြင်တာနဲ့ သင်ကြားပြသပုံကို လိုအပ်သလို ချက်ချင်း ပြုပြင်ပြောင်းလဲပေးပါတယ်။ ကလေးကို ဘယ်လိုပြောပြရင် ပိုနားလည်မလဲဆိုတာကို အမြဲဦးစားပေး စဉ်းစားပါတယ်။
ဆရာနဲ့ တပည့်ကြားမှာ ဒီလို နားလည်မှု (Rapport) တည်ဆောက်နိုင်မှသာ သင်ယူရတာ ပေါ့ပါးပျော်ရွှင်ပြီး ကလေးအတွက်လည်း နောက်နေ့တွေမှာ စာသင်ဖို့ ပိုမိုစိတ်အားထက်သန်လာမှာ ဖြစ်ပါတယ်။
ကလေးတိုင်းရဲ့ တစ်နေ့တာ သင်ယူမှုဟာ စိတ်ဖိစီးမှုမရှိဘဲ ထိရောက်တဲ့ ရလဒ်တွေ ရရှိနေစေဖို့ ကျနော် အမြဲတမ်း အလေးထား ကြိုးစားနေပါတယ်။
01/01/2026
Shane ရဲ့ Syntax Studio မှာ
✅ စာလုံးတစ်လုံး စ သင်ခဲ့သူ
✅ စကားတစ်ခွန်း စ ပြောရဲခဲ့သူ
✅ လက်တုန်တုန်နဲ့ presentation စ လုပ်ခဲ့သူ
✅ "Chel ရေ ဒါမသိဘူး" လို့ ဝန်ခံပြီး ပြန်သင်ခဲ့သူ
နည်းပေါင်းစုံနဲ့ ကြိုးစားခဲ့တဲ့ ကလေးတိုင်းကို ဂုဏ်ပြုပါတယ်။
ကလေးတိုင်းရဲ့ ခြေလှမ်းတိုင်းဟာ "မိဘတွေအတွက် ဂုဏ်ယူစရာ"
"ကျွန်တော့်အတွက် မျှော်လင့်ချက်ပါပဲ"
✨ နှစ်သစ်မှာ ကျွန်တော် ကတိပေးနိုင် တာက
သင်တန်းပြီးသွားတဲ့အခါ -
ကလေးရဲ့အိတ်ထဲမှာ Certificate တစ်ရွက်တည်းမဟုတ်...
သူ့စိတ်ထဲမှာ
👍"ငါလုပ်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှု
👍"ငါပြောရဲတယ်" ဆိုတဲ့ သတ္တိ
👍စာအုပ်ထဲမှာ မဟုတ်၊ ဘဝထဲမှာ English ကိုသုံးတတ်တဲ့ စွမ်းရည်
ဒါတွေအားလုံး ကျန်ရစ်အောင် သင်ပေးမှာပါ
ကလေးတစ်ယောက်ကို သင်ရတာ အချိန်ကြာတယ်၊ စိတ်ရှည်ရတယ်။
ဒါပေမယ့် မေမေ တို့က ကျွန်တော့်ကို စိတ်ရှည်စွာနဲ့ စောင့်ကြည့်ပေးခဲ့တယ်
ဒီနှစ်မှာလည်း -
သင်တို့ရဲ့ကလေးကို ဂရုတစိုက်နဲ့၊ မေတ္တာတရားနဲ့၊ အကောင်းဆုံးဆရာ့တာဝန်ယူမှုနဲ့ ဆက်သင်ပေးသွားပါ့မယ်
၂၀၂၆ မှာ —
❤️သားသား/မီးမီးတို့ စကားပြောရဲတဲ့အသံ
❤️Paper ပေါ်မှာ တွေ့နေမယ့် A+ အမှတ်တွေ
❤️မိဘတွေ ရဲ့ မျက်လုံးထဲက ဂုဏ်ယူဝင့်ကြွားမှု တွေ
ဒါတွေအားလုံးကို မြင်ရဖို့ ဆန္ဒပြုပါတယ်။
အင်္ဂလိပ်စာသင်ယူခြင်းဟာ ဘဝကြီးထွားရာ ခရီးလမ်းဖြစ်ပါစေ
Category
Website
Address
Alerts
Be the first to know and let us send you an email when Syntax Studio by Shane posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.