LevelUp

LevelUp

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LevelUp, Graphic designer, Mandalay.

Photos from LevelUp's post 09/12/2025

🎉Congratulations🎉

🏆Champions

AYA Bank Mandalar Futsal League 2025 ပြိုင်ပွဲမှာ TG united futsal Club အတွက် Social Media Designs ပိုင်းကို ပါဝင်အားပြည့်ပေးခဲ့ရတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ

Photos from LevelUp's post 06/12/2025

UPK ဆိုင်ရဲ့ 11th years anniversary အတွက် design ဆွဲပေးခွင့်ရတဲ့အတွက် အထူးကျေးဇူတင်ရှိပါတယ်ခင်ဗျာ

04/11/2025

မင်္ဂလာရှိသော
တန်ဆောင်မုန်းလပြည့်အခါသမယ 🌕

လေးစားအပ်ပါသော Level Up Design Service ရဲ့ client များ၊ အားပေးသူများအားလုံး မင်္ဂလာပါ။

ယနေ့ညမှာ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်ည (သာမညဖလ အခါတော်နေ့) ဟာ မြန်မာ့ရိုးရာ ယုံကြည်မှုအရ "ဆေးပေါင်းခတဲ့ည" တညဖြစ်ပါတယ်။ ဒီနေ့ညမှာ စားသောက်ကြတဲ့ အစားအစာတိုင်းဟာ ဆေးဘက်ဝင်ပြီး ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ပေးစွမ်းတယ်လို့ ယုံကြည်ကြပါတယ်။

ဒီလိုကောင်းမြတ်တဲ့ အကျိုးကျေးဇူးတွေလိုပဲ...
ကျွန်တော်တို့ Level Up Design Service မှ ဖန်တီးပေးလိုက်တဲ့ Brand Design၊ Marketing Solution နဲ့ Creative Works တွေဟာ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားတဲ့ "ကောင်းကျိုးဆေးတစ်ခွက်" ဖြစ်စေဖို့ အမြဲမပြတ် ကြိုးပမ်းဖန်တီးပေးနေပါတယ်။

ဒီ ဆေးပေါင်းခတဲ့ မင်္ဂလာရှိသော နေ့မှစ၍...
Level Up ရဲ့ ချစ်ခင်ရပါသော Client များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး၊ လုပ်ငန်းများ စီးပွားဥစ္စာ တိုးတက်အောင်မြင်ကာ လိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Level Up Design Service

#တန်ဆောင်မုန်းလပြည့်
#သာမညဖလအခါတော်နေ့
#ဆေးပေါင်းခတဲ့ည

06/10/2025

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာ ၇ ရက် သား သမီးများအပေါင်း ကျန်းမာ ပျော်ရွှင်ကျပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ

Photos from LevelUp's post 31/07/2025

🥰 ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း.......

မန္တလာမြေရဲ့ Futsal လောကမှ အသင်းကြီးတသင်းဖြစ်တဲ့ TG United Futsal Club နှင့် LevelUp တို့ အတူလက်တွဲလုပ်ဆောင်လာခဲ့တာ အချိန်ကာလအပိုင်းခြားတခုသို့ရောက်ရှိလာခဲ့ပါပြီ အခုလို Futsal အသင်းကြီးတသင်းအတွက် design အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်ပေးရတဲ့အတွက်လဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ....

Photos from LevelUp's post 11/06/2025

TUN TAUK MYANMAR CO.,LTD အတွက် ကျွန်တော်တို့ LevelUp မှ Logo ဝန်ဆောင်မှုပေးခဲ့ရတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်.......

✅လုပ်ငန်းတစ်ခုစတင်ဖို့ဆိုရင် Logo ကောင်း တစ်ခု ရှိထားသင့်ဖို့လိုအပ်ပါတယ်။
✅Logo က သင့်လုပ်ငန်းရဲ့ မျက်နှာစာ ဖြစ်တာကြောင့် ရိုးရှင်းပြီး အဓိပ္ပာယ်ပြည့်ဝကာ မှတ်မိလွယ်ဖို့အတွက် အဓိကလိုအပ်ပါတယ်။

👉ဒါကြောင့် ကျွန်တော်တို့ LevelUp မှ လူကြီးမင်းတို့ လုပ်ငန်းအတွက် အရေးပါသော Logo design များကို ရိုးရှင်းပြီး လုပ်ငန်းနှင့် အံဝင်ခွင်ကျ ဖြစ်အောင် စိတ်ကျေနပ်မှုရရှိစေတဲ့ထိ ဆောင်ရွက်ပေးနေသောကြောင့် အခါအခွင့်ကြုံခိုက်ပါက အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ…….

Photos from LevelUp's post 31/12/2024

SIR TV ရဲ့ ထပ်တိုး ဝန်ဆောင်မှုများကြောင့် Target Audience အသစ်များပြောင်းလဲသတ်မှတ် ခြင်းများပြုလုပ်ရန်အတွက် Rebranding အခန်းကဏ္ဍတွင် ကျွန်တော်တို့ LevelUp မှပါဝင်အားဖြည့်ထားပါတယ်။

✅ Rebranding ဆိုတာဘာလဲ?
ကုမ္ပဏီတစ်ခုရဲ့ အမှတ်တံဆိပ် ကို ပြန်လည်ဖန်တီးခြင်း (သို့မဟုတ်) ပြောင်းလဲမှုပြုလုပ်ခြင်းကိုခေါ်ပါတယ်။ ကုမ္ပဏီရဲ့ Brand Identity တွေဖြစ်တဲ့ Name, Logo, Vision, Mission,brand message,Target Audience စတာတွေကို ပြောင်းလဲသတ်မှတ်ခြင်းပြုလုပ်သော အရာတစ်ခုဖြစ်တယ်။

✅ Rebranding ဘာကြောင့်လုပ်ကျတာလဲ?
ဘာကြောင့်လုပ်ကျတာလဲဆိုရင် လက်ရှိသုံးစွဲနေသော Logo သည် အဆင်မပြေမှုရှိခြင်း၊ ကိုယ်သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့ Target Audience နဲ့ကိုက်ညီမှုမရှိခြင်း၊ ဈေးကွက်တိုးချဲ့ခြင်း (သို့မဟုတ်) Services တိုးချဲ့ခြင်း၊ ပြိုင်ဘက် (Competitor) နှင့် ကွဲပြားမှုရှိစေရန် စတာတွေကြောင့် Rebranding လုပ်ကျခြင်းဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် Rebranding လုပ်ချင်လို့ပဲဖြစ်စေ
အခုမှစပြီး Logo အသစ်တစ်ခုဖန်တီးချင်လို့ပဲဖြစ်စေ Hello ဆိုပြီးစာလေးပို့လိုက်ပါ😊
ကျွန်တော်တို့ LevelUp မှ အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ လူကြီးမင်းတို့အတွက် တာဝန်ယူဆောင်ရွက်ပေးပါရစေခင်ဗျာ🥰🥰🥰

17/10/2024

မင်္ဂလာရှိသော သီတင်းကျွတ်အချိန်အခါသမယ လေးပါ ခင်ဗျာ🥰

23/08/2024

DESI CHAI - ဒေစီးကျိုင်း အတွက်လုပ်ပေးဖြစ်ခဲ့တာလေး

“ရာသီဥတုအပြောင်းအလဲနဲ့
တုတ်ကွေးရာသီမှာ
Ginger Tea ပူပူလေးသောက်ပြီး
ကိုယ်ခံစွမ်းအား မြှင့်တင်လိုက်ပါ”

အခုလို ရာသီဥတု အပြောင်းအလဲကာလမှာ တုတ်ကွေး၊ဖျားနာ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံစွမ်းအားကောင်းကောင်းနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်တာပေါ့။

DESI CHAI Ginger Tea မှာ လတ်ဆတ်တဲ့ အချိုခြောက်ရဲ့ Antioxidants ဂုဏ်သတ္တိအပြင်
ချင်း၊ ဖာလာ တို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့်
ရာသီဥတုအပြောင်းအလဲနဲ့ တုတ်ကွေးရာသီမှာ
Ginger Tea ပူပူလေးသောက်ပြီး
Immune Boost လိုက်ပါနော်။

“သင်၏တစ်နေ့တာကို ဒေစီးကျိုင်း အစွမ်းဖြင့် စတင်လန်းဆန််းနိုင်ပါပြီ”

#ဒေစီးကျိုင်း #မဆလာလက်ဖက်ရည် #ချင်းလက်ဖက်ရည်

09/08/2024

Design သီးသန့် လုပ်ပေးဖြစ်တာလေး🥰

လက်ဖက်ရည်တစ်ခွက်အတွက်
အကောင်းဆုံး ကူညီပံ့ပိုးပေးနိုင်မယ့် အချိုခြောက်ကို
ရှာနေပြီဆိုရင်တော့ “တောင်ပိုင်အချိုခြောက်”က
သင့်အတွက် အကောင်းဆုံးအဖြေတစ်ခု ဖြစ်စေမှာပါ။

🍃“တောင်ပိုင်က
ကိုယ်ပိုင်စိုက်ခင်း၊ ကိုယ်ပိုင်စက်ရုံကနေ
သဘာဝ လက်ဖက်ရွက်များကို အသုံးပြု ထုတ်လုပ်ထားတာမို့ ဓာတုဆိုးဆေးလုံးဝ မပါဝင်ကြောင်း စိတ်ချယုံကြည်နိုင်ပါတယ်။”🍃

🍃 လက်ဖက်ရည်ရဲ့သဘာဝအရောင်လှလှလေးနဲ့အတူ လတ်ဆတ်တဲ့ အချိုခြောက်ရဲ့ ရနံ့ ၊ ဖန် ချို ခါး အရသာတို့ကို စိတ်တိုင်းကျ ဖန်တီးနိုင်မယ့် တောင်ပိုင်အချိုခြောက်က လက်ဖက်ရည်တစ်ခွက်ရဲ့ အရောင်၊ အနံ့ ၊အရသာ ကောင်းခြင်းတွေကို ပြီးပြည့်စုံစေမှာပါ။ 🍃

𝗧𝗔𝗪𝗡𝗚 𝗣𝗘𝗡𝗚 - 𝗙𝗼𝗿 𝗬𝗼𝘂𝗿 𝗧𝗲𝗮 𝗧𝗶𝗺𝗲.
သင့်လက်ဖက်ရည်ချိန်တိုင်းအတွက် တောင်ပိုင်”

#တောင်ပိုင် #နမ့်ဆန်လက်ဖက်

Want your business to be the top-listed Advertising & Marketing Company in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay