Nebwin Tour
MarTech | . | Experience | . | Thought
30/05/2026
ရသစာပေဆိုတာ နှလုံးသားကို နူးညံ့စေသလို၊ ကိုယ်တွေးရင် တွေးနိုင်သလောက် သင်ခန်းစာနဲ့ ပညာတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။
ဒီစာအုပ်ထဲမှာ အကြိုက်ဆုံး ဇာတ်ကောင်ကတော့ 'ဟာစရီပါး' ပါပဲ။
တစ်ယောက်ယောက်က မင်းဘာတွေဖတ်နေလဲလို့ မေးတိုင်း “သုခမြို့တော်” ကို ဖတ်နေတယ်လို့ မပြောဘဲ 'ဟာစရီပါး' ဖတ်နေတယ်လို့ပဲ ဖြေမိတဲ့အထိ စွဲစွဲလန်းလန်း သဘောကျတယ် ။
ယောက်ျားတစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယောက်ျားပီသမှုတွေနဲ့အတူ အနစ်နာခံတတ်တဲ့ အဖေတစ်ယောက်ရဲ့ ပေးဆပ်မှုကတော့ တကယ့်ကို စံတင်လောက်ပါတယ်။
မိဘတစ်ယောက်အနေနဲ့ သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် နောက်ဆုံးမှာ အရိုးတွေအထိ ရောင်းချပြီး နောက်ဆုံးထွက်သက်အထိ တာဝန်ကျေပွန်သွားခဲ့တယ် ။
ဒါ့အပြင် ကိုဗားစကီးရဲ့ လူတွေအပေါ် ထားရှိတဲ့ မေတ္တာတရား၊
ဆင်းရဲသားနင်းပြားတွေရဲ့ တစ်ဦးပေါ်တစ်ဦး ဖေးမကူညီတတ်ကြပုံတွေနဲ့ 'နင်းပြားပြည်သူတွေဆိုတာ နိုင်ငံရေးမှာ ဓားစာခံအပြင် ဘာမှမပိုဘူး' ဆိုတဲ့ အကြောင်းတွေ ၊ လူပီသတဲ့ လူတွေအကြောင်းနဲ့အတူ ဖတ်ရင်း တစ်အုပ်တော့ ပြီးဆုံးသွားခဲ့ပါပြီ။
လူဆိုတာ တစ်ခါတလေ ကိုယ့်အနာကိုပဲ အကြီးဆုံးလို့ ထင်တတ်ကြစမြဲပါ။ 'ငါ ခက်ခဲနေပြီ၊ ငါ ပင်ပန်းနေပြီ၊ ငါ ဘာမှလုပ်လို့ မရတော့ဘူး' ဆိုပြီး စိတ်ဓာတ်ကျ စိတ်ညစ်နေရတဲ့ ဒီလိုကာလမျိုးမှာ 'သုခမြို့တော်' ကို ဖတ်ကြည့်ဖို့ အားလုံးကို ညွှန်းပေးချင်ပါတယ်။
နောက်ဆုံးအနေနဲ့ စာဖတ်ဖို့အတွက် ဒီစာအုပ်ကောင်းလေးတွေကို ဝယ်ပေးခဲ့တဲ့ မျိုးမျိုးလေးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ် 😁🤍
တယောက်နဲ့တယောက်ချစ်တယ် ရှေ့ဆက်သွားချင်တယ်ဆိုရင်တော့ နှစ်ယောက်စလုံးက တယောက်အပေါ်တယောက် ကိုယ်ချင်းစာစိတ်နဲ့ နားလည်စိတ်ရှိရင် ရပါတယ်။ ပြီးခဲ့တာတွေကို ပြီးတဲ့အတိုင်းထားပြီး နောက်ကြောင်းပြန်ဖော်တာတွေ၊ အပြစ်တင်တာတွေလည်းလျော့ရမယ်
26/04/2026
ကျွန်တော်တို့ NebwinTech ရဲ့ လက်ရှိ Project လေးတွေအကြောင်း နည်းနည်း ပြောပြချင်ပါတယ်။
အခုလက်ရှိမှာ Garment Factory, Private School နဲ့ Gem & Jewelry နယ်ပယ်တွေအတွက် Development ပိုင်းတွေ လုပ်နေပါတယ်။
မတူညီတဲ့ Business Model တွေကို Detail လေ့လာရင်း Project တစ်ခုချင်းစီမှာ Value အပြည့်အဝပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
အထူးသဖြင့် Garment Factory Project ကတော့ ကျွန်တော့်အတွက် ပညာအရဆုံးပါပဲ။ Client ရဲ့ Visionက ကြီးတဲ့အတွက် Software အဖြစ် အသက်သွင်းပေးရတာ တာဝန်ကြီးပါတယ် ။
Business App တစ်ခု စလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ၊ Market အခြေအနေတွေကို ကျွန်တော် မကြာခင်မှာ Case Study တစ်ခုအနေနဲ့ Sharing လုပ်ပေးဖို့ ရှိပါတယ်။ လုပ်ငန်းရှင်အချင်းချင်း ဗဟုသုတရအောင်ပေါ့။
ဒါ့အပြင် ကိုယ့်လုပ်ငန်းမှာ Application, ERP, SaaS ဒါမှမဟုတ် AI နည်းပညာတွေ အသုံးချဖို့ စဉ်းစားနေတယ်ဆိုရင် ကျွန်တော့်ဆီ လာခဲ့ပါ။
အခကြေးငွေ ပေးစရာမလိုဘဲ ကျွန်တော်တို့ Experience တွေနဲ့ အကောင်းဆုံး အကြံပြု ပေးပါမယ်။
❌လော/င်းကစ-ား၊ MLM နဲ့ တရားမဝင် လုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ လုံးဝ လက်မခံပါဘူးခင်ဗျာ။
28/03/2026
လုပ်ငန််းရှင်တွေအတွက် "အိတ်ကပ်ထဲက လုပ်ငန်းလက်ထောက်” တွေ ဖန်တီးပေးနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ် ။
မြန်မာနိုင်ငံမှာ SME လုပ်ငန်းတွေ အများကြီးရှိပေမဲ့ လက်တွေ့မှာ ထိထိရောက်ရောက် အသုံးပြုနိုင်မယ့် Digital Products တွေကတော့ ရှားနေဆဲပါပဲ။ အထူးသဖြင့် SME လုပ်ငန်းရှင်တွေအတွက် သုံးရလွယ်ပြီး ဈေးနှုန်းလည်း အဆင်ပြေမယ့် Tool မျိုးတွေပေါ့။
ဒါကြောင့် ကျွန်တော်နဲ့ Nebwin Tech အဖွဲ့သားတွေဟာ ဒီလို လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးဖို့အတွက် "Nebwin POS & Retail Solutions" Brand အောက်မှာ အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုံးကို ဖုန်းတစ်လုံးရှိရုံနဲ့ အိတ်ကပ်ထဲ ထည့်သယ်သွားနိုင်ဖို့ပါ။
အခုလောလောဆယ်မှာတော့ အောက်က Features တွေကို စနစ်တကျ အသုံးပြုနိုင်အောင် ပြင်ဆင်နေပါတယ်
POS System
Invoice App
Inventory Management
Business Statistics
LIVE Sale Support
E-commerce Platform
လုပ်ငန်းရှင်တွေဘက်ကလည်း အလုပ်ရှုပ်သက်သာပြီး စနစ်တကျ ဖြစ်သွားစေမယ့် Win-Win Situation တစ်ခုကို ဖန်တီးပေးချင်တာပါ။
Nebwin POS & Retail Solutions အောက်ကနေ နောက်ထပ် ထွက်ရှိလာမယ့် Product တွေကိုလည်း စောင့်မျှော်ပေးကြပါဦး ။
27/03/2026
၂၀၂၆ မှာ SME တွေ ရင်ဆိုင်နေရတဲ့ "Digital Shift" နဲ့ ကျွန်တော့်ရဲ့ လက်တွေ့အတွေ့အကြုံ
SME လုပ်ငန်းတော်တော်များများနဲ့ စကားပြောဖြစ်တဲ့အခါ သူတို့ရဲ့ လိုအပ်ချက်က အရင်နှစ်တွေနဲ့ မတူတော့တာကို သတိထားမိလာပါတယ်။ အထူးသဖြင့် ၂၀၂၆ ရဲ့ "Fast-Paced Consumer Behavior" (ဝယ်ယူသူတွေရဲ့ အပြောင်းအလဲမြန်တဲ့ အပြုအမူ) ကြောင့် လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ Team တွေကို အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြရပါတယ်။
ကျွန်တော် ဒီကာလအတွင်း Marketing နယ်ပယ်မှာ ကျင်လည်ခဲ့သမျှနဲ့ လက်တွေ့ Training တွေပေးရင်း တွေ့ရှိခဲ့ရတဲ့ အချက်အချို့ကို Sharing လုပ်ပေးချင်ပါတယ် -
၁။ TikTok က "ဖျော်ဖြေရေး" သက်သက် မဟုတ်တော့ပါ
အခုအချိန်မှာ TikTok ဟာ အရောင်းအဝယ်ထက်စာရင် "Trust Building" တည်ဆောက်တဲ့နေရာတစ်ခု ဖြစ်လာပါတယ်။ Content တစ်ခုကနေတစ်ဆင့် ကိုယ့်လုပ်ငန်းရဲ့ Value ကို ဘယ်လိုပြမလဲဆိုတာက Staff တိုင်း သိထားသင့်တဲ့ အတတ်ပညာဖြစ်လာပါတယ်။
၂။ AI က လူကို အစားထိုးတာ မဟုတ်ဘဲ "အရှိန်မြှင့်" ပေးတာပါ
Content တစ်ခုရဖို့ တစ်နေကုန် စဉ်းစားနေရတဲ့ခေတ် မဟုတ်တော့ပါဘူး။ AI ကို Content Idea တွေ Generate လုပ်ခိုင်းပြီး ကိုယ့်ရဲ့ Creative Thinking နဲ့ ဘယ်လိုပေါင်းစပ်မလဲဆိုတဲ့ "AI Literacy" က ၂၀၂၆ ရဲ့ အဓိက Skill တစ်ခုပါ။
၃။ Video Shooting က ဖုန်းတစ်လုံးနဲ့တင် လုံလောက်တယ်
Production အကြီးကြီးတွေထက် Customer တွေက "Raw & Real" ဖြစ်တဲ့ Content တွေကို ပိုနှစ်သက်လာကြပါတယ်။ အရေးကြီးတာက ဖုန်းတစ်လုံးကို အသုံးချပြီး ကိုယ့်ရဲ့ Product ဒါမှမဟုတ် Service ကို Professional ကျကျ ဘယ်လို Present လုပ်မလဲဆိုတာပါပဲ။
၄။ Presentation မှာ "စိတ်ခံစားမှု" ပါဖို့ လိုလာတယ်
ရိုးရိုး Presentation တွေက Customer ကို ဆွဲဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ ဘယ်လိုစကားလုံး၊ ဘယ်လို Visual တွေက Customer ရဲ့ စိတ်ကို ထိတွေ့စေမလဲဆိုတာက Training တိုင်းမှာ ကျွန်တော် အဓိကထား မျှဝေဖြစ်တဲ့ အချက်ပါ။
"ကျွန်တော် DM လောကမှာ နှစ်အတော်ကြာ ဖြတ်သန်းခဲ့တဲ့ Ground Experience တွေအရ ပြောရရင်... နည်းပညာတွေ ဘယ်လိုပဲ ပြောင်းပါစေ၊ လူသားချင်း ချိတ်ဆက်မှု (Human Connection) နဲ့ မှန်ကန်တဲ့ ဗျူဟာ ရှိရင် SME တိုင်းဟာ အောင်မြင်နိုင်ပါတယ်။"
ဒါကြောင့်ပဲ ကျွန်တော် အခု ၂၀၂၆ မှာ လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် Staff Training တွေကို ပိုမို အားစိုက်ပြီး ပြင်ဆင်ဖြစ်နေတာပါ။
ကိုယ့်ရဲ့ Team ကို Upgrade လုပ်ဖို့ စဉ်းစားနေတဲ့ လုပ်ငန်းရှင်တွေအတွက် ဒီအချက်တွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
Media Win Group of Marketing NebwinTech
“ လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့သူက ခေါင်းရှင်းနေရမယ် ။
မရှင်းရင် ဆုံးဖြတ်ချက်တွေချတဲ့အခါ တိုင်ပတ်သွားနိုင်တယ် ။
ကိုယ်တိုင်မရှင်းရင် ခေါင်းရှင်းတဲ့သူခေါ်ပြီးအကြံတောင်းရမှာပဲ ။ “ ဆရာပြောခဲ့တဲ့စကားလေး ။
18/01/2026
“ပြိုင်မယ်ဆိုရင် ခိုညည်း ညည်းလို့မရဘူး” — ရောင်းမကောင်းဘူးလို့ ညည်းနေသူတွေ ဖတ်ဖို့ အမှန်တရား
အချို့သူတွေက Product ရောင်းမကောင်းတာနဲ့ ပတ်သက်ပြီး...
“မရဘူး၊ လူတွေ မဝယ်ဘူး၊ Marketing လုပ်ရတာ မလွယ်ဘူး၊ အခြေအနေက မကောင်းဘူး” လို့ အမြဲ ညည်းတွားနေကြတယ်။
ဒါပေမဲ့ အမှန်တရားတစ်ခုရှိပါတယ်။
“ပြိုင်ပွဲထဲဝင်ပြီး ပြိုင်မယ်ဆိုရင်**ခိုညည်း ညည်း**နေလို့ မအောင်မြင်နိုင်ပါဘူး”
ရောင်းမကောင်းတာဟာ ကံတရားကြောင့်မဟုတ်ဘဲ ပျော်မွေ့နေတဲ့ "ဆင်ခြေ" (Excuses) တွေနဲ့ လက်ရှိ Mindset ကြောင့်သာ ဖြစ်ပါတယ်။
---
💡 ဘာကြောင့် အလုပ်မဖြစ်တာလဲ?
၁။ Excuse = Progress Killer (ဆင်ခြေက တိုးတက်မှုကို သတ်တာ)
"Facebook မှာ Reach မရဘူး၊ Ad ပေးတာ အလကားပဲ" လို့ ငြီးနေမယ့်အစား...
ကိုယ်ပို့လိုက်တဲ့ Message က မှန်ရဲ့လား? Target Audience က မှန်ရဲ့လား? ဒါကို Optimize လုပ်ဖို့ ကြိုးစားခဲ့ရဲ့လား? ကိုယ့်ရဲ့ကြော်ငြာတွေကဆွဲဆောင်မှုရှိရဲ့လား ။ " ဆိုတာ အရင်ပြန်မေးပါ။
၂။ Action vs. Reaction
ရောင်းချင်ရင် ပြိုင်ဘက်တွေ ဘာလုပ်နေလဲ ကြည့်ရုံနဲ့မပြီးဘူး၊ အချက်အလက် (Data) ကို ကြည့်ရမယ်။ အောင်မြင်နေသူတွေဆီမှာ Strategy + Ex*****on + Timing ဆိုတဲ့ ညီမျှခြင်းတစ်ခု အမြဲရှိပါတယ်။
၃။ Mindset Shift (အတွေးအခေါ် ပြောင်းလဲခြင်း)
“မရဘူး” ဆိုတာ စိတ်ကူးယဉ်စကား မဟုတ်ပါဘူး။ ကိုယ်တိုင်က "ငါမလုပ်နိုင်ဘူး" လို့ သတ်မှတ်ထားတဲ့ Perception သာ ဖြစ်ပါတယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်တွေဟာ "ဘာလို့မရတာလဲ" လို့ မမေးဘဲ "ဘယ်လိုလုပ်ရင် ရမလဲ" လို့ပဲ မေးကြပါတယ်။
---
“ခိုညည်း ညည်းနေရုံနဲ့တော့ ဘာမှဖြစ်မလာပါဘူး။”
Strategy + Ex*****on + Consistency ဒီသုံးခု ပေါင်းစပ်နိုင်မှသာ ရလဒ်ထွက်မှာပါ။
ဆင်ခြေတွေကြားမှာ ဆက်နေမှာလား? ဒါမှမဟုတ် အခုပဲ ပြောင်းလဲတော့မှာလား?
ပွင့််ပွင့်လင်းလင်းပြောရင် အခုလက်ရှိအခြေနေအရ
Budget တွေလျော့သုံးရင် လုံးဝရောင်းရနိုင်ချေနည်းပါတယ် ။
ဒါကြောင့် Budget တိုးသုံးမလား ။ ဒါဆိုရင်လည်းရောင်းတော့ ရောင်းရနိုင်ပါတယ် ။ ရေရှည်တော့မပါပါဘူး ။
အခုထိ Branding / Marketing ကို သေချာ Run မထားတဲ့ လုပ်ငန်းတွေအနေနဲ့ နောက်ထပ် ၂ နှစ်လောက်ဆို လုံးပါးပါးတော့မဲ့အနေအထားပါ ။
ဟိုး … ၂၀၂၀ လောက်နေအခုထိ ၂၀၂၆ ထိ ချိန်ကြည့်ပါ ။ ကိုယ့်လုပ်ငန်းလျော့သွားသလား တိုးလာသလားဆိုတာ ..
လျော့လာရင်တော့ပြင်သင့်ပါပြီ ။
နောက်ပြီး Facebook ရဲ့ Algorithm ကလည်း အရင်လို detail targeting ထက် Ai ကို ပိုပြီး Train လာပြီး Personalized ad တွေကို ဦးစားပ်ုပေးလာပါတယ် ။ ( ဆိုလိုချင်တာက လူနည်းလည်ရုံတင်မဟုတ်ဘဲ Ai နားလည်အောင်ပါလုပ်ဖို့လိုပါတယ် ။ )
အပြောင်းအလဲတွေ သိပ်မြန်လာတာမလို့ ရောက်တဲ့နေရာကနေ ကပ်လိုက်ဖို့လိုပါပြီ ။
17/01/2026
Ad Runပေမယ့် Page Like ဘာလို့ မတက်တာလဲ?
Page Promote လုပ်တဲ့အခါ အရင်လို Like တွေ တဝုန်းဝုန်း မတက်လာတော့တာဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ခေတ်စနစ်နဲ့ နည်းပညာ အပြောင်းအလဲတွေကြောင့် ဖြစ်နေတာပါ။
ဘာတွေကြောင့်လဲဆိုတာ အချက် (၃) ချက် နဲ့ပြောပြပါမယ် ။
၁။ Facebook အပြောင်းအလဲ (The Algorithm Game)
Facebook ဟာ နောက်ပိုင်းမှာ User တွေရဲ့ စိတ်ကျေနပ်မှုကိုပဲ ပိုဦးစားပေးလာပါတယ်။
ကြော်ငြာတွေအပေါ် ငြီးငွေ့လာခြင်း (Ad Fatigue): လူတွေဟာ ဖုန်းပွတ်ရင်း ကြော်ငြာမြင်ရင် မဖတ်တော့ဘဲ ကျော်သွားလေ့ရှိပါတယ်။ "Like" တစ်ခုနှိပ်ဖို့ထက် ကိုယ့်အတွက် တကယ်တန်ဖိုးရှိမှပဲ ရပ်ကြည့်တော့တာပါ။
တမင်လျှော့ချထားတဲ့ Reach: Facebook က Page တွေကို ပိုက်ဆံပိုသုံးစေချင်တဲ့အတွက် အလကားရတဲ့ (Organic) ပျံ့နှံ့မှုကို သိသိသာသာ လျှော့ချထားပါတယ်။
၂။ မြန်မာနိုင်ငံ အခြေနေ (The Local Context)
VPN ပြဿနာ : မြန်မာနိုင်ငံမှာ VPN သုံးပြီးမှ Facebook သုံးလို့ရတာကြောင့် ရွေးချယ်လိုက်တဲ့ Target ဆီကို ကြော်ငြာက အတိအကျ မရောက်တော့ပါဘူး။ Location မှားယွင်းမှုတွေ ဖြစ်ကုန်တာပါ။
- **ရွေးချယ်မှု စေ့စပ်လာခြင်း:** အခုခေတ်မှာ လူတွေက Page တိုင်းကို လျှောက် Like မလုပ်တော့ပါဘူး။ ကိုကိုယ့်အတွက် တကယ်အသုံးဝင်မယ့် Content မျိုးကိုပဲ စိစစ်ပြီး Like လုပ်ကြပါတော့တယ်။
၃။ Content ပုံစံ ပြောင်းလဲမှု (Shift in Strategy)
Video ခေတ်ရောက်လာခြင်း: လူတွေက စာဖတ်တာ၊ ပုံကြည့်တာထက် Reels လိုမျိုး ဗီဒီယိုတိုတွေကို ပိုနှစ်သက်လာပါတယ်။၏
ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း (Saturation): Page တွေဟာ မှိုလိုပေါက်နေတဲ့အတွက် လူတစ်ယောက်ရဲ့ Newsfeed မှာ နေရာရဖို့က အရင်ကထက် အဆပေါင်းများစွာ ပိုခက်ခဲသွားပါပြီ။
💡 ဒါဆိုရင် Like ပြန်တက်လာအောင် ဘာတွေပြောင်းလဲလုပ်မလဲ?
အခုချိန်မှာ Like များဖို့ထက် ရင်းနှီးမှု (Engagement) ရဖို့က ပိုအရေးကြီးပါတယ်။
Reels ကို အသုံးချပါ: ပုံတွေထက် ဗီဒီယိုအတိုလေးတွေနဲ့ လူတွေကို ဆွဲဆောင်ပါ။
Target ကို တိတိကျကျရွေးပါ:Audience ကို အကျယ်ကြီး မထားပါနဲ့။ မိမိလုပ်ငန်းနဲ့ တကယ်ကိုက်ညီမယ့်သူ အနည်းစုကိုပဲ target ထားပါ။
အကျိုးရှိတာလေးတွေ တင်ပေးပါ (Value-added): ပစ္စည်းရောင်းတာတစ်ခုတည်း မဟုတ်ဘဲ ဝယ်သူအတွက် ဗဟုသုတ ဒါမှမဟုတ် ပျော်ရွှင်မှုပေးနိုင်တဲ့ Content တွေကို ကြော်ငြာပါ။
ဒီအချက်တွေကို ပြောင်းလဲကြည့်မယ်ဆိုရင် Page ရဲ့ ရလဒ်ဟာ သိသိသာသာ ကောင်းမွန်လာမှာပါ။
ဒီစာဖတ်နေတဲ့သူကရော Page မှာ အခုလောလောဆယ် ဘယ်လို Content မျိုးတွေကို အဓိက တင်နေတာလဲဗျ ။
16/01/2026
"ဆက်ဆံရခက်ခဲတဲ့ Customer" တွေ နဲ့ကြုံတွေ့ရတဲ့အခါ …..
ကျွန်တော်တို့ လုပ်ငန်းလုပ်တဲ့အခါ ငွေကြေးအကျိုးအမြတ်တင်မကဘဲ Mental Energy စီမံခန့်ခွဲမှုလည်း ပါဝင်ပါတယ်။ ဆက်ဆံရခက်တဲ့ Customer တစ်ယောက်ကို အနိုင်ယူဖို့ မကြိုးစားပါနဲ့။ ကိုယ့်ရဲ့ Professional Standard ကို မကျအောင် ထိန်းထားနိုင်ခြင်းကသာ အစစ်အမှန် အောင်မြင်မှုပါ။
Customer တိုင်းနဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်မှာမဟုတ်သလို၊ အမြဲတမ်းလည်း ပြေပြစ်နေမှာ မဟုတ်ပါဘူး။ တချို့က စကားအပြောအဆို ကြမ်းတမ်းတတ်တယ်၊ တစ်ဖက်သားအပေါ် လေးစားမှု အားနည်းတတ်ကြပါတယ်။ အတော်များများ အဆင်မပြေနေကျတဲ့ ဒီလိုအခြေနေမျိုးဆိုပိုဆိုးပါတယ် ။
ဒါပေမဲ့ Professional တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Reaction ကို ထိန်းချုပ်နိုင်ဖို့က အရေးကြီးပါတယ်။
ကျွန်တော်နောက်ပိုင်းအတွေ့အကြုံဲတွေရကျင့်သုံးမိတဲ့နည်းလမ်းထဲမှာအကောင်းဆုံးနည်းကတော့
Clear Rule ချလိုက်တာပါပဲ ။ ဆိုပါစို့ Pacakge ရောင်းတဲ့အခါ အစကတည်းက ကျွန်တော်တို့ဖက်က ဒါမျိုးလေးတော့ လုပ်ပေးလို့ရပါတယ် ။ Rule ရဲ့အပြင်ဖက်ကိုကျော်လာတဲ့ကိစ္စမျိုးဆိုရင်တော့မရတဲ့အကြောင်း လုပ်ငန်းစမလုပ်ခင်ကတည်းက သေချာရှင်းပြပါတယ် ။
အချို့အခြေနေတွေ ကိုယ်တိုင်ကစိတ်ခံစားမှုမကောင်းနေတာမျိုးကျရင် တဖက်ကဘာပြောပြော Don’t take it personally ပါပဲ။ ကိုယ့်စိတ်ခံစားမှုထက် လုပ်ငန်းမျက်နှာကြည့်လိုက်တာပိုကောင်းတယ် ။ ရပ်တည်နေတာကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ Brand အပြင် လုပ်ငန်းမှာ မှီခိုနေတဲ့သူတွေရဲ့မျက်နှာပါကြည့်ဖို့လိုအပ်ပါတယ် ။
နောက်ဆုံးတစ်ခုကတော့ Professional Boundary ထားဖို့ပါပဲ။ Customer ဆိုတိုင်း ဘာမဆို ခံရမယ်လို့ မဆိုလိုပါဘူး။ လေးစားမှုမရှိတဲ့ အပြုအမူတွေအတွက် ကိုယ့်ဖက်က ယဥ်ယဥ်ကျေးကျေးတုံ့ပြန်တာအပြင် ပြတ်သားတဲ့ Boundary တစ်ခု ထားရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို Professional ကျကျ ကာကွယ်ပါ။
"No" ကို Professional ပီသစွာ ပြောတတ်ပါစေ
လိုက်လျောပေးလို့ မရတဲ့အရာတွေကို ငြင်းဆိုတဲ့အခါ:
- Soft Tone: နူးညံ့တဲ့ လေသံသုံးပါ။
- Clear Reason: ခိုင်လုံတဲ့ အကြောင်းပြချက် ပေးပါ။
- No Argument: ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ။
ဆက်ဆံရတဲ့ခက်တဲ့ customer တစ်ယောက်ကို အနိုင်ယူဖို့ မလိုဘူး ။
ကိုယ့် standard ကို မကျအောင် ထိန်းထားရုံပါပဲ။
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay