LCCI
စာရင်းကိုင် ပညာရပ်ကို စာတွေ့ လက?
07/12/2020
လိုအပ်လျှင် အသုံးပြုနိုင်ရန်အတွက် google sheet အသုံးပြုနည်းကိုပြောပြပေးသွားပါမယ် သိပီးသားသူများရှိရင်ကျော်သွားနိုင်ပါတယ်
သင့်မှာ Email တခုရှိရုံနဲ့ တခြား Email ရှိတဲ့ သူနဲ့ အတူ data တွေအပြန်အလှန် sharing လုပ်နိုင်ပါတယ် အခုလို covidကာလ work from home ကာလမှာ စာရင်းdata တွေပြင်ဆင်ခြင်းအတွက် emailတွေ အကြိမ်ကြိမ် ပို့နေဖို့မလိုတော့ပါဘူး
Phone or computer မှာ email. ကို loginဝင် drive ထဲသွား new ခေါ် ၅ခုမြောက်က google sheet ဆိုတဲ့ အထဲကိုဝင်လိုက်တာနဲ့ excel ကဲ့သို့ blank sheet တန်းကျလာပါတယ် ကိုယ် share ချင်တဲ့ အကြောင်းအရာကို ထည့် အော် ဒါနဲ့ excel လို ctrl+s နိုပ်စရာမလိုပါဘူး auto save ဖြစ်ပါတယ်
ပြီးတာနဲ့ ညာဘက် ထောင့်မှာပါတဲ့ share ထဲကိုဝင် box တခုကျလာလိမ့်မယ် အဲ့မှာ ကိုယ်ပို့ချင်တဲ့ email ကို ရိုက်ထည့်ရုံပါပဲ
အဲ့မှာလဲ ပြန်ရွေးလို့ရပါသေးတယ် ကိုယ် ပို့လိုက်တဲ့သူကို ဝင်မပြင်စေချင်ရင် view only နဲ့ share လိုက်လို့ရပါတယ်
Google sheet သုံးတာ ဘာအားသာချက်ရှိလဲဆိုရင် အချိန်ကုန်သက်သာပါတယ် ကိုယ်ပြင်စေချင်တဲ့အကြောင်းအရာကို တဘက်လူးပြင်မပြင် ကြည့်နေလို့ရပါတယ် နောက်ပီး အဲ့ sheet ကို လူဘယ်နှယောက်ဝင်သုံးနေလဲကြည့်ရပါတယ် ညာဘက်ထောင့်မှာပဲ ပေါ်နေပါတယ်
နောက်ဆုံးအားသာချက်ကတော့ နောက်ကြောင်းပြန်လိုက်လို့ရပါတယ် ဘယ်အချိန် ဘယ်နနာရီမှာ ဘယ် email က ဘယ်sheetတွေကို ဝင်ပြင်သွားတယ်ကအစ ကြည့်ရပါတယ် စာရင်းသမားတွေအတွက် အားသာချက်ပါ
ဒီနေ့တော့ လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ google sheet လေး အကြောင်းကိုပြောပြသွားတာဖြစ်ပါတယ် မသိသေးတဲ့သူု တွေအတွက်အကျိုး တစုံတရာ ရှိသွားဖို့ မျှော်လင့်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဝေဖန်အကြံပြုချက်များကို ဝမ်းသာအားရကြိုဆိုနေပါတယ် comment messenger တို့မှာဝေဖန်အကြံဥာဏ်ပေးလို့ရပါတယ်ရှင့်
ပထမဆုံးpage ထောင်ကာ sharing လုပ်ခြင်းဖြစ်တဲ့အတွက် အရေးအသားတစုံတရာမှာယွင်းခဲ့ရင်ခွင့်လွှတ်ပါ
LCCI စာရင်းကိုင် ပညာရပ်ကို စာတွေ့ လက�
စာရင်းကိုင်ပညာကို စတင်လေ့လာသူများအတွက်သာ သက်ဆိုင်ပါသည် ဆရာလုပ်ချင်းမဟုတိပါ အတွေ့အကြုံများကို မျှဝေခြင်းသာဖြစ်ပါသည်
လူ့ပြည် လူ့လောကမှာ ကျားမဆိုတဲ့ သဘာဝတရားလို့nature ရှိသကဲ့သို့ စာရင်းကိုင်ပညာမှာလည်းdebit (DR)ရယ် credit (CR)ဆိုတဲ့ nature တွေရှိပါတယ်
Transaction ဆိုတဲ့ အကြောင်းအရာတခုဖြစ်တိုင်း double entry ဆိုတဲ့ debit credit စာရင်းသွင်းရပါတယ် စီးပွားရေးတခုမှာ ပါဝင်တဲ့ အဝယ်အရောင်း ငွေဝင်ငွေထွက် ငွေတကယ်မဝင်ပဲ စာရင်းသဘောအရ သွင်းရတဲ့ transactionတွေ အားလုံးကို double entry သုံးပီး စာရင်းသွင်းရပါတယ်
နယ်တွေမှာ ရှိတယ် အိမ်ဆိုင် စတိုးဆိုင် တွေကစ ကုမ္ပဏီ group ကုမ္ပဏီ public ကုမ္ပဏီ တွေရဲ့ sale ဆိုတဲ့ အရောင်းက credit nature
Sale ဆိုတဲ့ အရောင်းမှာလဲ နှစ်မျိုးနှစ်စားရှိပါတယ် ပိုက်ဆံပါတဲ့သူကို လက်ငင်းရောင်းတာ cash sale လို့ခေါ်ပါတယ်
အဲ့ဒါ ဆိုရင် ပိုက်ဆံမပါတဲ့သူကျတော့ကော မရောင်းတော့ဘူးလားဆိုရင် ရောင်းပါတယ် ရပ်ကွက်အခေါ်ဆိုရင် အကြွေးရောင်း credit sale လို့ခေါ်ပါတယ်
Introduction
မိမိဟာ စာရင်းကိုင်တယောက်လုပ်တော့မယ် ဆိုရင် အရင်ဆုံး မိမိ နှလုံးသားထဲ ဦးနှောက်ထဲမှာ ဆွဲနေရမယ် အရာကတော့ double entry လို့ခေါ်တဲ့နှစ်ဘက်စာရင်းသွင်းချက်ပဲ ဖြစ်ပါတယ်ရှင့်
တချို့ စာရင်းကိုင်တွေကိုတွေ့ဘူးပါတယ် lcci level 3သာပြီးသွားတယ် double enrty လို့ ခေါ်တဲ့ နှစ်ဘက် စာရင်းသွင်းနည်းကို မေ့ပစ်ခဲ့ကြပါတယ် တကယ်က သင်ဟာ finance manager မဖြစ်သေးသ၍ သင်ဟာ double entry နဲ့မလွတ်ကင်းသေးဘူးဆိုတာကို သတိရလိုက်ပါ
ကဲအဲ့တော့ အရေးပါလှ တဲ့ double entry တွေကို မနက်ဖြန်မှာ ဆက်လက်တင်ုပသွားပါမည် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်
စာရင်းကိုင် ဘာသာရပ် စာတွေ့ လက်တွေ့ ဆွေးနွေး ပေးသွားပါ့မယ်ရှင့်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mandalay