OBD
CREATIVITY FOR LIFE
20/12/2022
Off-road ကားတွေတော်တော်များများ ဘာလို့ ဘက်ထရီအိုး (၂) လုံးပါတာလဲ??
Main Battery နဲ့ Auxillary Battery လို့ ခေါ်ပါတယ်။
Main Battery: Main Battery ရဲ့ တာ၀န်ကတော့ ကားစက်နှိုးတဲ့ Starter Motor ကို မီးအားပေးတာပါ။ သော့ဖွင့်လိုက်တဲ့ အချိန်မှာ သူက ကားစက်နှိုးဖို့အတွက် လိုင်းစချိတ်ပါတယ်။ Starter Motor မွှေ့လိုက်ပြီး စက်နိုးသွားပြီးဆိုတာနဲ့ သူ့ရဲ့ အထွက်ကို ပိတ်လိုက်ပါတယ်။ ဒါဆို သူက Starter Motor တစ်ခုကိုပဲ အားသုံးပြီး အင်ဂျင်နိုးပြီးနောက်ပိုင်း အခြား ဘက်ထရီသုံးစွဲမှုတွေအတွက် အားကို မပေးတော့ပါဘူး။ သူ့ကို အားသွင်းဖို့ အ၀င်ကိုပဲ လက်ခံပြီး အားအထွက်ကို ပိတ်ထားလို့ ဖြစ်ပါတယ်။
Auxillary Battery: သူ့ရဲ့ တာ၀န်ကတော့ Starter Motor နဲ့ မဆိုင်ပါဘူး။ သူက ကားရဲ့ အခြားသုံးစွဲမှုတွေဖြစ်တဲ့ အဲကွန်း၊ ပန်ကာ၊ မီးကြီး မီးသေး၊ စီးကရက်မီးညှိပေါက်၊ ဝိုက်ပါ၊ ဒိုင်ခွက်တွေ၊ ကွန်ပြူတာဘောက်စ်တွေ နဲ့ 110V / 12 V AC/DC ပေါက်တွေအတွက်ပဲ အလုပ်လုပ်ပါတယ်။ သူ့ကို အားပိုခံတဲ့ Dry Battery ထည့်လေ့ရှိပါတယ်။ (အရင်ခေတ်ကတော့ ဘက်ထရီခြောက်ဟာ စျေးလည်းကြီး ၀ယ်ရလည်းခက်လို့ အက်စစ်ထည့် ဘက်ထရီအသုံးများပေမယ့် ဒီဖက်ခေတ်မှာတော့ ဘက်ထရီခြောက်တွေကိုပဲ သုံးကြတဲ့အတွက် အခု SURF တွေမှာ ဘက်ထရီ ၂ ခုလုံး ကောင်းတဲ့ ဘက်ထရီတွေကိုပဲ တွေ့ရမှာပါ။ Original ကတော့ ဘက်ထရီအစို အခြောက် ၂ မျိုးနဲ့ပါ။)
ပြိုင်ဆက် လား တန်းဆက်လား?
Battery ၂ လုံးကို ပြိုင်ဆက် နည်းနဲ့ ဆက်ထားပါတယ်။ ပြိုင်ဆက်နည်းနဲ့ ဆက်တဲ့အတွက် 12 V ဖြစ်ပေမယ့် Amp (Ah) ပိုအားကောင်းပါတယ်။
အားသာချက်၊ အားနည်းချက်
အားသာချက်ကတော့ Starter Motor အတွက် ဘက်ထရီတစ်ခု သပ်သပ်ထားထားတာဖြစ်လို့ ကားအင်ဂျင်နှိုးဖို့ လိုအပ်တဲ့ ဘက်ထရီက အားကုန်သက်သာပြီး သက်တမ်းအရ ပိုခံပါတယ်။ အခြားအသုံးတွေအတွက်လည်း သပ်သပ်ထားတာဖြစ်လို့ ကားတစ်စီးလုံးရဲ့ အသုံးကိုလည်း သီးသန့်သုံးစွဲရတဲ့ စံနစ်ကို ရရှိပါတယ်။ Off-road တွေဆိုတာ တောထဲတောင်ထဲ စခန်းချပြီး ခရီးထွက်လေ့ရှိတဲ့ ကားဖြစ်တာကြောင့် အင်ဗက်တာတွေ မီးဖိုတွေ ချိတ်ဆက်ပြီး သုံးစွဲလေ့ရှိတဲ့ ကားတွေပါ။ ဒီလို တောထဲတောင်ထဲ စခန်းချပြီး မီးတွေ သုံးစွဲလိုက်ပေမယ့် Starter Battery က သပ်သပ်ထားတာ ဖြစ်လို့ အိမ်ပြန်ဖို့ စက်နှိုးရင်လည်း စက်နိုးဖို့ ဘက်ထရီသီးသန့်ထားပေးထားတဲ့ သဘောပါဗျာ။
အားနည်းချက်၊ Auxillary Battery က ဗို့အား ၁၀ ရောက်သည်အထိ သုံးစွဲခွင့် ပေးထားပေမယ့် Main Battery (Starter Battery) ကတော့ ဗို့အား ၁၁.၇ ရောက်တာနဲ့ အလိုလို ဖျက်ချပါတယ်။ Starter Motor ဟာ အားများများသုံးပြီး နှိုးရတာဖြစ်လို့ ဗို့အား ၁၁.၇ အထက်မရှိရင် စက်နိုးဖို့ ခက်ပါတယ်။ ဒါမို့ ၁၁.၇ အောက်ကို အားကျပြီဆိုတာနဲ့ အဲ့ဒီ ဘက်ထရီက အလုပ်မလုပ်တော့ပါဘူး။ ဒါမို့လည်း Hilux SURF ဘက်ထရီ ၂ လုံးပါတဲ့ ကားတွေမှာ ဘက်ထရီအိုး ၁ နှစ် က နေ ၂ နှစ်အတွင်းမှာ လဲ ရတာကို ကြုံဖူးကြမှာပါ။ အခြား Honda Fit တို့ နဲ့ စလွန်းကားတွေမှာ ဘက်ထရီအိုး တစ်လုံးကို ၃-၄ နှစ် သုံးလို့ရပေမယ့် Off-road ဘက်ထရီ ၂ လုံးကားတွေမှာတော့ ၃ နှစ်သုံးရတာ အများဆုံးလို့တောင် ဆိုရပါမယ်။ (အသုံးနည်းတဲ့ကားတွေ ၃ နှစ်ကျော် သုံးရပါတယ်) (ကျွန်တော့်ရဲ့ ဘက်ထရီ နှစ်လုံးကောင်ကတော့ ၂ နှစ်ပဲ သုံးလို့ရတယ်။)
၀ါယာရင်းပြုလုပ်ရင် သတိထားရမယ့် အချက်..
ကျွန်တော်တို့ဆီမှာ အချို့ ကားအလှဆင်ဆိုင်တွေက Main Battery, Auxillary Battery ကို ခွဲခြားမသိပါဘူး။ (ကိုယ်တွေ့ပါ.. ဆိုင်တော်တော်များများ မသိကြပါ)။ Off-road ဖြစ်တဲ့အတွက် ကျွန်တေ်ာတို့ Extra Light တွေ ဆင်ကြပါတယ်။ ရှေ့ နှင်းခွဲမီး၊ LED Bar၊ အပေါ် Spot Light ၊ Back camera light၊ စသဖြင့် မီးတွေ ဆင်ကြတယ်။ ပြီးတော့ Audio ပါ။ SURF က အော်ရဂျင်နယ်ပါတဲ့ ကက်ဆက်သံက ကောင်းတယ်ဆိုပေမယ့် Woofer မပါပါဘူး။ ဒါမို့ Woofer တွေ တပ်ကြတယ်။
ဒီအချိန်မှာ မီးလောင်နိုင်တဲ့ အန္တရာယ်ကင်းဝေးစေဖို့ အချို့ W ၀ပ်များတဲ့ မီးတွေ၊ ပစ္စည်းတွေကို ဘက်ထရီကနေ တိုက်ရိုက်ကြိုးထုတ်ပြီး တပ်ဆင်ဖို့ လိုပါတယ်။ Circuit Board ကနေ တဆင့်သွားရင် Circuit Board ခံနိုင်တဲ့ Amp ထက် ကျော်လွန်သုံးစွဲလို့ ခဏခဏ Fuse ပြတ်တာ ကြုံရမှာပါ။ Fuse ပြတ်တာ ကောင်းပါတယ်။ Fuse များ မပြတ်ခဲ့ရင် အပူလွန်ပြီး မီးလောင် နိုင်လို့ပါ။ ဥပမာ။ ။ LED Bar မီး ၃ တန်းက ၁၂၀ ၀ပ်ရှိပါတယ်။ Woofer က ၈၀ ၀ပ်အ၀င်နဲ့ အထွက် ၁၀၀၀ ၀ပ် ရှိပါတယ်။ နှင်းခွဲမီးတွေက တစ်လုံးကို ၄၀-၇၀-၁၂၀ ၀ပ်အထိ ရှိပါတယ်။ နှင်းခွဲ ၄ လုံးတပ်တာနဲ့ ၄၆၀ ၀ပ်အထိ တက်ပါတယ်။ ဒီလိုအချိန်မှာ ဆားကစ်ဘုတ်ကို မဖြတ်ပဲ ဘက်ထရီတိုက်ရိုက် နဲ့ Ingnition ကို ချိတ်ပြီး တပ်ပါတယ်။
ဒီလိုချိတ်ဆက် တပ်ဆင်တဲ့အခါမှာ တပ်ဆင်ပေးသူက နားမလည်ဘူးဆိုရင် Auxillary Battery ကနေ မယူပဲ Main Battery ကနေ သွားယူတတ်ပါတယ်။ ဒီလိုမျိုး ယူလိုက်တဲ့အတွက် အားအ၀င်နည်းတဲ့ Starter Battery ကို အားယူသုံးသလိုဖြစ်ပြီး ကားစက်နှိုးမရလို့ ခဏခဏ ဘက်ထရီလဲရတာကိုလည်း ကြုံရတတ်ပါတယ်။
ဒါကတော့ ဘက်ထရီ ၂ လုံးပါရတဲ့ အခြေခံအကြောင်းအရင်းနဲ့ ကျွန်တော်တို့တွေ သုံးစွဲတတ်တဲ့ အကြောင်းလေးတွေအချို့ကို မျှဝေပေးတာပါ။ အချို့အချက်တွေက ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံတွေက ယူထားတာဖြစ်လို့ လုံး၀မှန်တယ်လို့ ယူဆဖို့ ခက်ပါမယ်။ ကျွန်တော်သိတာ တွေ့ကြုံတာတွေကလည်း အယူအဆအမှား အတွေ့အကြုံအမှားဖြစ်ချင်လည်း ဖြစ်နေနိုင်လို့ပါဗျာ..။
# Credit
# Happy Driving OFF ROAD
# CHALLENGER CLUB
09/06/2022
လိုအပ်မဲ့သူများ အဆင်သင့်တန်းပြီးဈေးရောင်းလို့ရမယ့်ကားသန့်လေး( Sokon .. Engine -1.5- Model 2018 )ကို ၂၃၅သိန်းလျော့တင်းပါးပါးလေးနဲ့ရောင်းချင်ပါတယ်....
💝💝💝..... ကားမှာတပ်ဆင်ပြီးသားပစ္စည်းတွေလဲအကုန်ပေးမှာနော် ...
💝💝💝💝.....ဈေးရောင်းဖို့ modified ပြီးသားမို့ကျွန်တော့pageကနေကြော်ညာပေးလိုက်ပါတယ် ...
ချစ်သော customers များ ...
ကျန်းမာချမ်းသာကြပါစေခင်ဗျာ...
☎️-09-777855509
17/02/2022
Dear Customer ,💝
You may be touched with nature and stay in clean place 🙂...
Best wishes from OBD family.
အိုမီခရွန်အတွက်သဘာဝဆရာဝန် ၇ယောက်
=================================
၁ ။ Dr Sun ( ဒေါက်တာနေ )
========================
နေရောင်ခြည်ကို တစ်နေ့လျှင် ၁နာရီခံယူပါ ၊ နေပူဆာလှူံပါ ၊ အကောင်းဆုံးအချိန်မှာ မနက် ၇ မှ ၉ခွဲ ဖြစ်ပါသည် ၊ Vitamin D ရစေသည် ၊ ( Vitamin Dများသောက်ကြလျှင် တစ်နေ့လျှင် 3000 အားထက်မပိုစေရန် သတိပြုပါ အချို့ဆေးများတွင် ၅၀၀၀ ကျော် ၁သောင်းများဖြစ်၍ ကျောက်ကပ်ပျက်စီးစေနိုင်သည် ) သဘာဝဖြင့်ရသော Vitamin D သည် အကောင်းဆုံးဖြစ်ပါသည် ။
၂ ။ Dr Water ( ဒေါက်တာ ရေ )
===========================
ရေသန့်အား တစ်နေ့လျှင် ၂လီတာ (ဖန်ခွက် ၆ခွက်မှ ၈ခွက် )သောက်ပါ ရေအစားရေနွေးကြမ်း ( ကျကျ ခါးခါး မဟုတ်ပါ ) လည်းသောက်၍ ရပါသည်
၃ ။ Dr Air ( ဒေါက်တာ လေ )
=========================
သန့်ရှင်းလတ်ဆတ်သောလေကိုရိူက်ရူပြီး အသက်ရူလေ့ကျင့်ခန်းလုပ်ပါ ၊ နှာခေါင်းဖြင့် ရိူက်ရူပြီး ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ရေ၍ ၅စက္ကန့်လောက်ထိန်းထားပြီးမှ အားရပါးရ ပါးစပ်မှ ပြန်ရူထုတ်ပါ ၊ တစ်ကြိမ်လျှင် အခါ ၂၀ မှ ၂၅ ခါ တစ်နေ့လျှင် ၄ကြိမ် စုစုပေါင်း အခါ ၁၀၀ အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။
၄ ။ Dr Sleep ( ဒေါက်တာ အိပ် )
==========================
ကောင်းမွန်စွာ အိပ်စက်အနားယူပါ အသက် ၁၂ အောက်ကလေးများ တစ်နေ့လျှင် ၁၀နာရီ လူကြီးများ တစ်နေ့လျှင် ၈နာရီ ကောင်းစွာအိပ်စက်၍ ခန္ဓာကိုယ်မှ Cell များအား အနားပေးကာ ပြင်ပမှဝင်ရောက်လာမည့် ရောဂါပိုးများ အန္တရယ်ကို ကိုယ်ခံအားမြင့်စွာ ခုခံအားကောင်းစွာ ကာကွယ်နိုင်ကြပါစေ ။
၅ ။ Dr Exercise ( ဒေါက်တာ လှုပ်ရှားမှု )
==============================
ကိုယ်လက်လှူပ်ရှား လေ့ကျင့်ခန်းလည်း သင့်တော်သလို နေ့စဉ်ပြုလုပ်ပါ ၊ Gym သွားကစားခြင်း ပြင်းထန်သော အားကစားများ လေ့ကျင့်ခန်းများ မလုပ်နိုင်သော်ငြား မိမိခြံအတွင်း မိမိအိမ်အတွင်း လမ်းဖြည်းဖြည်းလျှောက်ခြင်း မြန်မြန်လှောက်ခြင်း jogging ရွရွပြေးခြင်းတို့ လုပ်ပေးခြင်းဖြင့် ပို၍ ကျန်းမာပါလိမ့်မည် ။
၆ ။ Dr Diet ( ဒေါက်တာအဟာရ )
===========================
မိမိတို့ နေ့စဉ် စားသောက်ကြရာတွင် ခန္ဓာကိုယ်မှ လိုအပ်သော ကယ်လိုရီ လူတစ်ယောက်အတွက် အနည်းဆုံး ၂၅၀၀ အား ၅၀၀ အပိုဆောင်း၍ ၃၀၀၀ calorie စားရန်လိုပါသည် ၊ အချိုဓာတ် အသားဓာတ် အဆီဓာတ်တို့ကို သင့်တော်ရုံစားရမည် အလွန်အကျွံ လိုသည်ထက်ပိုကာ ဘေးဖြစ်အောင်လည်း မစားရပါ ၊ အသီးအရွက်များ လတ်ဆတ်သောအသီးများကို စားသုံးခြင်းဖြင့် လုံလောက်သော vitamin ဗိုက်တာမင်များကို ဆေးများဖြင့်မဟုတ် သဘာဝဖြင့် ပြန်လည်ဖြည့်ဆည်းပါ ၊ အသီးအရွက်များကို အကြမ်းဖျဉ်း တစ်နေ့လျှင် အရောင် ၅မျိုး ပါအောင်စားခြင်းဖြင့် ( ဥပမာ အစိမ်းရောင် အရွက် ၊အနီရောင်ခရမ်းချဉ်သီး ၊လိမ္မော်ရောင် မုန်လာဥနီ ၊အဖြူရောင် မုန်လာဥ အဖြူ ဘူးသီး ပန်းဂေါ်ဖီ စသည်ဖြင့် ) ဗိုက်တာမင် A to Z များပြည့်ဝနိုင်ပါသည် ။
၇ ။ Dr Energy ( ဒေါက်တာ စွမ်းအင် )
===============================
မိမိခန္ဓာကိုယ်အတွက် စွမ်းအင်များ အားများကို ရုပ်ပိုင်းဆိုင်ရာ အစားအသောက်များ အိပ်စက်ခြင်း ကိုယ်လက်လှူပ်ရှားခြင်းတို့သာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများဖြည့်တင်းရန် ကုသိုလ်စိတ်များနှင့်ပျော်မွေ့ပါ ၊ နေ့စဉ်ဘုရားရှိခိုးပါ ၊ သီလဆောက်တည်ပါ ၊ တရားထိုင်ပါ ၊ မိမိ၏ စိတ်အစဉ်ကို ငြိမ်းအေးရန် စိတ်စွမ်းအင်ကို လေ့ကျင့်ပါ ။
Dr မိုးမြတ်အောင်
10.2.2022
crd #
ဆေးလေးလိုချင်ရင်ကြိုပြောရမှာမို့လို့ 🙂
ရောင်းချင်တဲ့သူများလဲ.....hello လုပ်ပါ
Molnupiravir Capsules 200mg MOLAZ
ဆေးတစ်ဖာ - ဗူး ၆၀ ပါတယ်ခင်ဗျာ
# ဈေးအတက်အကျလဲရှိပါတယ်ခင်ဗျာ....
09777855509
ကျေးဇူးတင်ပါတယ် .....
30/06/2021
လက်ရှိဖြစ်ပေါ်နေသော Covid အခြေအနေအရ 😞
Hand Touch Free ခြေနင်းဘေစင်
လူကြီးမင်းတို့ရဲ့ ဟိုတယ်၊ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ စားသောက်ဆိုင်၊
စတိုးဆိုင်များ နှင့် အဝတ်အထည်ဆိုင်များအတွက်
အသုံးပြုရလွယ်ကူပြီး ခိုင်ခန့်ပေါ့ပါးအောင်ပြုလုပ်ပေးထားသော ခြေနင်းဘေစင်ကို........
သင့်တင့်သောစျေးနှုန်းများဖြင့် ရောင်းပေးနေပါပြီ..
လက်ရှိဖြစ်ပေါ်နေသော ပစ္စည်းဈေးနှုန်းများအရ
ခြေနင်းဘေစင် တစ်ခုလျှင်...
-Update price 55,000 -/ကျပ်.... 😞 😞 😞
အနယ်နယ်အရပ်ရပ်မှ မှာယူလိုပါက ကားဂိတ်အရောက်ပို့ဆောင်ပေးပါသည်။
ဝယ်ယူအားပေးသူတစ်ယောက်တိုင်းကိုအထူးကျေးဇူးတင်ပါတယ် ...
ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ!!!!
ဖုန်း -09777855509/ 09957905752/ 09253062010
မန္တလေးမြို့၊၊
26/01/2021
Page ထဲမှာရှိတဲ ့ ချစ်သောမိတ်ဆွေ သူငယ်ချင်းများ .... ကျန်းမာ ချမ်းသာ ပါစေ..... 🙏🙏🙏
# မန္တလေးမြို့ရဲ့ တိုးချဲ့နေရာကို
OBD မှသွားရောက်ရင်း ....... 🙂
သိပ္ပံလမ်းသစ်ကြီးဘေး ရွာမြေဧကကွက်များကိုလဲ
စုံစမ်းလေ့လာခဲ ့ပါတယ်..... 🙂
# အိမ်နီးချင်းပေါက်ဖော်အမျိုးတွေအဝယ်များလို့ နဲနဲ
ပဲကျန်တော့တယ်တဲ ့ ......🙂
# ကျန်တဲ ့အမျိုးတွေထဲကဝယ်ချင်ရင်လဲ
ကျွန်တော်တို့ OBD ကိုဆက်
သွယ်နိုင်ပါတယ်ခင်ဗျာ .......
အကျိုးဆောင်ပါရစေ😍😍
# ရွာခံလူတွေနဲ ့ တိုက်ရိုက်ဝယ်တာကြောင့် စိတ်ချရ
ပါတယ်ခင်ဗျာ ........ 🙂
# လုပ်ငန်းကြီးတွေရင်းနှီးမြှုပ်နှံမည့် စီးပွားရေး
လုပ်ငန်းရှင်များ အထူးလက်မလွှတ်သင့်တဲ ့
နေရာလို့ ခံစားမိပါတယ်.......
# လက်ရှိအခြေအနေတွေကိုဓါတ်ပုံရိုက်ခဲ့ပါသည်.!
# Please find the attached photos for your
reference ....🙂
22/01/2021
Acrylic Shield Cover များပြုလုပ်တပ်ဆင်ခြင်းအတွက်
ယုံကြည်စွာအပ်နှံပေးပါသော Ocean Supercenter အားအထူးပင်ကျေးဇူးတင်ပါသည်။
OBD မှထုတ်လုပ်သော.....
- Hand Wash Basin ,
- Smart Hand Gel stand များအားယုံကြည်စွာ ဝယ်ယူအားပေးကျသော..
# Private School,
# Gym,
# Spa,
# English learning center များနှင့်အခြားcustomer အယောက်တိုင်းအား အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ.... !
🙏🙏🙏 ကျွန်တော်တို့နှင့်ထပ်တူ စီးပွားရေး, လူမှုရေး, ကျန်းမာရေး ဒီရေအလားတိုးတက်ကျပါစေလို့
အထူးဆုတောင်းလိုက်ပါတယ်ခင်ဗျာ 🙂.
😍 Be Safe and Smart Life in your future 🙂.
12/06/2020
Hand Touch Free ခြေနင်းဘေစင်
လူကြီးမင်းတို့ရဲ့ ဟိုတယ်၊ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ စားသောက်ဆိုင်၊
စတိုးဆိုင်များ နှင့် အဝတ်အထည်ဆိုင်များအတွက်
အသုံးပြုရလွယ်ကူပြီး ခိုင်ခန့်ပေါ့ပါးအောင်ပြုလုပ်ပေးထါးပြီး
သင့်တင့်သောစျေးနှုန်းများဖြင့် လက်လီလက်ကား ရောင်းပေးနေပါပြီ
ခြေနင်းဘေစင် တစ်ခုလျှင် - 45,000 ကျပ်
အနယ်နယ်အရပ်ရပ်မှ မှာယူလိုပါက ကားဂိတ်အရောက်ပို့ဆောင်ပေးပါသည်။
ဖုန်း -09777855509/ 09957905752/ 09253062010
မန္တလေးမြို့၊၊
25/05/2020
HandGel size (long/short)မျိုးစုံ အသုံးပြုနိုင်ပြီး
လိုအပ်သလို လွယ်ကူစွာ အတိုးအလျှော့ပြုလုပ်နိုင်သော
ရောင်စုံ smart hand gel stand
လူကြီးမင်းတို့ရဲ့ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ စားသောက်ဆိုင်၊
စတိုးဆိုင်များ နှင့် အဝတ်အထည်ဆိုင်များအတွက် ဆန်းသစ်သော
Smart HandGel Stand များကို သင့်တင့်သောစျေးနှုန်းများဖြင့် လက်လီလက်ကား ရောင်းပေးနေပါပြီ
Stand တစ်ခုလျှင် - 23500 ကျပ်
10 ခုနှင့် အထက် မှာယူပါက -22500 ကျပ်
အနယ်နယ်အရပ်ရပ်မှ မှာယူလိုပါက ကားဂိတ်အရောက်ပို့ဆောင်ပေးပါသည်။
ဖုန်း -09777855509/ 09957905752/ 09253062010
မန္တလေးမြို့၊၊
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |