GaLu
� Coffee & Drinks
� Healthy delicious snacks
03/03/2022
# Mocha ,Cappuccino,Lattee
ကော်ဖီ အကြောင်းပြောကြမယ် -၅...။
(Coffee Talk)
မင်္ဂလာ မနက်ခင်းပါ။
ဒီနေ့ ပြောပြမယ့် ကော်ဖီတွေကတော့
အောက်ပါ ကော်ဖီတွေ ဖြစ်ပါတယ်။
၈/ မိုကာ (Mocha)
၉/ကပူချီနို (cappuccino)။
၁၀/လတ်တေး (Latte)။
၈/
Mocha( မိုကာ)ဆိုတာ ချောကလက်+ကော်ဖီကို ပြောတာပါ။ espresso ကို ချောကလက်ထည့်ပီး နို့နဲ့ ရောထားတာပါ။ (espresso +chocolate +steam milk+whipped cream ) ကော်ဖီခါးခါး မကြိုက်သူတွေ ၊ ချောကလက်ကြိုက်သူတွေအတွက်တော့ အသင့်တော်ဆုံးကော်ဖီပါ။ မပြင်းဘဲ ချိုတဲ့ အရသာကြောင့် မိန်းကလေး အများစု နှစ်သက်ကြပါတယ်။
ကော်ဖီအများစု နာမည်တွေရဲ့ မူလအစဟာ အီတလီကပါ။ ထူးထူးခြားခြား Mocha ဆိုတဲ့နာမည်ကတော့ အရှေ့အလယ်ပိုင်း ယီမင်က စခဲ့တာပါ။၁၇ ရာစုလောက်မှာ ယီမင်နိုင်ငံရဲ့ Al Moka ဆိုတဲ့ ဆိတ်ကမ်းဟာ အလွန် စည်ကားပြီး ကမ္ဘာ့ ရေလမ်းကြောင်းကုန်သွယ်ရေးအတွက် အဓိက နေရာတစ်ခုအဖြစ်ပါဝင်ခဲ့ပါတယ်။ ကော်ဖီတွေကို အဲဒီ့ဆိပ်ကမ်းမှာပဲ စတင် ကုန်သွယ်ခဲ့ကြတာပါ။ အဲဒီ့ moka ဆိတ်ကမ်းကို အစွဲပြုပြီး ကော်ဖီမိုကာ လို့ ခေါ်ခဲ့ကြတာပါ။
၉/ (ကပူချီနို) ဆိုတာ
ကော်ဖီရယ် နို့ရယ် ပါပဲ။ ဒါပေမယ့် သူက နို့ကို ရိုးရိုးမဟုတ်ဘဲ အမြှုပ်ကို ဦးစားပေးထားတာပါ။
(Espresso +steam milk +foam)
ကော်ဖီ နဲ့ နို့က ၅၀% နှုန်း။ Foam က ၅၀%နှုန်းပါ။
ကော်ဖီအပြင်းမကြိုက်သူတွေရယ်၊ ကော်ဖီကို တခြားအရသာ ရောတာ မကြိုက်သူတွေရယ်အတွက် သင့်တော်ပါတယ်။ သကြားမပါ ပါဘူး။ ကြိုက်ရင်တော့ ကိုယ့်ဘာသာ ထည့်ရပါတယ်။
Cappuccino ရဲ့ မူလ က အီတလီပါ။ အီတလီလို cappuccino ဆိုတာ အင်္ဂလိပ်လို “little hood”
( ခေါင်းဆောင်း အငယ်လေး) လို့ အဓိပ္ပါယ်ရပါတယ်။ အီတလီ ဘုန်းတော်ကြီးတွေ ဆောင်းတဲ့ အညိုရောင် ဝတ်ရုံရှည်ကြီးတွေမှာ အပေါ်ကခေါင်းဆောင်းဟာ ပွပွကြီးပါ။ ခေါင်းနဲ့ ကွက်တိ မဟုတ်ပါဘူး။
ဖောင်းပွပွနဲ့ ရှိနေတဲ့ ဘုန်းတော်ကြီးတွေရဲ့ ခေါင်းဆောင်းနဲ့တူတာကြောင့် cappuccino လို့ ခေါ်ခဲ့တာပါ။တကယ့် cappuccino ကလည်း အပေါ်မှာ ကော်ဖီနဲ့ foam နဲ့ ရောထားတဲ့ အညိုရောင် ပွပွ foam တွေ ရှိနေတာပါ။
၁၀/ (လတ်တေး)ဆိုတာ ကလည်း ကော်ဖီနဲ့ နို့ပါပဲ။ (Espresso +steam milk )
Espresso ကော်ဖီကို steam milk ထည့်လိုက်ရုံနဲ့ ကော်ဖီ လတ်တေး ဖြစ်သွားတာပါ။ ဒီနေရာမှာ latte ဟာ foam အနည်းငယ်ပဲ ပါရပါတယ်။
ကော်ဖီ +milk ၇၅%။ foam၂၅%ပါ။
Latte နဲ့ cappuccino ဘာကွာခြားလည်းဆိုရင် Foam ပါဝင်မှုနှုန်း ကွာခြားပါတယ်။ တခြားကွာခြားမှူ ဘာမှ မရှိပါဘူး။
Latte ဆိုတာ အတိုကောက်ခေါ်တာပါ။ မူလ နာမည်က coffee latte ပါ။ Latte ဆိုတာ အီတလီ ဘာသာနဲ့ နို့ကို ပြောတာပါ။ coffee latte (coffee +milk) ရိုးရိုးလေးပါပဲ။ ကမ္ဘာပေါ်မှာ latte နဲ့ cappuccino နှစ်ခုဟာ လူသောက်အများဆုံးကော်ဖီတွေ ဖြစ်ကြပြီး၊လူသိအများဆုံး ကော်ဖီနာမည်တွေလည်း ဖြစ်ကြပါတယ်။
ခုကျွန်တော် ပြောပြလာတာ ကော်ဖီနာမည် ၁၀ ခုရှိသွားပါပြီ ။ အဲဒီ ၁၀ ခုလုံးဟာ ကော်ဖီဆိုင်တိုင်းမှာ ရနိုင်ပါတယ်။ နိုင်ငံ ၊နေရာ၊brand ပေါ်မူတည်ပြီး ကိုယ်ပိုင် မတူညီတဲ့ နာမည်နဲ့ ကော်ဖီတွေ အမျိုးအမျိုးရှိကြပါသေးတယ်။
ဒီလောက်ဆိုရင် မိတ်ဆွေ ကော်ဖီဆိုင်တစ်ဆိုင်ကို ဝင်သွားတဲ့အခါ ဘယ်ကော်ဖီကို သောက်ရမလဲ၊ ဘယ်ကော်ဖီက ကိုယ်နဲ့ သင့်တော်မလဲ ဆိုတာ ရွေးချယ်နိုင်လောက်ပြီ ထင်ပါတယ်။
ကော်ဖီ နာမည်တွေအကြောင်းကိုတော့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ နောက်နေ့တွေမှာတော့ ကော်ဖီနဲ့ ပတ်သက်တဲ့ အထွေထွေ ဗဟုသုတ တွေကို ဝေမျှသွားပါမယ်။
သိန်းဇော်(Starbucks)
ကျေးဇူးတင်ပါသည်
ဗဟုသုတ ရမယ်လို့ ထင်ပါတယ်ခဗျာ☺️
09/02/2022
series
ကော်ဖီ အကြောင်းပြောကြမယ် -၄...။
(Coffee Talk)
မင်္ဂလာပါ။
ဒီနေ့ပြောပြမယ့် ကော်ဖီတွေကတော့ အောက်ပါ ကော်ဖီများဖြစ်ကြပါတယ်။
၎ Macchiato(အက်စ်ပရက်ဆို မကယာတို)
၅ Con panna( ကြန္ပါးနား)
၆ coffee (အမေရိကာနို/ ဘလက်ကော်ဖီ)
၇ White (ဖလက် ဝှိုက်ထ်)
၎ macchiato ဆိုတာ မူလ espresso ကော်ဖီကို steam လုပ်ထားတဲ့ နွားနို့ထဲက foam (အမြှုပ်) သီးသန့်ယူပီး ထည့်လိုက်တာပါ။ ဒီနေရာမှာ သတိထားရမှာက နို့ကို ထည့်တာ မဟုတ်ပါဘူး။
Foam သီးသန့်ထည့်တာပါ။ စားပွဲတင်ဇွန်းနဲ့ ၂ ဇွန်း၃ဇွန်းဆို လုံလောက်ပါပီ။ macchiato ဆိုတာ အီတလီ ဘာသာဖြစ်ပြီး အင်္ဂလိပ်လို mark (အမှတ်အသား) ဆိုတဲ့ အဓိပ္ပါယ်ပါ။
၅ Con panna ဆိုတာ မူလ espresso ကော်ဖီအပေါ်မှာ whipped cream ကို ထည့်လိုက်တာပါ။ တခြားသော နို့တွေ သကြားတွေ ဘာမှ မပါ ပါဘူး။ ရိုးရိုးလေးပါပဲ။ espresso ကော်ဖီပေါ်မှာ အေးပြီးချိုနေတဲ့ whipped cream ကို ထည့်လိုက်ရင် Con panna လို့ ခေါ်ပါတယ်။
Con panna ဆိုတာ အီတလီ ဘာသာ ဖြစ်ပြီး အင်္ဂလိပ်လို whipped cream လို့ အဓိပ္ပါယ်ရပါတယ်။
၆ coffee (black coffee)
ဆိုတာ လည်း ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ မူလ espresso ကော်ဖီကို ရေနွေးရော လိုက်တာပါပဲ။ Double espresso ဆိုရင် ရေနွေး ခန့်မှန်း 12oz (354ml) ရောစပ်ကြပါတယ်။ ဒီတော့ မူလ espresso ကို ရေနွေးအချိုးကျ ရောစပ်လိုက်ရင် americano ကော်ဖီပါပဲ။ သူ့ကို black coffee လို့လည်း ခေါ်ပါတယ်။
Americano ကော်ဖီ ဖြစ်ပေါ်လာပုံကတော့
ဒုတိယ ကမ္ဘာစစ် ကာလမှာ အီတလီစစ်မြေပြင် ရောက် အမေရိကန် စစ်သားတွေဟာ အီတလီရိုးရာ espresso ကို ပြင်းလွန်းလို့ မသောက်နိုင်ကြပါဘူး။
ရေနွေးရောပြီး သောက်ကြပါတယ်။ အီတလီစစ်မြေပြင်ရောက် အမေရိကန်စစ်သားတွေ espresso ကော်ဖီကို ရေနွေးရောပြီး စတင်သောက်သုံးခဲ့ရာမှ Americano ကော်ဖီဆိုတာ ဖြစ်ပေါ်လာခဲ့တာပါ။
၇ white ကတော့ မူလ espresso ကော်ဖီထဲမှာ steam milk ထည့်လိုက်တာပါ။ ဒါပေမဲ့ flat white မှာ espresso ကို 2 shot ( double espresso)ထည့်ရပါတယ်။ steam milk အနည်းငယ်ပါပါတယ်။ နို့နည်းနည်းနဲ့ ကော်ဖီများများ ပါတာကြောင့် မပြင်းလွန်း မလျော့လွန်းတဲ့ အနေအထားပါ။ Flat white မှာ micro-foam လို့ ခေါ်တဲ့ နူးညံ့ပီး smooth ဖြစ်တဲ့ foam ပါရပါတယ်။ အပြင်းမကြိုက် အချိုမကြိုက်တဲ့ ကော်ဖီသောက်သုံးသူတွေအတွက် သင့်လျော်တဲ့ ကော်ဖီ တစ်ခွက်ပါပဲ။
တခု ပြောချင်တာက နိုင်ငံတကာမှာ မည်သည့် ကော်ဖီပဲ မှာမှာ သကြားကို ဆိုင်က ထည့်မပေးပါဘူး။ ကိုယ်ကြိုက်ရင် ကြိုက်သလောက် ကိုယ့်ဘာသာ condiment bar မှာ သွားပြီး ထည့်ရတာပါ။
မြန်မာပြည်က ဆိုင်တော်တော်များများဟာ ကော်ဖီမှာရင် သကြားထည့်ပေးပီးသားဖြစ်ပါတယ်။
ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်မို့ မှားတယ်လို့တော့ မပြောသာပါဘူး။ customer စိတ်ကျေနပ်ဖို့ပဲ လိုတာပါ။
#ဆက်ရန်
#သိန်းဇော်(starbucks )
05/02/2022
မင်မင်လိုပဲ Coffee ကြိုက်တဲ့ လူလေးတွေအတွက် ဗဟုသုတ ရအောင် တင်ပေးလိုက်ပါတယ်🙄
#ကော်ဖီ အကြောင်းပြောကြမယ် -၃...။
(Coffee Talk)
မင်္ဂလာ မနက်ခင်းလေးပါ။
ဒီနေ့ ပြောပြမယ့် သောက်စရာ ကော်ဖီလေးတွေကတော့ အောက်ပါ ကော်ဖီတွေ ဖြစ်ပါတယ်။
၂/ ( လောင်းဂို)
၃/ ( ရစ်ထရက်တို)
ဆိုတာ အီတလီ ဘာသာဖြစ်ပြီး အဓိပ္ပါယ်ကတော့ "long” (ရှည်ကြာခြင်း)ပါ။ အလွယ်တကူ lungo လို့ ခေါ်ကြပေမဲ့ သူ့ရဲ့ နာမည်အပြည့်အစုံက espresso lungo ပါ။
တကယ်တော့ lungo ဆိုတာ ပုံမှန် espresso ထက်
ရေပါဝင်မှု ပိုများသွားတာပါ။ ကော်ဖီဆိုတာ ၉၈%က ရေပါဝင်မှုနှုန်းပါ။ ပုံမှန် espresso ကော်ဖီကို ရေပါဝင်မှု များများ(ပုံမှန်ထက်နှစ်ဆ)ပြုလုပ်ထားတဲ့ ကော်ဖီကို Lungo coffee လို့ ခေါ်ပါတယ်။
ပုံမှန် Espresso ကို ခပ်ပျော့ပျော့သောက်ချင်သူများအတွက် ရည်ရွယ်ထားတာပါ။
coffee
ဒီကော်ဖီကို Ristretto လို့ အလွယ်ခေါ်ပေမဲ့
မူလနာမည်အရှည်က espresso Ristretto ပါ။
Ristretto ဆိုတာ အီတလီ ဘာသာဖြစ်ပြီး
"Restrict” (ကန့်သတ်မှု) ဆိုတဲ့ အဓိပ္ပါယ်ပါ။
သူ့ကို ပုံမှန်espresso ထက် ရေပါဝင်မှု ကန့်သန့် လျော့ချလိုက်တာ ဖြစ်ပါတယ်။ (ပုံမှန်ထက် ,တစ်ဝက်)။ ပုံမှန် espresso coffee ထက် ပိုပြီး ပြင်းတဲ့ အရသာကို သောက်ချင်သူတွေအတွက် ရည်ရွယ်ထားတာပါ။
ဆိုတော့ lungo ဆိုတာ ပုံမှန်espresso ထက် ရေပါဝင်မှုများတဲ့ ကော်ဖီဖြစ်ပြီး
Ristretto ဆိုတာ ပုံမှန် espresso ထက် ရေပါဝင်မှု နည်းတဲ့ ကော်ဖီပါ။
သုံးမျိုးလုံးဟာ espresso ဆိုတဲ့ မူလ ကော်ဖီ တစ်မျိုးတည်းကိုပဲ ရေပါဝင်မှု များခြင်း နည်းခြင်း အပေါ် မူတည်ပြီး
နာမည်တွေ ကွဲသွားတာပါ။
ဥပမာ:
ခင်ဗျား ကောင်မလေးဟာ စကတ်တိုတိုလေးဝတ်လာတာရယ်၊ မတိုမရှည်ထမီစကတ်လေး ဝတ်လာတာရယ်၊
ရှည်ရှည်လျားလျား ထမီဝတ်လာတာရယ် နဲ့ ပုံတူပါတယ်။
စကတ်တိုတိုလေး ဝတ်လာတာက Ristretto ။
ထမီစကတ်ဝတ်လာတာက espresso ။
ထမီဝတ်လာတာက lungoပါ။
ဒါပေမဲ့ ဘာပဲ ဝတ်လာလာ၊ ခင်ဗျား ကောင်မလေးကတော့ ခင်ဗျား ကောင်မလေးပါပဲ
#အရသာ
ဒါဆိုရင် မေးစရာ မေးခွန်းက သုံးမျိုးမှာ အရသာတွေက ဘယ်လို ကွာခြားလဲဆိုတာပါပဲ။
တကယ်တော့ ရေပါဝင်မှုများတဲ့ lungoဟာ အနည်းငယ် ပျော့ပြီး။ ရေပါဝင်မှု နည်းတဲ့ Ristretto ဟာ အနည်းငယ် ပိုပြင်းတာက လွဲပြီး မူလအရသာ ဖြစ်တဲ့ နူးညံ့တဲ့ အချိုဓါတ် ၊ပြင်းရှတဲ့ အခါးဓါတ်
(Rich and caramelly) ကတော့ အတူတူပါပဲ။
မူလအရသာကတော့ ဘာမှ မပြောင်းလဲပါဘူး
အတူတူပါပဲ။
ဆက်ရန်
#သိန်းဇော်(starbucks )
02/02/2022
#ကော်ဖီ အကြောင်းပြောကြမယ် -2...။
(Coffee Talk)
၁/ #အက်စ်ပက်ဆို(Espresso)
ကမ္ဘာမှာ ကော်ဖီကို အေဒီ ၈၀၀-၉၀၀ ခန့်မှာ အာဖရိကတိုက် အီသီယိုးပီးယား နိုင်ငံက ခါဒီ (Kaldi) ဆိုတဲ့ ဆိတ်ကျောင်းသားလေးက စတင်တွေ့ရှိခဲ့ပြီး ယနေ့ထက်တိုင် အသုံးပြုခဲ့ကြတာပါ။ အစပထမမှာတော့ ကော်ဖီအစေ့ကို အိုးကင်းထဲ ထည့်လှော် ၊ဆုံထဲထည့်ထောင်း အမှုန်ု့လုပ်ပြီး ရေနွေးနဲ့ ဖျော် အသုံးပြုခဲ့ကြပါတယ်။
ခုချိန်မှာတော့ မိနစ်ပိုင်းလေးအတွင်းမှာပင် ကော်ဖီကို ဖျော်ပေးနိုင်တဲ့ စက်တွေ ပေါ်ခဲ့ပါပြီ။
Espresso (အက်စ်ပရက်ဆို) ကိုတော့ 1901မှာ အီတလီ လူမျိုး စီးပွားရေးသမား Luigi Bezzera ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။ သူ့ဝန်ထမ်းတွေအတွက် ကော်ဖီသောက်နားချိန် ပေးတဲ့အခါ ကော်ဖီဖျော်ရန်အတွက် အချိန်ကြာလွန်းတာကြောင့် ကော်ဖီကို အမြန်ဆုံးဖျော်ပေးနိုင်မဲ့ စက်တစ်ခုကို တီထွင်လိုက်တာပါ။ ဒါကြောင့် သူတီထွင်ခဲ့တဲ့ ကော်ဖီကို အီတလီဘာသာ နဲ့ espresso လို့ ခေါ်ခဲ့ကြတာပါ။ အဓိပ္ပါယ်ကတော့ "express “ (အမြန်) ဆိုတဲ့ အဓိပ္ပါယ်ပါ။
espresso (အက်စ်ပရက်ဆို)မှာ
single espresso နဲ့ double espresso လို့ ရှိပါတယ်။ single espresso ဟာ 1oz (29.5ml) နဲ့ ညီမျှပါတယ်။ အရက်ဆိုရင် တစ်ပက်နဲ့ ညီမျှပါတယ်။
Espresso ရဲ့ အရသာဟာ ပြင်းရှပြီး စေးပြစ်ပါတယ်။အခါးဓာတ်ပြင်းထန်ပြီး နူးညံ့သော အချိုဓါတ်လည်း ပါဝင်ပါတယ်။
ကွာလတီကောင်းတဲ့ espresso (အက်စ်ပရက်ဆို)ကော်ဖီဆိုတာ အလွှာ သုံးလွှာရှိရပါတယ်။
အပေါ်ဆုံးလွှာက cream (မလိုင်သား)ပါ။
ဒုတိယလွှာက body (ကော်ဖီသား)ပါ။
အောက်ဆုံးလွှာက heart ( အနှစ်) ပါ။
အဲအလွှာ သုံးလွှာပါမှ အရည်အသွေးမြင့် espresso (အက်စ်ပရက်ဆို)ကော်ဖီလို့ သတ်မှတ်ပါတယ်။
သောက်သုံးသူအနေနဲ့ ဖန်ခွက်နဲ့ ထည့်ထားတာမဟုတ်ရင်တော့ အလွှာတွေကို မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့
မိမိကော်ဖီခွက်ရဲ့ အပေါ်လွှာမှာ မလိုင်သားတွေ (cream) ဝေ့နေတာ မြင်ရတယ်ဆိုရင် ကော်ဖီကောင်းတစ်ခွက်လို့ သတ်မှတ်လို့ရပါတယ်။ အဲလိုမဟုတ်ဘဲ ကိုယ်မှာထားတဲ့espresso ဟာ ရေလို ကျဲနေမယ်ဆိုရင်တော့ အရည်သွေးကောင်းတဲ့ အက်စ်ပရက်ဆိုလို့ ပြောလို့ မရပါဘူး။
Espresso (အက်စ်ပရက်ဆို) ကော်ဖီကို ကော်ဖီအပြင်းကြိုက်သူတွေ။ ညဘက် လုပ်စရာရှိလို့ မအိပ်ဘဲ နိုးနိုးကြားကြားရှိနေချင်သူတွေ စာမေးပွဲအတွက် ညဘက်စာကျက်ရသူတွေ သောက်သုံးလေ့ရှိပါတယ်။
( ထိုသူများအပြင် အသဲကွဲနေသူတွေနဲ့ အလုပ်မရှိ အကိုင်မရှိ FA တွေအတွက်လည်း သင့်လျော်ပါသည် ☺️)
ကော်ဖီဆိုင်ရောက်လို့ espresso မှာမယ်ဆိုရင် Single လား double လား မေးပါလိမ့်မယ်။
(အရက်စကားနဲ့ ပြောရရင်, တစ်ပက် လား နှစ်ပက်လား ဆိုတဲ့ အဓိပ္ပါယ်ပါပဲ)
Single မှာရင်တော့ 1oz (29.5ml) ရပါမယ်။
Double မှာရင်တော့ 2Oz(59ml) ရပါမယ်။
Espresso ကို စမ်းသောက်ကြည့်မယ်ဆိုရင်တော့ မနက်ပိုင်း ဒါမှမဟုတ် အလုပ်နားရက် တွေမှာ စမ်းသောက်ကြည့်သင့်ပါတယ်။ မဟုတ်ရင် ပြင်းထန်တဲ့ ကဖိန်းဓါတ်ပါဝင်မှုကြောင့် အဲဒီ့ညဟာ အိပ်ပျော်ဖို့ အတော်လေး ခက်ခဲပါလိမ့်မယ်။
သင့်ဟာ ၁၀၉/၁၁၀ ဆိုရင်တော့ သင် သောက်ချင်တဲ့အချိန်သောက် အဆင်ပြေပါတယ်။ ။
#၁/espresso အကြောင်း ပြည့်စုံသလောက်ရှိသွားပါပြီ။ နာမ်ပါတ် ၂ ဖြစ်တဲ့ ကော်ဖီအကြောင်း ပြောကြရအောင်ပါ။
ဆက်ရန်
#သိန်းဇော်(starbucks coffee )
31/01/2022
#ကော်ဖီ အကြောင်းပြောကြမယ် -၁...။
(Coffee Talk)
မင်္ဂလာမနက်ခင်းပါ။
အခုလို ဆောင်းမနက်ခင်းလေးမှာ အိပ်ရာထချိန် ကော်ဖီကောင်းကောင်းလေးတစ်ခွက်နှင့်အတူ
နိုးထခဲ့ရရင် မနက်ခင်းလေးဟာ သာယာကြည်နူးဖွယ် ဖြစ်နေမှာပါ။
ဒါပေမဲ့ ကော်ဖီက ကောင်းပြီး ဖျော်နည်းက မကောင်းခဲ့ရင်တော့ နိုးထလာတဲ့ မနက်ခင်းလေးလည်း အနည်းငယ် စိတ်မသက်သာစရာလေး ဖြစ်သွားနိုင်ပါတယ်။
ဒါဆို
ကော်ဖီ ကောင်းကောင်းဆိုတာ ဘယ်လိုကော်ဖီမျိုးလဲ?
ဖျော်နည်းကောင်းကောင်းဆိုတာ ဘယ်လို ဖျော်နည်းမျိုးလဲ?
ကော်ဖီဆိုင်ကို သွားတဲ့အခါမှာရော ဘယ်လိုကော်ဖီမျိုးကို ရွေးချယ် သောက်သင့်လဲ?
အပေါ်က မေးခွန်းတွေကို ကော်ဖီအကြောင်းစိတ်ဝင်စားသူတွေ အတွက် ဗဟုသုတလေးတွေ မျှဝေပေးသွားပါမယ်။
အရင်ဆုံး ကော်ဖီကို ကိုယ်တိုင်ဖျော်နည်း မပြောပြခင် ကိုယ်တစ်ယောက်တည်းဖြစ်စေ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းများနှင့် ဖြစ်စေ ကော်ဖီဆိုင်ကို ရောက်တဲ့အခါ ဘယ်လို ကော်ဖီကို ရွေးချယ် သောက်သင့်လဲ ဆိုတာ ရွေးချယ်တတ်အောင် ကော်ဖီ နာမည်တွေကို ပြောပြပေးပါမယ်။
ဆိုင်မှာ ရောင်းနေကြတဲ့ ကော်ဖီနာမည်တွေက ဘာတွေလဲ ဆိုတာ ကြည့်ရအောင်ပါ။ ပြီးမှ ကိုယ်နဲ့ သင့်တော်မဲ့ ကြိုက်နှစ်သက်မဲ့ ကော်ဖီကို ရွေးချယ် သောက်သုံးပါ။
ခုပြောပြမဲ့ ကော်ဖီနာမည်တွေဟာ ကော်ဖီဆိုင်လို့ နာမည်တပ်ထားတဲ့ မည်သည့်ကော်ဖီဆိုင်မှာမဆို ရနှိုင်တဲ့ နိုင်ငံတကာဆိုင်ရာ ကော်ဖီနာမည်တွေ ဖြစ်ပါတယ်။
(ဒေသအလိုက် တီထွင်ပြီး မှည့်ခေါ်ထားတဲ့ နာမည်တွေလည်း ရှိကြပါသေးတယ်)
ကော်ဖီအမျိုးအစားနာမည်များ:
၁ /အက်စ်ပက်ဆို ( Espresso)။
၂/ လောင်းဂို (lungo)
၃/ ရစ်စ်ထရက်တို (Ristretto)
၎/မ-ကယာတို (macchiato)
၅/ ကွန်ပါးနား ( copana
၆/ အမေရိကာနို (Americano)
၇/ဖလက်ထ် ဝှိုက် (Flat White)
၈/ မိုကာ (Mocha)
၉/ကပူချီနို (cappuccino)။
၁၀/လတ်တေး (Latte)။
၁/ #အက်စ်ပက်ဆို
(espresso)ကော်ဖီဟာ ကော်ဖီ တော်တော်များများရဲ့ ပင်မတစ်ခုဖြစ်ပါတယ်။
သူ့ကို အရင်းခံပြီးမှ ဖျော်စပ်ကြရတာ များပါတယ်။
အက်စပက်ဆို ဖြစ်ပေါ်လာပုံလေးကို ဗဟုသုတ အဖြစ်ပြောပြပါမယ်။
#ဆက်ရန်
#သိန်းဇော်(starbucks) မှကူးယူဖော်ပြပါသည်
22/10/2021
နက်ဖြန်အတွက် pancake 🥞 လေးတွေ order လုပ်မှာမို့ Set 1 လေး မှာတာနဲ့ တန်းရမယ်နော် အချစ်တို့ 😋
Set 1
Pancake + Milk Shake = 3000 ks
💓💓💓
Banana Pancake 4 ခုပါ တစ်ဗူးနဲ့ 🥞🥞🥞🥞
မိမိနှစ်သက်ရာ Milk shake တွဲရက် set လေးမို့ တန် မှ တန် ပဲ 😋😋😋😚
မှာနိုင်တဲ့ shake လေးတွေကို 👇 menu photo မှာ ကြည့်ပေးနော် ။ ။
09972981266 , 09966735475 ကို ph ဆက်မှာလို့ရသလို page messenger ကနေလည်း မှာလို့ရတယ်နော် ။
With love,
Your GaLu 💦
22/10/2021
❣️❣️
crd photo
21/10/2021
မနေ့က အသစ်တင်ထားတဲ့ menu အသစ်လေး order 🤎
Chocolate malt milk - 1 cup ( 1500 ks)
Strawberry milk shake - 1 cup ( 1500 ks)
🤎❤️
မှာယူ အားပေးမှုအတွက် ကျေးဇူးပါခင်ဗျာ။
အဆင်မပြေတာ ရှိခဲ့ရင်လည်း page messenger မှာ လာရောက် ပြောကြားပေးနော် 🥺😍
09972981266 , 09966735475 သို့ ဖုန်းဆက်၍ ၎င်း
Page messenger မှ ၎င်း တစ်ရက် ( သို့) ၂ နာရီခန့်ကြိုတင်၍ မှာကြားနိုင်ပါပြီ ခင်ဗျ။ 😋
၃၈ လမ်း× လမ်း ၃၀
၇၈ လမ်း× ၇၃ လမ်း
☝️ ဤ Area အတွင်းက Delivery free ပါ ခင်ဗျာ။ 😚
ကိုယ်တိုင်လာယူချင်လည်း ရတယ်နော်
With much care,
Your GaLu 💦
20/10/2021
သီတင်းကျွတ် လပြည့်နေ့လေးမှာ GaLu ချစ်သူအပေါင်း ပျော်ရွှင်ချမ်းမြေ့ပြီး လိုရာပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ် ခင်ဗျာ 🙇🙇🙇
🤎 လပြည့်နေ့လေးမှာ Menu အသစ်လေးတစ်ခုကို ထပ်မံ မိတ်ဆက်လိုက်ပါပြီ ဗျ
🤎 Chocolate malt milk လေးပါ ခင်ဗျာ 😋😋😋
အရမ်းချိုအီနေတာမျိုး မဟုတ်ဘဲ လေးလေးပင်ပင် ချိုချိုစိမ့်စိမ့် အေးအေးမွှေးမွှေး အရသာလေး နော်
🤎 ဂလု coustomer လေးတို့ အကြိုက်တွေ့စေမှာပါဗျ
😋😋🙄 ကဲ
Menu အသစ်လေးကို ရင်ခုန်စွာ မြည်းစမ်းကြည့်ကြပါစို့ .... 🤎🤎🤎
19/10/2021
ဒီနေ့ order တွေထဲက 👉Bubble tea ဗူးလုံးလေး ပါ ခဗျ ( 2000ks)
ဗူးရှည်လေးတွေကို ပစ္စည်းပြတ်တဲ့ ထိ အားပေးကြမ်းကြလို့ ကျေးဇူးအထူးပါ ခင်ဗျာ။ 500ml bottle လေးတွေက လတ်တလောမှာယူလို့ မရသေးပါဘူး ခဗျာ။
ခုလို ဗူးတိုလေးတွေနဲ့ ဗူပြားလေးတွေပဲ ရပါတော့မယ်။
❣️❣️❣️ တစ်ခါသောက်ဖူးရုံနဲ့ bubble tea ဆို GaLu ပဲ ဖြစ်သွားတာနော် 😋
ph no 09972981266, 09966735475 သို့ တစ်ရက် (သို့မဟုတ်) ၂ နာရီခန့်ကြို၍ Order တင်နိုင်ပါပြီ ခင်ဗျာ။
Page messenger ကနေလည်း မှာလို့ရတယ်နော်
❣️❣️❣️
With much care,
Your GaLu 💦
19/10/2021
Happy anni day 🎁🎉
သိပ်ချစ်ရတဲ့ကောင်မလေးအတွက် အချစ်တော်မောင်မောင်က အဝေးကနေ surprise တိုက်လိုက်ပါတယ်ခဗျာ 🙄😋😋
'Candy... today is our ဘာညာစမာကလာ ပါ 😁' 'Erha ဝတ္ထုလေးလည်းပြောပြပါအူး 😁😝'
ဆို ပြီး (set 2)လာမှာသွားပါတယ်😍
ပျော်ရွှင်တဲ့နေ့လေးဖြစ်ကြပါစေလို့ မင်မင်တို့က ဆုတောင်းပေးလိုက်ပါတယ်ခဗျာ😁
18/10/2021
ဒီနေ့ရဲ့ order - bubble milk tea ( 1500ks/bag)
❣️❣️
Coustomer က Bubble သပ်သပ်ခွဲထည့်ပေးပါဆိုလို့ ဗူးလေးနဲ့ brown sugar လေးစိမ်ပြီး သပ်သပ် ခွဲထည့်ပေး ထား ပါတယ် ခင်ဗျာ။ ☺️☺️☺️
များကြီးကို ထည့်ပေးလိုက်တာ 😋😋😋😋
အရသာရှိရှိ သောက်သုံးစေချင်တာ မင်မင်ရဲ့ စေတနာ တွေပါဗျ 😋😚
Ph no- 09972981266 / 09966735475 ( သို့)
Page messenger မှ နေ၍
* တစ်ရက်ကြို၍ * ( သို့) * ၂ နာရီခန့်ကြို၍ * မှာယူအားပေးလို့ ရပါပြီ ခင်ဗျာ။
GaLu ချစ်သူလေးများအားလုံး ကျန်းမာ၊ ချမ်းသာ၊ ရောဂါ ကင်းစင်ကွာကြပါစေ ခင်ဗျာ။ ။ ♥️
With love,
Your GaLu 💦
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
Mandalay