Trading Knowledge To Money Management
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Trading Knowledge To Money Management, Digital creator, Mandalay, Mandalay.
07/01/2024
ကြီးပွါးကြောင်း (၇) ရပ်
(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )
(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)......
ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်)
ီ_ဘာ_ဘာ
ပညာအတွက်ရင်းနှီးဖို့ မနှမြောပါနဲ့
လူတော်တော်များများ တချို့နေရာတွေမှာသာ ငွေသုံးရတာမနှမြောတာ။ ပညာအတွက်သုံးဖို့ဆိုရင် သိပ်နှမြောတတ်ကြတယ်။
တချို့က ဟော့ပေါ့ဆိုင် တစ်ပတ်တစ်ခါရောက်ချင်ရောက်မယ်။ ငါးထောင်တန်စာအုပ်အုပ်ဝယ်ဖို့ဆိုရင် စျေးကြီးတယ်လို့ထင်တယ်။ ယူတတ်မယ်ဆိုရင် ထောင်ဂဏန်းလောက်တန်တဲ့စာအုပ်တစ်အုပ်က ကိုယ့်ဘ၀တစ်ခုလုံးကို အကြီးအကျယ်ပြောင်းပစ်ပေးနိုင်စွမ်းရှိပါတယ်။ အောင်မြင်ကြီးပွားသူအများစုကိုမေးကြည့်ရင် သူတို့ဘဝကိုအချိုးအကွေ့ဖြစ်စေတဲ့ စာအုပ်တစ်အုပ်နှစ်အုပ်အကြောင်း ပြောပြလိမ့်မယ်။
တချို့ကျတော့ ဘာမှန်းမသိတဲ့ လုပ်ငန်းတစ်ခုမှာသာ ရှယ်ယာထည့်ချင်ထည့်မယ်။ ငွေကြေးပညာသင်တန်းတစ်ခုတက်ဖို့ နှမြောတတ်ကြတယ်။ ငွေကြေးပညာနားမလည်ဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ရင် ရှုံးဖို့များပါတယ်။ ရင်းနှီးမြှပ်နှံမှုဆိုတာ ထီထိုးသလိုကံကိုမျှော်တာထက် ဉာဏ်အမြော်အမြင်နဲ့ ကစားတတ်ဖို့လိုပါတယ်။
ဒီလိုပဲ သိန်းရာထောင်ချီရှိတဲ့ အိမ်တစ်လုံးဝယ်ချိန်မှာ အိမ်ခြံမြေအကျိုးဆောင်ခအတွက် လက်တွန့်တတ်ကြသူတွေရှိတယ်။ ပြီးမှ ဘူဒိုဇာနဲ့အထိုးခံရရင် အကျိုးဆောင်ခထက် အဆပေါင်းများစွာ ဆုံးရှုံးရပါတယ်။ ကိုယ်ဝယ်လိုက်တဲ့အိမ်ခြံမြေက ဥပဒေနဲ့ ညီလားမညီလားကအစ တကယ်တတ်သိနားလည်သူရဲ့ အကြံဉာဏ်လိုပါတယ်။
ကိုယ်နားမလည်တဲ့၊ မကျွမ်းကျင်တဲ့နယ်ပယ်မှာ အသိပညာတစ်ခုအတွက်ငွေသုံးဖို့နှမြောရင် ဆုံးရှုံးမှုကြီးကြီးမားမား ကြုံရနိုင်ပါတယ်။
အားလုံးပဲ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေရှင်
06/01/2024
" မောင်လေးရေ၊ ညီမလေးရေ အမကို မုန့်ဟင်းခါးလေးသွားဝယ်ပေးပါအုံး၊ ဒီဟာလေး လာသယ်ကူပါအုံး " ကိုယ့်အလုပ်တွေကို သူများတွေကိုလာခိုင်းနေတာ ဘာသောက်ကျင့်လည်း အဲ့ဒါ?
လုံးဝလုံးဝ မလုပ်သင့်ပါဘူးနော်။ စာရင်းကိုင်တွေကို အလုပ်ကနေ လစာထိုက်သင့်သလောက်မပေးရတာနဲ့၊ သူဌေးက ဆရာကြီးဝင်လုပ်ရတာနဲ့၊ စာရင်းတွေရှုပ်ရတာနဲ့ အလုပ်ကနေ စာရင်းကိုင်တွေကို တော်တော်လေးဒုက္ခပေးနေပြီးသားပါ။ အဲ့ဒါကို တချို့ တွေက နားမလည်ဘူး JA လေးတွေကိုဆိုရင် အငယ်လေးတွေဆိုပြီး ခိုင်းစားချင်ကြပါတယ်။ တချို့ကျတော့ JA တွေတင်မကဘူး SA တွေကိုပါ ကျင့်ဝတ်ချိုးဖောက်ပြီး ခိုင်းစားကြပါတယ်။ လုပ်ငန်းတိုင်းမှာ Dep တွေမျိုးစုံခွဲထားပေးပြီးသားပါ။ သက်ဆိုင်ရာ departments တိုင်းမှာ အဲ့ဌာနနဲ့ဆိုင်တဲ့ JDs တွေအတိုင်းလုပ်ဖို့ ဝန်ထမ်းတွေခန့်အပ်ထားပြီးသားပါ။ ဝန်ထမ်းမလောက်ရင် HR ကိုပြောပါ။ သူများ ဌာနက ဝန်ထမ်းကိုသွားမခိုင်းပါနဲ့။ ဒါဟာ လုံးဝကို စိတ်ပျက်ဖို့ကောင်းတဲ့ ကျင့်ဝတ်ချိုးဖောက်ခြင်းပါ။ စာရင်းဌာနက ပိုက်ဆံကိုင်တာတော့မှန်တယ်။ လိုအပ်တာ ဝယ်ဖို့ လိုတဲ့ပိုက်ဆံကို စာရင်းဌာနဆီကထုတ်လို့ရပါတယ်။ လိုအပ်တာ အနည်းအကျဉ်းလေး (ကိုယ်တိုင်ဝယ်ရင်ရတဲ့ပစ္စည်း) ဆိုရင်တော့ စာရင်းဌာနကို အလုပ်လာမပေးပါနဲ့။ အလုပ်ရှုပ်ပါတယ်။ ကိုယ့် စာရင်းနဲ့ကိုယ် တောင်အလုပ်ရှုပ်ရတဲ့ကြားထဲ သူတို့လိုတာကို အဓိပ္ပါယ်မရှိ လိုက်ဝယ်ပေးနေရတာ စာရင်းသမားအလုပ်မဟုတ်ပါဘူး။
တချို့ငပေါကြီးတွေရှိပါတယ် သူစားမယ့် နန်းကြီးသုပ်သွားဝယ်ခိုင်းရတာနဲ့၊ အိမ်မှာ ခေါင်းလျှော်ရည်ကုန်နေလို့ သွားဝယ်ခိုင်းရတာနဲ့ တော်တော် ပါးချချင်စရာကောင်းလှပါတယ်။ စာရင်းဌာနကလူကိုမှမဟုတ်ဘူး ဘယ်ဌာနကလူကိုမှ ကိုယ့်ရဲ့ Personal အလုပ်တွေ သွားပြီးမလုပ်ခိုင်းသင့်ပါဘူး။ သင့်ရဲ့ရာထူး ဂုဏ်အင်္ဂါဘယ်လောက်ပဲကြီးနေပါစေ သင့်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့သက်ဆိုင်တဲ့ အလုပ်တွေကို ကိုယ့်လက်အောက်ငယ်သားတွေကိုမလုပ်ခိုင်းသင့်သလို သင်လုပ်ခိုင်းလို့ တစ်ပါးသူက မလုပ်ပေးနိုင်ဘူးဆိုရင်လည်း ဒေါသထွက်စရာအကြောင်းကိုမရှိပါဘူး။ ဝန်ထမ်းတွေအနေနဲ့လည်း ရုံးမှာ အဲ့လိုမဟုတ်ကဟုတ်က တွေအခိုင်းခံနေရတယ်၊ လုပ်ပေးနေရတယ်ဆိုရင် မလုပ်ပေးပါနဲ့။ HR ကိုတိုင်ပါ။ HR ကမဖြေရှင်းပေးနိုင်ရင် ပိုကောင်းတဲ့ အလုပ် ကျင့်ဝတ်ရှိမယ့် အလုပ်အသိုင်းအဝိုင်းကိုရှာထားဖို့လိုပါပြီ။ ကျွန်တော်တို့ မြန်မာတွေက အားနာတတ်တဲ့ စိတ်ရှိပါတယ်။ ငါလုပ်ပေးလိုက်ပါ့မယ်လေ ဆိုပြီးတွေးလိုက်မိတာနဲ့ သင့်ကို ခိုင်းမယ့်သူ ကတန်းစီနေမှာပါ။ ပုဂ္ဂိုလ်ရေးမှ မဟုတ်ဘူး ကိုယ့်နဲ့မသက်ဆိုင်တဲ့ တခြားဌာနကအလုပ်တွေကိုလည်း ကိုယ့်အနေနဲ့လိုက်လုပ်ပေးစရာကိုမလိုတာပါ။ ရုံးလာတာ ကိုယ်နဲ့သက်ဆိုင်တဲ့အလုပ်ကိုပဲလုပ်ဖို့ပါ သူများရဲ့ ချီးပါသေးပေါက်အလုပ်တွေထိလုပ်ပေးနေရရင် အဓိပ္ပါယ်မရှိပါဘူး။ မလုပ်ပေးပါနဲ့ အဲ့ဆန်ကုန်မြေလေးတွေကို။ ကျွန်တော်လုပ်ဖူးတဲ့အလုပ်မှာဆို မန်နေဂျာအမတစ်ယောက်ရှိပါတယ်။ သူ့ဟာသူပဲလုပ်သွားတယ်အလုပ်အားလုံး။ တစ်ခါတစ်လေ သူ့အလုပ်ရှိနေလို့ အိမ်ကနေထမင်းဂျိုင့်လေးလာပို့တဲ့အခါ ယူထားပေးဖို့ ကို ခခယယလေး အားနာနာနဲ့ တောင်းဆိုပေးတဲ့အထက်အရာရှိတွေရှိဖူးတယ်။ အဲ့လိုမျိုးကျတော့ မခိုင်းဘဲကို လုပ်ပေးချင်နေတာ။ အဓိကကတော့ စေတနာပေါ်မှာပဲမူတည်ပါတယ်။
အဲ့တော့ ဒီစာကိုဖတ်ကြည့်လို့ သင့်အနေနဲ့က သင့်လက်အောက်ငယ်သားတွေကို အဲ့လိုခိုင်းနေတယ်ဆိုရင် သင့်ဟာသင် အရှက်ရှိရှိနဲ့ နောက်မလုပ်မိအောင်သတိထားဖို့သင့်ပါတယ်။
05/01/2024
❗Attention Please
ယနေ့ January 5 ရက်နေ့
ည(8:00) နာရီအချိန်တွင် Nonfarm Payrolls (Dec) နှင့်အတူ အခြား Economic Data News များ
ည(9:30) နာရီတွင် ISM Non-manufacturing Data 2 ခု
စုစုပေါင်း Data 5 ခု ထွက်ရန်ရှိပါသည်
💢အထက်ပါ သတင်းများ သည် ကမ္ဘာ့ရွှေ စျေးကွက်အပေါ် အလှုပ်အခက် ကြမ်းစေနိုင်သောကြောင့် အထူးသတိပြူရန်လိုအပ်ပါတယ်။
💢သတင်းမထွက်မှီ လက်ကျန် Order များရှိပါကရှင်းထားခြင်း၊ TP/SL ထားပေးခြင်းပြုလုပ်ရန်နှင့်
💢သတင်းထွက်ပြီး 30min ဝန်းကျင်ကြာပြီး မှသာ အရောင်းအဝယ်လုပ်ရန် အကြံပြုလိုပါတယ်။
05/01/2024
မိတ်ဆွေက Deposit တစ်ခုတည်းနဲ့ လည်ပတ်နေတဲ့ Businessတစ်ခုကို ရှာနေပါသလား.....?
---------------------------------------------------
♻ Deposit တစ်ခုတည်းပဲ လိုအပ်ပါတယ်
📌နောက်ထပ် ဆိုင်ခန်းခ တွေထပ်မကုန်ဘူး
📌ဝန်ထမ်းခတွေပေးစရာမလိုဘူး
📌ရေဖိုးမီးဖိုး ဘာမှထပ်မကုန်ဘူး
📌အင်တာနက် ဝိုင်ဖိုင်ရှိရုံနဲ့ နေရာမရွေးအချိန်မရွေး အရောင်းအဝယ် ပြုလုပ်လို့ရပါတယ်
📌Digital Money Online Platformပေါ်ကနေအရောင်းအဝယ်လုပ်ရမှာဆိုတော့ လူလည်းမပင်ပန်းတဲ့အပြင် နေ့စဥ် အမြတ်တွေက အကန့်သတ်မရှိရှာလို့ရတာဖြစ်လို့ ဘာမှစိတ်ပူဖို့လဲမလိုပါဘူး
📌ေဈးကွက်ကလည်း တစ်ပတ်မှာ၅ရက် ဖွင့်ပြီး ၂၄နာရီဈေးကွက်ဖြစ်တာမလို့ Second Businessသဘောနဲ့ အချိန်အများကြီးမပေးချင်တဲ့ လုပ်ငန်းရှင်တွေအတွက်လည်း အများကြီးအဆင်ပြေတာပေါ့
📌အဲ့ဒါကတော့ Financial Market တစ်ခုဖြစ်တဲ့ ကမ္ဘာ့ရွှေ ဈေးကွက်ပဲဖြစ်ပါတယ်
📌 Financial Market ကတော့ ကိုယ်မပါလဲလည်ပတ်နေတဲ့ဈေးကွက်ဖြစ်တဲ့အတွက် စိတ်ချရတာကတော့100%အပြည့်ပါပဲ
📧စိတ်ဝင်စားလို့ လေ့လာချင်တယ် စုံစမ်းချင်တယ်ဆိုရင်
Page Messenger
Trading Knowledge To Money Management
Messenger Link
https://m.me/Pyaesoneaung4.9
or
Ph- 09773945425 ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ
05/01/2024
အဆင်ပြေလည်း ပြုံးတယ်
အဆင်မပြေလည်းပြုံးတယ်
စိတ်ညစ်ရင် ပိုတောင်ပြုံးတယ်
လောကကြီးကို အရှုံးမပေးချင်လို့
- မောင်သာချို -
crd
05/01/2024
Trading Psychology ဆိုတာဘာလဲ
ဘယ်လိုဟန်ချက်ညီညီအသုံးချရမလဲ
Trading Psychology အကြောင်းကိုပြောရင် မဖြစ်မနေ ပြောရမယ့် Emotion အချက်၂ချက်ရှိပါတယ်။Greed လို့ခေါ်တဲ့ လောဘနဲ့ Fear လို့ခေါ်တဲ့ ကြောက်စိတ်ပဲဖြစ်ပါတယ်။
Trading Psychology မှာ Greed နဲ့ Fear သည်အလွန်ထင်ရှားပါတယ်။ Trading Knowledge , Trading Experience ,Trading Professional တို့လိုပဲ Trading Psychology ကအလွန်အရေးကြီးပါတယ်။
Trader တစ်ယောက်သည် Order တစ်ကြောင်းကို စိတ်ရဲ့တွန်းအားပေးမှုကြောင့်အရောင်းအဝယ်လုပ်တယ်ဆိုရင်သေချာပေါက် ရှုံးနိမ့်ဖို့ရာခိုင်နှုန်းပိုများပါတယ်။
Trading မှာ Adventure လို့ခေါ်တဲ့ စွန့်စားမှုတွေရှိပါတယ်။ အဲ့စွန့်စားမှုကို ကျွန်တော်တို့က Discipline လို့ခေါ်တဲ့ စည်းကမ်း နဲ့တွဲပြီး အသုံးချရမှာပဲဖြစ်ပါတယ်။
Tradingမှာ Emotion ကိုControl လုပ်နိုင်ဖို့ဆိုရင် Knowledge နဲ့ Experience ကိုအချိန်ပေးမှရမှာဖြစ်ပါတယ်။ အခုရေတွင်းတူး အခုရေကြည်သောက်လို့မရပါဘူး။
Knowledge ပိုင်းနဲ့ပတ်သတ်ရင်Technical Analysis လို့ခေါ်တဲ့ နည်းပညာအရ ခန့်မှန်းသုံးသပ်ချက်တွေနောက်ပြီး Fundamental Analysis လို့ခေါ်တဲ့ သတင်းအချက်အလတ် တွေ ကိုလေ့လာထားသင့်ပါတယ်။ဒီအချက်တွေကို Experience နဲ့တွဲပြီးအသုံးပြုလိုက်တဲ့အခါ Trading Strategy တစ်ခုရရှိလာမှာပဲဖြစ်ပါတယ်။
အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ်ပိုင် Trading Strategy တစ်ခုရှိကိုရှိရမှာပဲဖြစ်ပါတယ်။ ဒီတစ်ချက်ထဲနဲ့အောင်မြင်မလာဆိုတော့ လုံးဝမဟုတ်ပါဘူး။
Trading Strategy ရှိမှ Trading Psychology ကိုကောင်းကောင်း Control လုပ်နိုင်မှာပဲဖြစ်ပါတယ်။အဲ့အချိန်ကျမှ နောက်ကဘာကပ်လိုက်ရမလဲဆိုတော့ Money Management ပဲဖြစ်ပါတယ်။
အဲ့တော့ Trade တစ်ခုကို Profit ရချင်တယ်ဆိုရင် ဒီအချက်သုံးချက်ကို ဟန်ချက်ညီညီအသုံးပြုရမှာပဲဖြစ်ပါတယ်။
1. Trading Strategy
2. Trading Psychology
3. Money Management တို့ပဲဖြစ်ပါတယ်။
အဲ့တော့ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ကိုယ့်ကိုယ်ကိုအရင်ဆုံးပညာတွေ ရင်းနှီးမြှုပ်နှံထားဖို့လိုပါတယ်။
(SBA)
- 09 773945425
Telegram Channel Link
https://t.me/freeknowledgeandsignals1
05/01/2024
Market Review By Pyae Sone 💫
Jan 4 (Thu) နေ့မှာဆိုရင်တော့ တစ်နေ့တာ ဈေးကွက် အနေနဲ့ အတတ်ဘက် 2050အထိ တတ်သွားခဲ့တာပြီ Data ထွက်ချိန်နှင့် Session ပြောင်းချိန်များတွင် ဈေးကွက်ကျဘက်သို့ရောက်လာခဲ့ပါတယ် 📊
📊 ဈေးကွက်အဖွင့်ဈေး 2042 နဲ့ဖွင့်ခဲ့ပြီးတော့
📊 ဈေးကွက် အပိတ်ဈေး 2043 သာရှိခဲ့ပြီး အဖွင့်ဈေးနဲ့ အပိတ်ဈေး ကွာခြားချက် 1 Pips သာရှိခဲ့ပါတယ်
📊 ဈေးကွက်အလှုပ် အခပ် ကြမ်းခဲ့သော်လည်း အဖွင့်ဈေးနဲ့အပိတ်ဈေးကတော့ ကွာခြားချက်အနည်းငယ်သာရှိခဲ့ပါတယ်
📊 အမြင့်ဆုံးဈေး 2050 နှင့် အနှိမ့်ဆုံး ဈေး2036 အထိရောက်ခဲ့ပြီးတော့
📊 Pips အလှုပ်မခပ်အနေနဲ့ 14 Pips အထိ ရှိခဲ့ပါတယ်
📊 ငွေကျပ်သိန်းပေါင်း 39 သိန်းကျော် အရောင်းအဝယ် အလှုပ်အခပ်ဖြစ်ခဲ့ပါတယ်
📊 လက်ရှိတွက်ချက်Reviews လုပ်သော အရောင်းအဝယ်အလှုပ် အခပ် သည် Standard Lots နှင့်သာ ပြုလုပ်ထားသောကြောင့် အရောင်းအဝယ်ပြုလုပ်သော Lots Size အလိုက်သာ အရှုံးအမြတ်ဖြစ်ပေါ်နိုင်ပါတယ်
📊 ယခုReviews ကိုသဘောကျတယ်ဆိုရင် ကျွန်တော့်ရဲ့Pageနှင့် Telegram လေးကို Like and Follow လေးလုပ်ပြီး ကူညီပေးနိုင်ပါတယ်ဗျ
📊 ယခု ကမ္ဘာ့ရွှေဈေးကို Reviews ပြုလုပ်ပေးခဲ့တာကတော့ ကျွန်တော်ပြည့်စုံအောင်ပဲ ဖြစ်ပါတယ်
page
Trading Knowledge To Money Management
Telegram Channel
https://t.me/freeknowledgeandsignals1
05/01/2024
hyy yo မနေ့ကပေးခဲ့တဲ့ Signal တွေအကုန်Tp Hit ပြီးသကာလ🥱🌀
me: မသနာနဲ့တော့ Tp Hit သွားပြီ🤭
Free Signal ပေးတဲ့ Channelသိလား.....
မသိအုံးဟ မသိအုံးဟ ဆိုပြီး ရော့အောက်မှာ Link😎
https://t.me/freeknowledgeandsignals1
05/01/2024
📊 5/1/2024 📊
( XAUUSD )
📊 အဖွင့်ဈေး - $2043
📊 လက်ရှိဈေး - $2046
📊 အမြင့်ဆုံးဈေး- $2048
📊 အနိမ့်ဆုံးဈေး- $2042
Forex Market အရောင်းအဝယ်ပြုလုပ်လိုပါက
☎️09-773945425 သို့ဖြစ်စေ
https://m.me/Pyaesoneaung4.9 Cb သိူ့ဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ
04/01/2024
❗Attention Please
ယနေ့ January 4 ရက်နေ့
ည(7:15)pm အချိန်တွင် Nonfarm Data နှင့်အတူ ကမ္ဘာ့ရွှေဈေးကွက်ကိုအလှုပ်အခပ်ဖြစ်စေနိုင်သော
Dataများ
ည (8:00) (9:15) နှင့် (10:30) အချိန်များ တွင် Economic Data "4ခု" ထွက်ရန်ရှိပါမည်။
💢အထက်ပါ သတင်းများ သည် ကမ္ဘာ့ရွှေ စျေးကွက်အပေါ် အလှုပ်အခက် ကြမ်းစေနိုင်သောကြောင့် အထူးသတိပြူရန်လိုအပ်ပါတယ်။
💢သတင်းမထွက်မှီ လက်ကျန် Order များရှိပါကရှင်းထားခြင်း၊ TP/SL ထားပေးခြင်းပြုလုပ်ရန်နှင့်
💢သတင်းထွက်ပြီး 30min ဝန်းကျင်ကြာပြီး မှသာ အရောင်းအဝယ်လုပ်ရန် အကြံပြုလိုပါတယ်။
04/01/2024
Market Review By Pyae Sone 💫
Jan 3 (Wed) နေ့မှာဆိုရင်တော့ တစ်နေ့တာ ဈေးကွက် အနေနဲ့ အတတ်ဘက်မှာရှိနေခဲ့သော်လည်း ညနေ Session ပြောင်း ချိန်မှစပြီး အကျဘက်ကို အားကောင်းကောင်းနဲ့ ပြန်လည် ဆင်းသွားခဲ့တာပဲ ဖြစ်ပါတယ် 📊
📊 ဈေးကွက်အဖွင့်ဈေး 2058 နဲ့ဖွင့်ခဲ့ပြီးတော့
📊 ဈေးကွက် အပိတ်ဈေး 2041 သာရှိခဲ့ပြီး အဖွင့်ဈေးနဲ့ အပိတ်ဈေး ကွာခြားချက် 17 Pips သာရှိခဲ့ပါတယ်
📊 ဈေးကွက်အလှုပ် အခပ် ကြမ်းခဲ့သော်လည်း အဖွင့်ဈေးနဲ့အပိတ်ဈေးကတော့ ကွာခြားချက်အနည်းငယ်သာရှိခဲ့ပါတယ်
📊 အမြင့်ဆုံးဈေး 2065 နှင့် အနှိမ့်ဆုံး ဈေး2030 အထိရောက်ခဲ့ပြီးတော့
📊 Pips အလှုပ်မခပ်အနေနဲ့ 35 Pips အထိ ရှိခဲ့ပါတယ်
📊 ငွေကျပ်သိန်းပေါင်း 98 သိန်းအထိအရောင်းအဝယ် အလှုပ်အခပ်ဖြစ်ခဲ့ပါတယ်
📊 လက်ရှိတွက်ချက်Reviews လုပ်သော အရောင်းအဝယ်အလှုပ် အခပ် သည် Standard Lots နှင့်သာ ပြုလုပ်ထားသောကြောင့် အရောင်းအဝယ်ပြုလုပ်သော Lots Size အလိုက်သာ အရှုံးအမြတ်ဖြစ်ပေါ်နိုင်ပါတယ်
📊 ယခုReviews ကိုသဘောကျတယ်ဆိုရင် ကျွန်တော့်ရဲ့Pageနှင့် Telegram လေးကို Like and Follow လေးလုပ်ပြီး ကူညီပေးနိုင်ပါတယ်ဗျ
📊 ယခု ကမ္ဘာ့ရွှေဈေးကို Reviews ပြုလုပ်ပေးခဲ့တာကတော့ ကျွန်တော်ပြည့်စုံအောင်ပဲ ဖြစ်ပါတယ်
page
Trading Knowledge To Money Management
Telegram Channel
https://t.me/freeknowledgeandsignals1
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
05014