Eternal Green Rose
Our Agency, Myanmar Based in Mandalay. Our services are domestic and international.
✨မြန်မာ့နှစ်ကူးဆုတောင်းစကား✨
📆 မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး အခါတော်သမယတွင် ချစ်
မိတ်ဆွေများနှင့် သတ္တဝါ အပေါင်း 🥰...
✨ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်
နှစ်ဖြာ ကျန်းမာလန်းဖြာကြပါစေ...🙏
✨နှစ်သစ်မှစ၍ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားအောင်မြင်ကြပါစေ...🙏
✨စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ အတူတစ်နှစ်ပတ်လုံးလုပ်ကိုင်ဆောင်ရွက်သမျှအဆင်ပြေချောမွေ့နိုင်ကြပါစေ...🙏
✨ နှစ်ဆန်းတရက်နေ့မှ စ၍ စိတ်သစ်လူသစ်နဲ့အတူ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ...🙏
လို့ Eternal Green Rose Travel မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏
13/04/2026
💦 မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်မှာ ကျန်းမာရွှင်လန်းကြပါစေကြောင်း နှင့် ယခုနှစ်သစ်မှစ ကံကောင်းခြင်းများစွာရရှိကြပါစေကြောင်း Eternal Green Rose Travel မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ✨✨✨
25/03/2026
✈️ MAI ခရီးသည်များအတွက် သတင်းကောင်းပါ...👏👏👏
19/03/2026
🧳 ဝန်စည် ပိုသယ်ခွင့် နှင့် ပတ်သက်ပြီးလေကြောင်းလိုင်း တချို့မှ ကန့်သတ်ချက် ကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်... 👇
လက်ရှိ Jet A-1 လောင်စာဆီရရှိနိုင်မှု အခြေအနေနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုအပ်ချက်များအရ ခရီးစဉ်များ ဘေးကင်းချောမွေ့စေရန်အတွက် MAI လေကြောင်းလိုင်းမှ သတ်မှတ်လိုက်သည့်
🧳 ဝန်ဆောင်မှုအပြောင်းအလဲများမှာ -
✅ မြန်မာနိုင်ငံမှ ထွက်ခွာမည့်ခရီးစဉ်များ (Outbound): အတွက်
ခရီးသည်များအနေဖြင့် ဝယ်ယူနေကျအတိုင်း Prepaid Baggage (ဝန်စည်ပို) များကို ပုံမှန်အတိုင်း ဆက်လက်ဝယ်ယူနိုင်ပါသည်။
🚫 အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်ခရီးစဉ်များ (Inbound): အတွက်
Check-in Counter များတွင် တစ်ဦးလျှင် အများဆုံး (၁၀) ကီလိုဂရမ်အထိသာ ဝန်စည်ပို ခွင့်ပြုပေးမည်ဖြစ်ပါသည်။
Website နှင့် B2B Portal များတွင် Prepaid Baggage ဝယ်ယူခြင်းကို ခေတ္တယာယီ ကန့်သတ်ထားမည် ဖြစ်ပါသည်။
🍀 Sky Smile အဖွဲ့ဝင်များအတွက်:
Ruby နှင့် Diamond Member များ၏ ထပ်ဆောင်း Baggage အခွင့်အရေးများကိုလည်း အခြေအနေအရ ယာယီညှိနှိုင်း ပြင်ဆင်သွားမည် ဖြစ်ပါသည်။
လုပ်ငန်းလည်ပတ်မှု ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ဝန်ဆောင်မှုများကို မူလအတိုင်း အမြန်ဆုံး ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
MNA မှ လဲ Excess Baggage ကန့်သတ်ချက် ထုတ်ပြန်လာပါတယ်...
ဘန်ကောက် (BKK) နှင့် စင်္ကာပူ (SIN) လေဆိပ်များရှိ Check-in ကောင်တာများတွင် ခရီးသည်တစ်ဦးလျှင် Extra KG ကို အများဆုံး ၁၀ ကီလိုဂရမ်သာ ခွင့်ပြုပါသည်။ ၁၀ ကီလိုဂရမ်ထက် ကျော်လွန်ပါက လက်မခံပါ။ (စည်းမျဉ်းများနှင့် အခြေအနေများ သက်ဆိုင်သည်)
MNACLUB အကျိုးခံစားခွင့်များ
MNACLUB အဖွဲ့ဝင်များအတွက် ကီလိုအပို အထူးခွင့်ပြုချက်များကိုလည်း နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ယာယီရပ်ဆိုင်းထားပါသည်။
စတင်သက်ရောက်မည့်နေ့
၂၀ မတ်လ ၂၀၂၆ မှစ၍ (နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း)
07/03/2026
MAI နဲ့အတူ ပိုမြင့်မြင့် ပျံသန်းဖို့ – Cabin Crew Preparatory Program ကို Join ပါ ✈️
MAI သည် Aviation Training & Flying Academy (ATFA) နှင့် ပူးပေါင်းပြီး Cabin Crew Preparatory Program ကို ဖွင့်လှစ်မည်ဖြစ်သည်။
ဤအစီအစဉ်သည် အနာဂတ်လေကြောင်းကဏ္ဍအတွက် အရည်အချင်းရှိသည့် လူငယ်များကို တိုးချဲ့ဖွံ့ဖြိုးစေရန်နှင့် လေကြောင်းလုပ်ငန်းကို လူငယ်များ အတွက် စိတ်ဝင်စားဖွယ်ကောင်းပြီး တည်ငြိမ်သည့် အလုပ်အကိုင် ရွေးချယ်မှုတစ်ခုအဖြစ် မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။
MAI မှ အတွေ့အကြုံရှိသော သင်တန်းဆရာများနှင့်အတူ
• Grooming (အသွင်အပြင်ပြင်ဆင်မှု)
• In-flight Safety (လေယာဉ်ပေါ် လုံခြုံရေး)
• Emergency Procedures (အရေးပေါ်အခြေအနေ ဆောင်ရွက်ပုံများ)
• Aviation Operations (လေကြောင်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များ)
တို့ကို သင်ယူလေ့ကျင့်နိုင်ပါသည်။
သင်တန်းတွင် စွမ်းဆောင်ရည်ကောင်းမွန်သူများကို အနာဂတ်တွင် MAI Cabin Crew အဖြစ် ခန့်အပ်ရာတွင် ဦးစားပေးစဉ်းစားပေးမည်ဖြစ်ပါသည် (တရားဝင် ခန့်အပ်မှုလုပ်ငန်းစဉ်အရ)။
လျှောက်ထားလိုပါက အောက်ပါ link ကိုနှိပ်ပြီး လတ်တလောရိုက်ထားသောဓာတ်ပုံနှင့်အတူ လျှောက်လွှာတင်နိုင်ပါသည်။ ✈️
🔗 https://www.maiair.com/career-academy/academy-talent-development/mai-x-atfa-cabin-crew-preparatory-program-ccpp
📧 [email protected]
🗓 Deadline: 26 Mar 2026
18/02/2026
🏮🧧Gong Xi Fa Cai... 🏮🧧
Chinese New Year 🧧 2026
🏮🧧 恭喜发财... 🏮🧧
တရုတ်နှစ်သစ်ကူး (မြင်းနှစ်🐴) ပွဲတော် အခါသမယ မှာ ခရီးသွားမိဘပြည်သူများအားလုံး စိတ်၏ချမ်းသာ ခြင်းကိုယ်ကျန်းမာခြင်း နှင့် ပြည့်စုံပြီး ... ဥစ္စာဓန များ တိုးပွားပါစေကြောင်း Eternal Green Rose Travel မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။
新年快乐
18/02/2026
🚍 ရန်ကုန် ကနေ တောင်ကြီးထိဆိုတော့ ခရီး ဝေးလွန်းလို့ ပင်ပန်းမှာ စိုးရိမ်ပြီး တွေးပူနေသူတွေအတွက် 𝐅𝐀𝐌𝐎𝐔𝐒 ရဲ့ 𝟏+𝟏 𝐕𝐕𝐈𝐏 𝐁𝐮𝐬 ကြီးနဲ့အတူ စတိုင်လ်ကျကျ အရောက်သွားလိုက်ပါ....
🚌 𝟏 + 𝟏 𝐕𝐕𝐈𝐏 𝐁𝐮𝐬 ခရီးစဥ်တိုင်းမှာ ... ကားပေါ်ရောက်တာနဲ့ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐆𝐮𝐞𝐬𝐭 တစ်ယောက်လို ခံစားရစေမဲ့ အမိုက်စား 𝐄𝐱𝐭𝐫𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွေက တော့...
😎 Privacy အပြည့်နဲ့ လိုက်ပါစီးနင်းနိုင်မဲ့ ❗️𝐒𝐢𝐧𝐠𝐥𝐞 𝐒𝐞𝐚𝐭
💺𝐌𝐚𝐬𝐬𝐚𝐠𝐞 𝐂𝐡𝐚𝐢𝐫 ၊ 🗃️𝐒𝐧𝐚𝐜𝐤 𝐁𝐨𝐱 တွေနဲ့ 🥤𝐃𝐫𝐢𝐧𝐤𝐬 တွေအပြင် ခရီးသည်တွေ လိုအပ်တာမှန်သမျှ ဝန်ဆောင်မှုပေးဖို့ 𝐅𝐀𝐌𝐎𝐔𝐒 ရဲ့ ယာဥ်မောင် ၊ ယာဥ်မယ် လေးတွေ ကလည်း အသင့်ရှိနေမှာပါ 🥰
🚍ရန်ကုန်ကနေ တောင်ကြီးမြို့တော်ဆီကို အရောက်သွားမဲ့သူတွေအတွက်တော့ 𝐅𝐀𝐌𝐎𝐔𝐒 ရဲ့ 𝟏+𝟏 𝐕𝐕𝐈𝐏 ခရီးစဥ်က အကောင်းဆုံး ဖြစ်နေပါတယ် 💯
ခရီးသည်တွေ အနေနဲ့ ရန်ကုန်မြို့တွင်းရှိ စတင် ထွက်ခွာသွားမဲ့ ...
အောင်ဆန်းကွင်း ၊ ရွှေဂုံတိုင် ၊ မြေနီကုန်း (မဟာမြိုင်) ၊ လှည်းတန်း (မာလာမှတ်တိုင်) ၊ ရှစ်မိုင် (သမားတော်) ၊ မင်းဓမ္မ ၊ ခရေပင်လမ်းခွဲ စတဲ့နေရာတွေကနေ အသွား ၊ အပြန် ခရီးစဥ်တိုင်းမှာ လိုက်ပါစီးနင်းနိုင်ပါတယ် ...
ဒီခရီးစဥ်အတွက် ကားထွက်ချိန်တွေကတော့…
ရန်ကုန် ➡️ ည 7:30 PM နာရီ
တောင်ကြီး ➡️ ညနေ 4:00 PM တို့ဖြစ်ပြီး
📍အသေးစိတ် စုံစမ်းမေးမြန်းလိုပါက 𝐅𝐀𝐌𝐎𝐔𝐒 𝐓𝐑𝐀𝐕𝐄𝐋𝐋𝐄𝐑 𝐄𝐗𝐏𝐑𝐄𝐒𝐒 ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ် ဖြစ်သော Eternal Green Rose Travel ရဲ့ အောက်ပါ Hotline ဖုန်း နံပါတ်များကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ် နော်...
☎️09261417379, 09796262236, 09977251641
07/02/2026
✈️ ✈️✈️ Air Asia Promotion🥳🎉🎊
🎇🎆 Ride to the New Heights!!!
AirAsia new promotion is now available.
Booking Period: 2 - 15 Feb 2026
Travel Period: 9 Feb 2026 - 30 Sep 2026
#𝐀𝐢𝐫 𝐀𝐬𝐢𝐚 ရု့ အတန်ဆုံး ဈေးနဲ့ ကို သွယးကြမယ် 👌
အာရှနှင့် သြစတေးလျ ခရီးစဉ်တွေကို အဲအေးရှား နှင့်အတူ ဘန်ကောက်နှင့် ကွာလာလမ်ပူ မှ တဆင့် စျေးသက်သာစွာ ဖြင့် ခရီးသွားကြပါစို့ ...🧳💼
ရန်ကုန် 🛬 ဘန်ကောက် 65 USD မှ စ
၍
ရန်ကုန် 🛬 မကာအို 135 USD မှ စ
၍
ရန်ကုန် 🛬 တိုကျို 330 USD မှ စ
၍
ရန်ကုန် 🛬 ဂျာကာတာ 148 USD မှ စ
၍
ရန်ကုန် 🛬 ဘရူနိုင်း 177 USD မှ စ
၍
ရန်ကုန် 🛬 Siem Reap 126 USD မှ စ
၍
ရန်ကုန် 🛬 ကွာလာလမ်ပူ 126USD မှ စ
၍
ရန်ကုန် 🛬 ဘာလီ 145 USD မှ စ
၍
ရန်ကုန် 🛬 ကိုရီးယား 175 USD မှ စ
၍
ရန်ကုန် 🛬 ဟိုချီမင် 130 USD မှ စ
၍
ရန်ကုန် 🛬 ဖူးခက် 125 USD မှ စ
၍
ရန်ကုန် 🛬 မနီလာ 170 USD မှ စ
၍
✅အနည်းဆုံးဈေးနှုန်းမှ စတင်ဖော်ပြပေးထားသည့်အတွက် သွားမည့်ရက်ပေါ် မူတည်ပြီး ဈေးအနည်းငယ်ပြောင်းလဲနိုင်ပါသည်။
#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များ #ပြည်တွင်းလေယာဉ်လက်မှတ် #ပြည်ပလေယာဉ်လက်မှတ် #စျေးအသက်သာဆုံး
07/02/2026
👏👏👏 အားလုံး စောင့်မျှော်နေတဲ့ Online Ticketing (E-tTcket)ကို ရန်ကုန်-မန္တလေးလမ်းပိုင်း အတွက် ယခု ဖေဖော်ဝါရီလ မှ စတင် ဝယ်ယူလို့ရနေပါပြီနော်🥰
(Pilot Project ) ရှေ့ပြေးစမ်းသပ်မှုအစီအစဉ်အနေနဲ့ ရန်ကုန် - မန္တလေး လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အောက်ပါရထားတွေကို စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်၊၊
🚂 ၁၁/၁၂ အဆန်/အစုန် ရန်ကုန်-မန္တလေး အမြန်ရထား
🚂 ၃၁/၃၂ အဆန်/အစုန် ရန်ကုန်-နေပြည်တော်DEMUရထား
🚂 ၇/၈ အဆန်/အစုန် ရန်ကုန်-နေပြည်တော်DEMUရထား
များအတွက် လက်မှတ်တွေကို ကြိုက်တဲ့ ခုံလေးရွေးပြီး Online ကနေပဲ အေးအေးဆေးဆေး ဝယ်လို့ရနေပါပြီ...
🎟️ ORTP ဆိုတာ မြန်မာ့မီးရထားမှ ခရီးသွားပြည်သူတွေ ရထားလက်မှတ်ဝယ်ယူရာမှာ ပိုမိုလွယ်ကူမြန်ဆန်စေဖို့ ဖန်တီးထားတဲ့ “လက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူပြီး ငွေပေးချေနိုင်တဲ့စနစ်" တစ်ခုပဲဖြစ်ပါတယ်။
ယခုအခါမှာ ရထားလက်မှတ်ဝယ်ယူဖို့ ဘူတာတွေမှာ တန်းစီစရာမလိုတော့ဘဲ မိမိဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ အချိန်မရွေး ဝယ်ယူလို့ ရနေပြီ ဖြစ်ပါတယ်။
Website မှ ဝယ်ယူမည်ဆိုလျှင် Browser တွင် ortp.railways.gov.mm ကို ရိုက်
ထည့်၍ ဝယ်ယူနိုင်သလို... QR Code ကို Scan ဖတ်ပြီးတော့လည်း လွယ်ကူစွာ ဝယ်ယူနိုင်ပါတယ်။
♻️ အသက် ၃ နှစ်အောက် ကလေးများအတွက် မီးရထားလက်မှတ်ခမှာ “ အခမဲ့ ” ဖြစ်ပြီး ....
♻️ အသက်၃ နှစ်မှ ၁၂ နှစ်အောက် ကလေးများအတွက် လက်မှတ်ခ က တစ်ဝက် (၅၀%) သာ ပေးဆောင်ရပါမည်။ (ထိုင်ခုံယူမည်ဆိုရင်တော့ လက်မှတ်ခအပြည့်ပေး၍ ဝယ်ယူရပါမယ်)။
ငွေပေးချေမှုကိုလည်း MMQR သို့မဟုတ် MPU ကတ်များဖြင့် စက္ကန့်ပိုင်းအတွင်း ပေးချေနိုင်ပါသည်။ အရေးကြီးအချက်ကတော့ ...
** အသက် ၁၂ နှစ်အထက် ခရီးသည်များသည် မိမိကိုယ်ပိုင် နိုင်ငံသားမှတ်ပုံတင်ဖြင့်သာ ဝယ်ယူရပါမည်။ အခြားသူ၏ မှတ်ပုံတင်ဖြင့် ဝယ်ယူပြီး စီးနင်းပါက ဒဏ်ငွေ (၂) ဆ ပေးဆောင်ရပါမည်။
** လက်မှတ်လဲလှယ်ခြင်း အတွက်... ORTP စနစ် မှ ဝယ်ယူထားသည့် eTicket ကို ဖုန်းထဲတွင် သိမ်းထားပြီး ရထားမထွက်ခွာမီ (၁) နာရီအလိုတွင် သက်ဆိုင်ရာဘူတာကောင်တာ၌ လက်မှတ် နှင့် သွားရောက်လဲလှယ်ရပါမယ်။ တနာရီစောပြီးမလာချင်ရင်.. ကြားထဲက အားတဲ့အချိန်မှာ ဘူတာကို Ticket သွားလဲထားလို့ရပါတယ်တဲ့...
♻️ နောက်တခုက ကိုယ်စီးမယ့် (လက်မှတ်ဝယ်ထားတဲ့) ခရီးစဉ်အစ ဘူတာမှမဟုတ်လည်း ကြားဘူတာကနေလည်း E-ticketလဲပြီး စီးလို့ရနိုင်တယ်လို့လည်း သိရပါတယ် (ဥပမာ- ဘူတာကြီးကနေ လက်မှတ်ဖြတ်ထားပြီး... တိုးကြောင်ကလေး မှာ ticketလဲပြီး စီးတာမျိုးပါ)
♻️ ဘူတာတွေမှာလည်း Service team တေ ရှိနေကြပါတယ်။
💢 System base ဖြစ်လို့ ကိုယ်က သေချာချင်ရင် ည ၁၂:၀၀ ကျော်တာနဲ့ booking ဝင်လုပ်ထားလို့ရပါတယ်။
မြန်မာ့မီးရထား၏ Digital စနစ်သို့ စတင် ကူးပြောင်းသည့် ဤ ORTP စနစ်သစ်ကြောင့် ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ရပါတယ်။
#မြန်မာ့မီးရထား
28/01/2026
Travel Advisory
28/01/2026
🥳ပြောင်းလဲမှုကို ကြိုဆိုပါတယ် ... 👏👏👏
မြန်မာ့မီးရထားတစ် ခေတ်ဆန်းသစ်ပြီ .. Online မှ ရထားလက်မှတ် ဝယ်ယူငွေပေးချေခြင်း ရှေ့ပြေးစမ်းသပ်မှုစတင်
ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System – ORTP) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ Browser မှတစ်ဆင့် ortp.railways.gov.mm Link သို့ ဝင်ရောက်ကာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲမည့် အမှတ်(၁၁)အဆန်/(၁၂)အစုန် (ရန်ကုန်-မန္တလေး-ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ်(၇)အဆန်/(၈)အစုန် (ရန်ကုန် - နေပြည်တော် - ရန်ကုန်) DEMU အမြန်ရထား၊ အမှတ်(၃၁)အဆန်/(၃၂)အစုန် (ရန်ကုန် - နေပြည်တော် - ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် (မန္တလေး -ဘနေပြည်တော် - မန္တလေး) လူစီးအမြန်ရထား ခရီးစဉ်များကို ဝယ်ယူနိုင်ပြီဖြစ်သည် ..
ORTP စနစ်ဖြင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ လူစီးအမြန်ရထားများ စီးနင်းလိုက်ပါရန် လက်မှတ်များဝယ်ယူရာတွင် ခရီးစဉ်အစအဆုံး စီးနင်းလိုက်ပါလိုပါက ၇ ရက် ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများမှ စီးနင်းလိုက်ပါလိုပါက ၃ ရက် ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ပြီး ရထားထွက်ခွာဆိုက်ရောက်ချိန်များ၊ ရပ်တန့်ဘူတာများ၊ လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်ကြောင်း သိရသည် ..
ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက မြန်မာ့မီးရထား၏ Hotline ဖုန်း - ၁၁၈၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည် .. #မြန်မာ့မီးရထား
07/11/2025
🔵 အွန်လိုင်းမှ ဝယ်ယူနိုင်မယ့် ရထားလက်မှတ်စနစ်ကို မြန်မာ့မီးရထားမှ ထုတ်ဖော်ပြသလာပါပြီ နားမလည်တဲ့ ခရီးသွားပြည်သူအတွက်ကတော့ ပုံမှန်လက်မှတ်ရုံမှာ ဆက်လက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
မြန်မာ့မီးရထားက လက်မှတ်တွေကို သက်ဆိုင်ရာလက်မှတ်ရုံတွင် ရက်ကြိုရောင်းချပြီး ရောင်းချရန် ခုံအပိုကျန်ပါက ရထားမထွက်ခင် မိနစ်ပိုင်းအလိုအထိ ရောင်းချပေးနေတဲ့ စနစ်ကို ကျင့်သုံးလျက်ရှိပါတယ်။
ထိုလက်မှတ်စနစ်က ရှုပ်ထွေးလျက်ရှိတာကြောင့် အများပြည်သူလွယ်ကူစွာ ဝယ်ယူနိုင်ရန် မြန်မာ့မီးရထားမှ ORTP စနစ်ကို မကြာခင် မိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေပြီး ထိုစနစ်က မြန်မာ့မီးရထားမှ ပြေးဆွဲပေးလျက်ရှိတဲ့ ရထားခရီးစဉ်တိုင်းရဲ့ လက်မှတ်ကို အွန်လိုင်းမှ တဆင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
မြန်မာ့မီးရထားမှ ရထားလက်မှတ်စနစ်အတွက် စက်ပစ္စည်းပြင်ဆင်ထားရှိပုံကို ဖော်ပြလာပြီး လက်မှတ်ဝယ်ယူနိုင်မယ့် Website နှင့် APP ကိုလည်း ထုတ်ပြလာပါတယ်။
လက်မှတ်ဝယ်ယူရရှိမယ့် Website ထဲသို့ ဝင်ရောက်ပါက မိမိစီးနင်းလိုတဲ့ ရထားခရီးစဉ်၊ သွားလိုတဲ့ရက်၊ လူဦးရေကို ကနဦးရွေးချယ်နိုင်ပြီး နောက်တဆင့်မှာ ရွေးချယ်တဲ့ နေ့ရက်တွင် ရွေးချယ်စီးနင်းနိုင်မယ့် ရထားခရီးစဉ်၊ လိုက်ပါစီးနင်လိုတဲ့အတန်းကို ရွေးချယ်ပေးရပါမယ်။
နောက်အဆင့်မှာ လိုက်ပါစီးနင်းမယ့်တွဲ အမျိုးအစား၊ ထိုင်ခုံနေရာရွေးချယ်နိုင်ပြီး လမ်းတလျှောက်ရပ်တန့်ဘူတာကြည့်၍ ခရီးဆုံးဘူတာကို ပြန်လည်ရွေးချယ်နိုင်ပါတယ်။
မိမိရွေးချယ်ထားတဲ့ ရထားခရီးစဉ်ကိုပြန်လည်စစ်ဆေးအပြီးမှာ ခရီးသည်အချက်အလက်ကို ဆက်လက်ဖြည့်သွင်းပြီး ငွေပေးခြင်းအဆင့်မှာ ကြိုက်နှစ်သက်ရာ ငွေချေစနစ်ကို ရွေးချယ်ပေးချေနိုင်ပါတယ်။
ငွေပေးချေမှုအောင်မြင်တယ်ဆိုရင် QR ပါဝင်တဲ့ အွန်လိုင်းလက်မှတ်ကို ဖုန်းမှာသိမ်းထားပြီး စီးနင်းမယ့် ဘူတာရောက်ပါက ဘူတာရုံအဝင်တွင် ဝန်ထမ်းကို ပြသကာ Ticket Printer မှ ပရင့်ထုတ်ထားတဲ့ လက်မှတ်ကို ဝန်ထမ်းမှ ပြန်လည်ထုတ်ပေးပြီးတာနဲ့ ရထားခရီးစဉ်ကို စီးနင်းနိုင်ပြီလို့ ဖော်ပြချက်အရ သိရှိရပါတယ်။ (ပုံများကို ဘေးသို့ ရွှေ့ကြည့်ပါရန်)
Mobile Application အနေဖြင့်လည်း အကောင့်တခုဖန်တီးကာ ဖော်ပြပါ အဆင့်အတိုင်း လက်မှတ်တွေ ဝယ်ယူနိုင်ပြီး ဖော်ပြပါပုံတွေအရ လက်မှတ်ကို MPU, Master, VISA, MMQR, KBZPay, Wave, AYAPay ဖြင့် ဝယ်ယူနိုင်တယ်လို့ ဖော်ပြထားတယ်ဆိုသော်ငြား မိတ်ဆက်တဲ့အခါမှာ အပြောင်းအလဲလည်း ရှိနေနိုင်ပါတယ်။
မြန်မာ့မီးရထားရဲ့ အွန်လိုင်းလက်မှတ်စနစ် (ORTP) ကို Private Public Partnership (PPP) ဖြင့် ဆောင်ရွက်နေပြီး မနှစ်ကတည်းက တင်ဒါခေါ်ယူကာ ယခုနှစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် နည်းပညာကုမ္ပဏီတခုမှ အောင်မြင်၍ စာချုပ်ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
စာချုပ်ချုပ်ဆိုပြီးကာလမှာ ရန်ကုန် - မန္တလေး၊ ရန်ကုန် - ပြည် - ပုဂံ၊ ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းတွေမှာရှိတဲ့ ဘူတာတွေမှာ အွန်လိုင်းလက်မှတ်အတွက် လိုအပ်နေတဲ့ အရာတွေ တည်ဆောက်ခြင်းနဲ့ စနစ်အတွက် လိုအပ်မယ့် ဆော့ဖ်ဝဲလ်ရေးဆွဲခြင်းလုပ်ငန်းစဉ်ကို သတ်မှတ်ကာလ (၆) လအတွင်းမှာ အပြီးသတ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
မကြာမီကာလအတွင်းမှာ ORTP စနစ်ကို ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေတဲ့ လူစီးရထားများကို ရှေ့ပြေးပရောဂျက်အနေနဲ့ စမ်းသပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာ့မီးရထားထံမှ သိရှိရပါတယ်။
ORTP စနစ်ကို JICA Loan ဖြင့် စီစဉ်ဆောင်ရွက်ရန် ထားရှိခဲ့သော်လည်း အခြေအနေတချို့ကြောင့် နှောင့်နှေးခဲ့ရပြီး PPP စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
05022