EOS Restaurant

EOS Restaurant

Share

Restaurant and Food Delivery

11/09/2020

😷😷ရွှေမျိုးတို့ရေ covid-19 ရောဂါ ဖြစ်စဥ်ကြောင့် ကျွန်တော်တို့ Eos Food Delivery ကို (12,9,2020)မှစ၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ခင်ဗျား😷😷

#အိမ်မှာ နေခြင်းဖြင့် covid-19 ကိုကာကွယ်ပါ #😷

05/09/2020

😷``ကျန်းမာခြင်းသည် လာဘ်တပါး´´ဟုဆိုသည့်အတိုင်း😷😷 Covid - 19 😷ကြောင့် အိမ်ပြင်ထွက်ဖို့ ခက်ခဲ လာတဲ့အခါ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများကို ကျန်းမာရေးနှင့်အညီ ပြင်ဆင်ချက်ပြုတ်ထားတဲ့ ကျွန်တော်တို့ ☺️☺️☺️Eos Restaurant😊 မှာ Foodie လေးတို့ စိတ်ကြိုက် 😋😋 မှာယူလို့ရပီနော်😊

😊မြို့တွင်းဆို deli free နော်🛵🛵

📞📞09 406868877
📞📞09 791861111 ကို ဖုန်းဆက်မှာလိုက်နော်☺️

*စမ်းမှာကြည့်လိုက်ပါ ကျေနပ်ရွှင်မြူးစေမှာ အမျိုးတို့တွက် EOS ပါ

29/08/2020

အမျိုးတို့အတွက် Menu အသစ်လေးတွေထပ်တိုးထားပါတယ်။

မှာယူချင်တယ်ဆိုရင်တော့

☎️09 406868877
☎️09 791861111 ကိုဖုန်းဆက်လိုက်တော့နော်...

28/08/2020

😌😌ခုရက်ပိုင်း ရာသီဥတုက မိုးရွာလိုက် နေပူလိုက် ကတမျိုး Covid -19ကတဖုံ နဲ့ အိမ်ပြင်မထွက်ဘဲ အစားအစာကောင်းကောင်းလေးစားချင်လို့ စိတ်ညစ်နေတဲ့ Foodies လေးတို့အတွက် ကျွန်တော်တို့ Eos Restaurantမှ😊😊 ကျန်းမာရေးနှင့်ညီညွတ်မျှတပြီး သန့်ရှင်းလတ်ဆတ်၍ အရသာရှိသော အစားအစာများကို Hello တချက်နှိပ်ရုံနဲ့ အိမ်အရောက် ၀န်ဆောင်မှု စနစ်ဖြင့် ဆောင်ရွက်ပေးနေပါပီနော်😊😊
☺️စားသုံးသူများ ကျန်းမာရေးနဲ့ညီအောင် အရသာရှိရှိ သုံးဆောင်ရဖို့က Eos ရဲ့ စေတနာပါ😊

Hello 📞📞လုပ်ဖို့က 09 791861111 (or)09 406868877😊သို့ အခုပဲ ဆက်လိုက်တော့နော်☺️☺️

Photos from EOS Restaurant's post 22/08/2020

😷😷မောင်ကိုဗစ်ကြီးက အငြိမ်မနေဘဲ ပြန်လှုပ်ရှားလာချိန်မှာ😷 အိမ်ပြင်မထွက်ချင်တဲ့ အစားတလိုင်းတို့အတွက် သန့်ရှင်းလတ်ဆတ်သော၊အရသာရှိသော၊စျေးနှုန်းသင့်တင့်မျှတသော အစားအစာများကို ကျွန်တော်တို့ EOS Restaurant မှ အိမ်အရောက် ၀န်ဆောင်မှုစနစ် ဖြင့် ဆောင်ရွက်ပေးနေပါပြီခင်ဗျ။ 😷

😷၀၉ ၄၀၆၈၆၈၈၇၇ /၀၉ ၇၉၁၈၆၁၁၁၁ ကိုဆက်သွယ်မှာယူနိုင်မှာယူနိုင်ပါတယ်ခင်ဗျ။ 😷

😷 #အိမ်မှာ နေခြင်းဖြင့် မောင်ကိုဗစ်ကို ကာကွယ်ကြပါစို့။ #😷

Photos from EOS Restaurant's post 13/08/2020

☺ကဲ အစားအစာဆိုရင် လူနဲ့တည့််တယ် ဆိုတဲ့ Foodie လေးတို့ရေ ကျွန်တော်တို့ EOS Restaurant မှာခုတလော အရမ်: hot ဖြစ်နေတဲ့ ဟင်းပွဲလေးတွေနဲ့ မိတ်ဆက် ပေးချင်ပါတယ် ခင်ဗျ😊😊

အီတလီခေါက်ဆွဲအစပ်ချက် (5500 ks)
သူရဲ့ အရသာ က အီတလီခေါက်ဆွဲလေးကို ထိုင်းစတိုင်လေးနဲ့ ရောယှက် ပေါင်းစပ်ထားလို့ စားရတာ မအီဘဲ အစပ်အရသာလေးကို ပုဇွန်ရဲ့ အစိမ့်အရသာလေးနဲ့ ပေါင်းလိုက်တော့😋😋 လုံး၀ အရသာ ရှိနေရောပေါ့။ 😊

ငါးရေချိုချဥ်စပ် ဟင်းရည် (3500 ks)
😋ဂျပန်ငါးရဲ့ နူးညံတဲ့ အထိအတွေ့က လျှာဖျားမှာ ပျော်၀င်ချိန်လေးမှာ ချဥ်ချဥ်စပ်စပ် အရသာပါထပ်ပေါင်းစပ်လိုက်ပြီး ဟင်းရည်လေးနဲ့အတူ မျောချလိုက်ချိန်လေး ခဏ က အာဂ ပါးစပ် လူဖြစ်ရကျိုးနပ်ရချည်ရဲ့ ဟုတွေးမိမှာ အသေအချာပါပဲ😊😊

ငါးချိုချဥ်(3500 ks)

သူလေးကတော့ ချဥ်ချဥ်စပ်စပ်တွေမကြိုက်တဲ့ သူလေးတွေအတွက် ငါးတကောင်လုံးကို အရိုးနွှင် ပြီး ချိုချို ချဥ်ချဥ်အနှစ်အရသာလေးနဲ့ သားသားမီးမီးလေးတို့ပါ အကြိုက်တွေ့မယ့် ဟင်းပွဲလေးဖြစ်ပါတယ်ဗျ။

မှာယူချင်တယ်ဆိုရင်တော့ မြို့တွင်း deli free နော်
09 406868877
09 791861111 ကိုဖုန်းဆက်လိုက်တော့နော်။😊😊☺☺

Photos from EOS Restaurant's post 09/08/2020

ဒီနေ့တွက် ၀က်နံရိုးမီးတောက် နဲ့ ပုဇွန်မာလာရှမ်းကော များကိုအားပေးခဲ့သော ရွှေမျိုးများကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ🤗🤗🤗

Photos from EOS Restaurant's post 08/08/2020

😊ရွှေမန်းမြေက အစားတလိုင်း တို့ရေ ဒီအပတ်ရဲ့ Weekend day မှာ အရသာရှိတဲ့ အစားအစာများ နဲ့ အတူ ကုန်ဆုံး ဖို့ အတွက် ကျွန်တော် တို့ရဲ့ EOS Restaurant မှအရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ ချက်ပြုတ်ထားတဲ့ ဟင်းပွဲများကို မှာယူချင်တယ် ဆိုရင် 🤗

📞📞09 791861111 (or) 09 406868877📞

ကို Hello 😋😋😋လုပ်လိုက်တော့နော်။

Photos from EOS Restaurant's post 06/08/2020

😊ကဲ ရွှေမျိုးတို့အတွက် ဆွေမျိုးပါ မေ့သွားစေမယ့် အရသာ၊ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်ရှင်းလတ်ဆတ်မှု၊ စနစ်တကျ ထုတ်ပိုးမှု၊စျေးနှုန်း သင့်တင့်မျှတမှု များနဲ့ အတူ အမျိုးတို့ စိတ်တိုင်းကျစေမယ့် ကျွန်တော်တို့ Eos Restaurant မှဟင်းပွဲများကို ကြိုတင်မှာယူဖို့ အတွက် အခုပဲ ဖုန်းဆက်လိုက်တော့နော် ☺

09 406868877 (or) 09791861111📞📞📞

📞📞ဖုန်းဆက်မှာယူရ မှာက အမျိုးတို့ တာ၀န်နော် 📞📞
😊😊 အရသာ ရှိပြီး စိတ်တိုင်းကျစေဖို့က ကျွန်တော်တို့ တာ၀န်သာထားဗျာ😊

Photos from EOS Restaurant's post 05/08/2020

EOS Food Delivery 🛵မှ အစပ်မစားနိုင်တဲ့ သူတွေအတွက်လည်း

🐟ငါးချိုချဉ် ၃၅၀၀ ကျပ်
🦐ပုဇွန်ချိုချဉ် ၄၅၀၀ ကျပ်
ကြက်သားချိုချဉ် ၃၅၀၀ ကျပ်

ကိုမှာယူနိုင်ပါတယ်နော်။

☎️ 09406868877
☎️ 09791861111

Kitchen ရဲ့ သန့်ရှင်းမှု ၊ အသုံးပြုတဲ့ ပါ၀င်ပစ္စည်းတွေ ၊ ကိရိယာတွေရဲ့ ကျန်းမာရေးညီညွတ်မှုတွေက နိုင်ငံတကာအဆင့်မှီပါ။ လတ်ဆတ်တဲ့ အသားငါး ၊ ဟင်းသီးဟင်းရွက် များကိုသာအသုံးပြုထားပါတယ်ရှင့်။

မန္တလေးမြို့တွင်းဆိုရင် Free Delivery ပါနော်။

Photos from EOS Restaurant's post 03/08/2020

ကဲ မိုးအေးလို့ အပြင်မထွက်ချင်တဲ့ အစားတလိုင်းလေးတွေ အတွက်
ကျွန်တော်တို့ EOS Restaurant မှ ချဥ်ချဥ်စပ်စပ် ရှုးရှုးရှဲရှဲ
အရသာများဖြစ်တဲ့
🐟🐟 ငါးရေချိုချဥ်စပ်ဟင်းရည် (၃၅၀၀ ကျပ်)
🦀🦀ဂဏန်းချဥ်စပ် (၅၀၀၀ ကျပ်)
၀က်နံရိုးမီးတောက် (၅၀၀၀ ကျပ်) တို့ကို အရသာရှိရှိ
သန့်ရှင်းလတ်ဆတ်မှု အပြည့်ဖြင့် သုံးဆောင်ဖို့အတွက် ၀၉၇၉၁၈၆၁၁၁၁
၀၉ ၄၀၆၈၆၈၈၇၇ သို့ ဖုန်းဆက်မှာယူနိုင်ပါတယ်ခင်ဗျ။🛵🛵

မှတ်ချက်။ ။ ဟင်းချိုမှုန့် လုံး၀ (လုံး၀) မသုံးပါ။

Photos from EOS Restaurant's post 18/07/2020

“ ကောက်လျင်ကြီးဆန် နီတာလျံနှင့်
ငါးသန်သေးနုပ် ရေလုံပြုတ်ကို
တစ်လုပ်ကယ်ဝ၀ စားလိုက်ရင်ဖြင့်
အာကပါးစပ် လူဖြစ်ကျိုးနပ်လေရဲ့ “
(ဆရာကြီး စလေဦးပုည)

အမျိုးတို့ကို လက်တို့ပြီးပြောလိုက်ချင်ပါတယ်။ ကျွန်တော်တို့ဟိုတယ်က Chef ညီလေးက ကျွန်တော့်ဆီလာပြီး အစ်ကိုရေ ၊ ကျွန်တော်တို့ F&B Team က ခေတ်နဲ့အညီ “EOS Food Delivery” လုပ်မလို့ ၊ အစ်ကိုမြည်းကြည့်ပြီး ကောက်ချက်လေး ရေးပေးပါဦးလို့ တောင်းဆိုလာပါတယ်။

ဂဏန်းမဆလာချက် ၊ ၀က်နံရိုးမီးတောက် ၊ ငါးရေချိုချဉ်ငံစပ် ဟင်းရည် ဟင်း(၃)ပွဲနဲ့ ခေတ်သစ် နရသီဟပတေ့မင်းပေါ့။ မင်းကြီးကိုအမှတ်ရပြီး စားကြည့်လိုက်တော့အားပါးပါး ကောင်းမှကောင်းလို့ ရေရွတ်မိပါတယ်။ ကျွန်တော်တို့ဟိုတယ်က အရင် မောင်ကိုဗစ်ကြီးမလာခင်က နိုင်ငံခြားသား အဝင်များခဲ့ပါတယ်။ ညီလေး Chef တို့လည်း လက်မလည်ခဲ့ရပါဘူး။ ဧည့်သည်တွေကလည်း ကောင်းတယ် ၊ ကောင်းတယ်နဲ့ မှတ်ချက်ပေးကြပြီး ကျွန်တော်လည်း မြည်းမကြည့်ခဲ့ရပါဘူး။ 😊

မောင်ကိုဗစ်ကြီးရဲ့ သွယ်ဝိုက်ကျေးဇူးကြောင့် အထူးဟင်းလျာများကို မြည်းစမ်းခွင့် ကြုံပါပြီ။ ဆရာကြီး စလေဦးပုညရဲ့ ဆယ်တန်းဖတ်စာ ပြဇာတ်ကဗျာကို ရေရွတ်မိပါသည်။ အာကပါးစပ် လူဖြစ်ကျိုးနပ်လေရဲ့ပါ။ ကောင်း/မကောင်းကို အမျိုးတို့ ကိုယ်တိုင်စမ်းမှာပြီး အကဲဖြတ်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။

ကောင်းပြီဆိုတော့ နောက်ထပ် အင်မတန်အရေးကြီးတဲ့ ပေတံတစ်ခုနဲ့ တိုင်းတာပါရစေ။
ညီလေး Chef ရေ ၊ မင်းဟင်းတွေက စျေးကောဘယ်လောက်တုံး ၊ အစ်ကိုရေ ဒီလောက် ဒီလောက် *** ဒါထက်စကားမစပ် အရင်းက ဘယ်လောက်ကျလဲ ၊ အမြတ်က ဘယ်လောက်လဲ … # # # ??? ကျွန်တော်မျက်လုံးပြူးသွားပါတယ်။ တန်မှတန်ပါ။ ဒါ့အပြင် မန္တလေးမြို့တွင်းကို Free Deliveryနဲ့ အခမဲ့ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုနဲ့ပါ။

အတွင်းသိအစင်းသိမို့ သူတို့ Kitchen ရဲ့ သန့်ရှင်းမှု ၊ အသုံးပြုတဲ့ ပါ၀င်ပစ္စည်းတွေ ၊ ကိရိယာတွေရဲ့ ကျန်းမာရေးညီညွတ်မှုတွေက နိုင်ငံတကာအဆင့်မှီပါ။ လတ်ဆတ်တဲ့ အသားငါး ၊ ဟင်းသီးဟင်းရွက်တွေဖြစ်ဖို့ ပစ္စည်းလက်ကျန် အနည်းဆုံးသာ ထားရှိသွားမှာပါ။ ဒါကြောင့် မနက်ဖြန်အတွက် ဒီနေ့ကြိုမှာရင် သေချာပြီး ဒီနေ့အတွက် ဒီနေ့မှာရင် သိပ်မသေချာပါ။

အမျိုးတို့ ဖုန်း ၀၉ - ၄၀၆ ၈၆၈ ၈၇ရ / ရ၉၁ ၈၆၁ ၁၁၁ တွေဆီ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Food Delivery က New Normal အဖြစ်ရော ၊ နောင်လာမယ့် အနာဂတ်တွင်ပါ အရေးပါလာမှာပါ။ ကျွန်တော်တို့အားလုံးရဲ့ အချိန် ၊ လူအားစိုက်ထုတ်ရမှုတွေကို သင့်တင့်မျှတတဲ့ ငွေကြေးကို အသုံးပြုပြီး ကျွမ်းကျင်သူတွေရဲ့ ကျွမ်းကျင်မှုတွေကို စားသုံးနိုင်မှာပါ။ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ ပလက်စတစ်ပါ။ အမျိုးတို့အနေနဲ့ ပလက်စတစ်ဗူးအသုံးပြုမှုကို လျှော့ချချင်ရင်ဖြင့် ညီလေး Chef ရဲ့ ချိုင့်ဆွဲ အစီအစဉ်ကို တောင်းဆိုနိုင်ပါတယ်။ အမျိုးတို့မှာယူတဲ့ ဟင်းလျာကို ချိုင့်နဲ့ သယ်ယူလာပြီး အမျိုးတို့က ချိုင့်ကို လဲလှယ်ပေးရမှာပါ။ ဆေးပေးစရာမလိုပါဘူးတဲ့။

အမျိုးတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

“ အာကပါးစပ် လူဖြစ်ကျိုးနပ်မယ့်
အမျိုးတို့အတွက် EOS ပါ“

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 190, 87 Street, Between 26th And 27th Street
Mandalay

Opening Hours

Monday 10:00 - 20:30
Tuesday 10:00 - 20:30
Wednesday 10:00 - 20:30
Thursday 10:00 - 20:30
Friday 10:00 - 20:30
Saturday 10:00 - 20:30
Sunday 10:00 - 20:30