Han Lin Htike

Han Lin Htike

Share

knowledge

17/08/2024

💔တစ်ခါကွဲဖူးတဲ့ဒဏ်ရာလေးသက်သာတော့
ထပ်ချစ်မိပြန်တယ်💔😥
ထပ်ချစ်မိတော့ ထပ်ကွဲတယ်💔😢
အနာပေါ် အနာဆင့် 😢
ဒဏ်ရာတွေက မပျောက်နိုင်ဘူးပေါ့🌹
အချစ်တွေအများကြီးမလိုချင်ဘူး
ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကိုယ်ကို မြတ်မြတ်နိုးနိုးနဲ့ပြန်ချစ်တာပဲလိုချင်ခဲ့တာ

17/08/2024

ကိုယ် မင်းကိုချစ်တဲ့အချစ်တွေက
အစစ်မှန်တွေပါ....
ကိုယ့်ချစ်တွေ ပြောပြပုံမှားခဲ့လို့
မင်းတစ်မျိုးမြင်သွားတာ
ကိုယ် အပြစ်မတင်ရက်ပါဘူး
ကိုယ့်အမှားတွေကြောင့်
ကိုယ်ကိုယ်တိုင်ပဲ ခံစားမာပါ...စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါဘူး
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ပြောရက်ကြတယ်...
အစွယ်လိုသူမိဖုရားတဲ့....
ကျမတကယ်လိုချင်ခဲ့တာက
မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ...

အင်ကြင်းပန်းမှာ ခါချဉ်လေးကပ်ရုံနဲ့
ကမ္ဘာအဆက်ဆက်
သုဘဒ္ဒါမုန်းရက်ခဲ့တာမဟုတ်ပါဘူး

ပြိုင်ဘက်နဲ့ ယှဉ်ရင် အချစ်တွေအကုန်အစင်မရခဲ့လို့သုဘဒ္ဒါရင်မှာ နာကျင်ကြေကွဲခဲ့ရတာပါ....
ဒါတွေကို ရှင်နားလည်ရဲ့လား မင်းဆဒ္ဒန်....

ဟိမဝန္တာ တောင်စဉ်ခုနစ်ထပ်မှာ
ကျမဟာ ရှင့်အတွက်ဆို အသက်ပေးဖို့လည်း
အဆင်သင့်ဖြစ်ခဲ့ပါရက်နဲ့
ဘဝတစ်ခုလုံးပေးဆပ်ချစ်ခဲ့တာတောင်
ရှင်ပြန်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာက ဒုတိယ တဲ့လား....

ဟင့်အင်း...
ပထမချစ်ခြင်းမဟုတ်ရင် ဒုတိယအဖြည့်ခံတော့
ဘယ်မိန်းမသားကမှ မဖြစ်ချင်ဘူး....

မဖြစ်နိုင်ဘူး မင်းဆဒ္ဒန်...
မဖြစ်နိုင်တော့ပါဘူး...

ဒုတိယ ဆိုတာ ဘယ်လိုနည်းနဲ့မှ
မဖြစ်နိုင်ခဲ့ပါဘူး မင်းဆဒ္ဒန်ရယ်...
ကျမ ရှင့်ကို စိတ်နာတယ်....

ဟိမဝန္တာ လွမ်းရိပ်မြိုင်မှာ အမုန်းတွေ
တသီတတန်းနဲ့ ကျမ ကျဆုံးခဲ့တာမဟုတ်ဖူး....

အပယ်ခံတယောက်လို နာကျင်မှုမျိုးနဲ့
ကိုယ့်အချစ်ကို အဆိပ်ခတ်ပြီး
ယိုင်နဲ့နဲ့နှလုံးသားတစ်စုံကို ဖက်တွယ်ရင်း
ရှင်ပစ္စေကဗုဒ္ဓါထံမှာ ကျမဆုပန်ခဲ့မိတာပါ...

ရှင့်စိတ်ထဲထင်ခဲ့ချင် ထင်ခဲ့မယ်...
သုဘဒ္ဒါဟာ အငြိုးကြီးတဲ့...အမျက်ကြီးတဲ့...
ဒေါသကြီးတဲ့ မိန်းမရယ်လို့....
ရှင်ထင်ချင်သလိုသာ ထင်ပါတော့မင်းဆဒ္ဒန်ရယ်...

ဒီလောကကြီးတစ်ခုလုံးကို
မြေလှန်ပြီးမေးကြည့်စမ်းလှည့်ပါ..
ကိုယ့်ချစ်သူထံက ဦးစားပေးအချစ်ခံချင်တဲ့
မိန်းမဆိုလို့ ကျမတစ်ယောက်တည်းရှိခဲ့တာများလားလို့....

ရှင့်အတွက်တော့ ခါချဉ်လေးတကောင်...ဆိုပေမယ့်...
ကျမအတွက်တော့ နာကျင်ခြင်း
မြင့်မိုရ်တောင်ကြီးပါပဲလေ...
ဆင်ရှစ်သောင်းစုပေါင်းနေတဲ့
မင်းရင်ပြင်ထက် ရှင်ပေးတဲ့ပန်းတခက်က
အများအလယ်မှာ အရှက်ရစေခဲ့တယ်ဆိုတာ
ရှင်ကမှသတိမထားမိခဲ့ပဲ...

မျက်ရည်ဝဲဝဲနဲ့ အံကြိတ်ပြီး ခံရခက်ခဲ့တယ်ဆိုတာ
ရှင်ထင်သလို ခါချဉ်လေးပါတဲ့
အင်ကြင်းပန်းတခက် ကြောင့်မဟုတ်ပါဘူး...

မဟာသုဘဒ္ဒါအပေါ် ရှင့်ရဲ့
အရေးပေးမှုအောက်မှာ
ကျမ ကမ္ဘာကြီး မူးနောက်ပြာကျခဲ့ရတာပါလေ..

ရှင်သိအောင် ထပ်ပြောခဲ့မယ်မင်းဆဒ္ဒန်....
ပထမ စူဠသုဘဒ္ဒါ မဟုတ်ခဲ့ဖူးဆိုရင်
ဒုတိယ မဟာသုဘဒ္ဒါတော့
ဘယ်မိန်းမက မဖြစ်ချင်ခဲ့ဘူးဆိုတာ
တနေ့နေ့တော့ ရှင်နားလည်လာမှာပါ....

ဟင့်အင်း....
ရှင်အထင်မလွဲပါနဲ့...
အစွယ်လိုသူမိဖုရား မဟုတ်ခဲ့ပါဘူး...
ရှင့်အချစ်တခုတည်းကိုပဲ လိုချင်ခဲ့တာပါ....

ဘဝချင်းမတူအောင် သံသရာခြားနားခဲ့ပေမယ့်
ကျမ နှလုံးသားက ရှင့်ကိုပဲစူးစူးနစ်နစ်
ချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်

ရှင့်အစွယ်ကို နားဋောင်းပန်ဆင်လိုတယ်
ဆိုတာလည်း
ကျမမှာ အကြောင်းအရင်းတွေရှိပါတယ်.

ဟိမဝန္တာ အင်ကြင်းတောမြိုင်ယံမှာ
ရှင့်ရဲ့သက်ဆိုင်သူဖြစ်ခဲ့တဲ့ ကျမကို
ရှင်ခုချိန်ထိ သတိတရရှိသေးရဲ့လား
ဆိုတာ ကျမသိချင်တယ်...
သတိတရနဲ့လွမ်းဆွတ်တမ်းတမှုမျိုးကိုလည်း ကျမလိုချင်မိတယ်....

ဘဝချင်းခြားခဲ့တာတောင် ချစ်အားမလျော့ခဲ့တဲ့
ကျမနှလုံးသားကို ရှင် လျှော့မတွက်ပါနဲ့ မင်းဆဒ္ဒန်...

တဖတ်သတ်ဆိုရင်တောင် ကျမက ကျေကျေနပ်နပ်ကြီး
သံသရာအဆက်ဆက် ယူသွားအုံးမှာမို့လို့ပါ...
ဟုတ်တယ်...ကျမရှင့်ကို အဲ့လောက်ထိချစ်တယ်....

ဒါပေမယ့်....
နားလည်မှုလွဲမှားခြင်းရဲ့ ဆုလဒ်တွေကြောင့်
ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်ခဲ့ရတာပါ
မင်းဆဒ္ဒန်ရယ်.....

ရှင့်အစွယ်ကို နားဋောင်းပန်ဆင်လိုတယ်လို့
သောနုတ္ထိုရ်ကို ကျမမှာကြားလိုက်တယ်ဆိုပေမယ့်....

အစွယ်ကို အာခေါင်ရင်းက ဖြတ်ခဲ့ရမယ်လို့
ကျမမမှာခဲ့မိဘူး...အမိန့်လည်းမပေးခဲ့ပါဘူး....

နားဋောင်းလုပ်ဝတ်လို့ရမယ့်
ရှင့်ရဲ့အစွယ်အဖျားလေးလောက်ပဲ
ကျမကလိုချင်ခဲ့မိတာပါ...

ရှင်အနားမှာ ရှိနေမပေးရင်တောင်
ရှင့်ရဲ့အသွေးအသားလေးတစ်ခု ကျမအနားမှာ
အဖော်ပြုနေရုံနဲ့ ကျမနှလုံးသားကို နှစ်သိမ့်ချင်လို့ပါ....

ရှင်သာ ကျမကိုတကယ်ချစ်ရင် နားဋောင်းတဆင်စာ
အစွယ်အဖျားလေးတော့
ရှင်ကျမကို ပေးနိုင်မှာပဲမဟုတ်လား....

ခုတော့....
မုဆိုးလျှောက်တင်သမျှကို မစဉ်းစားမဆင်ခြင်ပဲ
ရှင်က အာခေါင်ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့ဝေဒနာကိုအံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့ဆိုပြီး လက်လွတ်စပယ် ကျမကြောင့် ရှင်သေပွဲဝင်ရတယ်တဲ့လေ...

ကျမက မှားခဲ့တယ်ဆိုပေမယ့်...
ရှင်က မိုက်ခဲ့တယ် မင်းဆဒ္ဒန်....

နားဋောင်းတဆင်စာ ပမာဏဟာ
အာခေါင်ရင်းကနေဖြတ်ချမှ ရမှာမို့လို့လား...

မုဆိုးတင်သမျှကို ကြားရပြီး
စိတ်နာတဲ့ လေသံနဲ့
မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့လို့ ပြောရင်း
ရှိရှိသမျှအပြစ်တွေကို ကျမအပေါ်ပဲစုပုံရက်ခဲ့တယ်....

ကျမ မှာတော့ မုဆိုးထမ်းလာတဲ့ ရှင့်အစွယ်ဖွေးဖွေးကို
ခပ်ဝေးဝေးကလှမ်းမြင်ရတည်းက
အရာရာဟာ လွဲမှားစွာ မှားယွင်းခဲ့ပြီလို့ သိလိုက်ပြီး
သောကအပေါင်းဟာ ဖိစီးထိုးနှက်ခဲ့ပါတယ်....

နောက်ဆုံးထွက်သက်တွေအထိ
နာကျင်ခံခက်တဲ့ လေသံနဲ့ ရှင် ကျမကို ပြောရက်ခဲ့တဲ့…

မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့...

ဆိုတဲ့စကားဟာ ကျမက ရှင့်ကို တမင်မုန်းလို့ပဲ
သတ်စေခဲ့သလိုပါပဲလား....

မဟုတ်ရပါဘူးမင်းဆဒ္ဒန်ရယ်....
အစွယ်လေး နားဋောင်းတဆင်စာ ပဲလိုချင်ခဲ့တာပါ...

အာခေါင်ရင်းကနေ သွေးမြေကျ ဖြတ်ပေးဖို့ ကျမက
ဘယ်လိုနှလုံးသားမျိုးနဲ့ ရှင့်ကိုရက်စက်နိုင်မှာတဲ့လဲ...

မိုက်လိုက်တာ မင်းဆဒ္ဒန်ရယ်....

နာကျည်းချက်တွေနဲ့ ရှင်က ကျမကို နှုတ်ဆက်ခဲ့တယ်ပေါ့....

မျက်နှာငွေလ ရွှင်ပျပျနှင့် သခင်မ...ဝမ်းမြောက်ပါလေတော့တဲ့လား....

ပြောရက်လိုက်တာ မောင်တော်မင်းဆဒ္ဒန်ရယ်....

နားဋောင်းတဆင်စာလေးအတွက် အာခေါင်းရင်းကနေ
ဖြတ်ယူခဲ့တဲ့ မုဆိုးမိုက်ကြောင့် လွဲမှားတဲ့ သံသယတွေနဲ့
သုဘဒ္ဒါ နှလုံးသားဟာ သွေးမြေကျခဲ့ရပါပြီလေ....

မျက်နှာငွေလ မဟုတ်ခဲ့ပါဘူးမင်းဆဒ္ဒန်...
သုဘဒ္ဒါ မျက်နှာတစ်ခုလုံး တိမ်ဖုံးပြီး လမိုက်ခဲ့ရပါပြီ...

သခင်မ...ဝမ်းမြောက်စေချင်တဲ့ ရှင့်ဆုတောင်းတွေလည်း
မပြည့်နိုင်တော့ပါဘူး...

နှမတော်ရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့
ရှင့်ကို သေအောင်သတ်မိခဲ့သလို
ဖြစ်သွားခဲ့တဲ့အတွက် ကျမ ဘယ်လိုနည်းနဲ့မှ
ရွှင်ရွှင်ပျပျ ပျော်မနေရတော့ပါဘူး..

အခု.....
နှမတော် အသည်းစိုင်တစ်ခုလုံး ကွဲအက် ပျက်စီးပြီး ကံတော်ကုန်လုနေပါပြီ....မင်းဆဒ္ဒန်...

မနက်ဖြန်တွေအဆက်ဆက် နောက်ထပ်
ရှိခဲ့အုံးမယ်ဆိုရင်တော့...
ရှင့်ရဲ့ သံသယတွေအတွက် ရှင်းပြခွင့်ရလိုက်ချင်ပါတယ်လေ...

တကယ်ဆို ကျမရင်ထဲက ချစ်ခြင်းမေတ္တာကို ရှင်မမြင်ပဲ
မိန်းမရိုင်းကြီးရဲ့ အမုန်းလို့ပဲ ရှင်က ထင်ခဲ့တာကိုး....

ရှိပါစေတော့ မင်းဆဒ္ဒန်ရယ်...
ရှိပါစေတော့...
ဒီဘဝ ဒီမျှနဲ့ပဲ ရှိပါစေတော့လေ...

တကယ်ဆိုရင်.....
ကျမက....မှားခဲ့တယ်ဆိုပေမယ့်
ရှင်က......မိုက်ခဲ့ပါတယ်မင်းဆဒ္ဒန်.....

ဘာလို့လဲဆိုတော့...
မိန်းမသားဆိုတာ....ကိုယ့်ချစ်သူရဲ့

ပထမ.......စူဠသုဘဒ္ဒါ မဟုတ်ခဲ့ရဘူးဆိုရင်
ဒုတိယ.....မဟာသုဘဒ္ဒါ တော့

ဘယ်တော့မှ အဖြစ်မခံချင်ကြဘူးဆိုတာ
ဟိမဝန္တာ တောမြိုင်ယံမှာ ဆင်အ ပေါင်းခြံရံပြီး စိုးစံခဲ့တဲ့ မင်းဆဒ္ဒန်ဧကရာဇ် ကြီးမှ မသိခဲ့တာကိုး......

တကယ်တော့ သုဘဒ္ဒါဆိုတဲ့ နှမတော်က
မောင်ကြီးမင်းဆဒ္ဒန်ကို မုန်းခဲ့တာ မဟုတ်ပါဘူး
အချစ်ကြီးချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်....

06/03/2024

အချစ်တဲ့.......။
တန်ခိုးကြီးစွာ လွှမ်းမိုးတယ်.....
အင်အားကြီးစွာ ပွေ့ဖက်ချုပ်ကိုင်တယ်.....
မုန်တိုင်းတစ်ခုလို မွှေနှောက်ပျက်စီးစေနိုင်စွမ်းလည်းရှိတယ်....
ပင်လည်လို နက်ရှုင်း၍ မြေထုလိုလည်း ခိုင်မာကာ လေပြည်လိုလည်းသာယာအေးမြတယ်.....
ရှုပ်ထွေးတဲ့ ပုစ္ဆာတစ်ပုဒ်လို နားလည်ရခတ်ပြီး သက်တံလို အရောင်စုံယှက် ဆန်းကြယ်လှတယ်....
မျက်လှည့်ပြသလို တစ်ခုကနေ တစ်ခုသို့ ကိုယ်မသိဘဲ ရုတ်ခြည်း ပြောင်လဲတက်တယ် ....
ရွာမယ်ထင်ပြီး မရွာ ၊
မရွာဘူးထင်ပေမဲ့ သဲကြီးမဲကြီး ရွာချတက်သော မိုးနှင့်လည်းတူပါတယ်...
ရယ်နေရင်ကနေ ငိုတက်သောငိုနေရင်းကနေရယ်တက်သော အရူးတစ်ယောက်လို ချစ်ရာက မုန်း၊ မုန်းရာကချစ်တက်ကြပြန်တယ်...
ရှုပ်ထွေးလှတဲ့ သပွတ်အူပမာ ထိုအချစ်ကို ဘယ်သူကမှ မယုံကြည်မခံစားဘဲ မနေနိုင်ပါဘူး.....
နောင်တစ်ချိန်ချိန်မှာ ပြန်တွေ့တဲ့အခါ အရင်လိုပြုံမပြနိုင်တာ အချစ်တော့လို့မဟုတ်ပါဘူး.......နှင်းဆုမေ

#မခူးဖြစ်ခဲ့သော နှင်းဆီဖြူ

31/01/2024

ဖတ်ရတာ တန်ဖိုးရှိလို့ ပါ 😇
အနီးဆုံး လူကပဲ ကိုယ်ကို ဒုက္ခပေးနိင်တာပါ.

အဲဒီနေ့ကပေါ့..ပဲခူး ရိုးမတောင်ခြေ
ဖဒိုမြို့မှာနေတဲ့ ကျွန်တော့်ကိုရန်ကုန်မှာနေတဲ့ မိတ်ဆွေတစ်ယောက်ကပျားရည်စစ်စစ်
တစ်ပုလင်းလောက် လိုချင်တယ်ဆိုပြီး
လူကြုံ မှာတယ်။

အမှန်တော့ ဖဒိုမှာလည်း ပျားရည်စစ်စစ်
ရှားပါတယ်
သစ်ခုတ်၊ဝါးခုတ်ရင်း
အမဲလိုက်တဲ့ လူတချို့ဆီကမှ
ရံဖန်ရံခါ ပျားရည်စစ်စစ် ရတတ်တာမို့
တောင်ပေါ်က ကရင်လူမျိုး
အသိတစ်ယောက်ဆီ ပျားရည်သွားမှာ ရတာပေါ့။

အခန့်သင့်တယ်ပြောရမလား မသိ
အဲဒီလူဆီမှာ မနေ့ကမှ ဖွတ်လာတဲ့
ပျားရည်ပုလင်းတစ်ချို့ ရလိုက်တယ်။

ဂျီတစ်ကောင်နောက်လိုက်ရင်း
ပျားအုံအသေးတစ်အုံတွေ့လို့ မီးခိုးမှိုင်းတိုက်ပြီး
ပျားရည်ဖွတ်ခဲ့ကြောင်း သူကပြောပြတယ်။

''ဝမ်းသာလိုက်တာဗျာ..
မြို့ကလူတွေက တောကနေ ပျားရည်မှာတိုင်း
အစစ်ရမယ် ထင်တတ်ကြတယ်..
ကျွန်တော့်မှာ တာဝန်ကြီးသဗျာ..
အတီးတို့ဆီကရမှ ပေးမယ်ဆိုပြီးတွေးထားတာ
ခုတော့ ရေကန်အသင့် ကြာအသင့်ပဲ..''

ပျားရည်ဝယ်ပြီး အိမ်ပြန်မယ်အလုပ်မှာ
အချိန်အခါမဟုတ် မိုးရွာချတာနဲ့
မုဆိုးကြီးအိမ်မှာပဲ မိုးခိုရင်း ဝင်ထိုင်ရတာပေါ့။

ဂျီသားမီးဖုတ်နေတဲ့ သူက တောအရက်လေး
သောက်သွားပါလားလို့ ဧည့်ခံတာနဲ့
ကျွန်တော်လည်း
ဘုရားလည်းဖူးရင်း လိပ်ဥတူးဆိုသလို
တစ်ခွက်တစ်ဖလား ဝင်မော့တယ်။

အရက်လေးသောက် ၊ ဂျီသားလေး မြုံ့ရင်း
တောအကြောင်း တောင်အကြောင်း
သူ့ အတွေ့အကြုံတွေအကြောင်း
စကားပြောကြရာက ပျားဖွတ်တဲ့ဆီ
စကားစ ရောက်သွားတယ်။

''အတီးရေ...
ကျွန်တော် လွန်ခဲ့တစ်လလောက်က
အသိတစ်ယောက်အိမ်ကို သွားလည်တုန်း
သူတို့သရက်ပင်အောက်မှာ ပျားတုတ်ခံရတာ
ထွက်ပြေးလည်း မလွတ်ဘူးဗျာ..
သုံးလေးချက် အတုတ်ခံလိုက်ရတာ
အီစလံဝေ သွားတာပဲ..
အတီးတို့ ပျားဖွတ်တဲ့အခါ ပျားအုံကို
မီးခိုးမှိုင်းတိုက်တော့
ပျားတွေ ထွက်မတုတ်ဘူးလားဗျ..''

ကျွန်တော်က မေးလိုက်တော့ သူက ရယ်ပြီး
''ပုဆိုးခြုံလိုက်ရင် လုံတာပဲလေ..''လို့
ခပ်နောက်နောက် ပြန်ဖြေတယ်။

ပြီးတော့မှ အရက်ကို တစ်ငုံသောက်
ပျစ်ခနဲ တံတွေးကိုထွေးလိုက်ပြီး
ဂျီသားတစ်ဖက်ကို ကောက်ဝါးလိုက်ရင်းမှ
သူက စကားဆက်ပြောတယ်။

''တကယ်ပဲ ပုဆိုးခြုံပြီး ပျားဖွတ်တာကွ..
ပ်ားသဘာဝကို ငါ့တူက မသိလို့..
သူတို့ ပ်ားအုံကို လူက လာထိတဲ့အခါ
ပျားတွေက ထွက်ပြီး အရင် စူးစမ်းတယ်..
အဲဒီအခါ လူက ကြောက်လို့ ထွက်ပြေးရော..
အဲဒါမှ ရန်သူဆိုတာ ကျိန်းသေလို့
အဲဒီလူကို ပိုမဲပြီးလိုက်တုတ်တာ..

မင်းစိတ် ရဲဖို့ပဲလိုတယ်..
သစ်ပင်အောက်တည့်တည့်ကို
ပုဆိုးခြုံလေးခြုံပြီး အသာလေးကပ်သွား..
ပြီးရင် အရေးအကြီးဆုံးက
ခန္ဓာကိုယ်ကို သစ်ပင်နဲ့ထိနေပစေ..
ဒါဆိုရင် ပျားတွေက အဲဒီလူကို
ရန်သူလို့မထင်တော့ဘူးကွ..
သူတို့တည်မှီရာ သစ်ပင်က သစ်ကိုင်း
တစ်ခုလို့ပဲ ထင်သွားတတ်ကြတယ်။

ပျားတွေဟာ
မီးခိုးမှိုင်းကြောင့် အဝေးမှာ ရန်သူလိုက်ရှာ
နေတုန်း အနီးဆုံးမှာရှိနေတဲ့ ငါက
အေးအေးဆေးဆေး ပျားဖွတ်တော့တာပဲ..
သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲကလူလို့ မထင်ကြရှာဘူး..
ဟဲဟဲဟဲ...''

''....အို.....'''

ခဏအကြာမှာ မိုးစဲသွားပြီဖြစ်လို့
ကျွန်တော်လည်း သူ့ကို
နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။

''သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့ ၊
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲက လူလို့မထင်ကြရှာဘူး..''ဆိုတဲ့
စကားသံကို နားထဲမှာ ပြန်ကြားနေရင်း
ရင်ထဲမှာအတွေးတွေ အုံ့အုံ့ပျံ့ပျံ့
ဝင်လာတယ်။

လိုချင်တာ တစ်ခုခုရှိလို့ ကိုယ့်အနားကို
မိတ်ဆွေအရေခြုံပြီး ကပ်လာကြတဲ့
လူတစ်ချို့အကြောင်း..။

အိုး...သိပ်ဖော်ရွေတာပဲ..
ကိုယ့်ကို သိပ်ပြီး နားလည်မှုရှိတာပဲ..
ကိုယ့်အပေါ် သိပ်ပြီး ဂရုစိုက်ပြတာပဲ..
သူတို့လောက်ကောင်းတဲ့သူ
ကမ္ဘာပေါ်မှာ မရှိတော့သလို
ဟန်ဆောင်ကောင်းတဲ့ ပျားဖွတ်သမားလို
လူတွေ လူတွေ..။

နှစ်ကိုယ့်တစ်စိတ်လိုမျိုး ကိုယ်အစစအရာရာ
ယုံကြည်သွားခါမှ သူတို့လိုချင်တာရဖို့
မီးခိုးမှိုင်းတိုက်ပြီး ကိုယ့်ကို
ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံကြပါလေရော..

ကိုယ့်မှာတော့ ရန်သူကို
ဟိုး..... အဝေးမှာလိုက်ရှာလို့..
ပုဆိုးခြုံထဲကပျားဖွတ်သမားကို ကိုယ့်အပင်က
သစ်ကိုင်း ထင်နေတဲ့ ပျားလို
အနီးမှာရှိနေတဲ့လူကို မိတ်ဆွေရင်းလို့
ထင်မိနေဆဲ..ယုံကြည်နေဆဲ..

လိုချင်တာ ရသွားတဲ့အချိန်(သို့မဟုတ်)
ကိုယ်လည်း ပျက်စီးနိမ့်ကျသွားတဲ့
အခါကျတော့ သူတို့လို လူမျိုးတွေဟာ
ကိုယ့်ကို ရှိတယ်တောင် မထင်..
လှည့်တောင် မကြည့်..
လမ်းတွေ့ရင်တောင် မမြင်ယောင်ဆောင်
ရှောင်ဖယ်သွားတတ်ကြတဲ့
ပျားဖွတ်သမားလို မိတ်ဆွေအရေခြုံထားတဲ့
လူတချို့ အကြောင်းတွေးမိပြီး
မချိပြုံး ပြုံးမိတယ်။
......................။

ရက်အနည်းငယ်အကြာမှာတော့ လမ်းကြုံတာနဲ့
ပျားရည်ပုလင်းလေးကို သေသေချာချာ
ထုတ်ပိုးပြီး ရန်ကုန်ကိုယူလာခဲ့ပါတယ်
မှာထားတဲ့မိတ်ဆွေကို ပျားရည်ပေးတော့
သူက ကျေးဇူးတင်ကြောင်း
အထပ်ထပ်ပြောရှာတယ်။

''အဖေ့အတွက် ဆေးဖော်ဖို့ လိုနေတာဗျာ..
ကျေးဇူးနော် ကိုစိုးထိုက်ရေ..''

ပျားရည်ပုလင်းလေးကို ဗီရိုထဲ
သိမ်းဆည်းပြီးနောက် အဲဒီမိတ်ဆွေက
ကျွန်တော့်ကိုစကားဆက်ပြောတယ်။

''အဖေ့ကိုပျားရည်နဲ့ဆေးဖော်တာ
မပြောရဲဘူးဗျ..
ပျားရည်ဆိုတာ အသိုက်အမြုံပျက်ပြီးမှ
ရလာတာမို့ မသုံးချင်ဘူးတဲ့လေ..
ဘယ်တတ်နိုင်မလဲဗျာ..
စိတ်တော့မကောင်းဘူးပေါ့.
ပျားတွေခမျာလည်း အဖိုးတန်ပျားရည်ကြောင့်
အသိုက်အမြုံပျက်ရရှာတာ သဘာဝပဲလေ..''

''ဗျာ...''

အမှတ်မထင် ပြောလိုက်တဲ့
မိတ်ဆွေရဲ့ စကားအဆုံးမှာ ကျွန်တော့်စိတ်ထဲ အတွေးတွေ ထပ်ဝင်လာပါလေရော။

အောင်မြင်မှု ဆိုတဲ့ ပျားရည်တွေ၊
ကျော်ကြားမှု ဆိုတဲ့ ပျားရည်တွေ၊
ရာထူးအာဏာဆိုတဲ့ ပျားရည်တွေ၊
ချမ်းသာမှု ဆိုတဲ့ ပျားရည်တွေ..
ဘဝတစ်လျှောက်လုံး
ကိုယ်ကြိုးစား ပမ်းစား တည်ဆောက်ထားတဲ့
သိပ်ချိုမြိန်ပါတဲ့ဆိုတဲ့ အဲဒီအရာတွေက
တစ်ခါတစ်လေမှာလည်း ကိုယ့်ကိုပြန်ပြီး
ဒုက္ခပေးနိုင်ပါလား..။

ကိုယ့်ကိုဖြိုချမယ့် သူတွေကို
လက်ယပ်ခေါ်နေတဲ့ ပျားရည်လို
ဂုဏ်ပကာသနတွေ ဖြစ်နေနိုင်ပါလား..။

အတွေးတွေ များနေစဉ်မှာပဲ
မိတ်ဆွေက ''ပျားရည်ဖိုး ဘယ်လောက်လဲ''
လို့ ကျွန်တော့်ကို မေးတယ်။

''အခကြေးငွေ မပေးပါနဲ့ဗျာ..
ဒီပျားရည်ပုလင်းလေးက
ကျွန်တော့်ကို အတွေးတွေအများကြီး
ပေးခဲ့တယ်..''လို့ သူ့ကိုပြောခဲ့ပါတယ်။

ကိုယ့်အနားကို ပုဆိုးခြုံပြီး ဝင်လာမယ့်
ပျားဖွတ်သမားလို
မိတ်ဆွေတုတွေ အကြောင်းရော..
အောင်မြင်မှု ကျော်ကြားမှု ချမ်းသာမှု
စတဲ့ ကိုယ်တည်ဆောက်ထားတဲ့
အရာတွေဟာလည်း
တစ်ခါတစ်လေမှာ ကိုယ့်ကို ဒုက္ခပေးနိုင်မယ့်
ပျားရည်တွေဖြစ်နိုင်တဲ့ အကြောင်းတွေရော
ဆင်ခြင်တွေးတောရင်း
အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

-ကိုစိုးထိုက်(ဖဒို)hamster seven buzz jelly salt unaware come one execute honey sock want minimum amount deer gun speed wife cloth again era desert awake sauce

30/01/2024

"ပြင်းထန်သော ဆန္ဒရှိသူတစ်ယောက်အဖို့ မိမိ
အလိုရှိအပ်သော အရာသည် စကြဝဠာ၏
ဟိုမှာ ဘက်ကမ်းတွင်ရှိသည်ဆိုငြားအံ့၊
ထိုအရာအား မီးခင်းသည့် လမ်းကို နင်းလျက်
သွားရောက်ယူခြင်းဖြင့်သာလျှင် ရယူနိုင်မည်ဟု
လည်း ဆိုငြားအံ့၊ ထိုသူသည် ဆန္ဒ၏ အဟုန်ဖြင့်
သွားရောက်ယူပေလိမ့်မည်။
ရရှိသောအခါ၌မူ ထိုသူ၏ ခြေဖဝါးကိုပင်
မီးမကူးကြောင်း တွေ့မြင်ရပေလိမ့်မည်။ဤကာ
ပြင်းထန်သော ဆန္ဒ၏ သတ္တိပင်ဖြစ်သည်။

#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#ပေါဦးသက်

30/01/2024

လေလို မြန်စွာလှုပ်ရှား...

တောအုပ်ကြီးအလား တည်ငြိမ်...

မီးလျှံလို ဝါးမြိုဖျက်ဆီး......

တောင်ကြီးပမာ ခိုင်စွာရပ်.....

လှုပ်ရှာပြီးဆိုရင် လေလိုမြန်ပါစေ။


#ဆွန်ဇူး

30/01/2024

''မိမိအကြောင်းနှင့် ရန်သူ့အကြောင်းကိုကောင်းစွာသိသောသူသည် စစ်ပွဲတိုင်းတွင် အောင်မြင်ရန်‌ သေချာပေသည်။"

မိမိအကြောင်းကိုသိပြီး ရန်သူ့အကြောင်းကို မသိသောသူသည် စစ်ပွဲကို အောင်နိုင်ရန် အခွင့်ရေးရှိသူဖြစ်သည်။

မိမိအကြောင်းကိုလည်းမသိ ရန်သူအကြောင်းကိုလညိးမသိသောသူသည်ကား စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ရန် သေချာလှပေသည်။

သင့်ရန်သူအကြောင်းကို သိအောင်လုပ်ပါ၊ ကိုယ့်အကြောင်းကိုလည်းသိအောင်လုပ်ပါ၊ ကိုရဲ့အောင်မြင်မှုကို မခြိမ်းခြောက်နိုင်ပါ။

ရေမြေအနေထားကိုသိအောင်လုပ်၊ ရာသီဥတုအခြေနေကို သိအောင်လုပ်ပါ၊ပြီးပြည့်စုံသော အောင်မြင်မှုကို ရပါလိမ့်မယ်။
#ဆွန်ဇူး၏ စီးပွားရေး စီးမံခန့်ခွဲမှု

02/06/2023

***** ဒီခေတ်မိန်းကလေးတွေကို တစ်ခုလောက်မေးချင်လိုက်တာ။ ရာဇဝင်ထဲက ရာမဇာတ်လို မယ်သိတာကို အပျိုစစ်ဖြစ်‌ရှိကြောင်း သက်သေပြခိုင်းတာ မီးငြီးသွားတယ်။ဒီခေတ်တော့ သူတို့သက်သေပြရင် ဓာတ်ဆီလောင်းသလိုဖြစ်ထင်တယ်......🤣🤣🤣🤣🤣....

08/01/2023

အလွန်အမင်း သည်းခံခြင်းသည်
ကိုယ့်ပတ်၀န်းကျင်မှ လူများကို ပျက်စီးစေတတ်သည်...

ဟုတ်တယ်...သည်းခံလွန်းတာဟာ ပတ်၀န်းကျင်က လူတွေကို ပျက်စီးစေတတ်တယ်...

နဂိုက ကောင်းပါတယ်ဆိုတဲ့လူတောင် သည်းခံလွန်းတဲ့သူနဲ့တွေ့တဲ့အခါမှာ အနိုင်ကျင့်ချင်တဲ့စိတ် ပေါ်လာတတ်တယ်...

သည်းခံလွန်းတာကို ကြောက်တတ်တာလို့ အဓိပ္ပါယ် မှားကောက်သွားနိုင်တယ်လေ...ကြောက်တတ်တာလို့ ထင်သွားရင် အနိုင်ကျင့်လိုက်ဖို့...တင်စီးလိုက်ဖို့ ဘယ်သူမှ ၀န်မလေးတော့ဘူး...

ကိုယ့်ပတ်၀န်းကျင်မှာ ရှိတဲ့သူတွေဟာ အရင်တုန်းက လူကောင်းတွေ...သူတပါးကို အနိုင်ကျင့်ရမှာ စော်ကားရမှာကို ရှက်တတ်ကြတဲ့သူတွေ...ဒါပေမဲ့ ကိုယ်က နေရာတကာမှ သည်းခံနေမယ်...ဘာလုပ်လုပ် ငြိမ်ခံနေမယ်ဆိုရင်တော့ ဒီလူကောင်းတွေကို လူဆိုးဖြစ်သွားအောင် ပြုမူလိုက်တာပါဘဲ...

ကျွန်တော့်ရဲ့ အားနည်းချက်က မပြောချင်တာ...ရန်မများချင်တာ...အဖက်မလုပ်ဘဲ နေလိုက်ချင်တာ...အဲ့တာဟာလည်း မကောင်းပါဘူး...ကြောက်နေတာလို့ တံဆိပ်ကပ်ခံရနိုင်တယ်...

ကိုယ်က ခွေးကို လမ်းဖယ်ပေးရတာကို ဂုဏ်ငယ်တယ်လို့ မသတ်မှတ်ပေမဲ့ ခွေးကတော့ ဒီလူ ငါ့ကို ရှိန်နေပါလား...ကြောက်နေတယ်နဲ့ တူပါရဲ့ဆိုပြီး ဖြဲခြောက်ပြတဲ့အနေနဲ့ တစ်ချက်တော့ လှည့်ဟောင်သွားတာကို ခံရနိုင်တယ်...

လောကမှာ လူဆိုး လူကောင်းဆိုတာ မရှိဘူး...ကိုယ့် အပေါ်ကောင်းတဲ့သူ နဲ့့ ကိုယ့်အပေါ် ဆိုးတဲ့သူတွေဘဲ ရှိတယ်...

လူဆိုးဆိုတာ လူတကာအပေါ် ဆိုးနေတဲ့သူ...လူကောင်းဆိုတာ လူတိုင်းအပေါ် ကောင်းတဲ့သူ...ဒီလိုလူတွေ မရှိဘူးမဟုတ်ပါဘူး...ရှိတယ်...ဒါပေမဲ့ နည်းတယ်...

အဓိက များနေတဲ့ ပမာဏက ကိုယ့်အပေါ် ဆိုးတဲ့သူ...ကိုယ့်အပေါ် ကောင်းတဲ့သူတွေဘဲ...

လူတိုင်းဟာ လူတကာ အပေါ်မှာတော့ မကောင်းနေနိုင်ဘူးလေ...လူအတိုင်း အပေါ် ကောင်းနေလည်း ကိုယ့်အပေါ်တော့ ကွက်ပြီး ဆိုးချင် ဆိုးနေနိုင်တယ်...

လူတိုင်းအပေါ် ဆိုးနေလည်း ကိုယ့်အပေါ်တော့ ကွက်ပြီး ကောင်းချင် ကောင်းနေနိုင်တယ်လေ...

ဒါကြောင့် ကိုယ့် ပတ်၀န်းကျင်က လူတွေကို လူဆိုးလူမိုက်တွေ ဖြစ်သွားအောင် မလုပ်ပါနဲ့...စိတ်ဓာတ်တွေ ပျက်စီးကုန်အောင် မလုပ်ပါနဲ့...

ပြောစရာရှိတာ ပြော...အော်စရာရှိတာ အော်...ဒေါသထွက်စရာရှိတာ ထွက်...

အရမ်း သည်းမခံပါနဲ့...အရမ်း သည်းခံလွန်းရင် ကိုယ့်ကြောင့် ကိုယ့်ပတ်၀န်းကျင်က လူတွေက လူဆိုးတွေဖြစ်သွားကြလိမ့်မယ်...

08/01/2023

အမျိုးသမီးတွေ အမျိုးသားတွေကို စိတ်ကုန်သွားရတဲ့အကြောင်းရင်းများ သို့မဟုတ် အမိျုးသားများ၏အားနည်းချက်

အမျိုးသမီးတွေဟာ အချစ်ရေးမှာအမျိုးသားတွေထပ် ပိုစိတ်နှစ်ကြလေ့ရှိပါတယ်။ ကိုယ်ချစ်သလောက် ပြန်ချစ်ဖို့ကို လဲမျှော်လင့်တတ်ကြပါတယ်။ မျှော်လင့်တာနဲ့ ရလဒ် တခြားစီဖြစ်လာတဲ့အခါမှာတော့ နှစ်ယောက်လုံးအတွက် မလိုလားအပ်တဲ့ ပြသနာတွေနဲ့ အချစ်ရေးဟာလဲ နိဂုံးချုပ်ရပါတော့တယ်။ အမျိုးသမီးဖက်ကစတင် လမ်းခွဲလှည့်စားစေတဲ့ အကြောင်းအရာတွေကတော့

၁. ဂရုစိုက်မခံရတော့တာ

အမျိုးသမီးတွေဟာ နေလာရာမျက်နှာမူတဲ့နေကြာပန်းပါလိုပါပဲ သူတို့ကိုပေးမယ့် ဂရုစိုက်မှုတွေ ကြင်နာယုယမှု တွေကို နေကြာပန်းလို မျှော်တလင့်လင့်နဲ့စောင့်စားနေမှာပါ။ ဘယ်လောက်ပဲပစ်ထားထား သည်းခံမျှော်လင့် နေတတ်သူတွေလဲရှိပါတယ် ဒါပေမယ့် အတိုင်းအတာတစ်ခုကိုကျော်လွန်လာတဲ့အခါ သူမလက်လျှော့ပြီး သူမကိုနေရောင်ခြည်ပမာ ဂရုစိုက်ကြင်နာမှုပေးနိုင်သူကိုရွေးချယ်သွားမှာပါ။

၂. ကလဲ့စားချေချင်လို့

ကိုယ်မျက်စိမှိတ်ယုံကြည်ထားတဲ့ချစ်သူက နောက်ကျောကိုဓါးနဲ့ထိုးပြီးသစ္စာဖောက်ခံရတဲ့အချိန်မှာ သူမရရှိ လိုက်ရတာတွေကတော့ ရှက်ရွံခြင်း၊ မုန်းတီးခြင်း ၊ ဒေါသ၊ စိတ်ဒဏ်ရာ ၊ နာကြဉ်းမှု တွေပါပဲ။ သူမရဲ့ မာနနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ကိုလဲ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုတွေနဲ့အတူ ကျန်းမာရေးချို့ယွင်းချက် တွေပါလာပြီးနောက်ပိုင်းမှာ သင့်ကိုပြန်လက်ခံပြီး ကလဲ့စားချေ ဖောက်ပြန်ခြင်းဟာ သူမအတွက် ထွက်ပေါက်တစ်ခုဖြစ်လာပါလိမ့်မယ်။

၃. စိတ်ပျက်ဖွယ်ရာအိပ်ယာ၀င်ချိန်

သူမအတွက်စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုမပါတဲ့ အိပ်ယာ၀င်ချိန်တွေဟာ ပြစ်ဒဏ်ကျခံရတဲ့အကျဉ်းသားအဖြစ် နဲ့ မျခားနားပါဘူး။ ဒါကြောင့် သူမ လွတ်မြောက်ဖို့ကြိုးစားမှာပါ။

၄. ေ၀ဖန်ခံရလွန်းခြင်း

ချစ်ရင်အပြစ်မမြင်တတ်ကြပါဘူး။ ဒါပေမယ့် သင်ကသူမကိုရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း စိတ်ပိုင်း ဆိုင်ရာအရသော်လည်းကောင်း ေ၀ဖန်အကြံပေးတဲ့အဆင့်ကိုလွန်ပြီး နစ္နစ္နာနာ ထိုးနှုက်တဲ့အဆင့်ကို ရောက်လာပြီဆိုရင်တော့ သူမဟာသင်နဲ့မထိုက်တန်တော့ပါဘူး ။ သူမကို ချီးမွမ်းအားပေးတတ်သူလက်ထဲမှာ ပျော်ရွှင်တင့်တယ်ခွင့်ပေးလိုက်ပါ။

၅. ဘ၀အာမခံချက်မရှိသူ

ကိုယ့်ဘ၀ကိုယ်အာမခံချက်ရှိပြီလားအရင်မေးပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သူ၊ ရည်မှန်းချက်မရှိသူ ၊ ကြိုးစားချင်စိတ်မရှိသူ ၊ ပေတေလေလွင့်နေသူကိုတော့ သူမကျောခိုင်းသွားမှာပါ။ သူမတတ်နိုင်သလောက်တွန်းအားပေးပါလိမ့်မယ် ငွေမက်တဲ့မိန်းမလို့ မပြောမိပါစေနဲ့။ သူမမက္တာ ငွေ မဟုတ်ပါဘူး သာယာအေးချမ်းတဲ့ မိသားစုလေးကိုမက်တာပါ။

၆. တန်ဖိုးမဲ့လာခြင်း

သူမဟာ သူမမိသားစုရဲ့ဆည်းလည်းလေးပါ။သူငယ်ချင်းတွေအတွက်လည်း ဘော်ဒါကောင်းတစ်ယောက်ပါ။ လုပ်ငန်းခွင်မှာလည်း ၀န်ထမ်းကောင်းတစ်ယောက်ပါ။ သူမကျင်လည်နေတဲ့အသိုင်းအ၀ိုင်းမှာ သူမဟာ ကြယ်တစ်ပွင့်ပါ။ သင့်ဘေးမှာတော့ သူမဟာ ဂရုစိုက်မခံရ ပစ်ပယ်ခံရမှုများစွာနဲ့ စွန့်ပစ်ခံရမှာစိုးရိိမ်နေတဲ့ သနားစရာမိန်းကလေးတစ်ယောက်ပါ။ သင့်နားမှာရှိနေချိန်တွေဟာ သူမအဖို့သိမ်ငယ်စရာအကောင်းဆုံး တန်ဖိုးမရှိဆုံး အချိန်တွေဖြစ်လာပြီဆိုရင်တော့ သူမနဲ့ထိုက်တန်တဲ့နေရာတစ်ခုကို ရှာဖွေပါလိမ့်မယ်။

၇. အသိမှတ်ပြုမခံရခြင်း

သူမလုပ်ပေးထားတဲ့အရာတွေအတွက် မချီးမွမ်းရင်နေပါ။ အသိမှတ်ပြုစကားတစ်ခွန်းတော့ပြောပေးဖို့လိုပါတယ် ။ သင်နဲ့တွေ့ဖို့ လှလှပပပြင်ဆင်လာတဲ့သူမကို လှနေကြောင်းပြောပါ။ သူမပြင်ပေးတဲ့ ထမင်းပွဲအတွက် ကျေးဇူးတင်ပါ။ သူမရဲ့စေတနာကို အသိမှတ်ပြုပါ။ အသေးအဖွဲလေးတွေအစ လျစ်လျူရှုခံရပါများလာရင် သူမအတွက်သင်ကလဲ အရေးပါတဲ့လူဖြစ်တော့မှာမဟုတ်ပါဘူး။

၈. ငြီးငွေ့ခံရခြင်း

အရင်တုန်းကသူမနဲ့တွေ့ဖို့ဆို သင် ခေါင်းလိမ်းဆီလိမ်း ရေမွှေးဆွတ် ကျော့နေအောင်ပြင်ပြီး သွားတွေ့တယ်မလား ။ အခုတော့သင့်စိတ်ထဲမှာဒါတွေမလိုတော့ဘူးလို့ တွေးနေပြီ။ သူမမျက်လုံး ထဲကြည့်ကောင်းအောင် သဘောကျအောင်အထူးတလည်မပြင်ဆင်တော့ဘူး။ အရင်ကဖုန်းပြောတိုင်း နှုတ်ဆက်စကားပြောပေမယ့် အခုဆိုစကားမဆုံးသေးဘူး ဖုန်းချမိနေပြီ။ အရင်ကနှစ်ပတ်လည်တွေမှာ အမှတ်တရလေးတွေဖန်တီးပေးဖြစ်ပေမဲ့ အခုတော့ မေ့နေပြီ။ ဒါတြဟာ သင် ငြီးငွေ့နေလို့ပါ။ သူမ သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ သင်ဂရုမစိုက်တော့လို့ပါ။ ဘယ်မိန်းကလေးမှ ကိုယ့်ကိုငြီးငွေ့နေတဲ့သူကို ဆွဲမထားချင်ကြပါဘူး။ သူမကိုအသစ်အဆန်းတစ်ခုအနေနဲ့ စိတ်၀င်စားသူ တစ်ယောက်ရှိလာရင် သင့်ကိုနှုတ်ဆက်သွားမှာပါ။

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay