SYL Medical Home Service

SYL Medical Home Service

Share

ရွှေရလင်း အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု 09 945 245 666

01/05/2025

📣 ရာသီတုပ်ကွေး ကာကွယ်ပေး
Influvac Tetra ထိုးနှံရေး 📣

WHO အသိအမှတ်ပြုကာကွယ်ဆေးဖြစ်ပြီး
မိုးရာသီမှာအဖြစ်များတဲ့ တုပ်ကွေးရောဂါ ၄မျိုးကို
ကာကွယ်ပေးနိုင်ပါတယ်။
💉 ရာသီတုပ်ကွေးကာကွယ်ဆေးကို အသက် ၆ လ အထက်မှ စတင်ပြီး ထိုးနိုင်ပါတယ်။
💉 အသက် ၆ လ မှ ၉ နှစ်အထိ ကလေးများ ပထမဆုံးအကြိမ်ထိုးမယ်ဆိုရင် ပထမအကြိမ်ထိုးပြီး (၁ လ) အကြာမှာနောက်တစ်ကြိမ် ထပ်မံထိုးဖို့ လိုအပ်ပါတယ်။
💉 အရင်က ထိုးခဲ့ဖူးရင် တစ်ကြိမ်ပြန်ထိုးပေးရပါမယ်။
💉 အသက် ၉ နှစ်အထက် ဖြစ်ရင်တော့ တစ်ကြိမ်ပဲ ထိုးဖို့ လိုပါတယ်။

💢 အထူးသဖြင့်......
✔️သက်ကြီးရွယ်အိုများ
✔️ဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်ရောဂါ ၊အဆုတ်ရောဂါနှင့် အခြားနာတာရှည်ရောဂါရှိသူများ
✔️ခုခံအားကျဆင်းသည့် ရောဂါရှိသူများ
✔️ရောဂါကြောင့် ကိုယ်ခံအားကျဆင်းသည့်ဆေးသောက်နေရသူများ
✔️အဝလွန်သူများ
✔️ကိုယ်ဝန်ဆောင်သည်များ
✔️ကလေးငယ်များ
✔️ကျန်းမာရေးဝန်ထမ်းများ
✔️လူအများနှင့်ထိတွေ့ဆက်ဆံရသည့်လုပ်ငန်းခွင်ဝန်ထမ်းများ
ကာကွယ်ဆေးထိုးဖို့ အဓိကလိုအပ်ပါတယ်။

📌 ဆေးထိုးပြီး နှစ်ပတ်လောက်ကြာမှ ဆေးအာနိသင်ပြတာမို့ တုပ်​ကွေးအဖြစ်များဖြစ်တဲ့မိုးရာသီမတိုင်မီ ​ကြိုတင်ထိုး​ထားသင့်ပါပြီနော် 📌

💞 ဆေးခန်းသို့လာ​ရောက်ထိုးနှံနိုင်သလို အိမ်အ​ရောက်ဝန်​ဆောင်မှုလည်းရှိပါတယ်ရှင့်။
မိသားစုလိုက် ထိုးနှံခြင်း၊ စက်ရုံ အလုပ်ရုံများအတွက် စုပေါင်း ထိုးနှံခြင်းများအတွက် အထူးဈေးနှုန်းများဖြင့် ဝန်ဆောင်မှု ရှိပါမယ်ရှင်

𝑺𝒀𝑳 𝑴𝒆𝒅𝒊𝒄𝒂𝒍 𝑯𝒐𝒎𝒆 𝑺𝒆𝒓𝒗𝒊𝒄𝒆
အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု
09 - 799203437

https://www.facebook.com/share/v/1AXTcQe2CP/?mibextid=wwXIfr


Tetra

12/04/2024

မောင်ငယ် ညီမငယ်တို့အတွက်
သင်္ကြန်လက်ဆောင် 💊🌺

မေတ္တာဖြင့်/
Dr.သီတာ SYL 🙏🏽

12/04/2024

မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အခါသမယမှာ
မိဘပြည်သူအပေါင်း
ဘေးရန်ကင်းကွာ
စိတ်ချမ်းသာ
ပျော်ရွှင်ကြပါစေကြောင်း
SYL မိသားစုမှ
ဆုမွန်ကောင်းတောင်းရင်း
သင်္ကြန်တွင်းရက်များတွင်လဲ
နားရက်မရှိ
ဆေးခန်းလေးရော
Pageလေးရော ဖွင့်လှစ် ကုသပေးပါမည့်အကြောင်း
သတင်းစကား ပါးလိုက်ပါရစေရှင့်
မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ကြပါစေရှင်🙏🙏🙏

04/04/2024

🥵🥵🥵🥵

26/03/2024

ဂရုစိုက်ကြပါ 🙏🏽

ဧပြီလတွင် အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်အထက်သို့ ရောက်လာနိုင်ဟုဆို

26 Mar 2024 By MPA CJ 005

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ဒေသအချို့တွင် ဧပြီလအထိ နေ့အပူချိန်များ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသပညာရှင်များထံက သိရသည်။

လတ်တလောနေ့အပူချိန်များသည် ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင်ရှိနေပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသများနှင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် အပူချိန်ပိုမိုခံစားရနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။

“၄၀ အထက်ပူပြင်းမှုက ဧပြီလနဲ့ မေလထဲအထိပေါ့။ အကယ်၍ ဘင်္ဂလားပင်လယ်အော်မှာ ထူးခြားတဲ့ မိုးလေဝသအခြေအနေတစ်ခုခု - မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်း ဖြစ်မလာဘဲ အခုလက်ရှိရာသီဥတုအခြေအနေကို ပြောင်းလဲမပစ်နိုင်ရင် ဆက်ပြီးပူနေပါဦးမယ်”ဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောသည်။

နေ့အပူချိန်ပိုမိုမြင့်တက်လာခြင်းကြောင့် မြေအောက်ရေဆုတ်ခွာလာပြီး မြေဆီလွှာစိုထိုင်းဆပိုမိုလျော့ကျလာပြီး မြစ်ကြီးများ၏ ရေအမှတ်သည်လည်း အနိမ့်ဆုံးရေအမှတ်ထိ ကျဆင်းသွားနိုင်ကာ သောက်သုံးရေရှားပါးမှု ပြဿနာများနှင့် ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း ဦးဝင်းနိုင်က ထပ်မံသတိပေးထားသည်။

“သောက်သုံးရေအတွက်ရော၊ စိုက်ပျိုးရေအတွက်ပါ ရေကိုချွေတာစုဆောင်းသုံးစွဲကြဖို့လိုပါမယ်။ အပူဒဏ်က ကာကွယ်နိုင်အောင်၊ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားတာတွေက ကာကွယ်နိုင်အောင် ကျန်းမာရေး ပညာပေးတာတွေအတိုင်း လိုက်နာဆောင်ရွက်နေထိုင်ကြဖို့လိုမယ်”ဟု ဦးဝင်းနိုင်ကဆိုသည်။

အပူချိန်မြင့်တက်သည့်ဒဏ်ကို ကလေးငယ်များသာမက သက်ကြီးရွယ်အိုများက ပိုမိုခံစားရနိုင်ပြီး မြင့်တက်လာသည့်အပူဒဏ်ကြောင့် အသက်ဆုံးရှုံးနိုင်သည်အထိ ကြုံတွေ့ရနိုင်သဖြင့် သင့်တော်သည့် နေထိုင်သွားလာမှုမျိုးသာလုပ်ဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကလည်း သတိပေးထားသည်။

“အခုဆို မူးလဲလို့ မေ့လဲလို့ဆိုပြီး ဆေးခန်းလာပြတဲ့သူတွေများတယ်။ ကြည့်လိုက်ရင် နေ့လည်ပိုင်းတွေချည်းပဲ၊ သွားတာလာတာ အကာအကွယ်တွေယူသွားပြီးမှ နေပူထဲထွက်ပါ၊ ချွေးထွက်များလာနိုင်လို့ ရေများများသောက်ပေးပါ၊ ဓာတ်ဆားရည်လည်း ဆောင်ထားသင့်ပါတယ်” ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက အကြံပြုသည်။

ကမ္ဘာကြီးပူနွေးလာခြင်း(Global Warming)နှင့် ရာသီဥတုပြောင်းလဲခြင်း(Climate Changes) ဖြစ်စဉ်များသည် ပြီးခဲ့သည့်ဆယ်စုနှစ်များကတည်းက စတင်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် ဆိုးရွားသည့် ရာသီဥတုဒဏ်ကို ဆက်လက်ရင်ဆိုင်နေရဦးမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3gLs9
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

ဓာတ်ပုံ - လူမှုကွန်ရက် (ပုံစာ - မတ်လ ၂၇ ရက်တွင်ဖြစ်ပေါ်လာနိုင်သည့် နေ့အပူချိန်အားပြသထားပုံ)

စာတည်း - ကိုလင်း
#မြန်မာနိုင်ငံ #မိုးလေဝသ

16/03/2024

မြန်မာအမျိုးသမီးအများစု 🌺 သားဆက်ခြားခြင်းမှာ
အသုံးပြုနေကြတဲ့ 💉သုံးလခံထိုးဆေးရဲ့
သတိမထားမိကြတဲ့ ဘေးထွက်ဆိုးကျိုး🚫တွေက
ဘာတွေများဖြစ်မလဲဆိုတာ 👩‍⚕️
ဒီဗီဒီယိုလေးနဲ့အတူ ဆွေးနွေးကြည့်ကြရအောင် 👩‍⚕️

ဒီ Video ထဲမှပါဝင်တဲ့အကြောင်းအရာလေးတွေက မိမိအတွက်အကျိုးရှိတယ် သူတပါးအတွက်လည်းအကျိုးဖြစ်မယ်လို့သုံးသပ်မိရင် ဒီဗီဒီယိုလေးကိုပြန်လည်းမျှဝေကြစို့လား 😇

ချစ်ခင်လျှက်
Dr.ThiDar (SYL) Thidar Nay Win

#သားဆက်ခြားခြင်း #၃လခံဆေး #သန္ဓေတားခြင်း

10/03/2024

📣 ရာသီတုပ်ကွေး ကာကွယ်ပေး
𝑽𝒂𝒙𝒊𝒈𝒓𝒊𝒑 𝑻𝒆𝒕𝒓𝒂 ထိုးနှံရေး 📣

WHO အသိအမှတ်ပြုကာကွယ်ဆေးဖြစ်ပြီး
မိုးရာသီမှာအဖြစ်များတဲ့ တုပ်ကွေးရောဂါ ၄မျိုး
𝐀/𝐇𝟏𝐍𝟏
𝐁/𝐇𝟑𝐍𝟐
𝐁/𝐀𝐮𝐬𝐭𝐫𝐢𝐚
𝐁/𝐏𝐡𝐮𝐤𝐞𝐭 တို့ကို ကာကွယ်ပေးနိုင်ပါတယ်။
💉 ရာသီတုပ်ကွေးကာကွယ်ဆေးကို အသက် ၆ လ အထက်မှ စတင်ပြီး ထိုးနိုင်ပါတယ်။
💉 အသက် ၆ လ မှ ၉ နှစ်အထိ ကလေးများ ပထမဆုံးအကြိမ်ထိုးမယ်ဆိုရင် ပထမအကြိမ်ထိုးပြီး (၁ လ) အကြာမှာနောက်တစ်ကြိမ် ထပ်မံထိုးဖို့ လိုအပ်ပါတယ်။
💉 အရင်က ထိုးခဲ့ဖူးရင် တစ်ကြိမ်ပြန်ထိုးပေးရပါမယ်။
💉 အသက် ၉ နှစ်အထက် ဖြစ်ရင်တော့ တစ်ကြိမ်ပဲ ထိုးဖို့ လိုပါတယ်။

💢 အထူးသဖြင့်......
✔️သက်ကြီးရွယ်အိုများ
✔️ဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်ရောဂါ ၊အဆုတ်ရောဂါနှင့် အခြားနာတာရှည်ရောဂါရှိသူများ
✔️ခုခံအားကျဆင်းသည့် ရောဂါရှိသူများ
✔️ရောဂါကြောင့် ကိုယ်ခံအားကျဆင်းသည့်ဆေးသောက်နေရသူများ
✔️အဝလွန်သူများ
✔️ကိုယ်ဝန်ဆောင်သည်များ
✔️ကလေးငယ်များ
✔️ကျန်းမာရေးဝန်ထမ်းများ
✔️လူအများနှင့်ထိတွေ့ဆက်ဆံရသည့်လုပ်ငန်းခွင်ဝန်ထမ်းများ
ကာကွယ်ဆေးထိုးဖို့ အဓိကလိုအပ်ပါတယ်။

📌 ဆေးထိုးပြီး နှစ်ပတ်လောက်ကြာမှ ဆေးအာနိသင်ပြတာမို့ တုပ်​ကွေးအဖြစ်များဖြစ်တဲ့မိုးရာသီမတိုင်မီ ​ကြိုတင်ထိုး​ထားသင့်ပါပြီနော် 📌

💞 ဆေးခန်းသို့လာ​ရောက်ထိုးနှံနိုင်သလို အိမ်အ​ရောက်ဝန်​ဆောင်မှုလည်းရှိပါတယ်ရှင့်။
မိသားစုလိုက် ထိုးနှံခြင်း၊ စက်ရုံ အလုပ်ရုံများအတွက် စုပေါင်း ထိုးနှံခြင်းများအတွက် အထူးဈေးနှုန်းများဖြင့် ဝန်ဆောင်မှု ရှိပါမယ်ရှင်

𝑺𝒀𝑳 𝑴𝒆𝒅𝒊𝒄𝒂𝒍 𝑯𝒐𝒎𝒆 𝑺𝒆𝒓𝒗𝒊𝒄𝒆
အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု
09 - 945245666

08/03/2024

လိုအပ်သူများအတွက်ပါ

04/03/2024

SYL Medical Home Service မှ

အိမ်တိုင်ယာရောက်
ကျန်းမာရေးဝန်ဆောင်မှုများအဖြစ်

- အထွေထွေဆေးကုသမှုများ
- အခြေခံကျန်ူမာရေးအတွက် ဆီး၊ ဝမ်း၊ သွေး စစ်ဆေးခြင်းများ
- မိသားစု နှင့် ဝန်ထမ်းများ အစုဖွဲ့လိုက် ကာကွယ်ဆေးအမျိုးမျိုးထိုးနှံခြင်း
- အထူးကုဆေးရုံများ၊ အထူးကုဆရာဝန်ကြီးများနှင့်ပြသရန်
တိုင်ပင်ဆွေးနွေးပေးခြင်း
- အခြားကျန်းမာရေးဆိုင်ရာ အချက်လက်များကို တိုင်ပင်ဆွေးနွေးခြင်း
- မိမိရှိနေသောရောဂါ၏ ဆေးစစ်ချက်အဖြေများ၊
သောက်လက်စဆေးများနှင့်ပက်သက်၍ တိုက်ပင်ဆွေးနွေးခြင်းများကို
မန်းတလေးမြို့ဧရိယာအတွင်း မနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ
အိမ်တိုင်ယာရောက် ကျန်းမာရေးဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေပါပြီ....

‘SYL Medical Home Service’ facebook မက်ဆေဂျာမှဖြစ်စေ
ဖုန်း 09 945 245 666
သို့ဖြစ်စေ အသေးစိတ်ဆက်သွယ်နိုင်ပါသည်။

ကျန်းမာကြပါစေ 🙏🏽
ဒေါက်တာသီတာ
(SYL Medical Home Service MDY) ❤️🏥👩🏽‍⚕️

01/01/2024

အသက်အရွယ်ကြီးသူများ
နာတာရှည် ကျန်းမာရေးချို့တဲ့သူများ
အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာထဲမှ မထနိုင်သော
လူမမာများအတွက်
အိမ်တိုင်ယာရောက် ကျန်းမာရေး ဝန်ဆောင်မှူများရယူနိုင်ပါတယ်ရှင့်
Contact no. 09 945245666
09799203437
0943047665

01/01/2024

စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနဲ့
ပြည့်စုံကြတဲ့
မင်္ဂလာ နှစ်သစ် ဖြစ်ပါစေကြောင်း
ကျမတို့ရဲ့ SYL page လေးမှ
ဆုမွန်ကောင်း တောင်းအပ်ပါတ
်ရှင်🙏🙏🙏

18/10/2023
Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Address


Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00