IBGS - iPhone Back Glass Service
အာမခံ ၁နှစ်ပါတဲ့ အိုင်ဖုန်း နောက်မှန် သီးသန့် ဝန်ဆောင်မှု။
24/08/2024
🔥အထူး အစီအစဉ်များနဲ့ အိုင်ဖုန်းနောက်မှန် လဲကြမယ်🔥
....
မိတ်ဆွေရဲ့ အိုင်ဖုန်းလေး နောက်မှန်လဲ ကွဲသွားလို့ စိတ်သောက ရောက်မနေပါနဲ့ 🥹
ကွဲနေတဲ့ နောက်မှန်ကို အရင်လို လှလှပပလေး ပြန်ဖြစ်သွားအောင် အိုင် ဘီ ဂျီ အက်စ် ( IBGS ) ရဲ့ Package လေးတွေနဲ့ နောက်မှန်လဲလိုက်ပါ။ ✅
ရွေးချယ်စရာ Service Package ( 3 ) မျိုး အထိ ရှိတာဖြစ်လို့ မိတ်ဆွေ ကြိုက်နှစ်သက်ရာ Package လေးကို ရွေးချယ် ပြုပြင်နိုင်ပါတယ်။ ✅
....
💴 Money Saving Package 💰
စျေးကြီးပေးပြီးမှ ရနိုင်မယ့် ဝန်ဆောင်မှု တွေကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရနိုင်မယ်ဆို စိတ်ဝင်စားတယ် မလား?
မိတ်ဆွေအနေနဲ့ ပြုပြင်ချိန်ကို ပုံမှန်ထက် အနည်းငယ် ပိုပေးရုံနဲ့ပဲ ဒီအခွင့်အရေးလေးကို အရယူနိင်ပါပြီ။
ပိုလျှံလာတဲ့ ကုန်ကျစရိတ်လေးက ဟော့ပေါ့ တစ်ပွဲဆွဲဖို့ ကောင်းကောင်း လုံလောက်ပါတယ်နော်။
အာမခံ ကာလကလည်း ( ၃ လ ) ရဦးမှာ ဖြစ်ပြီး
အာမခံ ကာလအတွင်း နောက်မှန်ပြန်ဟတာ၊ လက်ရာ မသပ်ရပ်တာ၊ လက်ရာ စိတ်တိုင်းမကျတာ မျိုးတွေအတွက် နောက်မှန်အသစ်တစ်ချပ် ထပ်လဲလို့ရနိုင်မှာပဲ ဖြစ်ပါတယ်။
ဝန်ဆောင်ခ သက်သာသွားပေမယ့် အသုံးပြုပေးထားတဲ့ ပစ္စည်း အရည်အသွေး၊ ဝန်ဆောင်မှု နဲ့ ရလဒ် စတာတွေကိုတော့ လုံးဝ လျော့ချထားခြင်း မရှိပါခင်ဗျ။
ကြာချိန်ကတော့ ( ၁၆ ) နာရီ ဖြစ်ပါတယ်။
လုံလောက်တဲ့ ပြုပြင်ချိန်ကြောင့် မိတ်ဆွေရဲ့ ဖုန်းလေးကို အကောင်းဆုံး ပြုပြင်ပေးနိုင်မှာ ဖြစ်ပီး၊ အချိန် လောလော နဲ့ ပြုပြင်ရတာကြောင့် ဖုန်းကို ထိခိုက်မိတဲ့ အဖြစ်မျိုးတွေ ကလည်း ရှောင်ရှားနိုင်ဦးမှာ ဖြစ်ပါတယ်။
....
🎉 Quick Classical Package 🎁
ဒီ Package လေးက အလုပ်အရမ်းများတဲ့ Business Man နဲ့ Business Girls လေးတွေ အတွက်ပါ။
နေ့ချင်းပြီး ရနိုင်တဲ့ ဝန်ဆောင်မှုလေး ဖြစ်ပြီး
ကြာချိန်ကတော့ ( ၆-၈ ) နာရီပဲ ဖြစ်ပါတယ်။
တစ်ခြား Service ဆိုင်တွေနဲ့ ယှဉ်ရင် အချိန် ပိုယူထားတယ် ထင်ရပေမယ့် ပြည့်စုံကောင်းမွန်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ဖို့ ပြုပြင်ချိန်ကို ဒီထက်ထပ်ပြီး လျော့ချလို့ မရလို့ပါ ခင်ဗျ။
အာမခံ ကာလ ( ၆ ) လ ရနိုင်မှာ ဖြစ်ပြီး အာမခံ ကာလအတွင်း နောက်မှန်ပြန်ဟတာ၊ လက်ရာ မသပ်ရပ်တာ၊ လက်ရာ စိတ်တိုင်းမကျတာမျိုးတွေအတွက် နောက်မှန်အသစ်တစ်ချပ် ထပ်လဲလို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။
....
🏆 Special Protection Package 🏆
ကိုယ့်ဘာသာ ဖုန်းကို လွတ်ကျပြီး နောက်မှန်ကွဲတာကို အိုင် ဘီ ဂျီ အက်စ် မှာ အခမဲ့ လာလဲလို့ ရနိုင်တယ်ဆို ယုံကြမှာလား?
ဟုတ်ပါတယ်။
နောက်မှန်ကွဲရင် အခမဲ့ ထပ်လဲလို့ရနိုင်တဲ့
အိုင် ဘီ ဂျီ အက်စ် ရဲ့ Special Protection Package လေး ရှိပါတယ်။
ဒီ Package လေးမှာတော့ နောက်မှန်လဲလှယ်ခြင်းတွေ အတွက် အထူး အာမခံ ကာလ ( ၁ နှစ် ) တိတိ ပေးထားပြီး၊ အကြောင်း အမျိုးမျိုးကြောင့် နောက်မှန် ထပ်ကွဲခဲ့ရင် ( ပစ္စည်းဖိုး + လက်ခ ) လုံးဝ အခမဲ့ နဲ့ နောက်ထပ်တစ်ကြိမ် နောက်မှန် ထပ်လဲလို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။
ထူးခြားတာက မိတ်ဆွေကိုယ်တိုင် ဖုန်းကို လွတ်ကျပြီး နောက်မှန်ကွဲနေရင်တောင် အခမဲ့ လဲပေးတာပဲ ဖြစ်ပါတယ်။
ဖုန်းကို ခနခန လွတ်ကျတတ်ပြီး နောက်မှန် ကွဲတတ်တဲ့ သူတွေ အတွက်တော့ ဒီ Package လေးကို ရွေးပါနော်။
ဝန်ဆောင်မှု ကြာချိန် ကတော့ ( ၁၂ ) နာရီ ဖြစ်ပါတယ်။
....
Overall အာမခံချက် အနေနဲ့
ရွေးစရာ ဝန်ဆောင်မှု Package ၃ ခု စလုံးအတွက် အရည်အသွေး၊ လက်ရာ၊ ရလဒ် စတာတွေကို စိတ်တိုင်းမကျပါက ငွေအပြည့် ပြန်အမ်းပေးမယ့် အာမခံချက်လေးလဲ ထားရှိပေးထား ပါတယ်ခင်ဗျ။
....
🥇 IBGS အကြောင်း မသိသေးသူများ အတွက် 🏆
အိုင် ဘီ ဂျီ အက်စ် ဟာ အိုင်ဖားသား - အိုင်ဖုန်း အိုင်ပတ် ပြုပြင်ရေး ကနေ ပြုလုပ်ပေးထားတဲ့ နောက်မှန်အတွက် သီးသန့် ဝန်ဆောင်မှု Program တစ်ခု ဖြစ်ပါတယ်။
ဝန်ဆောင်မှု စတင်စဉ် ၂၀၂၁ ခုနှစ် ကတည်းက
အာမခံ တစ်နှစ်နဲ့ ဝန်ဆောင်မှု ပေးခဲ့တာဖြစ်ပြီး နောက်မှန်လဲလှယ်ခြင်းကို အာမခံစနစ် ထည့်ပေါင်း ဝန်ဆောင်မှုပေးခြင်းရဲ့ ရှေ့ပြေးလဲ ဖြစ်ခဲ့ပါတယ်။
အိုင်ဖုန်း နောက်မှန်လဲခြင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံ ၄ နှစ်နီးပါး ရှိနေပြီဖြစ်ပြီး၊ အားလုံးထက် သာလွန်ကောင်းမွန်တဲ့ နောက်မှန်လဲခြင်းဆိုင်ရာ နည်းစနစ်တွေကိုလဲ သိရှိထားပြီး ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ဘယ်မှာမှ တွေ့ရမှာ မဟုတ်တဲ့ အိုင်ဖုန်း နောက်မှန်လဲလှယ်ခြင်းရဲ့ အားနည်းချက်၊ အားသာချက်၊ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာတွေကိုလဲ ဝေမျှပေးလျက် ရှိပါတယ်။
အိုင်ဖုန်း နောက်မှန်လဲလှယ်ခြင်းနဲ့ ပတ်သက်လို့
နောက်ဆံတင်းတင်း၊ စိုးရိမ်မှု ကင်းကင်းနဲ့ တာဝန် အပြည့်အဝ ယူနိုင်တဲ့ Program လေးကို ရှာနေတယ် ဆိုရင်တော့ အိုင် ဘီ ဂျီ အက်စ် Program လေးကို ရွေးချယ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
....
အိုင်_ဘီ_ဂျီ_အက်စ် ( IBGS )
အာမခံ ( ၁ ) နှစ် ပါတဲ့ #အိုင်ဖုန်း #နောက်မှန် ( သီးသန့် ) ဝန်ဆောင်မှု။
....
𝐍𝐨.𝟐𝟑𝟑/𝟐𝟗
𝟑𝟒𝐁_𝐒𝐭 𝐁𝐞𝐭_𝟕𝟔*𝟕𝟕_𝐒𝐭𝐫𝐞𝐞𝐭.
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
09 9455 666 56
....
20/08/2024
အိုင်ဖုန်းတွေ နောက်မှန်လဲတော့ မလို့လား?
....
အိုင်ဖုန်းတွေ နောက်မှန်လဲတဲ့အခါ အမြင်အရ
ကြည့်ကောင်းအောင် လုပ်ဖို့က အရမ်းကို လွယ်ကူပါတယ်။
....
ဒီစာကို ဖတ်နေတဲ့ အချိန်
နောက်မှန်လဲခြင်းနဲ့ ပတ်သက်လို့ မိတ်ဆွေအရင်က ကြားဖူးနေကျ ဖြစ်တဲ့
လက်ရာ သပ်ရပ်မှု၊
အာမခံပေးမှု၊
အရည်အသွေး၊
Original Quality၊
နောက်ဆုံးပေါ် အိုင်ဖုန်း မော်ဒယ်၊
ဘလာ...ဘလာ...ဘလာ စတဲ့ စကားလုံးတွေကို ခဏ မေ့ထားလိုက်ပါ။
....
ဒီစကားလုံးတွေရဲ့ အများစုက နားထောင် ကောင်းရုံ၊ ဖတ်လို့ကောင်းရုံသာ ဖြစ်ပြီး၊
တစ်ကယ့် လက်တွေ့မှာတော့ မိတ်ဆွေ တစ်ခါမှာ မကြားဖူးသေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပါသေးတယ်။
အဲ့ဒီထဲက တစ်ချို့တစ်လေကို ဒီ Post လေးမှာ ရေးပေးထားပါတယ်။
အိုင်ဖုန်းတွေရဲ့ မူလ Original နောက်မှန်က
ကင်မရာကွင်း အကျဉ်း ( Small Hole ) အမျိုးအစား ဖြစ်ပါတယ်။
စျေးကွက်ထဲက Service ဆိုင်အများစု နောက်မှန်လဲဖို့ သုံးနေတဲ့ နောက်မှန်အမျိုးအစားက အလွယ် တပ်လို့ရတဲ့ ကင်မရာကွင်း အကျယ် ( Big Hole ) အမျိုးအစားပါ။
အဲ့ဒီတော့
မိတ်ဆွေအနေနဲ့ နောက်မှန်လဲဖို့ Service ဆိုင်တွေမှာ စုံစမ်းတဲ့ အခါ
အသစ်တပ်ပေးမယ့် နောက်မှန်က Original လား?
ဘယ်လို Quality လဲ?
စတဲ့ မေးခွန်းတွေ မေးနေမယ့်အစား၊
အသစ်သုံးပေးမယ့် နောက်မှန် အမျိုးအစားက
ကင်မရာကွင်း အကျဉ်းလား ( သို့ )
ကင်မရာကွင်း အကျယ်လား လို့သာ မေးလိုက်ပါ။
တစ်ကယ်လို့ ကင်မရာကွင်း အကျယ် အမျိုးအစားဆိုရင်တော့
နောက်မှန်လဲပြီးတဲ့နောက် ဘယ်လိုနည်းနဲ့မှ Original အတိုင်း မဖြစ်နိုင်သလို၊ Original Quality အတိုင်းလဲ ပြန်မရနိုင်ပါ။
တစ်ကယ်လို့ ကင်မရာကွင်း အကျယ် အမျိုးအစားကို Original အတိုင်း ရနိုင်တယ် ( သို့ ) Original နဲ့ Quality တူတယ်လို့ ပြောပြီး လဲပေးမယ် ဆိုရင်တော့ " တစ်ခုခု လွဲနေပြီ " လို့သာ မှတ်ပါလေ။
ကင်မရာကွင်း အကျယ် အမျိုးအစားထဲက Quality အညံ့၊ အလယ်အလတ်၊ အကောင်း ဆိုပြီး ရှိတဲ့အထဲကမှ အရည်အသွေး ကောင်းတဲ့ Quality ကို သုံးပေးတာ မျိုးတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Original ( သို့ ) Original Quality အတိုင်းတော့ လုံးဝ မရနိုင်ပါ။
....
နောက်ထပ်တစ်ခု သိထားရမှာက နောက်မှန်လဲတဲ့ အခါ Original နောက်မှန် အစစ်ကို သုံးပြီး နောက်မှန် လဲခဲ့ရင်တောင် မူလ Original အတိုင်း ပြန်မရနိုင်ပါဘူး။
Original နောက်မှန်ရဲ့ ကင်မရာကွင်းက အကျဉ်း ဖြစ်တဲ့အတွက် အဲ့ဒီနောက်မှန်ကို တပ်ဖို့ ဖုန်းရဲ့ Body Frame က Camera ကွင်းတွေကို မဖြစ်မနေ ဖြတ်ချ ပစ်ရမှာ ဖြစ်ပါတယ်။
ပြီးတော့
နောက်မှန် ကပ်တဲ့အချိန်မှာ သုံးတဲ့ ကော်အမျိုးအစားနဲ့ ကော်ပမာဏတွေ ကွဲပြားသွားမှာ ဖြစ်တဲ့အပြင်
နောက်မှန် လဲပြီးတဲ့နောက် ရေလုံဖို့ကလဲ ၉၀ % မသေချာတော့ပါဘူး။
အသစ်လဲထားတဲ့ နောက်မှန်က ကွဲလွယ်တဲ့အတွက်
သာမန် လွတ်ကျ ဖိမိရုံနဲ့ ကို နောက်မှန် ပြန်ကွဲသွားတာမျိုးတွေလဲ ကြုံရပါလိမ့်မယ်။
အခု ပြောပြပေးနေတာတွေက နောက်မှန်လဲပြီးတဲ့နောက် Original အတိုင်း ပြန်ဖြစ်နိုင်လားဆိုတဲ့ မေးခွန်းအတွက် အမှန်ဆုံး အဖြေတွေပဲ ဖြစ်ပါတယ်။
....
နောက်မှန် လဲပြီးတဲ့နောက် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလဲ ရှိပါသေးတယ်။
နောက်မှန်ကို စက်မဖွင့်ဘဲ လေဆာပစ်ရင်
ကင်မရာတွေ ဝါးသွားတာ၊
ကင်မရာမှာ ခရမ်းရောင် အစက်၊ အပြာရောင် အစက်တွေ ထင်လာတာ၊
ဘက်ထရီတွေ ဖောင်းလာတာ၊
ဖုန်းပြောတဲ့ အခါ အသံကြားတစ်ချက်၊ မကြားတစ်ချက် ဖြစ်တာ၊
နောက်မှန်ခွါရင်း wireless charging အတွက် သုံးထားတဲ့ သံလိုက်ပြားတွေ ပြုတ်ထွက်သွားတာ
စတဲ့ ပြဿနာမျိုးတွေလဲ ဖြစ်တတ်ပါသေးတယ်။
တစ်ခါတစ်လေ ဒီလို Error တွေက ချက်ချင်းဖြစ်တာမျိုး မဟုတ်ဘဲ အချိန်ကာလ တစ်ခုကြာမှသာ ဖြစ်တတ်တဲ့ အတွက်ကြောင့်
Error ဖြစ်လာချိန်မှာ ဘာ့ကြောင့်ဖြစ်မှန်းမသိ၊ ဘယ်သူ့ကို တာဝန်ယူခိုင်းရမှန်းမသိ ဖြစ်တတ်ပါတယ်။
ပြီးတော့
နောက်မှန်ခွါရင်း ဖုန်းအတွင်းထဲ ကြိုးပြားတွေကို ထိမိထားတာမျိုးတွေရှိရင်လဲ မိတ်ဆွေအနေနဲ့ အလွယ် သိလို့ ရနိုင်မှာ မဟုတ်ပါဘူး။
....
ကျန်နေသေးတဲ့
နောက်မှန်ကို ဘယ်လို ခွါရင် ဘယ် Error တွေ ဖြစ်မယ်၊
ဘယ်လို အခြေအနေမှာ အလွယ်တစ်ကူ ပြန်ကွဲမယ်၊
လဲထားမှန်း မသိသာအောင် ဘယ်လိုတွေလုပ်လို့ရတယ်၊
ဘယ်နေရာကို ကြည့်လိုက်တာနဲ့ နောက်မှန်လဲထားမှန်း တန်းသိလို့ ရနိုင်တယ်၊
ကင်မရာကွင်း အကျဉ်း အမျိုးအစား နဲ့ နောက်မှန်လဲထားရင် ဘယ်လို သိလို့ရမယ်၊
နောက်မှန်လဲပြီးတဲ့နောက် ရေ အလွယ်တကူ မဝင်အောင် ဘယ်လို လုပ်ရမယ်၊
နောက်မှန် လဲပြီးတဲ့နောက် ဘယ်အပိုင်းတွေကို ဘယ်လို စစ်ပြီးယူရမယ်
စတဲ့ မိတ်ဆွေတို့ သိသင့်တဲ့ အချက်လေးတွေကိုတော့ နောက်ထပ် Post တွေမှာ ထပ်ပြီး ပြောပြပေးသွားပါမယ်။....
တစ်ကယ်လို့
မိတ်ဆွေအနေနဲ့ အိုင်ဖုန်း နောက်မှန်လဲချင်တာပဲ ဖြစ်ဖြစ်၊
နောက်မှန်မလဲခင် သိချင်တဲ့ အကြောင်းအရာ လေးတွေ ရှိရင်ပဲ ဖြစ်ဖြစ်၊
ဒီ post ရဲ့ Comment Box မှာ ဖြစ်ဖြစ် ( သို့ ) Page ရဲ့ Chat Box မှာ ဖြစ်ဖြစ် မေးထားခဲ့လို့ ရပါတယ်။
....
#အိုင်ဖုန်း #နောက်မှန် #လဲလှယ်ခြင်း
....
အိုင်_ဘီ_ဂျီ_အက်စ် ( IBGS )
အာမခံ ( ၁ ) နှစ် ပါတဲ့ အိုင် ဖုန်း နောက်မှန် ( သီးသန့် ) ဝန်ဆောင်မှု။
iPhone Back Glass Replacement Service
....
𝐍𝐨.𝟐𝟑𝟑/𝟐𝟗
𝟑𝟒𝐁_𝐒𝐭 𝐁𝐞𝐭_𝟕𝟔*𝟕𝟕_𝐒𝐭𝐫𝐞𝐞𝐭.
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
09 9455 666 56
....
မနက်ဖြန် ချိန်းထားတဲ့ နောက်မှန်လဲ အလုံးလေးတွေ
ညပိုင်း လေဆာပစ် ✨
....
ခုရက်ပိုင်း Service အလုံးလေးတွေ များနေလို့
နောက်မှန်လဲတာလေးတွေ အတွက်
အချိန် တစ်ရက်ခွါ ချိန်းပြီး လုပ်ပေးနေပါတယ် 🤝
Page မှာ စာပြန်နောက်ကျနေရင် ဖုန်းလေး ဆက်ပေးပါ။
....
No.233/29
34B St Bet 76*77 Street.
Mandalay.
09945566656
....
မနက်ဖြန် ချိန်းထားတဲ့ နောက်မှန်လဲ အလုံးလေးတွေ
ညပိုင်း လေဆာပစ် ✨
....
ခုရက်ပိုင်း Service အလုံးလေးတွေ များနေလို့
နောက်မှန်လဲတာလေးတွေ အတွက်
အချိန် တစ်ရက်ခွါ ချိန်းပြီး လုပ်ပေးနေပါတယ် 🤝
Page မှာ စာပြန်နောက်ကျနေရင် ဖုန်းလေး ဆက်ပေးပါ။
....
No.233/29
34B St Bet 76*77 Street.
Mandalay.
09945566656
....
15/04/2024
ဖုန်းရေဝင်သွားရင် ဒါလေးတွေ မဖြစ်မနေ လုပ်ပါ ✅
ဖုန်းရေဝင်ရင် ဒါတွေလုပ် ✅ 99% Safe ဖြစ်မယ် ❗️
…..
၁) ဖြစ်နိုင်ရင် ဓါတ်ခဲကိုဖြုတ် ( အရေးအကြီးဆုံး )
ရေဝင်ဝင် ချင်းသာ ဓါတ်ခဲကို အမြန်ဆုံး ဖြုတ်လိုက်နိုင်မယ်ဆိုရင် ရေဝင်ဖုန်းတွေရဲ့ 90% နီးပါးက အပျက်အစီး ကြီးကြီးမားမား ဖြစ်မှာ မဟုတ်ပါဘူး။
မြန်မြန်ဖြုတ်နိုင်လေ၊ ကောင်းလေ ပါပဲ။
ကိုယ်တိုင် မဖြုတ်တတ်ရင် နီးစပ်ရာ ကျွမ်းကျင်တဲ့ ဆိုင်ကို သွားလိုက်ပါ။
....
2) ဖုန်းကို ပါဝါ ပိတ်
ဖုန်းတွေမှာ
1.Stand By
2.Power On
3.Operational ဆိုပြီး
အဓိက ပါဝါပိုင်း ( ၃ ) ပိုင်း ပါပါတယ်။
ဖုန်းကို ပါဝါပိတ်လိုက်ခြင်း အားဖြင့် Power On ပိုင်း နဲ့ Operational ပိုင်းမှာ ရှိနေတဲ့ အစိတ်အပိုင်းတွေရဲ့ ပျက်စီးခြင်းကို 99% နီးပါး ကာကွယ်ထားနိုင် ပါလိမ့်မယ်။
....
3) အားသွင်းကြိုး ( လုံးဝ ) မထိုးပါနဲ့။
တော်တော်များများက ဖုန်း ရေဝင်သွားရင် ပါဝါလာသေးလား ဆိုပြီး အားသွင်းကြိုး ထိုးကြည့် တတ်ပါတယ်။
အားသွင်းကြိုး ထိုးလိုက်ခြင်းက ပါဝါပိုင်းတွေကို အလုပ်လုပ်ဖို့ Activate လုပ်လိုက်သလို ဖြစ်ပြီး နဂိုက မပျက်စီးသေးတဲ့ အစိတ်အပိုင်းတွေ ကိုတောင် ပျက်စီးသွားစေ ပါလိမ့်မယ်။
....
4) Functional Test မလုပ်နဲ့
လူ အများစုက ဖုန်းထဲ ရေဝင်သွားရင် ဟိုဝါ ကောင်းသေးလား၊ ဒါကောင်းသေးလား စမ်းကြည့်ချင် ကြပါတယ်။
ဥပမာ ( ကင်မရာ ရသေးလား စမ်းတာ၊ အားဝင်သေးလား စမ်းတာ၊ ဖုန်းစမ်းခေါ်ကြည့်တာ )
ဖုန်းထဲက ရေမခြောက်ခင် အဲ့လိုစမ်းတာတွေ ( လုံးဝ ) မလုပ်မိဖို့ အရေးအကြီးဆုံး ပါဘဲ။
....
5) ပါဝါလာပြီး သုံးလို့ရနေသေးလဲ ဆိုင်မှာ သွားစစ်ပါ။
အများစုက ရေဝင်ပြီးနောက် ဖုန်းက ပါဝါလာသေးရင် ဘာမှ မဖြစ်ဘူး အထင်နဲ့ ခန စမ်းသုံး ကြည့်တတ်ပါတယ်။
အဲ့ဒီလိုနဲ့ ကြာလာမှ ပျက်သွားရင် ပြင်ရ ပိုခက်တာ၊ ပြုပြင်ချိန် ပိုပေးရတာ၊ ကုန်ကျစရိတ် ပိုကုန်ကျတာ မျိုးတွေ ဖြစ်တတ်ပါတယ်။
iPhone 13 Series နဲ့ အထက် iPhone Model များအတွက် အရင်က ဖုန်း Display ကို ကြိုးပြားလဲ ထားတာ၊ အပေါ်မှန်လဲထားတာ၊ နောက်မှန်လဲထားတာ၊ စက်ဖွင့်ထားတာ မျိုးတွေ ရှိရင် ဖုန်းကို မဖြစ်မနေ ဖွင့်စစ်ပြီး ရေ အခြောက်ခံ သင့်ပါတယ်။
ရေဝင်စမှာ Display က ကောင်းနေပြီး၊ ဖုန်းကို သုံးလိုက်မှ Display ပါ ပျက်သွားတာမျိုးတွေ အဖြစ်များပါတယ်။ ❗
ဖုန်းကို ကိုယ့်လက်ထဲမှာ မပြင်ထားဖူးရင်တောင် ကိုယ်က တစ်ခြားသူထဲက ဝယ်ထားတာမျိုး ဆိုရင် ဖုန်းကို အရင်က ဘာလုပ်ထားလဲ မသိရ နိုင်ပါဘူး။
အဲ့တာကြောင့် သံသယ ရှိရင် ကျွမ်းကျင်ရာ ဆိုင်မှာ
အချိန် မဆွဲဘဲ အမြန် စစ်ကြည့်လိုက်ပါ။
....
Bonus Tips
ဖုန်းတွေ ရေဝင် ပြီးသွားရင်
1) Face ID ပျက်ဖို့များပါမယ်။
iPhoneX Series နဲ့ အထက် အိုင်ဖုန်း Model တွေမှာ ဖုန်း အတွင်းပိုင်း ထဲကို ရေဝင်လိုက်တာနဲ့ Face Id က ပျက်ဖို့ သေချာ သလောက်ပါပဲ။
ဒါမျိုး မဖြစ်ချင်ရင် ဖုန်းကို အိမ်မှာပဲ ထားခဲ့ပါ။
ရေထိမယ့် အခြေအနေတွေမှာ ဖုန်းကို ပါဝါ ပိတ်ထားပါ။
အစိုဓါတ် ရှိနေရင် ဖုန်းကို ( လုံးဝ ) ပါဝါ မဖွင့်ပါနဲ့။
....
2) ဖုန်းက ပန်းသီးပုံ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်
Ear Sensor ပိုင်း ရေထိထားဖို့ များပါတယ်။
ပါဝါ ပိတ်လို့ရရင် ပါဝါပိတ်။
အားသွင်းကြိုး ထိုးတာရှောင်။
ကျွမ်းကျင်ရာ ဆိုင်မှာ သွားစစ်။
....
3) ဖုန်းက ရုပ်မမြင်ရတော့ဘူး။ ဖုန်းလာရင် အသံတွေပဲ ကြားနေရတယ်။
Display ပိုင်း ထိထားဖို့ များပါတယ်။
....
အိုင်ဖားသား - အာမခံ အိုင်ဖုန်း အိုင်ပတ် ပြုပြင်ရေး
34B လမ်း၊ 76*77 လမ်းကြား၊ မန္တလေး။
09945566656
....
ရေဝင်ဖုန်းတွေ အရေးပေါ် စစ်ချင်ရင် သင်္ကြန် အတွင်း လက်ခံ ပေးပါတယ်။
အာရုံစားမယ့် သူများ ( လုံးဝ ) ဝန်ဆောင်မှု မပေးပါ။
ပြုပြင်ရန် အချိန် အပြည့်အဝ မရသည့် ဖုန်းများ
( လုံးဝ ) ဝန်ဆောင်မှု မပေးပါ။
iCloud နှင့် ပတ်သက်သည့် မည်သည့် ဝန်ဆောင်မှု မှ မရှိပါ။
ပုံပြောင်း Body Change များ ( လုံးဝ ) ဝန်ဆောင်မှု မပေးပါ။
Customer တိုင်းကို ဝန်ဆောင်မှု မပေးပါ။
ယုံကြည်စိတ်ချစွာ လာရောက် အပ်နှံသူများကိုသာ ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးသွားမည်။
အာရုံ စားခြင်း ( အထူး ) သည်းခံပါ။
....
iPh 12ProMax BackGlass _ 69,000 ကျပ် 😘🥰
....
Early Birds Prices ..... 69,000 ကျပ်
ပုံမှန်ဈေး ..... ….. 95,000 ကျပ်
....
ဟုတ်ပါတယ်
အသက်သာဆုံး နှုန်းထားနဲ့ နောက်မှန်လဲချင်တဲ့ မိတ်ဆွေများ အတွက်
ပုံမှန်ထက် 50% နီးပါး သာတဲ့ နှုန်းထားလေးတွေ နဲ့ ဝန်ဆောင်မှု ပေးသွားမယ့် Early Birds Program လေးကို
ကျွန်တော်တို့ IBGS မှ မိတ်ဆက် ပေးလိုက်ပါတယ်။
....
Early Birds Program လေးရဲ့
အားသာချက် အနေနဲ့
ပုံမှန် ဝန်ဆောင်ခ 95,000 ကျပ် ကျသင့်တဲ့
iPhone 12ProMax နောက်မှန် လဲလှယ်ခြင်းကို
Early Birds Program လေးနဲ့ နောက်မှန် လဲမယ်
ဆိုရင်တော့ ဝန်ဆောင်ခ 69,000 ကျပ်သာ ကျသင့်
တော့မှာပဲ ဖြစ်ပါတယ်။
ကုန်ကျစရိတ် သက်သာသွားပေမယ့် အရည်အသွေး၊ ရလဒ်၊ အာမခံ စတာလေးတွေ ကတော့ ယခင် အတိုင်း ဆက်လက် ရရှိနေဦးမှာပဲ ဖြစ်ပါတယ် ခင်ဗျ။
....
ယခု Early Birds Program လေး အနေနဲ့
တစ်ရက်ကို နောက်မှန် ဝန်ဆောင်မှု ဖုန်း ( ၂ ) လုံးစီ
ကိုသာ ဝန်ဆောင်မှု ပေးသွားဦးမှာ ဖြစ်ပြီး
လစဉ် ဝန်ဆောင်မှု ပေးသွားမယ့် ဖုန်း အလုံးရေ
ကန့်သတ်ချက် ရှိတာကြောင့်
ဝန်ဆောင်မှု ရယူလိုတဲ့ မိတ်ဆွေများ အနေနဲ့ စောစီးစွာ
သိရှိနိုင်အောင် အသိပေး လိုက်ရခြင်း ဖြစ်ပါတယ်။
....
Available Model : iPhoneX - iPhone 15Pro Max.
....
𝐍𝐨.𝟐𝟑𝟑/𝟐𝟗
𝟑𝟒𝐁_𝐒𝐭 𝐁𝐞𝐭_𝟕𝟔*𝟕𝟕_𝐒𝐭𝐫𝐞𝐞𝐭.
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
𝟎𝟗 𝟗𝟒 𝟓𝟓𝟔𝟔𝟔 𝟓𝟔
....
နောက်မှန်လဲတဲ့အခါ စက်မဖွင့်ဘဲ လေဆာပစ်ရင် ဘာတွေ ဖြစ်တတ်သလဲ?
30/01/2024
🃏iPhone11 BackGlass Replacement 🎭
30/01/2024
🃏 iPhone X Xs Series BackGlass Replacement 🎭
30/01/2024
🃏iPhone8Plus BackGlass Replacement 🎭
30/01/2024
နောက်မှန်လဲပြီးရင် ဖြစ်တတ်တဲ့ Error လေး တွေက 🤔?
.... ......
အိုင်ဖုန်းတွေကို နောက်မှန် လဲတဲ့အခါ
အပေါ်ယံ အမြင်အရ လှရုံလောက်ပဲ ဆိုရင်တော့
လုပ်ရတာ အရမ်းလွယ်ပါတယ်။
1)ကွဲနေတဲ့ နောက်မှန်ကို လေဆာပစ်၊
2)နောက်မှန်ကိုခွါ၊
3)ကော်ထည့်ပြီး အသစ်တပ်မယ့် နောက်မှန်ကို ဖုန်းမှာ လာကပ် လိုက်ရုံပါပဲ။
ကြာချိန်ကလဲ ပိုပြီး မြန်ပါတယ်။
....
ဒါပေမယ့်
နောက်မှန်လဲပြီးတဲ့နောက် ရေရှည်မှာ နောက်ဆက်တွဲ Errorတွေ ကင်းဖို့ ဆိုရင်တော့
နောက်မှန်လဲထားဖူးတဲ့ အတွေ့အကြုံတွေ၊ အယူအဆတွေ အများကြီး လိုပါတယ်။
....
ကျွမ်းကျင်မှုမရှိဘဲ နောက်မှန်လဲမယ် ဆိုရင်တော့
Battery ဖောင်းလာတာ၊
Camera ဝါးသွားတာ၊
လိုင်းဆွဲအား နည်းသွားတာ၊
Wireless Charging မရတော့တာ၊
Wireless Charging အတွက် သံလိုက်အားတွေ နည်းသွားတာ စတဲ့ Error မျိုးတွေ ဖြစ်လာ တတ်ပါတယ်။
ဒီထဲက တစ်ချို့ Error လေးတွေက
နောက်မှန်လဲပြီး ချက်ချင်း ဖြစ်တာမျိုး မဟုတ်ဘဲ
အချိန်ကာလ တစ်ခုကြာမှ Error ထဖြစ်တာ ဖြစ်လို့
Error ဖြစ်တဲ့ အချိန်မှာ ဆိုင်ကိုလဲ ပြန်ပြောလို့ မရ၊
ကိုယ့်စရိတ်နဲ့ကိုယ် ပြုပြင်ရမယ် ဆိုရင်လဲ
ငွေကြေး အကုန်အကျများ တတ်တာကြောင့်
Customer မိတ်ဆွေတွေ အတွက် နစ်နာမှုတွေ အများကြီး ဖြစ်ရပါတယ်။
....
အဲ့တာကြောင့်
အိုင်ဖုန်း နောက်မှန်လဲမယ့် မိတ်ဆွေတွေ အတွက်
ဒီလို အခြေအနေ မျိုးတွေကို ရှောင်ရှားနိုင်အောင်
ကျွန်တော်တို့ IBGS မှ
ယခင်ပေးထားတဲ့ တစ်နှစ်အတွင်း ( အခမဲ့ ) တစ်ကြိမ်
နောက်မှန် လဲလှယ်ခွင့်လေး အပြင်
နောက်မှန်လဲလှယ်ရင်း ဖြစ်တတ်တဲ့ နောက်ဆက်တွဲ Error တွေ အတွက်ပါ အာမခံ ကာလ 6လ မှ ၁နှစ် တိတိ အထိ ထပ်တိုး ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။
....
ကျွန်တော်တို့ အိုင်ဘီဂျီအက်စ် ( IBGS ) အနေနဲ့
နောက်မှန်လဲလှယ်ခြင်း ဝန်ဆောင်မှုကို
2021 Juneလ ကရင်း စတင်ခဲ့တာ ဖြစ်ပြီး
ကနဦး ဝန်ဆောင်မှု ပေးခဲ့စဉ် အချိန်ကတည်းက
တစ်နှစ်အတွင်း ( အခမဲ့ ) တစ်ကြိမ် နောက်မှန် ထပ်လဲခွင့် လေးပါ ပေးခဲ့တာ ဖြစ်ပါတယ်။
ယခု ၃နှစ် နီးပါး အကြာမှာတော့
ကျွန်တော်တို့ IBGS ရဲ့ အခမဲ့ လဲလှယ်ပေးတဲ့
ဒီ Idea လေးကို ဈေးကွက်ထဲက နာမည်ကြီး ဆိုင်အချို့ ကပါ ကူးယူသုံးစွဲ လာတာ တွေ့ရပါတယ်။
ဒီ အချက်ကို ကြည့်ခြင်းအားဖြင့်
နောက်မှန်လဲလှယ်ခြင်းနဲ့ ပတ်သက်လို့
ကျွန်တော်တို့ IBGS ရဲ့ အမြင်တွေ၊ စိတ်ကူးစိတ်သန်း တွေက
Customer မိတ်ဆွေတွေ အတွက်
ဘယ်လောက် အသုံးဝင်နေလဲ၊ ဘယ်လောက် ရှေ့ကို ကြိုရောက်နေလဲဆိုတာ သိသာထင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
....
#အိုင်ဘီဂျီအက်စ်
မြန်မာနိုင်ငံရဲ့ ပထမဆုံး အာမခံ ( ၁ )နှစ် ပါတဲ့ အိုင်ဖုန်း နောက်မှန် လဲလှယ်ခြင်း ဝန်ဆောင်မှု။
Blue Light Laser နည်းပညာသုံး Laser စက်ဖြင့် နောက်မှန် ခွါခြင်း။
အာမခံ ကာလ ( 6 )လ မှ ( 1 )နှစ် အထိ ရယူနိုင်ခွင့်။
ကုန်ကျစရိတ်၊ အရည်အသွေး၊ ရလဒ်ကို စိတ်တိုင်းမကျပါက ဝန်ဆောင်ခ ပြန်လည် ရယူနိုင်ခွင့်။
....
....
No.233/29
𝟑𝟒𝐁 လမ်း၊ 𝟕𝟔*𝟕𝟕 လမ်းကြား၊ မန္တလေး။
09 9455 666 56.... ......
🎭 iPhone 13ProMax BackGlass Replacement 🃏
....
ဒီရက်ပိုင်းအတွင်း
Page မှာ စာပြန်နောက်ကျတာ၊
စာဝင်ဖတ်ပြီး Reply မပြန်မိတာ ရှိရင်
ဖုန်းဆက် မေးပေးပါ ခင်ဗျ။ 🥹🤝
....
နောက်မှန် လဲတာလေးအတွက် အချိန် ( 4 - 6 နာရီ ) ကြား ယူထားပေမယ့်
Service အလုံးလေးတွေ များလို့ အချိန်နောက်ကျတာ မျိုးလေးတွေ ရှိရင်လဲ နားလည်ပေးပါ ခင်ဗျ။ 🫠🫠
....
နောက်မှန် လဲပြီးတဲ့နောက် အချိန်ကာလ တစ်ခုကြာရင် ဖြစ်တတ်တဲ့
Battery ဖောင်းလာခြင်း
ကင်မရာ ဝါးသွားခြင်း များနှင့်
အခြား ဖြစ်လေ့ရှိတဲ့ Error များကြောင့်
Customer မိတ်ဆွေများ နစ်နာမှုများ မရှိရလေအောင်
အထူး အာမခံပေးပြီး ဆောင်ရွက် ပေးပါတယ် ခင်ဗျ။
....
#အိုင်ဘီဂျီအက်စ်
မြန်မာနိုင်ငံရဲ့ ပထမဆုံး အာမခံ ( ၁ )နှစ် ပါတဲ့ အိုင်ဖုန်း နောက်မှန် လဲလှယ်ခြင်း ဝန်ဆောင်မှု။
....
Blue Light Laser နည်းပညာသုံး Laser စက်ဖြင့် နောက်မှန် ခွါခြင်း။
အာမခံ ကာလ ( 6 )လ မှ ( 1 )နှစ် အထိ ရယူနိုင်ခွင့်။
ကုန်ကျစရိတ်၊ အရည်အသွေး၊ ရလဒ်ကို စိတ်တိုင်းမကျပါက ဝန်ဆောင်ခ ပြန်လည် ရယူနိုင်ခွင့်။
....
....
IBGS
iPhone Back Glass Service
𝟑𝟒𝐁 လမ်း၊ 𝟕𝟔*𝟕𝟕 လမ်းကြား၊ မန္တလေး။
09 9455 666 56
....
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 233/29. 34B Street, Between 76*77 Street
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |