Mini Me

Mini Me

Share

🏡Address : 86st 41(i)st Mandalay / ⏰Opening hours : 9:00am to 5:00pm /

02/05/2026

ရေခဲသေတ္တာပေါ်တင်တဲ့ Feng Shui setဆိုတာက မီးဖိုခန်း (kitchen) ထဲမှာ လာဘ်လာဘ်၊ အောင်မြင်မှု၊ အာဟာရစီးဆင်းမှုကောင်းစေဖို့ Feng Shui အယူအဆအရ သပ်သပ်ရပ်ရပ် စီစဉ်ထားတဲ့ အလှဆင်အစုလေးတစ်ခုကို ဆိုလိုပါတယ်။

🌿 ဘာတွေပါလဲ?

အများအားဖြင့် set တစ်ခုထဲမှာ

အပင်စိမ်းစိမ်းလေးရယ် ၊ ဆန်ခွက်လေးရယ်၊ ဆားခွက်လေးရယ်၊ ပိုက်ဆံ ၉ ရွက် ထည့်ထား တဲ့ခွက်လေးရယ် တင်ထားပါတယ်တဲ့...
အိမ်မှာ ပိုက်ဆံပြတ်တယ်မရှိဘူးတဲ့ စားစရာတွေလည်းပေါများတယ်
အပင်စိမ်းလေးကလည်း အေးချမ်းစေတယ်။

ဒီလိုပစ္စည်းလေးတွေကို တစ်စုတည်း စီပြီး ရေခဲသေတ္တာပေါ်တင်ကြပါတယ်။

✨ ဘာကြောင့် ရေခဲသေတ္တာပေါ်တင်တာလဲ?

* ရေခဲသေတ္တာက “အစားအသောက်” ကို ကိုယ်စားပြုတဲ့နေရာဖြစ်လို့
👉 စီးပွားလာဘ်၊ အစားအစာပေါများမှုကို ဆွဲဆောင်နိုင်တယ်လို့ ယုံကြည်ကြတယ်
* Kitchen energy ကို balance လုပ်ပေးတယ်
* အိမ်ထဲမှာ positive energy (Chi) လည်ပတ်မှုကောင်းစေတယ်

⚠️ သတိထားရန်

* အပင်ခြောက်သွားတာ ❌ (negative energy)
* အလွန်ရှုပ်ထွေးတဲ့ decoration ❌
* မီးဖိုနားအရမ်းနီးရင် အပင်ခြောက်နိုင်ပါတယ်⚠️

01/05/2026

🍀 ပန်းစင်+အပင်တွဲရက်ကိုမှ လှလှလေးနဲ့ တစ်ခါတည်းဆင်ပြီးသား လိုချင်ရင်ဒါမျိုးsetလေးတွေယူနော်

✅အိမ်/ရုံး/ဆိုင်မှာအလှထားဖို့
✅ချစ်ရသူများကို လက်ဆောင်ပေးဖို့
✅လူကြီးသူမများကို ဂါဝရလက်ဆောင်ပေးဖို့
✅လုပ်ငန်းသစ်ဖွင့်ပွဲတွေမှာ လက်ဆောင်ပေးဖို့

အတွက်တွေဆို ၃သိန်းကျော်နဲ့ ရှင်သန်ခြင်းလက်ဆောင်အပင်+ပန်းစင်set လေးတွေ ဝယ်ယူနိုင်ပါတယ်ရှင့် 🙏🏻💚🍃✨

30/04/2026

🌿ကျောက်စိမ်းဧကရာဇ် ခေါ် zz plant

🌿ကျောက်စိမ်းဧကရာဇ်အပင်ဟာဆိုရင် အိမ်တွင်းအလှစိုက်လေသန့်ပင်တွေထဲမှာဆိုရင် popularဖြစ်တဲ့အပင်လေးတွေထဲမှာပါပါတယ်ရှင် နောက်ပြီးသူက စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး feng shuiအယူအဆအရလည်း ကံကောင်းမှုတွေ ယူဆောင်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ အပင်လေးပေါ့နော်

✔️ဒါပေမယ့် တချို့တွေကတော့ ကျောက်စိမ်းဧကရာဇ်အပင်ဟာ ကင်ဆာဖြစ်စေတာတို့ သူ့အပွင့်က နှလုံးရောဂါသမားတွေနဲ့ အဆင်မပြေဘူးပြောကြလို့ နည်းနည်းရှင်းပြပေးပါ့မယ်ရှင့်

✔️တကယ်တော့ ကျောက်စိမ်းဧကရာဇ်အပင်ထဲမှာဆိုရင် calcium oxalate crystals လေးတွေပါဝင်ပါတယ်ရှင် အဲဒီ crystal လေးတွေကဲ အပင်ကို calciumဓာတ်စီးဆင်းမှုနဲ့ သူ့ရဲ့tissue လေးတွေကိုမာကြောမှုပေးတာပါရှင် အဲ့ဒီ substance လေးတွေက အပင်အတွက်တော့ အသုံးဝင်ပေမယ့် လူနဲ့ တိရစ္ဆာန်လေးအတွက်တော့ အန္တာရယ်ဖြစ်စေပါတယ်ရှင်

🤮ဘာလိုလဲဆိုရင်တော့ အဲ့ဒီ oxalate crystal လေးတွေဟာစားမိမယ်ဆိုရင် သူက နာရီပိုင်း သို့မဟုတ် မိနစ်ပိုင်းအတွင်း အသက်ရှုခက်တာ မြိုချရခက်တာ ဗိုက်နာ အော့အန်မှုတွေကို ခံစားရမှာဖြစ်ပါတယ်ရှင်

🥰အဲ့လိုဖြစ်ဖြစ်ခြင်း နီးစပ်စာဆေးခန်း သို့ ဆရာဝန်ဆီပြသတာတော့ အကောင်းဆုံးပါရှင် နောက်ပြီး ကျောက်စိမ်းဧကရာဇ်အပင်ရဲ့ အစီးဓာတ်ကလည်း အခန့်မသင့်ရင် ယားယံမှုလေးတွေတော့ ဖြစ်စေပါတယ်ရှင်

🥰ဒါကြောင့် ကလေးသူငယ်နဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးရာမှာထားတာအကောင်းဆုံးပါရှင်

🌿ဒါကြောင့် ကျောက်စိမ်းဧကရာဇ်အပင် ကင်ဆာဖြစ်စေတယ်ဆိုတာတော့ မဟုတ်ပါဘူးနော်

🌱 ကျောက်စိမ်းဧကရာဇ်အပင်ဟာ အလုပ်စားပွဲ ရုံခန်း ဧည့်ခန်းတွေမှာ ထားရင်လည်း လှပသလို ကျက်သရေ မင်္ဂလာရှိပြီး လာဘ်ရွှင်စေတယ်လို့ ယုံကြည်ချက်ကြောင့် နေအိမ်မင်္ဂလာတွေမှာ စိုက်ပျိုးသင့်တဲ့ အပင်လေးလည်း ဖြစ်ပါတယ်ရှင်

💦အကြမ်းခံတဲ့အပင်လေးမို့ ပုံမှန် မြေခြောက်မှ ရေလေးလောင်းပေးရုံနဲ့တင် ရှင်သန်နိုင်ပါတယ်

✨အပင်သန်မာထွားကျိုင်းချင်ရင်တော့ အလင်းကောင်းကောင်းရတဲ့ နေရာမှာ ထားပေးပါနော် direct sunlight တော့ ရှောင်ပေးပါ အရွက်လေးတွေ စိမ်းစိုချင်ရင်တော့ ရေကို sprayဘူးလေးနဲ့ ဖြန်းပေးနော်

29/04/2026

မနက်ဖြန် ကဆုန်လပြည့်နေ့ (30.4.2026)
မင်မင်တို့ဆိုင်လေး မနက်ပိုင်းဖွင့်ပြီး နေ့လည်၁၂နာရီနောက်ပိုင်းဆိုင်နေ့တဝက်ပိတ်ပါတယ်ရှင့် 🙏🏻🥰🍀✨

29/04/2026

လူကြိုက်များတဲ့ ကစ်စမီ / ယုဇန set လေးတွေ ပြန်ရပါပြီရှင့် ❤️🫣

🌺 ကစ်စမီအပင် Kiss Me Quick (Crown of Thorns)

* 🌞 နေရောင်ပြင်းပြင်းကို ခံနိုင်ပြီး outdoor အတွက်အရမ်းအဆင်ပြေ
* 💧 ရေနည်းနည်းနဲ့ပဲ အသက်ရှင်နိုင်
* 🌸 တစ်နှစ်ပတ်လုံးနီးပါး ပန်းပွင့်တတ်
* 🧧 Feng Shui အရ ကာကွယ်မှု၊ အောင်မြင်မှုကို သင်္ကေတပြုတယ်

🍊 ယုဇနပင် Orange Jasmine

* 🌼 ပန်းပွင့်သေးသေးဖြူဖြူလေးတွေထွက်ပြီး အနံ့မွှေးပါတယ်
* 🌿 အိမ်ရှေ့ဝင်းထဲ decoration အတွက် classy look ပေးနိုင်
* 🦋 ပိုးမွှားတချို့ကို တားဆီးပေးနိုင်တဲ့ အနံ့ရှိ
* 🧧 Feng Shui အရ စိတ်အေးချမ်းမှု၊ အိမ်ထောင်ရေးကောင်းမွန်မှုကို ဆိုလိုပါတယ်

🌿 ဘာလို့ဝယ်သင့်လဲ?

* 🌸 အိမ်ပတ်ဝန်းကျင်ကို လှပပြီး အသက်ဝင်စေတယ်
* 🌬️ လေထုကို သန့်ရှင်းစေပြီး စိတ်အေးချမ်းစေတယ်
* 🧧 Feng Shui အရ လာဘ်လာဘ၊ ကံကောင်းမှု တိုးစေတယ်
* 🪴 Care လွယ်ကူပြီး outdoor နေရောင်ထဲမှာ တော်တော်ခံနိုင်ရည်ရှိပါတယ်

28/04/2026

🤑🍀✨ငွေဝင်တယ် လာဘ်လာဘတိုးပွားစေတယ်လို့ နာမည်ကြီးတဲ့ Money Tree (Guiana Chestnut) ထီပေါက်ပင်အကြီး

☘️သူ့ရဲ့ပင်စည်အလိမ်လေးတွေကြောင့် လူသိများတဲ့ ထီပေါက်ပင်လေးဟာဆိုရင် စီးပွားရေးတိုးတက်စေတယ် ရည်ရွယ်ချက်နဲ့ နေအိမ်တွေ ဆိုင်ခန်းတွေမှာ စိုက်ပျိုးကြသလို ဆိုင်ဖွင့်ပွဲတွေမှာဆို လက်ဆောင်အပေးများဆုံးအပင်လေးပေါ့နော်

☘️😅admin တို့ဆိုင်မှာဆိုရင် အမြဲအကုန်မြန်တဲ့ best seller အပင်လေးဆိုလည်း မမှားပါဘူးရှင်

☘️ပြုစုပုံလေးကလည်း လွယ်ကူတော့ beginner level လေးတွေအတွက် စမ်းစိုက်လို့အဆင်ပြေပါတယ်ရှင်

☀️sunlight : သဘာဝအလင်းရောင် ရှိတဲ့နေရာလေးမှာ ထားပေးပါ တိုက်ရိုက်နေရောင်ရှောင်ပေးပါ တိုက်ရိုက်နေရောင်ပြမိရင်တော့ အရွက်တွေနေလောင်ပြီး ဝါသွားတာ ဖွေးသွားတာ ဖြစ်တတ်ပါတယ် အလင်းမရှိတဲ့နေရာမှာထားရင်လည်း ပင်စည်ပုပ်သွားတတ်ပါတယ်

💦water : ရေကိုတော့ တစ်ပတ်ကို၁ကြိမ် သို့ ၂ကြိမ်မနက်ပိုင်းမှာ အောက်ခြေရော အရွက်တွေကိုပါ
ရွှဲရွှဲလေးလောင်းပေးရုံပါပဲ ရေလောင်းများရင်ပင်စည်ပုပ်တတ်တာကြောင့် မြေသားခြောက်ရင်ရေလေးလောင်းပေးပါနော်

အိမ်တွင်းစိုက်အပင်လေးဖြစ်တာကြောင့် အရမ်းမကြီးထွားပါဘူးနော် ပင်စည်တုတ်လာတဲ့ အခြေအနေမျိုးပဲ ပြောင်းလဲနိုင်ပါတယ် ပုံမှန် အလင်းကောင်းကောင်းရပြီး ရေဂရုတစိုက်လောင်းပေးနိုင်ရင် နှစ်ရှည်စိုက်ပျိုးနိုင်တဲ့အပင်လေးပဲဖြစ်ပါတယ်

27/04/2026

မယ်တော်ကြီးဂမုန်း စိုက်ပျိုးနည်း

ရှေးမြန်မာ ပညာရှိ ကြီးများအဆိုရ အိမ်ခြံဝင်းနှင့် ဈေးဆိုင် များ ရုံးခန်းအဆောက်အဦးတို့တွင် စိုက်ပျိုးထားပါက စီးပွားလာဘ်များ သူမတူအောင် တိုးတက်စေသည့်အပြင် အဆိပ်တောက်များနှင့် ရောဂါပိုးများမဝင်နိုင်အောင် တားဆီးစေပါတယ်… လူတိုင်းစိုက်ပျိုးသင့်လို့ တင်ပြပေးလိုက်ပါတယ်။
အပင်အမည်သာကြားဖူးပြီး အပင်ကိုမမြင်ဖူးသူတွေ အတွက် ဒီအပင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

နောက်ထူးခြားချက်တခုက မယ်တော်ကြီးဂမုန်းပင်တွေဟာ အိမ်အတွင်းရှိ လေထုထဲက အဆိပ်အတောက်ပစ္စည်းများကို သန့်စင်ဖယ်ရှား နိုင်စွမ်းရှိကြတယ် ၊ ဖယ်ရှားနိုင်သော အဆိပ်ပစ္စည်းများကတော့ benzene, formaldehyde, trichloroethylene, xylene, ammonia တို့ဖြစ်ကြတယ်။ အိမ်ရှိ ဧည့်ခန်းကို အလှဆင်နိုင်ရုံသာမက သင်းပျံ့သောရနံ့ကိုလည်းပေးနိုင်စွမ်းရှိပါသေးတယ်၊ လူများ၏ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သော အဆိပ်ငွေ့များကို ဖယ်ရှားနိုင်သောအပင်လေးတွေဖြစ်တယ်။

ယုံကြည်လို့ဘဲစိုက်စိုက် အလှဘဲစိုက်စိုက် ကျမ်းမာရေးအတွက်ဘဲ စိုက်စိုက် အလွန်လှသော မယ်တော်ကြီးဂမုန်းပင်လေးတွေပါ။

26/04/2026

My idea of Rich life 👩🏻‍🌾🍀✨

゚

25/04/2026

🌿 Simple but Luxury 🌿ဆိုင်ရဲ့ လူကြိုက်များပြီး ဘယ်တော့မှ မရိုးတဲ့ corner ပန်းစင်လေး

ပန်းစင်လေးပေါ်မှာ အပင်လေးတွေ တင်ထားလိုက်တာနဲ့အိမ်ထဲကနေရာလေးတစ်ခုလုံးက classy vibe လေးနဲ့ လှပသွားစေပါတယ် ✨

Minimal decoration ကို ကြိုက်တဲ့သူတွေအတွက်
အရမ်းကို perfect ဖြစ်တဲ့ set လေးပါ 💚

📩 ဒီset လေးကြိုက်ရင် Page မှာမှာယူနိုင်ပါတယ်ရှင့်

25/04/2026

✅လူကြိုက်များတဲ့ အမြင့်၅ပေပန်းစင်အဖြူဒီဇိုင်းအသစ်လေးတွေရပါပြီရှင့် စင်သီးသန့် ၁သိန်း၆သောင်း

ပန်းအိုးတင်စင်လေးနဲ့ အပင်စိမ်းလေးတွေကို အိမ်ထဲမှာ စနစ်တကျ ထားလိုက်ပါ😍✅

လေထုသန့်ရှင်းမှု၊ စိတ်လန်းဆန်းမှုနဲ့ လာဘ်ကောင်းမှုတွေကို ခံစားရမယ့်အပြင် 💚

အလှလည်းရ၊ အေးချမ်းမှုလည်းရတဲ့
ပန်းအိုးတင်စင်နဲ့ အပင်လေးတွေကို ဆိုင်မှာ လာရောက်ရွေးချယ်နိုင်ပါတယ်ရှင်🥰🥰🥰

🏡Address - 86st 41(i) street သစ္စာလမ်းသဲပုံစေတီတောင်ဘက်လမ်းကြား မန္တလေးမြို့

☎️09962052950
☎️09684444097
☎️09440891997
☎️09788372366

⏰ Daily Open : 9:00 AM - 05:00 PM

🎶page

https://www.facebook.com/share/1MDA92HnZ2/?mibextid=wwXIfr

🎶Viber Channel

https://invite.viber.com/?g2=AQAsg6WhEOleJlL48PuDFlqALw55zV%2BTetHEOFWjJe9LzJs8C50xY6DJwQGfiG1e

🎶Tiktok Channel

https://www.tiktok.com/?_t=8mvylIO31fs&_r=1

🎶Telegram Channel

https://t.me/minimegardeningstore15

24/04/2026

🥰ဒီရက်ပိုင်းရဲ့ best seller setလို့ပြောလို့ရတဲ့ရေခဲသေတ္တာပေါ်တင်ဖို့ feng shui အရ ရှင်သန်ခြင်း ငွေဝင်ခြင်း စားစရာပေါ်များခြင်းကို ကိုယ်စားပြုတဲ့ set လေးတွေရပါသေးတယ်နော်

ပြုလုပ်နည်း 👇
ရေခဲသေတ္တာပေါ် သို့ အမြင့်တစ်နေရာလေးမှာ အပင်စိမ်းစိမ်းလေးရယ် ၊ ဆန်ခွက်လေးရယ်၊ ဆားခွက်လေးရယ်၊ ပိုက်ဆံ ၉ ရွက် ထည့်ထား တဲ့ခွက်လေးရယ် တင်ထားပါတယ်တဲ့...
အိမ်မှာ ပိုက်ဆံပြတ်တယ်မရှိဘူးတဲ့ စားစရာတွေလည်းပေါများတယ်
အပင်စိမ်းလေးကလည်း အေးချမ်းစေတယ်။

အားလုံးပဲအဆင်ပြေကြပါစေရှင့် 🤑🍀💚✨

23/04/2026

ရန်ကုန်သူမမ အားပေးသွားတဲ့ ပန်းစင်set အသေးလေး အပြင်မှာပိုလှလွန်းလို့ ဆိုင်လာစျေးဝယ်လေရတွေ အကုန်ကြိုက်နော် 🥰✅

ဒါမျိုးset လေး 1set ပဲရနိုင်တော့တာမလို့ အမြန်လေးမှာယူထားပါရှင့် 🥰🥰🥰

Want your business to be the top-listed Home Improvement Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


86street Aung Thitsar Street
Mandalay
0503-0330