MS online shop
ဒေသထွက် အော်ဂဲနစ် ရာသီစာများ ရောင်းဝယ်ရေး
ပျားရည်စစ်စစ်ရပါမယ်ရှင့်(မွေးမြူရေးပျားမဟုတ်ပါ) အာမခံပါတယ်နော်
တောထဲပျားသွားဖွတ်တဲ့သူကိုစောင့်ပြီးသွားဝယ်ထားတာပါ
ဆေးအဖြစ်သုံးဖို့ စိတ်ချလက်ချဝယ်ယူလို့ရပါတယ်ရှင့်
1လီတာ 35000
Mdy
095140677
09/04/2026
ပူလွန်းလို့ ပါးစပ်တွေပျက်နေတာ
ဒီချဉ်ချဉ်စပ်စပ်ခေါက်ဆွဲထုပ်လေးပြုတ်စားလိုက်တာ ရွှတ်ခနဲကုန်သွားရော🤭
ready made ဆိုတော့ ခေါင်းရှုပ်စရာမလို၊အချိန်ကုန်လည်းသက်သာတယ်
အချဉ်အစပ်လည်း ကိုယ့်စိတ်ကြိုက်ထည့်ရုံပဲ
အစပ်တအားမစားနိုင်ရင် အစပ်ထုပ်ကို ကုန်အောင်မထည့်မိစေနဲ့ ပွင့်ထွက်သွားလိမ့်မယ်😁
တထုပ်လောက်တော့မြည်းစမ်းကြည့်စေချင်ပါတယ်လို့
400gပါ
1ထုပ် 15500
095140677
#တောင်ရွာသစ်
#螺蛳粉
06/02/2026
🙏🙏🙏
တဖောက်ဖောက်နဲ့ ဝါးလို့ကောင်းတဲ့ ဗန်ဒါစေ့အစိုအဆံကြီးကြီးတွေ ဒီရက်ပိုင်းရပါတယ်နော်
အစိုက တရက်စာနေ့ချင်းရတာကို ရက်မကူးတာပဲပို့တာပါရှင့်
ရက်ကူးတာတွေကိုတော့ အခြောက်လှန်းတယ်၊ဆားလှော်လုပ်ပါတယ်ရှင့်
ဒါကြောင့် လတ်ဆတ်တဲ့အစိုစားမယ်ဆိုရင်တော့ ကြိုမှာပေးပါနော်
#ဗန်ဒါစေ့
28/09/2025
ဗန်ဒါစေ့ အစိုနှင့်အခြောက် ရပါပြီရှင့်
1ထုပ် 8000
Mdy
095140677
08/11/2024
ဆားလှော်😍
01/11/2024
မှာထားတာကြာတဲ့ လက်လီအမှာတွေ ပို့ပါပြီရှင့်
စောင့်ပေးကြလို့ကျေးဇူးပါရှင်🙏
လက်ကားပို့နိုင်အောင်လည်း ကြိုးစားနေပါတယ်နော်
30/10/2024
ဗန်ဒါစေ့လှော်၊ဗန်ဒါစေ့စိမ်း(နေလှန်းခြောက်)
ပို့ပါတော့မယ်ရှင့်🤗
29/10/2024
ဗန်ဒါစေ့အစိုကလေ တရက်ပြီးတရက် ရနိုးရနိုးနဲ့ မရနိုင်သေးလို့ပါ🙏
ဗန်ဒါသီးသွားကောက်ရတဲ့ဘက်က စ-စ်ဖြစ်နေလို့ သွားမရကြလို့ပါတဲ့ရှင့်
အစိုမှာထားတဲ့ customer များကို အားနာပါတယ်နော်
ရရင်အကြောင်းကြားပေးပါ့မယ်ရှင်🙏
အစိမ်းနဲ့၊ဆားလှော် မှာထားတဲ့ customer များကိုလည်း ဒီ2ရက်အတွင်း ဒလီအပ်ပေးပါတော့မယ်ရှင့်။
ပစ္စည်းက နည်းနည်းစီရပြီးစုရလို့ ကြာသွားရတာပါရှင်🙏
အားပေးသူတယောက်စီတိုင်းကို ကျေးဇူးပါရှင့်
15/10/2024
သစ်အယ်သီး အလုံးကြီးကြီး အသားပြည့်ပြည့်
အစိမ်း 1ပြည် 23000
လှော်ပြီး 1ပြည် 26000
Mdy
095140677
14/10/2024
ဘာလိုလိုနဲ့ ဗန်ဒါစေ့ရောင်းတာ 4နှစ်ကျော်သွားပြီ
မှတ်မိပါသေးရဲ့ စရောင်းခါစက 1ဘူး2ဘူးရောင်းရရင်ကို တအားပျော်ခဲ့ရတာ
ဗန်ဒါစေ့အထာမသိသေးတော့ ရောင်းရသလောက် review မကောင်းခဲ့ဘူး
အစိုတွေကို လေစုပ်ပြီးအဝေးပို့ခဲ့တာကိုး
ဖောက်သယ်ပြန်ယူတဲ့အစ်မကြီးတွေရဲ့စိတ်ဆိုးတာလဲခံခဲ့ရတယ် ကိုယ်ကအစိုကိုခြောက်အောင်လုပ်ပြီးပေးတော့ သူတို့ကိုပေးတဲ့အခါ လျော့နေတာလေ
ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း သဘောတရားလေးတွေနားလည်လာတော့ ကုန်ကြမ်းများများပေးနိုင်တဲ့သူနဲ့ချိတ်မိပြန်ရော
အစပိုင်းတော့ အဆင်ချောပါရဲ့ နောက်တဖြည်းဖြည်း အကျန်တွေ၊အပယ်တွေနဲ့ဂျင်းထည့်ခံရတယ်
တနေရာမကောင်းနောက်တနေရာရှာဝယ်
ပိုက်ဆံကြိုပေးရတယ် ပထမတော့ဟုတ်နေတာပဲ မကြာပါဘူး ကြိုပေးငွေဆုံးရပြန်တယ်
အဲ့လိုတွေလုံးချာလည်နေခဲ့ပေမယ့်လည်း စိတ်ဓါတ်မကျခဲ့ရဘူး
ကိုယ့်ကို အခိုင်မာ အားပေးပြီး ထပ်ခါထပ်ခါ အားပေးခဲ့တဲ့ customer တွေဟာ ကိုယ့်အတွက် အားဆေးတခွက်ဖြစ်ခဲ့တာကိုး
ခုလည်း အရောင်းနားတာကြာနေပေမယ့် ရပြီလို့ post တင်လိုက်တာနဲ့ အားပေးကြတာ သိပ်ကိုကြည်နူးရတယ် ကျေးဇူးလည်းအရမ်းတင်ရတယ်
ခုတခေါက်တော့ ကိုယ်တိုင်အစိုကိုအခြောက်လှန်းပြီး လုပ်မှာမို့ မှာထားတာတွေထက် အချိန်အနည်းငယ်နောက်ကျခဲ့ရင် စိတ်မဆိုးကြပါနဲ့လို့🙏
အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်ရှင့်
#ဗန်ဒါစေ့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
စံပြလမ်း
Mandalay
05041
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 18:00 |