Wild Rizz
Wild Rift Contents
15/09/2024
EXP to Baron/Top
ဒီpostက MLက လူတွေ Wild Riftကို စမ်းဆော့ကြည့်ချင်တယ် expဆော့ရတာ meta heroကြီးတွေချည်း လုကိုင်နေရတာ ပျင်းလို့ ဂိမ်းသစ်ရှာနေတဲ့လူတွေအတွက်ပါ
စိတ်မပူပါနဲ့ ဒီGuideမှာ ဘာမှရှုပ်ရှုပ်ရှက်ရှက်မပါပါဘူး ဆရာကြီးလုပ်ပြီး နှိမ်သလိုပြောမယ့်အထာလည်းမပါပါဘူး အေးဆေးဖတ်နိုင်ပါတယ်။
ပြီးတော့ mlဘဲပြန်သွားဆော့ တို့
ဟိုဖက်ရပ်ကွက်ကStar 100က ဒီမှာ platinum skill တို့ဘာတို့ အော်ပြီး Gatekeepနေတဲ့
ကောင်တွေရဲ့စကားကိုနားမထောင်ပါနဲ့ အဲ့ကောင်တွေက ပွဲထောင်ချီဆော့ပြီး plat/emerald/diamond stuck လို့လောကကြီးကိုနာကျည်းနေတဲ့ အရှုံးသမားအများစုပါ။
ကျွန်တော်MLမှာလည်း immortalမပေါ်ခင်ထဲက pts 1100 တက်ဖူးသလို
ဒီမှာလည်း အမြင့်ဆုံး GM ထိတက်ခဲ့ဖူးပါတယ် Game 2 ခုလုံးက သူ့အားသာချက်နဲ့သူပါ။
ဘရားသားဟာ Wild Rift အထိုင်ကျနေတဲ့ တော်တော်ကျွမ်းနေတဲ့ player ဆိုရင် ကျော်သွားလိုက်ပါ အဲ့တော့ စလိုက်ရအောင်
26/07/2023
Patheon ကိုင်ကြည့်ချင်ကြတဲ့
Newbies တွေအတွက်
ဘယ်လို Skills ကိုအတိအကျသုံးရမယ်
Mechanics တွေဘယ်လိုသေချာကိုင်တွယ်ရမလဲကို
အောက်မှာရှင်းပြထားပါမယ်
အဆုံးထိဖတ်ပေးကြပါဦး
ကဲဆိုတော့ အရင်ဆုံး အရေးအကြီးဆုံးဖြစ်တဲ့
Passive လေးကိုပြောချင်ပါတယ်
Passive အနေနဲ့က နားလည်ရလဲမခက်ပါဘူး
Basic Attack ဒါမှမဟုတ်
Ability Cast ကြိမ်တိုင်းမှာ
Passive Mark တစ်ခုရပြီး 5ခုပြည့်ရင် Q W E abilities တွေကို Enhanced ပေးပါမယ်
Enhance state အနေနဲ့ Q ဟာ
Physical Damage 30
ပိုထိခိုက်စေနိင်မှာပါ
W အနေနဲ့က Enemy ဆီကို Leap ပြီးတဲ့အခါ
Empowered attack 3
ချက်ပါလာပြီး အားလုံးပေါင်း 87 physical damage ထိ ထိရောက်စေမှာပါ
အဆုံးအနေနဲ့ E ကတော့ Shield အသုံးပြုပြီးတာနဲ့
Movement Speed 60% ထိ 1.5 sec ရရှိမှာပါ
Passive အကြောင်းကိုသိပြီဆိုတော့
Laning Phase မှာ enemy
ကိုဘယ်လိုကျောမလဲဆိုတာ
အောက်မှာဆက်ဖတ်လိုက်ပါဦး
Melee Vs Range ယှဥ်ရင် အမြဲ Range သာနေတာတော့သိကြမှာပါ, ဒါပေမယ့် Melee ဖြစ်ပြီး Range ကိုပြန်ကျောလို့ရတဲ့ထဲမှာ
Pantheon လဲအပါအဝင်ပါပဲ
Skill 1 ရဲ့ Damage ပေးနိင်မှုက အကွက်မှန်ရင်
2mins firstblood အသာလေးပါ
ဒါပေမယ့် တစ်ကွက်မှားရင်တော့
2mins firstblood က
enemy အတွက်ဖြစ်သွားမှာပါ..
Range တွေနဲ့ယှဥ်ပြီဆိုရင်
ဘယ်တော့မှ Lv 2 မရခင်အထိ
minionwave အနားမကပ်ပါနဲ့ Skill 1 နဲ့အဝေးကနေ
last hit လုပ်ပါ (မဖြစ်မနေအခြေအနေမှ ဝင်last hit လုပ်ပါ) lv 2 ရပြီဆိုတာနဲ့ E ယူလိုက်ပါ
range တော်တော်များများက ability ပိုင်းမှာ
damage ပေးနိင်ကြတာမလို့
E နဲ့ဆိုရင် တစ်ပန်းသာပါပြီ
အရေးကြီးတာက E သုံးပြီးကာတဲ့အခါ မလောပါနဲ့
လောလိုက်ရင် လျှောနိင်ပါတယ်
အတက်နိင်ဆုံး Enhance Q နဲ့ Poke ပါ
သွေးလျှော့နိင်လေ
Q လဲ Damage ပေးလာနိင်မှာမလို့
Trade ဖို့မကြောက်ပါနဲ့ Pantheon က
အမြဲတမ်းသာနေမှာပါ
နောက်ထပ်တစ်ချက်က ကိုယ်သာနေရင်
Lane ကိုတက်နိင်သမျှအမြန်ရှင်းပါ ပွဲအခြေအနေပြောင်းသွားအောင် Gank နိင်တာမလို့
ဘယ် Lane မှာဆော့နေနေ အတက်နိင်ဆုံးGank ပေးတာအကောင်းဆုံးပါပဲ
Melee နှစ်ကောင်ယှဥ်မယ်ဆိုရင်တော့ ဘာပြသနာမှမရှိတာ သေချာပါတယ် ဟိုခုတ်ဒီခုတ်လုပ်ကြတာပဲ
ဒါပေမယ့်သွားကဲလို့တော့မရပါဘူး
Melee Champions တွေတော်တော်များများက
Shielding, Healing abilities တွေပါကြတယ်
Pantheon ကမပါဘူး အဲ့တာကြောင့်
Laning မှာသာအောင်လုပ်ပြီးမှကဲသင့်ပါတယ်
နောက်ဆုံးအနေနဲ့ mechanics ပိုင်းပါပဲ
တကယ်တမ်းအနေနဲ့ pantheon မှာ
အရေးကြီးတဲ့ mechanics ဘာညာမလိုပါဘူး
အခြေအနေကြည့်တက်ရင် အဆင်ပြေပါပြီ
ဒါပေမယ့်လည်း
pantheon ကိုသေချာကိုင်တက်ဖို့ဆို
သိထားသင့်တာတွေရှိပါသေးတယ်
Leap ability ဖြစ်တဲ့ Wက သူများတွေအတွက်အာရုံနောက်စရာကောင်းသလို ကိုယ့်တွက်တော့
တကယ်အသုံးဝင်တာမျိုးပါ
(Passive ကို 4 ခုမှာထားပြီး Leap နဲ့ Enemy ဆီခုန်ဝင်ပါ
Enhance ဖြစ်နေတဲ့ Q ကိုသုံးပြီး E နဲ့လိုက်ကပ်ပါ)
ဒါကတော့ လုံးဝ flawless ဖြစ်တဲ့ poke နည်းပါ
early lv3 ရတာနဲ့ enemy နာအောင်လုပ်ရပါပြီ
အဲ့လိုမဟုတ်ရင်
(enhance 3 ခုမှာထားပြီး Q ကိုသုံးမယ် နာတော့မနာပေမယ့် W နဲ့နောက်ကလိုက်ပြီး Ignite တင်လိုက်ပါ ignite
မပျောက်ခင်မှာ Q ပြန်ရမှာမလို့ towerdive ပြီး
clutch ရနိင်ပါတယ်)
နောက်ထပ်အနေနဲ့ E ရဲ့အသုံးဝင်ပုံပါ
E ability က Projectiles တွေကိုပဲ Block တာမဟုတ်ပဲ
Non-Tower Damage ဖြစ်တာမလို့ Tower ကထုတာမဟုတ်ရင် အကုန်ကာပါတယ်
သုံးရင်သုံးတက်သလို
ကြောက်စရာကောင်းတာမလို့
battle မစခင်ဘယ်တော့မှ E မသုံးထားပါနဲ့
admin အတက်ဆုံးပြောပြပြီးပါပြီ
အဆင်ပြေအောင်သွားစမ်းကြည့်လိုက်ကြပါတော့
24/07/2023
A tip for beginners
Garen ရဲ့ultiက damage outputအများဆုံးဖြစ်တာကြောင့် enemyကိုထိတာသေချာဖို့လိုပါတယ်။
ဆိုလိုချင်တာက Master Yi dodgeတာပဲဖြစ်ဖြစ်
Fiora ကာလိုက်တာဖြစ်ဖြစ် လုပ်လိုက်လို့ damage မထိတော့ရင် တော်တော်နစ်နာပါတယ်။
ဒီလိုမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ Ultiမထိုးခင်မှာ Skill 1သုံးပေးပါ။
Skill 1ထိသွားရင် enemy က 1.5s silenceဖြစ်တာမို့ အဲ့အချိန်မှာ Ultiထိုးရင် ထိဖို့ chanceအများဆုံးပါ ။
playerတော်တော်များများသိပြီးသားဖြစ်ပေမယ့်
Newbieတချို့ မသိကြလို့ပါ။
23/07/2023
ဘောင်းဘီမဝတ်တဲ့ ဝက်ဝံကြီးရဲ့အစ်ကို
တူနဲ့ထုလိုက် မီးနဲ့မှုတ်လိုက်လုပ်နေတဲ့
ပန်းပဲနတ်ဘုရားကြီးရဲ့ Mechanics တွေပြောပြမယ်
Qသုံးရင် တိုင်ထွက်တာတို့ နံရံပြေးဆောင့်ရင် လေပေါ်မြောက်တာတို့တော့မပြောတော့ဘူး
စဆော့မယ့်လူတွေ အသိနည်းတာတွေ ပဲ ပြောမယ်
Mechanicတွေဖြစ်တဲ့အတွက် စာတော့တော်တော်ရှည်မယ်
ပုံတွေအောက်မှာ ကြည့်လိုက်ပါ
23/07/2023
Wild Rift Tips and tricksဆိုပြီး လူတိုင်းသိတာတွေလျှောက်ရေးတင်မှာမလို့
Like and followလုပ်သွားကြပါဦး
26/10/2020
ဒီနေ့တင်ပေးမှာကတော့ Mice characterတွေထဲမှာမှ
newbieတွေအတွက်ကိုင်ရတာရိုးရှင်းပြီး အသုံးဝင်တဲ့ character တစ်ကောင်ဖြစ်တဲ့ Robin hood jerryအကြောင်းပါ ဟုတ်ပြီ သူ့ရဲ့ abilityလေးတွေကိုတစ်ချက်ကြည့်လိုက်ရအောင်
Ability 1-𝗗𝗼𝘂𝗯𝗹𝗲 𝗝𝘂𝗺𝗽
Cooldown- 25/25/25
နာမည်အတိုင်းပါပဲ နှစ်ဆင့်ခုန်တာပါ
LVL 1 -အချိန်တိုတစ်ခုအတွင်းမှာ မိမိရော မိမိအသင်းသားတွေရော နှစ်ဆင့်ခုန်နိုင်စေပါတယ် ကြောင်ကို kiteတဲ့အခါ ဒါမှမဟုတ် ကိုယ့်အသင်းသားကိုကြောင်လိုက်နေတဲ့အချိန်မှာသုံးသင့်ပါတယ်
Lvl 2- အချိန်ကြာကြာ ပိုပြီး ခုန်လို့ရစေပါတယ်
Lvl 3- Double jump ကိုသုံးထားချိန်မှာ အသင်းသားတွေဟာ ပိုမြင့်မြင့်ခုန်လို့ရစေပါတယ်
Ability 2-𝗣𝗮𝗿𝗮𝗰𝗵𝘂𝘁𝗲
Cooldown- 20/8/8
Lvl 1 -လေထီးခုန်တာပါ လေထီးခုန်တာဆိုပေမယ့် အထင်မပေးပါနဲ့ လေထီးခုန်ချိန်တစ်လျှောက်လုံးမှာ ထိခိုက်မှာ အားလုံး immueပါ ဘုရင်အော်သံ ,ခွေး, အဆိပ်, ကြွက်ထောင်ချောက် ဘာဆိုဘာမှမသက်ရောက်ပါဘူး
Lvl 2-cooldown အချိန်ကိုလျှော့ချပေးတာပါ 8 စက္ကန့်ပဲဖြစ်သွားတော့ ခဏခဏသုံးလို့ရပါပြီ
Lvl 3-လေထီးနဲ့မြေပြင်ကို သက်ဆင်းပြီးချိန်မှာ အပြေးမြန်စေတဲ့ speed boost တစ်ခုကိုရရှိစေပါတယ်
Passive-𝗦𝘄𝗶𝗳𝘁 𝗮𝘀 𝗮𝗻 𝗔𝗿𝗿𝗼𝘄
Lvl 1- ပိုမြင့်မြင့်ခုန်နိုင်စေပါတယ်
Lvl 2-ကြောက်ရိုက်တာခံပြီးတဲ့နောက်မှာ speed boost တစ်ခုရစေပါတယ်
Lvl 3-အမိုက်ဆုံးပါ Double jump သုံးတဲ့အချိန်မှာ နှစ်ဆင့်မဟုတ်တော့ဘဲ သုံးဆင့်အထိခုန်လို့ရပါတယ်
Jump boost စားပြီး ခုန်ရင် နတ်ပြည်အထိတက်လို့ရပါတယ်
Newbieတွေအတွက်အကြံပေးတဲ့ characterပါ parachuteကိုစနစ်တကျသုံးနိုင်ရင် လုံးဝ အကြမ်းပတမ်း overpowerပါဗျ
Robinhood jerryအတွက်ကတော့ဒီလောက်ပါပဲ
ဟုတ် နောက် postတွေမှာပြန်တွေ့ပါမယ်
မတင်တာကြာလို့မေ့နေကြပြီလား
မနက်ဖြန် character တစ်ကောင်ရဲ့ skill explanation နဲ့ပြန်လာပါမယ်ဗျ
18/10/2020
Jerry ပြီးတော့ အလှည့်ကျတဲ့ကြွက်ကလေးကတော့
Jerryရဲ့ညီ တချို့အခန်းတွေမှာ Jerryရဲ့တူ ဖြစ်တဲ့ ကြွက်ကလေး Nibbles ပါ Ingameထဲမှာတော့ Tuffyပါ
နာမည်သာကွဲတာပါ ကြွက်ကတော့တူတူပါပဲ
သူ့ရဲ့ အပြင်ပန်းပုံကတော့ ကြွက်ငယ်တစ်ဦးနဲ့တူအောင် ကလေးအနှီးလေးနဲ့ပါ
Tuffyဟာ အမြဲဆာလောင်နေပြီး
ဘယ်အစားကိုမဆို တစ်ထိုင်တည်းနဲ့ကုန်အောင်မျိုနိုင်ပါတယ် .သူဗိုက်ဆာနေတဲ့အချိန်ဆို Tom ကိုတောင်ကြောက်ဟန်မပြပါဘူး Tuffy ပါတဲ့အခန်းတွေကနည်းတဲ့
အတွက် jerryလောက်ပြောစရာအချက်မရှိပါဘူး
Ingameထဲက Tuffyရဲ့abilityတွေကိုပြောပါ့မယ်
ပုံကိုထောက်ပြီးဆက်ဖတ်ပေးပါ
17/10/2020
ဒီနေ့ PageကနေGuideပြောပြသွားမှာကတော့
Tom and Jerry chase gameထဲက ကြွက်ဇာတ်ကောင်ဖြစ်တဲ့ Jerryအကြောင်းပါ Ingameအကြောင်းပဲပြောရင် မဆော့တဲ့လူတွေ ပျင်းသွားမှာစိုးလို့ Jerryရဲ့ seriesထဲကအကြောင်းလေးတွေအရင်ပြောပါမယ်
Jerry ဟာ 1940ကထွက်ရှိတဲ့Puss Gets the Boot ဆိုတဲ့အပိုင်းမှာ စတင်ပါဝင်ခဲ့ပါတယ် (ဟိုးအရင် Tom and jerryဆိုတဲ့နာမည်ကို မသုံးသေးပါဘူး ကြောင်ရဲ့နာမည်ဟာ Jasperဖြစ်ပြီး ကြွက်ကတော့ Jinxပါ)
-1941 မှာထွက်တဲ့ The midnight snackဆိုတဲ့အပိုင်းကျမှ Jerryဆိုတဲ့ Nameနဲ့ပါဝင်ခဲ့တာပါ
ဒီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် Tom နဲ့Jerryဟာ စကားသိပ်မပြောကြပါဘူး(တချို့movieတွေမှာတော့ ပြောတယ်)
အစွမ်းတွေအနေနဲ့တော့ အားလုံးသိတဲ့အတိုင်း
super healingတို့ Strengthတို့ပေါ့(Jerryက အရမ်းလေးတဲ့အရာတွေကို မနိုင်တယ်နော်)
-Tom နဲ့Jerryမှာ Tom က ခံရတာ ပိုများပါတယ် Jerry ခံရတဲ့ episodeတွေရှိပေမယ့် တော်တော်နည်းပါတယ် ကြည့်ချင်တဲ့လူတွေအတွက် ခေါင်းစဥ်လေးတွေ ဖော်ပြလိုက်ပါတယ်
-The million doller cat
-Southbound duckling
-Mouse for sale
-Little big mouse(ပုရွက်ဆိတ်လေးနဲ့ကားပါ)
-Nit witty-kitty
-Timid tabby
-Little school mouse(ပုံနဲ့ပြထားပါတယ်)
-The year of the mouse
ဒါတွေက လူသိများတဲ့ Jerry ဖင်နှိုက်ခံရတဲ့ အပိုင်းတွေပါ jerry ခံရတဲ့အပိုင်းတွေ ပဲရွေးကြည့်ချင်သူတွေအတွက် :3
အောက်ကပုံတွေမှာ ဆက်လက်ဖော်ပြထားပါတယ် ထောက်ပြီးဖတ်ပါ
16/10/2020
Tom and jerry chase ဆိုတဲ့ဂိမ်းရဲ့ character guide အဓိကတင်မှာပါ
Tom and jerryတော့ လူတိုင်းသိကြမှာပါ(မသိလည်း ဘောပဲ)
-ဒီ T and J chaseဆိုတဲ့ ဂိမ်းက NetEase Gamesကထုတ်ထားတဲ့ 4v1 causal ဂိမ်းအမျိုးအစားပါ ဘာနဲ့သွားတူလည်းဆိုတော့ Identity v လိုမျိုးကိုမှ 2D ရုပ်ထွက်နဲ့ပါ အဲ 2Dဆိုပေမယ့် ရုပ်ထွက်ကတော့ တော်တော်ကောင်းပါတယ်
- ဆော့တဲ့သူအများစုကတော့ Thailand နဲ့ chinaတွေများပါတယ် Gameplayကဘယ်လိုပုံစံလဲဆိုတော့ ကြွက်လေးကောင်ပါမယ် ကြောင်တစ်ကောင်ပါမယ်ဗျာ
Abilityအသီးသီးပါတယ်
-ကြွက်လေးကောင်ရဲ့ အဓိကတာ၀န်က Cheeseတုံး (၅)တုံး ကို နံရံပေါက်(ငယ်ငယ်က ကြွက်အိမ်လို့ခေါ်တာလေး) ထဲသွင်းရမယ် ၅တုံးလုံးပြီးသွားတဲ့အချိန်မှာ wall crackဆိုတဲ့နံရံပေါ်လာမယ် အဲ့နံရံကို တွေ့သမျှပစ္စည်းပေါင်းစုံနဲ့ ဖောက်ခွဲပြီးတော့ ထွက်ရမယ် ကြွက် ၂ကောင်လွတ်ရင်ကို victoryဖြစ်ပါပြီ
-ကြောင်ရဲ့တာ၀န်က ရှင်းပါတယ် ကြွက်တွေစောက်ခွက်လိုက်ရိုက်ရမယ် မူးသွားတဲ့ ကြွက်တွေကို rocket chairတွေမှာ လိုက်ချည်ရမယ် အချိန်ပြည့်ရင် မိုးပေါ်တက်မယ် ကြွက် ၃ကောင် ဖြုတ်နိုင်ရင် နိုင်ပြီ ဒါပဲ
-characterတွေအနေနဲ့က ကြွက်တွေဖက်မှာ လူသိများတဲ့ Jerry, အစားပုပ်တဲ့ကြွက်ငယ် Tuffy,Cowboy jerry ,detective jerry ဘာညာပေါ့ဗျာ
-ကြောင်ဖက်မှာတော့
အချစ်တော် Tom, Tomရဲ့သူငယ်ချင်း Butch,
ကြောင်ပုလေး Topsy,
လျှပ်စီးလိုမြန်တဲ့ လိမ္မော်ရောင်ကြောင် Lighting,
Cowboy Tom နဲ့ ကြောင်ဖြူမလေး Toodles galore တို့ပါပါတယ်
လူဆော့နည်းပေမယ့် သူငယ်ချင်းတွေနဲ့ တူတူဆော့လို့ကောင်းမယ့်ဂိမ်းပါ ( စောက်တောသားတွေတော့ မခေါ်နဲ့ ငါ့ကြောင့် ဂိမ်းပျက်နေမယ် ဆော့ကြမှာလည်းမဟုတ်ပါဘူး ကလေးဂိမ်းဆိုပြီး)
MAPတွေမှာလည်း Secretတွေ functionတွေပါပါတယ်
ဟုတ် နောက်postတွေမှာ character guideတွေနဲ့ပြန်လာခဲ့ပါမယ်
Click here to claim your Sponsored Listing.
Telephone
Website
Address
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |