LiLi Forex Advisor

LiLi Forex Advisor

Share

ကမ္ဘာ ရွှေစျေးနှင့်ရေနံစျေးကွပ် အရောင်းဝယ်တို့ကို အကောင်းဆုံးအကြံပေးဝန်ဆောင်မှုလုပ်ငန်း

16/08/2021

ယခုရွှေစျေးသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။

13/08/2021

ဗဟိုဘဏ် Reference Exchange Rate ( 1650 Ks = 1 USD ) Myanmar Central Bank Rate .
13.8.2021

12/08/2021

11:48.2021 ကြာသာပတေးနေ့
(အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး)
12:02 PM
1605000 ရောင်း
1597000 ဝယ်
(စျေးကွာ 8000)
(USD 1705~1710 ခန်, , WGP 1751)
15ပဲရည်>> 1503000/-

12/08/2021

ဗဟိုဘဏ် Reference Exchange Rate ( 1646 Ks = 1 USD ) Myanmar Central Bank Rate .

ကမ္ဘာရွှေစျေး အကြံပေး
09-763 736 367

11/08/2021

11.8.2021 ဗုဒ္ဓဟူးနေ့
(အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး)

11:57 AM
1590000 ရောင်း
1584000 ဝယ်
(စျေးကွာ 6000)
(USD 1700~1705 ခန်, , WGP 1734)
15ပဲရည်>> 1491000/-

11/08/2021

11.8 2021
ကမ္ဘာရွှေအဖွင့်စျေး
1 oz~$ 1729 နဲ့ စတင်

10/08/2021

ယနေ့ 10.8 2021 (12:50)
ငွေကျေးလဲလှယ်နှုန်း

10/08/2021

ရေငတ်နေသော ကျီး

တစ်ခါတုန်းက အရမ်းပူပြင်းတဲ့နေ့တစ်နေ့မှာပေ့ါ... ကျီးတစ်ကောင်ဟာ ရေငတ်လွန်းတာကြောင့်
ကောင်းကင်မှာပျံသန်းရင်း ရေအရှာထွက်ပါသတဲ့။ လွင်ပြင်တီးခေါင်တစ်လျှောက်
မနားတမ်းရှာပေမယ့်လည်း ရေတစ်စက်တောင် မတွေ့ရလေဘူး။ ကြာလာတော့ ကျီးလည်း
ရေငတ်လွန်းတာက တစ်ကြောင်း၊
ပင်ပန်းလွန်းတာကတစ်ကြောင်းနဲ့
အားနည်းလာပါတယ်။ မျှော်လင့်ချက်တွေ
ကုန်လုကုန်ကာနီးအချိန်ကျမှ ကျီးဟာ
သစ်ပင်အောက်မှာ ရေခရားလေးတစ်ခုကို
လှမ်းတွေ့လိုက်ပါသတဲ့။

ရေအရမ်းဆာနေပြီ ဖြစ်တဲ့ ကျီးဟာ အလွန်အမင်း ဝမ်းသာသွားတာပေ့ါ။ အဲဒါနဲ့ ရေခရားရှိတဲ့သစ်ပင်အောက်ကို အလျင်အမြန်ပဲ သွားပါသတဲ့။ အဲဒီ့အချိန်မှာပဲ
ရေဆာနေတဲ့ ကျီးအတွက် ကံကောင်းတာကော၊၊ ကံဆိုးတာကော တစ်ပြိုင်တည်း ကြုံရပါတယ်။
ကံကောင်းတာကတော့ ရေခရားထဲမှာ
ရေလက်ကျန်တွေရှိနေသလောက်
ကံဆိုးတာကတော့ ရေခရားဟာ
လည်ပင်းအဝကျဉ်းတဲ့ အတွက် ကျီးဘယ်လိုပဲ
ကြိုးစားကြိုးစား ခရားထဲမှာ ရှိတဲ့ရေကို
သောက်လို့မရဘူး ဖြစ်နေသတဲ့။

လည်ပင်းအဝကျဉ်းတဲ့ ခရားထဲကို ကျီးဟာ
ခေါင်းထိုးပြီး ရေသောက်ရဖို့အတွက်
အားထုတ်ပေမယ့်လည်း ကြိုးစားမှုမှန်သမျှ
အရာမရောက်ဘူးဖြစ်နေတယ်။ အဲ့လိုနဲ့
စိတ်ဓါတ်ကျပြီး ငေးငိုင်နေတဲ့ ကျီးဟာ
မျက်စိရှေ့မှာ မြင်လိုက်ရတဲ့
ကျောက်စရစ်ခဲကိုတွေ့ပြီး
အကြံအစည်တစ်ခု ရသွားပါတယ်။
ကျောက်စရစ်ခဲလေးကို ပါးစပ်နဲ့ကိုက်ပြီး
ရေခရားထဲကို ပစ်ချလိုက်တော့
ခရားထဲမှာရှိနေတဲ့ရေတွေဟာ အနည်းငယ်
မြင့်တက်လာပါတယ်။ ကျောက်စရစ်
တစ်ခဲက နှစ်ခဲ၊ နှစ်ခဲက သုံးခဲနဲ့
ကျောက်စရစ်အခဲပေါင်းများစွာ
ရေခရားထဲ ချလိုက်ပြီးချိန်မှာတော့ ရေတွေက
အပြင်ထိထွက်လာပါတယ်။ နောက်ဆုံးမှာတော့ ကျီးဟာ သူအလွန်အမင်း
ဆာလောင်မွတ်သိပ်နေတဲ့ ရေကိုသောက်ခွင့်
ရလိုက်ပါတယ်။

ဒီပုံပြင်လေးဟာ အလွန်ရိုးရှင်းပါတယ်။
ရိုးရှင်းသလောက်လည်း တွေးတတ်မယ်ဆိုရင်
ကျွန်တော်တို့ လက်တွေ့ဘဝအတွက်
အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။
ရေငတ်နေတဲ့ကျီးဟာ လွင်ပြင်တီးကောင်
တစ်လျှောက် ရေရှာထွက်သလို
ကျွန်တော်တို့တွေလဲ ဘဝတစ်လျှောက်မှာ
အခွင့်လမ်းတွေ၊ အခွင့်ရေးကောင်းတွေကို
ရှာဖွေနေကြရပါတယ်။
ကျီးဟာ ရေကိုအလွယ်တကူ ရှာတွေ့ခဲ့တာ
မဟုတ်သလို ကျွန်တော်တွေလည်း
အခွင့်အလမ်းတွေကို အလွယ်တကူ ရှာတွေ့မှာ
မဟုတ်ပါဘူး။
တစ်ခုသတိထားမိရမှာက အခွင့်အလမ်းဆိုတာ သူ့အလိုလိုထိုင်စောင့်နေရတာထက်စာရင် ကိုယ်တိုင်အပင်ပန်းခံပြီး လိုက်လံရှာဖွေမှ
တွေ့တတ်တယ်ဆိုတဲ့အချက်ပါပဲ။

ကျီးဟာ အလွန်အမင်း ပင်ပန်းခံပြီး ရေခရားကို တွေ့တဲ့အခါ ခရားထဲမှာရေရှိနေလျက်နှင့်
အလွယ်တကူ သောက်သုံးခွင့်မရပါဘူး။
ကျွန်တော်တို့ ဘဝမှာလည်း ပင်ပင်ပန်းပန်းနှင့်
အခက်အခဲတွေကြားက အခွင့်အလမ်းတွေ
ရှာဖွေဆုပ်ကိုင်မိပြီဆိုရင်လည်း
ငှက်ပျောသီးအခွံ့နွှာစားသလို လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။ ခရားထဲမှာ ရေရှိနေသလို၊
အခွင့်အလမ်းတွေကြားမှာလည်း
အောင်မြင်မှုတွေ ရှိနေပါတယ်။ ရေကို
အလွယ်မသောက်နိုင်သလို အောင်မြင်မှုကိုလည်း အလွယ်မရနိုင်ပါဘူး။
ကျွန်တော်တို့ အောင်မြင်မှုကို လိုချင်ရင်
ပင်ပန်းခံနိုင်ရပါမယ်၊ အားထုတ်နိုင်ရပါ့မယ်၊
ဒါ့အပြင်
စိတ်ဓါတ်ကျပြီး လက်လျော့သွားမယ်ဆိုရင်လည်း
အောင်မြင်မှုကနေ သွေဖယ်သွားနိုင်ပါတယ်။

ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း၊
ကိုယ်မျှော်လင့်နေတဲ့ အောင်မြင်မှုဆိုတာကို
မျှော်မှန်းမိတဲ့အခါတိုင်း ဒီရေငတ်နေသော
ကျီး ပုံပြင်လေးကို
ပြန်လည်အမှတ်ရပြီး
မဆုတ်မနစ်ဘဲ ကြိုးစားကြစေလိုကြောင်း
ဆန္ဒပြုရင်း.

မေတ္တာဖြင့်

#စာပေနှင့်ဘဝ

10/08/2021

10.8.2021 အဂ်ါနေ့
(အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး)

11:06 AM
1573000 ရောင်း
1565000 ဝယ်
(စျေးကွာ 8000)
(USD 1695~1700 ခန်, , WGP 1736)
15ပဲရည်>> 1473000/-

Investopedia 10/08/2021

#ဒေါ်လာ​ရဲဇစ်မြစ်

ကမ္ဘာတလွှားမှာ ​အ​မေရိ​ကန်​​ဒေါ်လာက ရေပန်းစားလူသုံးများပါတယ်။ တစ်နိုင်​ငံ​​နဲ့ တစ်နိုင်​ငံ ကူးသန်း​​ရောင်းဝယ်​တဲ့​အခါ ​အများ​အားဖြင့် ​အ​မေရိ​ကန်​​ဒေါ်လာကို သုံး​​လေ့ရှိပါတယ်။ နိုင်​ငံ​အများ​အပြားက ဗဟို​ဘဏ်​တွေကလည်း ​အ​မေရိ​ကန်​​ဒေါ်လာကို ဝယ်စုထားကြပါတယ်။

​​​အ​မေရိ​ကန်ဒေါ်လာ ဒီလို မလွှမ်းမိုးခင်ကာလမှာတော့ ​​ဗြိတိသျှ နေမဝင်အင်ပါယာက ထုတ်​ဝေ​တဲ့​​ ပေါင်စတာလင်က ဘုရင်တစ်ဆူပါ။ ဒါ့​အပြင် နိုင်​ငံတကာက ထုတ်​ဝေ​တဲ့ ​ငွေကြေး​တွေ​ရဲ့နောက်မှာ ရွှေအာမ​ခံရှိ​ခဲ့ပါတယ်။ ဥပမာ ​​ပေါင်စတာလင် ​​တစ်​​ပေါင်ကို ရွှေဘယ်လောက်​​နဲ့ ညီမျှတယ်ဆိုပြီး အာမ​ခံပြီး သတ်မှတ်ထားတာရှိ​ခဲ့ပါတယ်။ ဒီလိုအာမ​ခံတာကို ပါးစပ်​နဲ့ အာမ​ခံရတာမဟုတ်ပါဘူး။ ​အစိုးရက ထုတ်​ဝေထား​တဲ့ ​ငွေစက္ကူ​​တွေ​ရဲ့ ​တန်ဖိုးနဲ့ ညီမျှ​တဲ့ တကယ့်ရွှေ​ပမာဏကို သိမ်းဆည်းထားရတာပါ။ ​ငွေစက္ကူကို ​ပြန်အပ်ပြီး ရွှေ​​ပြန်လိုချင်သူရှိရင် ​အစိုးရက ​အချိန်မရွေး ​ပြန်လဲပေးရပါတယ်။

ဒီလို​နဲ့ ပထမကမ္ဘာစစ်ကြီးဖြစ်​​တော့ ​​စစ်ပွဲ​တွေ​အတွက် ​အသုံးစရိတ်​တွေများလာ​​တဲ့​အခါ နိုင်​ငံ​အ​​တော်များများဟာ ရွှေအာမ​ခံစနစ်ကို စွန့်လွှတ်ပြီး စစ်ပွဲစရိတ်​တွေပေးဖို့၊ လခ​တွေပေးဖို့​အတွက် ​ငွေစက္ကူ​တွေကို လိုသလောက် ရိုက်ထုတ်​ခဲ့ကြပါတယ်။ ​ငွေကြေး​​ဖောင်းပွမှု​တွေလည်း ဖြစ်လာတာ​​ပေါ့။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်​​တော့ ​အ​မေရိ​ကန်ပြည်​​ထောင်စုဟာ မဟာမိတ်​တွေ​ဆီကို လက်နက်ရိက္ခာ​တွေ တင်ပို့ရောင်းချ​​ခဲ့ပါတယ်။ ဝယ်​တဲ့နိုင်​ငံက ​​ငွေပေး​ချေ​တဲ့​အခါ ​အ​မေရိ​ကန်နိုင်​ငံက ပေး​ငွေ​အဖြစ် ရွှေကိုပဲ လက်​ခံပါတယ်။

ဒါ့​​ကြောင့်ပဲ ​အ​မေရိ​ကန်ပြည်​​ထောင်စုဟာ တစ်ကမ္ဘာလုံးမှာ ရွှေ​အချမ်းသာဆုံး​သော နိုင်​ငံဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မပြီးခင်မှာ ကမ္ဘာ့ရွှေ​အများစုဟာ ​အ​မေရိ​ကန်လက်ထဲရောက်​နေပါပြီ။

၁၉၄၄ ခုနှစ်မှာ​​တော့ ကမ္ဘာ့​ငွေကြေးဈေး ​အလဲ​အလှယ်ဈေးကွက် တည်ငြိမ်ဖို့​အတွက် ကမ္ဘာ့​ငွေကြေးဈေးကွက်မှာ ဒေါ်လာ​ကို ဗဟိုထားပြီး သတ်မှတ်ဖို့ မဟာမိတ်နိုင်​ငံ​​ ၄၄ နိုင်​ငံက ဝိုင်းဝန်းဆုံးဖြတ်​ခဲ့ကြပါတယ်။ ဒေါ်လာ​ရဲ့နောက်မှာ ရွှေရှိတာမို့ ​ဒေါ်လာကို ခိုင်မာတယ်၊ စိတ်ချရတယ်လို့ ယူဆ​ခဲ့ကြတာပါ။ ​

အ​မေရိ​ကန်နိုင်​ငံက​လည်း ​​​ဒေါ်လာ​ရဲ့​တန်ဖိုးကို ရွှေ​တန်ဖိုး​နဲ့ ချိန်ညှိပြီး အာမ​ခံမယ်လို့ ကတိပေး​ခဲ့ပါတယ်။ အခြားနိုင်​ငံ​တွေ​အ​နေ​နဲ့ ​​သူတို့မှာ သိမ်းထား​တဲ့ ဒေါ်လာ​​ငွေအစား ရွှေကို ​ပြန်လိုချင်ရင် လိုချင်​တဲ့​အချိန် ​အချိန်မရွေး လာ​ပြန်လဲလို့ရ​​ကြောင်း ​အ​မေရိ​ကန်​အစိုးရက အာမ​ခံ​ခဲ့ပါတယ်။ ​​

ဒီလို​နဲ့ ​​မဟာမိတ်​တွေ စစ်နိုင်​တဲ့​အခါ ​အ​မေရိ​ကန် ဒေါ်လာဟာ ​ကမ္ဘာ့ ဗဟိုပြု ​ငွေကြေး​အဖြစ်​ စိုးမိုးလာ​ခဲ့တာပါ။ နိုင်​ငံတကာက ​အစိုးရ​တွေကလည်း ရွှေဝယ်မစု​​တော့ပဲ ​အ​မေရိ​ကန်​​ဒေါ်လာကို ဝယ်ယူစု​​ဆောင်းကြပါတယ်။ နိုင်​ငံတကာ​နဲ့ ကုန်ပစ္စည်း​တွေ ​အ​​ရောင်း​အဝယ်လုပ်​တဲ့​အခါမှာလည်း ​အများ​အားဖြင့် ​အ​မေရိ​ကန်​​ဒေါ်လာကိုပဲ သုံးလာကြပါ​​တော့တယ်။

စစ်​အပြီး အင်​အားကြီးနိုင်​ငံ​အဖြစ် နိုင်​ငံတကာ​အလယ် ဝင်ပါတတ်​တဲ့ ​အ​မေရိ​ကန်နိုင်​ငံဟာ ဗီယက်​နမ်စစ်ပွဲ​အပါ​အဝင် ပြည်တွင်းပြည်ပ​အသုံးစရိတ်​တွေ များလာတာ​​ကြောင့် ​အ​မေရိ​ကန်​​ဒေါ်လာ​တွေကို မကြာခဏရိုက်ထုတ်ရပါတယ်။

ဒီလိုရိုက်ထုတ်​​တော့ ​​ဒေါ်လာ​​ဖောင်းပွပြီး နိုင်​ငံတကာ​အသိုင်း​အဝိုင်းက စိုးရိမ်လာကြပါပြီ။ ​​ဒေါ်လာ​တွေကို သိမ်းထားရင် ​ငွေ​တန်ဖိုးလျော့သွားမှာကို စိုးရိမ်လာကြပါပြီ။ ဒါ့​​ကြောင့် ​​အ​မေရိ​ကန်​အစိုးရဆီကို ဒေါ်လာ​တွေ​ပြန်အပ်ပြီး ရွှေ​​တွေ ​ပြန်စုလာကြပါတယ်။

အဲဒီ​အချိန်မှာ ​အ​မေရိ​ကန်​အစိုးရက ရိုက်ထုတ်ထား​တဲ့ ​​ဒေါ်လာ​တွေ​​ရဲ့​တန်ဖိုးဟာ ​အ​မေရိ​ကန်တစ်နိုင်​ငံလုံးမှာရှိ​တဲ့ ရွှေပမာဏထက် ပိုများ​နေပါပြီ။ နိုင်​ငံတိုင်းကသာ ​​ဒေါ်လာ​အစား ရွှေပဲလိုချင်ကြရင် ​အ​မေရိ​ကန်နိုင်​ငံ ပြဿနာတက်​​တော့မှာပါ။

ဒါ့​​ကြောင့် ၁၉၇၁ မှာ​​တော့ ​အ​မေရိ​ကန်သမ္မတက ​​ဒေါ်လာကို ရွှေ​နဲ့ မလဲလှယ်ပေးနိုင်​​တော့ပါဘူးဆိုပြီး တစ်ကမ္ဘာလုံးကို ​ကြေငြာလိုက်ပါတယ်။ သူတို့​ခေတ်ပဲ​လေ။ လုပ်ချင်ရာ လုပ်လို့ရတယ်။ ​​ဒီလိုလုပ်လိုက်​တဲ့​အခါ ဒေါ်လာ​​ရဲ့ တန်ဖိုး​​တော့ ကျသွား​ခဲ့ပါတယ်။

ဒါ​ပေ​မဲ့ နိုင်​ငံတကာမှာ ​အ​မေရိ​ကန်​​ဒေါ်လာကို သုံး​နေတာက ​အသားကျ​​နေပါပြီ။ တစ်နိုင်​ငံ​နဲ့တစ်နိုင်​ငံ ​ငွေချေးရင်​​တောင် ​​ဒေါ်လာ​နဲ့ ချေးပေးကြတာများတယ်​လေ။ ဒီ​​တော့ ပို​နေမြဲကျား​နေမြဲ သ​ဘော​နဲ့ ​အ​မေရိ​ကန်​​ဒေါ်လာကိုပဲ ​​ဟန်မပျက် ဆက်သုံးကြပါတယ်။ ​

ဒီလို​နဲ့ ငွေကြေးလဲလှယ်မှုစနစ်က​​တော့ ​အရင်ကလို တည်ငြိမ်မှုမရှိ​​တော့ပဲ ဝယ်လို​အား ​​ရောင်းလို​အား​​ပေါ်မူတည်ပြီး ခပ်လှုပ်လှုပ်ကလေး သွား​နေပါ​​တော့တယ်။

ခုချိန်ထိ ​အ​မေရိ​ကန်​​ဒေါ်လာ ဆက်လက်ကြီးစိုး​နေရတာက​​တော့ ​အ​မေရိ​ကန်နိုင်​ငံ​ရဲ့ စီးပွား​ရေး ကြံ့ခိုင် ​အား​​ကောင်း​နေသေးတာ​​ကြောင့်ရယ်၊ ​အ​မေရိ​ကန်နိုင်​ငံ​ရဲ့ နိုင်​ငံ​ရေး​နဲ့ စီးပွါးရေးဩဇာဟာကမ္ဘာ​​ပေါ်မှာ ​အား​​ကောင်း​နေသေးတာရယ်​​ကြောင့်ပါ။

ဒေါ်လာ​ရဲ့ လွှမ်းမိုးမှုကို ဆက်လက် ​အဓွန့်ရှည်​စေ​တဲ့ နောက်တစ်ချက်က​​တော့ ၁၉၇၃ ​မှာ ဆော်ဒီနိုင်​ငံ​နဲ့ ၁၉၇၅ မှာ ​​​​​အခြား အိုပက် OPEC ​အ​ဖွဲ့ဝင် နိုင်​ငံ​​တွေဟာ သူတို့နိုင်​ငံကထုတ်​တဲ့ ​ရေ​နံ​တွေကို ​​ရောင်း​တဲ့​အခါ ​အ​မေရိ​ကန်​​ဒေါ်လာတစ်မျိုးတည်းကို လက်​ခံ​​တော့မယ်လို့ ဆုံးဖြတ်သ​ဘောတူ​ခဲ့ကြလို့ပါ။ သူတို့က ​ဘာလို့ဒီလိုသ​ဘောတူ​ခဲ့ကြ​လဲဆို​​တော့ ​အ​မေရိ​ကန်နိုင်​ငံက အဲဒီနိုင်​ငံ​တွေကို လက်နက်​အကူ​အညီ​နဲ့ ​ရေ​နံတွင်း​တွေ​​ရဲ့ လုံခြုံရေးကို တာ​ဝန်ယူပြီး အကာ​အကွယ်ပေးမယ်လို့ အာမ​ခံ​ခဲ့လို့ပါ။

လက်ရှိမှာ​​တော့ ​အ​မေရိ​ကန်​​ဒေါ်လာဟာ နိုင်​ငံတကာဈေးကွက်မှာ ​​ဒေါ်လာဟာ ၆၀% လောက် ပျံ့နှံ့မင်းမူ​နေပြီး ယူရို​ငွေက​​တော့ ၂၀% လောက် ပျံ့နှံ့မင်းမူ​နေပါတယ်။

တရုတ်​နဲ့ ရုရှက​​တော့ ​အ​မေရိ​ကန်​​ဒေါ်လာကို သုံး​မဲ့​အစား နိုင်​ငံတစ်နိုင်​ငံတည်း​ရဲ့ ဩဇာလွှမ်းမိုးမှုကင်းရှင်း​တဲ့၊ ပိုပြီး တည်ငြိမ်မှုရှိ​တဲ့ ကမ္ဘာ့​ငွေကြေး ​အသစ်တစ်ခု ဖန်တီးဖို့ လိုအပ်တယ်လို့ ​အ​ကြံပြု​ခဲ့ကြ​ပေ​မဲ့ ထောက်​ခံ​တဲ့ နိုင်​ငံ​တွေ နည်း​နေသေးလို့ ခုထိ​​တော့ ​အ​​ကောင်​အ​ထည်မ​​ဖော်နိုင်သေးပါဘူး။

​​​ဒေါ်လာ​ရဲ့ ​အနာဂတ် ဘာဆက်ဖြစ်မယ်ဆိုတာက​​တော့ ​အနာဂတ်ပိတ်ကား​​ပေါ်မှာ ​​စောင့်မျှော် ရှုစားကြရဦးမှာပါ။

ကိုးကား - www.investopedia.com

crd -Firefly ပိုးစုန်းကြူး

Investopedia Investopedia is the world's leading source of financial content on the web, ranging from market news to retirement strategies, investing education to insights from advisors.

27/07/2021

27.7.2021 (9:45) ကမ္ဘာ ငွေကြေး ပေါက်စျေး

27/07/2021

ဇူလိုင်လ
👉 27 ရက်နေ့👈
ကမ္ဘာ့ရွှေအဖွင့်စျေး 1797$
Crude Oil WTI 72$
Dollar price 1645 ks

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address

62A St, Bet(103&103A) Street,
Mandalay