GLORY Boosting Service

GLORY Boosting Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GLORY Boosting Service, Digital creator, Pathein Gyi, Myo Oo Lane No(1), Kyikone Quarter, Mandalay.

21/05/2024

ယနေ့ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှစ၍ ဘေးရန်အပေါင်းကင်းဝေးကြပြီး စိတ်ချမ်းသာ၍ကိုယ်ကျန်းမာကြပါစေ​​ေကြာင်းGLORY Boosting Service မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photos from GLORY Boosting Service's post 19/01/2024

🤔လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ပိုမိုတိုးတက်အောင်မြင်တဲ့ လုပ်ငန်းတစ်ခုအ​​ဖြစ်​​ပြောင်းလဲလိုပါသလား?

💁ဒါဆိုရင်ဒီစာလေးကိုအဆုံးထိဖတ်ကြည့်ဖို့တော့လိုမယ်နော်..

အခုလို Digital ခေတ်ကြီးထဲမှာ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။အောင်မြင်မှုရရှိဖို့ ဆိုတာကလဲ သူများနဲ့ မတူတဲ့ ဖန်တီးမှုမျိုးတွေလိုအပ်ပါတယ်။

လုပ်ငန်းချင်းတူတာတောင် ကိုယ်ရဲ့လုပ်ငန်းကသူမတူတဲ့ရောင်းအားတွေရရှိဖို့ နည်းလမ်းမှန်မှန်နဲ့လုပ်ဆောင်ဖို့ကလဲ အရေးကြီးပါတယ်...

ဒီလိုနည်းလမ်းမှန်မှန်နဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို အများနဲ့မတူတဲ့ ရောင်းအားတွေရဖို့ လူကြီးမင်းတို့ကိုစိတ်တိုင်းကျဝန်ဆောင်မှုပေးမယ့် "GLORY Boosting Service " လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..

✨ကျွန်တော်တို့ ရဲ့ " GLORY Boosting Sevice " မှာမတူညီတဲ့ Digital Marketing နဲ့ပတ်သက်တဲ့ Service မျိုးစုံကိုတစ်နေရာထဲမှာ One Stop Service အနေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

✨မိမိရဲ့ လုပ်ငန်းအတွက် သူမတူဆန်းသစ်သော Ideas များနဲ့ အမိုက်စား Ads Design များ
လူကြီးမင်းတို့လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Audiance တွေကို ရွေးချယ်ပေးမယ့် ထိရောက်တဲ့ Boosting

✨ခေတ်မှီဆန်းသစ်တဲ့ Social Media Design များအပြင် အကောင်းဆုံး Content Creation တွေနဲ့ အထိရောက်ဆုံး Marketing Strategy တွေပါဝင်တဲ့ Content & Design Packages များကို
အကောင်းဆုံး၊အသက်သားဆုံးစျေးနှုန်းများနဲ့လူကြီးမင်းတို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်..

✅ဒီလိုမျိုးအတန်ဆုံးအမြန်ဆုံး Service တွေပေးမယ့် GLORY Boosting Service နဲ့အတူလက်တွဲဆောင်ရွက်ရင်းအောင်မြင်မှုပန်းတိုင်ကို အတူတူလျှောက်လမ်းကြပါစို့..

ပိုမိုသိရှိလိုပါက-

☎Phone - 09 952 608 906
📱Viber - 09 952 608 906
📩 Gmail - [email protected]

Photos from GLORY Boosting Service's post 02/05/2023

🍁Clientစိတ်တိုင်းကျလုပ်ေပးဖြစ်တာေလးပါ။အခုလိုယံုယံုကြည်ကြည်နဲ့လာေရာက်အပ်ေပးလို့ေကျးဇူးအများကြီးတင်ပါတယ္ရှင့်...ဒီထက်ပိုမိုေကာင်းမွန်တဲ့၀န်ေဆာင်နဲ့ဆက်ပြီးကြိုးစားသွားဦးမှာပါ🥳...

02/05/2023

ကိုယ်ပြုလုပ်တဲ့ မားကတ်တင်းမှာ လူရွေးမှန်ရဲ့လား?
🍁လူရွေးမှန်ဖို့ဆိုတာက Relationship တစ်ခုမှာတင်မကဘဲ၊ Marketing မှာလဲ အရေးကြီးပါတယ်။
🍁တကယ်လို့ မိတ်ဆွေတို့လုပ်ငန်းတွေအနေနဲ့ .......
မားကတ်တင်းအတွက် Budget တွေလဲ လိုအပ်တာထက် အများကြီးပိုသုံးပေမယ့်၊ ကိုယ့်ရဲ့ Marketing က ထိရောက်မရှိတာမျိုး၊
မားကတ်တင်းအတွက် Media အမျိုးမျိုးကိုလဲအသုံးပြုပေမယ့် ထိရောက်မှုမရှိတာမျိုး၊
ရင်ထဲထိစေမယ့် message တွေကိုလဲပေးပေမယ့် ထိရောက်မှုမရှိတာမျိုးတွေ ကြုံတွေ့နေရတယ်ဆိုရင်
မိတ်ဆွေတို့ပြဿနာရဲ့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေထဲက တစ်ခုကတော့ လူရွေးမမှန်လို့ပါ။
ဟုတ်ပါတယ်။ မိတ်ဆွေတို့ရဲ့လုပ်ငန်းမှာ ပြုလုပ်နေတဲ့မားကတ်တင်းက လူရွေးမှားနေနေရင် ဒီလိုပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။
🍁လုပ်ငန်းတစ်ခုမှာ မားကတ်တင်းဆောင်ရွက်မယ်ဆိုရင် Target Audience မှန်ကန်စွာ ရွေးခြယ်သတ်မှတ်ဖို့၊ တနည်းအားဖြင့် လူရွေးမှန်ဖို့အတွက်လိုပါတယ်။
ကိုယ့်အနေနဲ့ လူတိုင်းကို ကိုယ့်ရဲ့ customer ဖြစ်နိုင်တယ်ဆိုပြီးသတ်မှတ်ထားတဲ့အခါမှာ
Negative review တွေ comment တွေ ကိုဘဲ ရနေတဲ့အခါမှာ
ကိုယ်က‌နေ customer လို့သတ်မှတ်ထားတဲ့သူတွေက social media တွေမှာ ကိုယ့်ကို unfollow, unsubscribe ပြုလုပ်ထားတဲ့အခါမှာ
Customer အများစုက Call to action အထိ လိုက်ပါလာခြင်းမရှိတဲ့အခါမှာ
ဒီလိုအခြေအနေတွေက Target Audience မှားနေတယ်ဆိုတာကိုဖော်ပြနေတဲ့အကြောင်းအရာတွေဘဲဖြစ်ပါတယ်။
🍁Target Audience မှန်ကန်စွာရွေးခြယ်နိုင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ Customer တွေက ဘယ်သူတွေလဲ? သူတို့မှာ ဘာပြဿနာတွေရင်ဆိုင်နေရလဲ? သူတို့အပေါ် ဒီပြဿနာရဲ့သက်ရောက်မှုတွေက ဘာတွေရှိလဲ? ကိုယ့်လုပ်ငန်းနဲ့ဆက်စပ်ပြီး ဘာတွေဖြေရှင်းပေးနိုင်လဲ? အစရှိတဲ့မေးခွန်းတွေကိုအဖြေရှာပြီး Target Audience ကို မှန်ကန်စွာရွေးခြယ်နိုင်ပါတယ်။

02/05/2023

ကိုယ်ပြုလုပ်တဲ့ မားကတ်တင်းမှာ လူရွေးမှန်ရဲ့လား?
လူရွေးမှန်ဖို့ဆိုတာက Relationship တစ်ခုမှာတင်မကဘဲ၊ Marketing မှာလဲ အရေးကြီးပါတယ်။
တကယ်လို့ မိတ်ဆွေတို့လုပ်ငန်းတွေအနေနဲ့ ........
🍁မားကတ်တင်းအတွက် Budget တွေလဲ လိုအပ်တာထက် အများကြီးပိုသုံးပေမယ့်၊ ကိုယ့်ရဲ့ Marketing က ထိရောက်မရှိတာမျိုး၊
မားကတ်တင်းအတွက် Media အမျိုးမျိုးကိုလဲအသုံးပြုပေမယ့် ထိရောက်မှုမရှိတာမျိုး၊
ရင်ထဲထိစေမယ့် message တွေကိုလဲပေးပေမယ့် ထိရောက်မှုမရှိတာမျိုးတွေ ကြုံတွေ့နေရတယ်ဆိုရင်
မိတ်ဆွေတို့ပြဿနာရဲ့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေထဲက တစ်ခုကတော့ လူရွေးမမှန်လို့ပါ။
ဟုတ်ပါတယ်။ မိတ်ဆွေတို့ရဲ့လုပ်ငန်းမှာ ပြုလုပ်နေတဲ့မားကတ်တင်းက လူရွေးမှားနေနေရင် ဒီလိုပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။
🍁လုပ်ငန်းတစ်ခုမှာ မားကတ်တင်းဆောင်ရွက်မယ်ဆိုရင် Target Audience မှန်ကန်စွာ ရွေးခြယ်သတ်မှတ်ဖို့၊ တနည်းအားဖြင့် လူရွေးမှန်ဖို့အတွက်လိုပါတယ်။
ကိုယ့်အနေနဲ့ လူတိုင်းကို ကိုယ့်ရဲ့ customer ဖြစ်နိုင်တယ်ဆိုပြီးသတ်မှတ်ထားတဲ့အခါမှာ
Negative review တွေ comment တွေ ကိုဘဲ ရနေတဲ့အခါမှာ
ကိုယ်က‌နေ customer လို့သတ်မှတ်ထားတဲ့သူတွေက social media တွေမှာ ကိုယ့်ကို unfollow, unsubscribe ပြုလုပ်ထားတဲ့အခါမှာ
Customer အများစုက Call to action အထိ လိုက်ပါလာခြင်းမရှိတဲ့အခါမှာ
ဒီလိုအခြေအနေတွေက Target Audience မှားနေတယ်ဆိုတာကိုဖော်ပြနေတဲ့အကြောင်းအရာတွေဘဲဖြစ်ပါတယ်။
🍁Target Audience မှန်ကန်စွာရွေးခြယ်နိုင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ Customer တွေက ဘယ်သူတွေလဲ? သူတို့မှာ ဘာပြဿနာတွေရင်ဆိုင်နေရလဲ? သူတို့အပေါ် ဒီပြဿနာရဲ့သက်ရောက်မှုတွေက ဘာတွေရှိလဲ? ကိုယ့်လုပ်ငန်းနဲ့ဆက်စပ်ပြီး ဘာတွေဖြေရှင်းပေးနိုင်လဲ? အစရှိတဲ့မေးခွန်းတွေကိုအဖြေရှာပြီး Target Audience ကို မှန်ကန်စွာရွေးခြယ်နိုင်ပါတယ်။

01/05/2023

Social Media Marketing ရဲ့ မသိမဖြစ် Pillar ( 5 ) ခု
ယနေ့ခေတ်မှာ Social Media အသုံးပြုမှု များပြားလာခြင်းနှင့်အတူ Social Media Marketing ရဲ့ အခန်းကဏ္ဍသည်လည်း အရေးပါလာပါတယ်။
Social Media Marketing ပြုလုပ်မယ်ဆိုရင် ကိုယ်ပြုလုပ်တဲ့ Campaign တွေ အောင်မြင်ဖို့အတွက်၊ ကိုယ်ချမှတ်လိုက်တဲ့ Goal တွေ ပြည့်မှီစေဖို့အတွက် Social Media Marketing Pillar ( 5 ) ခု ကို သိထားဖို့အတွက် လိုပါတယ်။
1. Strategy
အောင်မြင်တဲ့ Social Media Marketing Campaign တွေဖြစ်ဖို့အတွက်ဆိုရင် ထိရောက်တဲ့ Strategy ချမှတ်ဖို့အတွက် လိုအပ်ပါတယ်။
Campaign ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး Strategy တွေချမှတ်ရမှာဖြစ်တဲ့အတွက် Goal ကိုအရင်ချမှတ်ရပါမယ်။ Goal ချမှတ်ပြီးနောက်၊ Strategy တွေ ချမှတ်တဲ့နေရာမှာ ကိုယ့်ရဲ့ brand နဲ့ကိုက်ညီတဲ့၊ Target Audience တွေတည်ရှိတဲ့ Media ကိုရွေးခြယ်ဖို့အတွက်နဲ့ Audience နဲ့ လိုက်ဖက်ညီတဲ့ Content အမျိုးအစားတွေကို ရွေးခြယ်ဖန်တီးဖို့အတွက် လိုအပ်ပါတယ်။
2. Planning and Publishing
Social Media Marketing ပြုလုပ်ခြင်းဖြင့် Content တွေကိုမျှဝေရာမှာ Consistent ရှိနေဖို့အတွက်အရေးကြီးပါတယ်။
ဒါကြောင့် Social Media Content တွေကို မျှဝေဖို့အတွက် ကိုယ့်ရဲ့ Target Audience တွေ နဲ့ ဘယ်အချိန်မှာကိုက်ညီမှုရှိမလဲ၊ ဘယ်လိုအနေအထားတွေမှာ engagement ပိုကောင်းနိုင်လဲ၊ တစ်ရက်တာ / တစ်ပတ်တာ / တစ်လတာ မှာ content ဘယ်နှစ်ခုမျှဝေမှာလဲ အစရှိသဖြင့် အစီစဉ်တွေကို သေချာရေးဆွဲပြီး Publish လုပ်ဖို့အတွက် လိုအပ်ပါတယ်။
3. Listening and Engagement
Audience တွေအနေနဲ့ ကိုယ့်ရဲ့ brand နဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိတယ်၊ ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို သိဖို့အတွက် Social Listening ပြုလုပ်ဖို့ လိုအပ်ပါတယ်။ Social Listening ပြုလုပ်မှသာ Customer တွေရဲ့ လိုအပ်ချက်တွေကို အစဉ်ဖြည့်စည်းပေးနိုင်ပြီး၊ ပိုကောင်းတဲ့ ပုံရိပ်တွေကိုလဲ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Social Listening ပြုလုပ်တဲ့အပြင် Audience တွေနဲ့ Engaging ဖြစ်နေစေဖို့အတွက် Audience တွေရဲ့ Message, comment တွေကို respond လုပ်ပေးတာ၊ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို အာရုံစိုက်ပေးတာမျိုးတွေပြုလုပ်နိုင်ပါတယ်။
4. Analytics and Reporting
ကိုယ်မျှဝေလိုက်တဲ့ content အခြေအနေ၊ Page performance အခြေအနေတွေကို အစဉ်သိရှိနေပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် Analysis ပြုလုပ်နေဖို့အတွက်ဆိုတာလဲ အရေးကြီးပါတယ်။
Reach ဘယ်လောက်ရှိလဲ၊ positive feedbacks တွေရှိရဲ့လား၊ Followers တွေက ဘယ်လိုရှိလဲ စသဖြင့် ပြန်လည်စမ်းစစ်တိုင်းတာခြင်းဖြင့် Analysis ပြုလုပ်ကာ Business decision တွေချမှတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ Reporting ပြုလုပ်ဖို့လဲ အရေးကြီးပါတယ်။
5. Advertising
Target Audience တွေဆီ ပိုရောက်ရှိနိုင်စေဖို့အတွက်ဆိုရင် Organic ways တွေကမလုံလောက်တဲ့အခါမှာ Paid Media တွေကို အသုံးပြုဖို့အတွက်လဲ လိုအပ်ပါတယ်။
Engagement က ကိုယ်ခန့်မှန်းထားသလောက်မရောက်ရှိနိုင်တဲ့အချိန်တွေမှာနဲ့ Follower မဟုတ်တဲ့သူတွေဆီကို Target လုပ်ချင်တဲ့အခါမှာ Paid Media တွေကိုအသုံးပြုပြီး Advertising ပြုလုပ်ကြပါတယ်။

30/04/2023

🔰Result ကောင်းကောင်းရဖို့အတွက် Boosting လုပ်တဲ့အခါတိုင်း ဘာတွေ လုပ်ထားသင့်တာလဲ?
🔰Result ကောင်းတွေရနိုင်ဖို့ဆိုရင် Boosting မလုပ်ခင်မှာ ဒီအချက်တွေကိုကိုသေသေချာချာလေးလုပ်ထားသင့်ပါတယ်။
✅ကိုယ်ရဲ့ Product ကို စိတ်ဝင်စားပြီး ဝယ်ယူနိုင်ချေရှိတဲ့ Audience တွေအကြောင်းကို သေသေချာချာသိထားဖို့လိုအပ်ပါမယ်။
တစ်နည်းအားဖြင့် Buyer Persona တစ်ခုကို သေသေချာချာတည်ဆောက်ထားဖို့လိုအပ်ပါတယ်။
✅ Content နဲ့ Design (or) Photo ကလဲ Audience ကို စိတ်ဝင်စားမှုရှိပြီးဆွဲဆောင်နိုင်ဖို့လိုအပ်ပါတယ်။
Content ရေးတဲ့အခါမှာလည်း ကိုယ်ရဲ့ Audeince အကြောင်းကိုသေချာသိမှသာ ကိုယ်ရောင်းမဲ့ Product ကိုစိတ်ဝင်စားမှုရှိအောင် ဘယ်လိုContent မျိုးဖန်တီးရမလဲဆိုတာကို သေသေချာချာသိနိုင်မှာပဲ ဖြစ်ပါတယ်
(ဥပမာ - ဒေါက်ဖိနပ်တွေရောင်းမယ်ဆိုပါစို့ဗျာ ဒေါက်ဖိနပ်စီးတဲ့ Audience တွေအကြောင်းကိုသေချာသိထားမှသာ Customer တွေအနေနဲ့ ဒေါက်ဖိနပ်ကို ဘာ့‌ကြောင့် ဝယ်ယူတာလဲဆိုတာကိုသေချာသိနိုင်မှာပါ)
ဒေါက်ဖိနပ်ဝယ်ယူတဲ့သူတွေက တစ်နည်းအားဖြင့် Smart ကျချင်လို့၊ ခေတ်မှီချင်လို့ ဖြစ်တဲ့အတွက်ဒေါက်ဖိနပ်စီးတဲ့ Audience တွေက ပွဲတက်တဲ့သူတွေ၊ Club သွား Bar တက်တဲ့သူတွေ၊ Company ဝန်ထမ်းတွေ၊‌ ကျောင်းသူ၊သင်တန်းသူတွေ ဖြစ်တဲ့‌အကြောင်းကို သိထားမှသာ ဘယ်လို Content Headline နဲ့ ကိုယ့်ရဲ့ Product ကိုဝယ်ယူအောင်ဆွဲဆောင်မှာလဲဆိုတာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။
✅ကိုယ်Boostလုပ်မဲ့Postနဲ့ပတ်သက်ပြီး ကိုယ်ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုလဲ သေချာသိထားဖို့တော့လိုပါသေးတယ်။ ကိုယ်က ရောင်းရချင်တာလား၊ Like & Share, Comment ရချင်တာလား၊ Reach များများရောက်ချင်တာလား၊ ကိုယ့်ရဲ့ Page ကိုလူများများမှတ်မိစေချင်တာလား အဲဒီအချက်တွေကို သေချာသိမှသာ ကိုယ်ရဲ့ ကြော်ငြာကို ဘယ်လို Objective သုံးပြီး Run သင့်လဲဆိုတာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။
✅Targeting ရွေးတဲ့အခါမှာလဲ နံပါတ် (1) က ပြောခဲ့သလိုပဲ ကိုယ်ရောင်းမဲ့ Product ကိုဝယ်ယူနိုင်ချေများတဲ့ Audience တွေရဲ့အကြောင်းကို Buyer Persona တစ်ခုတည်ဆောက်ထားမယ်ဆိုရင် Interest, Demographic, Behavior အပေါ်မှာ Target ကို သေသေချာချာလေးချမှတ်နိုင်မှာဖြစ်လို့ ဒီအတိုင်း Target ရွေးလိုက်တာထက်စာရင် ပိုပြီး တိကျတဲ့ Target ကိုရရှိနိုင်ပါလိမ့်မယ်ဗျ
✅ Page Admin များအနေနဲ့လဲ ကြော်ငြာမRun ခင်ကတည်းက ကိုယ့်ရဲ့ Customer တွေမေးနိုင်တဲ့အကြောင်းအရာတွေကို ကြိုတင်စဥ်းစားထားပြီး Save Reply လုပ်ထားသင့်ပါတယ်ဗျ။ Save Reply လုပ်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ Customer တွေကို အလျင်အမြန်နဲ့ Reply ပြန်နိုင်မှာဖြစ်လို့ Customer တွေကို ကိုယ့်ရဲ့ Conversions ကနေထွက်မသွားနိုင်အောင် ဆွဲထားနိုင်မှာဖြစ်လို့ ပိုပြီးတော့ရောင်းရနိုင်ပါတယ်ဗျ
ဒါလေးတွေကတော့ ကျွန်တော့်အတွေ့အကြုံလေးတွေထဲကနေ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။

29/04/2023

နဲနဲလေးရင်းပြီးအများကြီးမြတ်ချင်တဲ့ လုပ်ငန်းရှင်များအတွက်

✅‌၁ဒေါ်လာကို ၃၅၀၀ကနေစရှိပြီးတော့အနည်းဆုံး ၂ ဒေါ်လာကနေပြီး boostလုပ်နိုင်ပြီဆိုတော့ ငွေamountနဲနဲလေးနဲ့အခုမှလုပ်ငန်းစချင်တဲ့သူတွေအတွက်အဆင်ပြေအောင်ဆောင်ရွက်ပေး‌ထားပါတယ်...

✅Boost service ပိုင်းမှာဆိုရင်-

◼️အခုမှ pageထောင်ထားတဲ့ သူတွေအတွက် like&follow များအောင် promote လုပ်မလား?

◼️ကိုယ် productရောင်းအားတက်အောင်boost ဘဲလုပ်မလား?
မိမိကြိုက်နှစ်သက်ရာကိုရွေးချယ်နိုင်တယ်နော်။

✅Pakageနဲ့ boost အပ်ချင်တယ်ဆိုတဲ့သူတွေ အတွက်လဲ အသက်သာဆုံးစျေးနှုန်းနဲ့ ဆောင်ရွက်ပေးထားလို့ယုံကြည်စိတ်ချစွာအပ်လို့ရပါတယ်ခင်ဗျ...

✅customer စိတ်တိုင်းကျ ဆောင်ရွက်ပေးမှာဖြစ်ပြီး အခုမှစအပ်မဲ့ သူတွေအတွက်လည်း စိတ်ရှည်လက်ရှည် ရှင်းပြပြီး ညှိနှိုင်းတိုင်ပင်လို့ရပါတယ်ခင်ဗျ။

☎Ph number- 09 952608906,09 940020954

✨သင့်လုပ်ငန်း ပိုမို တိုးတက်အောင် GLORY နဲ့ အတူလက်တွဲလိုက်ပါ....

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pathein Gyi, Myo Oo Lane No(1), Kyikone Quarter
Mandalay